ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ျပည္ၿမိဳ႕ ေ႐ႊဆံေတာ္ဘုရားတြင္ ယဥ္ေက်းမႈႏွင့္ မေလ်ာ္ညီသည့္ အဝတ္အစားမ်ား ဝတ္ဆင္ကာ ဘုရားဝတ္ျပဳသည္ကို တားျမစ္သည့္ လုံၿခဳံေရး ရဲေမအား ပါးရိုက္ခဲ့သည့္ ရဲဝန္ထမ္း မိသားစုဝင္ အမ်ိဳးသမီးမ်ားဘက္မွ ျပန္လည္ ေတာင္းပန္ ခဲ့ရ သည္ဟု သိရသည္။

နိုဝင္ဘာလ ၂၄ ရက္က ဗုဒၶျမတ္စြယ္ေတာ္ ထားရွိရာ စြယ္ေတာ္တိုက္အတြင္း ရဲဝန္ထမ္း မိသားစုဝင္ အမ်ိဳးသမီး တဦး က ယဥ္ေက်းမႈႏွင့္ မေလ်ာ္ညီသည့္ အဝတ္အစားမ်ား ဝတ္ဆင္၍ လာေရာက္ဖူးေျမာ္သည့္ အတြက္ လုံၿခဳံေရးယူထား သည့္ ရဲေမမ်ားက တားျမစ္ရာမွ အခ်င္းမ်ားခဲ့ရာ ရဲေမ ပါးရိုက္ခံခဲ့ရျခင္း ျဖစ္သည္။

ျပည္ၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မႉး ရဲမႉး သန္းထြန္းေအာင္က“ျဖစ္တာက ၂၄ ရက္ေန႕ ညက သူတို႔ စြယ္ေတာ္ဖူးခ်င္တယ္ဆိုေတာ့ အတိုနဲ႕ ဝင္လို႔မရဘူးဆိုတဲ့ စည္းကမ္းေတြရွိလို႔ တားတာကို၊ အဲဒါေတြနဲ႕ ကေတာက္ကဆ ျဖစ္သြားတာ။ အဲဒီအတြက္ လည္း ေဂါပက႐ုံးကို ထိုင္ကန္ေတာ့ၿပီး အကုန္လုံးကို ေတာင္းပန္ၿပီးသြားၿပီ။ ေဂါပက အဖြဲ႕ေရာ၊ ရဲေမေတြကိုေရာ အကုန္ လုံးကို ေတာင္းပန္ၿပီးသြားပါၿပီ။ ေနာက္ကို ဝတ္စားဆင္ယင္မႈကိုေရာ ဆင္ျခင္ပါ့မယ္ဆိုၿပီး ေနာင္တရလို႔ ေတာင္းပန္ၿပီးသြားပါၿပီ”ဟု ဧရာဝတီကို ေျပာသည္။

အမ်ိဳးသမီး တစုသည္ ဆံေတာ္တိုက္အတြင္း ဝင္ေရာက္ဖူးေျမာ္စဥ္ လုံၿခဳံေရးယူထားသည့္ ျပည္ၿမိဳ႕ ၿမိဳ႕မရဲစခန္းမွ ရဲတပ္သား စုစႏၵာႏွင့္ ယုဇင္ဦးတို႔က တားျမစ္ရာမွ အခ်င္းမ်ားကာ တားျမစ္ခံရသူမ်ားဘက္မွ ကိုယ္ထိလက္ေရာက္ တိုက္ခိုက္ခဲ့ျခင္း ျဖစ္သည္ဟု သိရသည္။

ေ႐ႊဆံေတာ္ ေဂါပက႐ုံး အဖြဲ႕မႉး ဦးေငြေမာင္းက“မေန႕က ေတာင္းပန္ပြဲကို က်ေနာ္လည္း တက္ျဖစ္ပါတယ္။ အသက္က ၂၅၊ ၃၀ ေလာက္ပဲရွိဦးမယ္ ငယ္ငယ္ပါ။ ရဲမႉးကေတာ္ မဟုတ္ပါဘူး။ ရဲဝန္ထမ္း တေယာက္ရဲ႕ ဇနီးနဲ႕ ညီမပါ။ ရဲေမေတြ ကို လည္း တပါတည္း ေတာင္းပန္လိုက္ေတာ့ ေက်ေအးသြားပါတယ္”ဟု ဧရာဝတီကို ေျပာသည္။

က်ဴးလြန္သူမ်ားဘက္မွ ေတာင္းပန္ေၾကာင္း လက္မွတ္ေရးထိုးသူမ်ားမွာ မၾကည္ၾကည္ေအး၊ မသူသူခင္ႏွင့္ ေဒၚခင္ခင္ ေဌး တို႔ ျဖစ္ၿပီး မိဘအုပ္ထိန္းသူေနရာတြင္ ဦးၫြန႔္ေဝႏွင့္ ေဒၚခင္စန္းဟု ေဖာ္ျပထားေၾကာင္း သိရသည္။

ေ႐ႊဆံေတာ္ဘုရားတြင္ အမ်ိဳးသမီးမ်ားအား စကပ္တို၊ ေဘာင္းဘီတိုမ်ား ဝတ္ဆင္ကာ ဘုရားဖူးေျမာ္ျခင္းကို သတိေပး တားျမစ္ထားကာ ဝတ္ဆင္လာသူမ်ား ရွိပါကလည္း လုံခ်ည္မ်ား အခမဲ့ငွားရမ္းကာ ေျပာင္းလဲ ဝတ္ဆင္ခိုင္းေၾကာင္း ေဂါပက႐ုံး အဖြဲ႕ထံမွ သိရသည္။

ဆံေတာ္တိုက္အတြင္း အခင္းျဖစ္ပြားသည့္ ဗီဒီယိုမွတ္တမ္းမွာ လူမႈကြန္ရက္ ေဖ့စ္ဘုတ္ေပၚတြင္ ပ်ံ့ႏွံ႕ခဲ့ကာ က်ဴးလြန္ သူ မွာ ျပည္ၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မႉး ဇနီးျဖစ္ကာ ပါးရိုက္ခံရသူ ရဲေမအား အမႈမဖြင့္ရန္ အတြက္ ဖိအားေပးမႈမ်ား ရွိေၾကာင္း ေဝဖန္ျပစ္တင္ ေရးသားမႈမ်ား ထြက္ေပၚလ်က္ ရွိသည္။

“ရဲေမေတြကို အမႈဖြင့္ခြင့္ မေပးဘူးဆိုတာ မဟုတ္ပါဘူး ခင္ဗ်ာ။ သူတို႔မွာ လြတ္လပ္စြာ လုပ္ပိုင္ခြင့္ ရွိပါတယ္ဗ်ာ။ သူတို႔ကိုယ္က စာနာတတ္တဲ့ တပ္ဖြဲ႕ဝင္ေတြျဖစ္တဲ့ အတြက္ တဖက္နဲ႕ တဖက္ ျပႆနာ မျဖစ္ပါဘူး။ က်ေနာ့္ဇနီး မဟုတ္ပါဘူးဗ်ာ။ က်ေနာ့္ဇနီးက အိမ္ထဲက အိမ္ျပင္ေတာင္ မထြက္တာကို။ က်ေနာ့္ကို ဝိုင္းတိုက္ခိုက္ထားတာ မ်က္စိ စုံမွိတ္ၿပီးေတာ့။ က်ေနာ့္ အမ်ိဳးသမီးက အျပင္ေတာင္မထြက္ပါဘူးဗ်ာ။ တပ္ဖြဲ႕ဝင္ရဲ႕ ေဆြမ်ိဳးသားခ်င္းပါ”ဟု ရဲမႉး သန္းထြန္းေအာင္က ဧရာဝတီကို ေျပာသည္။

ေ႐ႊဆံေတာ္ ဘုရားပြဲေတာ္ကို တန္ေဆာင္မုန္း လဆန္း (၈) ရက္မွ လျပည့္ေက်ာ္ (၂) ရက္ (နိုဝင္ဘာလ ၁၅ ရက္မွ ၂၄ ရက္) အထိ ၁၀ ရက္ က်င္းပရာ ဗုဒၶျမတ္စြယ္ေတာ္အား နိုဝင္ဘာလ ၁၈ ရက္မွ ၂၄ ရက္အထိ စြယ္ေတာ္တိုက္အတြင္း ဝင္ေရာက္ဖူးေျမာ္ခြင့္ ေပးထားျခင္း ျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Irrawaddy


#Unicode Version#

ပြည်မြို့ ရွှေဆံတော်ဘုရားတွင် ယဉ်ကျေးမှုနှင့် မလျော်ညီသည့် အဝတ်အစားများ ဝတ်ဆင်ကာ ဘုရားဝတ်ပြုသည်ကို တားမြစ်သည့် လုံခြုံရေး ရဲမေအား ပါးရိုက်ခဲ့သည့် ရဲဝန်ထမ်း မိသားစုဝင် အမျိုးသမီးများဘက်မှ ပြန်လည် တောင်းပန် ခဲ့ရ သည်ဟု သိရသည်။

နိုဝင်ဘာလ ၂၄ ရက်က ဗုဒ္ဓမြတ်စွယ်တော် ထားရှိရာ စွယ်တော်တိုက်အတွင်း ရဲဝန်ထမ်း မိသားစုဝင် အမျိုးသမီး တဦး က ယဉ်ကျေးမှုနှင့် မလျော်ညီသည့် အဝတ်အစားများ ဝတ်ဆင်၍ လာရောက်ဖူးမြော်သည့် အတွက် လုံခြုံရေးယူထား သည့် ရဲမေများက တားမြစ်ရာမှ အချင်းများခဲ့ရာ ရဲမေ ပါးရိုက်ခံခဲ့ရခြင်း ဖြစ်သည်။

ပြည်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းထွန်းအောင်က“ဖြစ်တာက ၂၄ ရက်နေ့ ညက သူတို့ စွယ်တော်ဖူးချင်တယ်ဆိုတော့ အတိုနဲ့ ဝင်လို့မရဘူးဆိုတဲ့ စည်းကမ်းတွေရှိလို့ တားတာကို၊ အဲဒါတွေနဲ့ ကတောက်ကဆ ဖြစ်သွားတာ။ အဲဒီအတွက် လည်း ဂေါပကရုံးကို ထိုင်ကန်တော့ပြီး အကုန်လုံးကို တောင်းပန်ပြီးသွားပြီ။ ဂေါပက အဖွဲ့ရော၊ ရဲမေတွေကိုရော အကုန် လုံးကို တောင်းပန်ပြီးသွားပါပြီ။ နောက်ကို ဝတ်စားဆင်ယင်မှုကိုရော ဆင်ခြင်ပါ့မယ်ဆိုပြီး နောင်တရလို့ တောင်းပန်ပြီးသွားပါပြီ”ဟု ဧရာဝတီကို ပြောသည်။

အမျိုးသမီး တစုသည် ဆံတော်တိုက်အတွင်း ဝင်ရောက်ဖူးမြော်စဉ် လုံခြုံရေးယူထားသည့် ပြည်မြို့ မြို့မရဲစခန်းမှ ရဲတပ်သား စုစန္ဒာနှင့် ယုဇင်ဦးတို့က တားမြစ်ရာမှ အချင်းများကာ တားမြစ်ခံရသူများဘက်မှ ကိုယ်ထိလက်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ရွှေဆံတော် ဂေါပကရုံး အဖွဲ့မှူး ဦးငွေမောင်းက“မနေ့က တောင်းပန်ပွဲကို ကျနော်လည်း တက်ဖြစ်ပါတယ်။ အသက်က ၂၅၊ ၃၀ လောက်ပဲရှိဦးမယ် ငယ်ငယ်ပါ။ ရဲမှူးကတော် မဟုတ်ပါဘူး။ ရဲဝန်ထမ်း တယောက်ရဲ့ ဇနီးနဲ့ ညီမပါ။ ရဲမေတွေ ကို လည်း တပါတည်း တောင်းပန်လိုက်တော့ ကျေအေးသွားပါတယ်”ဟု ဧရာဝတီကို ပြောသည်။

ကျူးလွန်သူများဘက်မှ တောင်းပန်ကြောင်း လက်မှတ်ရေးထိုးသူများမှာ မကြည်ကြည်အေး၊ မသူသူခင်နှင့် ဒေါ်ခင်ခင် ဌေး တို့ ဖြစ်ပြီး မိဘအုပ်ထိန်းသူနေရာတွင် ဦးညွန့်ဝေနှင့် ဒေါ်ခင်စန်းဟု ဖော်ပြထားကြောင်း သိရသည်။

ရွှေဆံတော်ဘုရားတွင် အမျိုးသမီးများအား စကပ်တို၊ ဘောင်းဘီတိုများ ဝတ်ဆင်ကာ ဘုရားဖူးမြော်ခြင်းကို သတိပေး တားမြစ်ထားကာ ဝတ်ဆင်လာသူများ ရှိပါကလည်း လုံချည်များ အခမဲ့ငှားရမ်းကာ ပြောင်းလဲ ဝတ်ဆင်ခိုင်းကြောင်း ဂေါပကရုံး အဖွဲ့ထံမှ သိရသည်။

ဆံတော်တိုက်အတွင်း အခင်းဖြစ်ပွားသည့် ဗီဒီယိုမှတ်တမ်းမှာ လူမှုကွန်ရက် ဖေ့စ်ဘုတ်ပေါ်တွင် ပျံ့နှံ့ခဲ့ကာ ကျူးလွန် သူ မှာ ပြည်မြို့နယ် ရဲတပ်ဖွဲ့မှူး ဇနီးဖြစ်ကာ ပါးရိုက်ခံရသူ ရဲမေအား အမှုမဖွင့်ရန် အတွက် ဖိအားပေးမှုများ ရှိကြောင်း ဝေဖန်ပြစ်တင် ရေးသားမှုများ ထွက်ပေါ်လျက် ရှိသည်။

“ရဲမေတွေကို အမှုဖွင့်ခွင့် မပေးဘူးဆိုတာ မဟုတ်ပါဘူး ခင်ဗျာ။ သူတို့မှာ လွတ်လပ်စွာ လုပ်ပိုင်ခွင့် ရှိပါတယ်ဗျာ။ သူတို့ကိုယ်က စာနာတတ်တဲ့ တပ်ဖွဲ့ဝင်တွေဖြစ်တဲ့ အတွက် တဖက်နဲ့ တဖက် ပြဿနာ မဖြစ်ပါဘူး။ ကျနော့်ဇနီး မဟုတ်ပါဘူးဗျာ။ ကျနော့်ဇနီးက အိမ်ထဲက အိမ်ပြင်တောင် မထွက်တာကို။ ကျနော့်ကို ဝိုင်းတိုက်ခိုက်ထားတာ မျက်စိ စုံမှိတ်ပြီးတော့။ ကျနော့် အမျိုးသမီးက အပြင်တောင်မထွက်ပါဘူးဗျာ။ တပ်ဖွဲ့ဝင်ရဲ့ ဆွေမျိုးသားချင်းပါ”ဟု ရဲမှူး သန်းထွန်းအောင်က ဧရာဝတီကို ပြောသည်။

ရွှေဆံတော် ဘုရားပွဲတော်ကို တန်ဆောင်မုန်း လဆန်း (၈) ရက်မှ လပြည့်ကျော် (၂) ရက် (နိုဝင်ဘာလ ၁၅ ရက်မှ ၂၄ ရက်) အထိ ၁၀ ရက် ကျင်းပရာ ဗုဒ္ဓမြတ်စွယ်တော်အား နိုဝင်ဘာလ ၁၈ ရက်မှ ၂၄ ရက်အထိ စွယ်တော်တိုက်အတွင်း ဝင်ရောက်ဖူးမြော်ခွင့် ပေးထားခြင်း ဖြစ်သည်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top