(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

ဒဂံုအေရွ႕ၿမိဳ႕နယ္၊ ၁၂၆ ရပ္ကြက္၊ ျမနႏၵာလမ္းတြင္ မိခင္ျဖစ္သူကို ထုိးႀကိတ္ရန္ျပဳႏွိပ္စက္ေနသည့္ ပေထြးျဖစ္သူအား အသက္ ၂၆ ႏွစ္အရြယ္ရွိ မယားပါသားက ကိုင္းခုတ္ဓားျဖင့္ ဆင့္ခုတ္ခဲ့ေၾကာင္း ရဲတပ္ဖြဲ႔ထံမွ သိရသည္။

ဓားျဖင့္ခုတ္ခံရသူ အသက္ ၄၀ ႏွစ္ ေအးမင္းစုိး(ခ)ကရင္သည္ ျမနႏၵာလမ္းရွိ က်ဴးေက်ာ္ေနအိမ္တစ္လံုးတြင္ ေနထုိင္သူျဖစ္ၿပီး ႏုိဝင္ဘာလ ၂၂ ရက္ ည ၁၀ နာရီခြဲတြင္ အရက္ေသစာ ေသာက္စားမူးယစ္ၿပီး ဇနီးျဖစ္သူကို လက္သီးျဖင့္ ထုိးႀကိတ္ေနေသာေၾကာင့္ မယားပါသသားျဖစ္သူ အသက္ ၂၆ ႏွစ္ ေက်ာ္သူေအာင္က ကုိင္းခုတ္ဓားျဖင့္ ၎ကုိ ဆင့္ခုတ္ခဲ့သည္။

“ပေထြးျဖစ္သူက ေန႔တုိင္း အရက္မူးၿပီးမွ အိမ္ျပန္လာ ဇနီးျဖစ္သူကို ျပႆနာရွာ မၾကာခဏ ထုိးႀကိတ္ရန္ျပဳႏွိပ္စက္တယ္လုိ႔ ပတ္ဝန္းက်င္ထံမွ စံုစမ္းသိရွိရတယ္။ မယားပါသားက မခံႏုိင္တဲ့အဆံုး ဓားနဲ႔ဝင္ခုတ္တာေၾကာင့္ ပေထြးျဖစ္သူရဲ႕ ဦးေခါင္းနဲ႔​ပခံုးမွာ ျပတ္ရွဒဏ္ရာေတြ ရခဲ့တယ္။ ဒဏ္ရာအေျခအေနက စုိးရိမ္ရတယ္။ ျပစ္မႈက်ဴးလြန္သူကိုလည္း ဖမ္းဆီးထားပါၿပီ”ဟု ရဲအရာရွိက ရွင္းျပသည္။

ဦးေခါင္းတြင္ ျပတ္ရွဒဏ္ရာ သံုးခ်က္၊ ဘယ္ဘက္ပခံုးတြင္ ျပတ္ရွဒဏ္ရာ တစ္ခ်က္ ရရွိခဲ့သူ ေအးမင္းစုိး(ခ)ကရင္ကုိ ေျမာက္ဥကၠလာပေဆး႐ံုသို႔ တင္ပို႔ထားရၿပီး အျပင္းအထန္ နာက်င္ဒဏ္ရမ်ား ရရွိေအာင္ ျပဳလုပ္ခဲ့သူ ေက်ာ္သူေအာင္ကို ဖမ္းဆီး၍ ဒဂံုအေရွ႕ၿမိဳ႕မရဲစခန္းက ရာဇသတ္ႀကီး ပုဒ္မ ၃၂၆ ျဖင့္ အမႈဖြင့္ အေရးယူထားေၾကာင္း ရဲတပ္ဖြဲ႔ထံမွ သိရွိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: The Voice


#Unicode Version#

ဒဂုံအရှေ့မြို့နယ်၊ ၁၂၆ ရပ်ကွက်၊ မြနန္ဒာလမ်းတွင် မိခင်ဖြစ်သူကို ထိုးကြိတ်ရန်ပြုနှိပ်စက်နေသည့် ပထွေးဖြစ်သူအား အသက် ၂၆ နှစ်အရွယ်ရှိ မယားပါသားက ကိုင်းခုတ်ဓားဖြင့် ဆင့်ခုတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

ဓားဖြင့်ခုတ်ခံရသူ အသက် ၄၀ နှစ် အေးမင်းစိုး(ခ)ကရင်သည် မြနန္ဒာလမ်းရှိ ကျူးကျော်နေအိမ်တစ်လုံးတွင် နေထိုင်သူဖြစ်ပြီး နိုဝင်ဘာလ ၂၂ ရက် ည ၁၀ နာရီခွဲတွင် အရက်သေစာ သောက်စားမူးယစ်ပြီး ဇနီးဖြစ်သူကို လက်သီးဖြင့် ထိုးကြိတ်နေသောကြောင့် မယားပါသသားဖြစ်သူ အသက် ၂၆ နှစ် ကျော်သူအောင်က ကိုင်းခုတ်ဓားဖြင့် ၎င်းကို ဆင့်ခုတ်ခဲ့သည်။

“ပထွေးဖြစ်သူက နေ့တိုင်း အရက်မူးပြီးမှ အိမ်ပြန်လာ ဇနီးဖြစ်သူကို ပြဿနာရှာ မကြာခဏ ထိုးကြိတ်ရန်ပြုနှိပ်စက်တယ်လို့ ပတ်ဝန်းကျင်ထံမှ စုံစမ်းသိရှိရတယ်။ မယားပါသားက မခံနိုင်တဲ့အဆုံး ဓားနဲ့ဝင်ခုတ်တာကြောင့် ပထွေးဖြစ်သူရဲ့ ဦးခေါင်းနဲ့ပခုံးမှာ ပြတ်ရှဒဏ်ရာတွေ ရခဲ့တယ်။ ဒဏ်ရာအခြေအနေက စိုးရိမ်ရတယ်။ ပြစ်မှုကျူးလွန်သူကိုလည်း ဖမ်းဆီးထားပါပြီ”ဟု ရဲအရာရှိက ရှင်းပြသည်။

ဦးခေါင်းတွင် ပြတ်ရှဒဏ်ရာ သုံးချက်၊ ဘယ်ဘက်ပခုံးတွင် ပြတ်ရှဒဏ်ရာ တစ်ချက် ရရှိခဲ့သူ အေးမင်းစိုး(ခ)ကရင်ကို မြောက်ဥက္ကလာပဆေးရုံသို့ တင်ပို့ထားရပြီး အပြင်းအထန် နာကျင်ဒဏ်ရများ ရရှိအောင် ပြုလုပ်ခဲ့သူ ကျော်သူအောင်ကို ဖမ်းဆီး၍ ဒဂုံအရှေ့မြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top