ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ရာသီဥတုအကူးအေျပာင္းမွာ ကေလး၊ လူႀကီးေတာ္ေတာ္မ်ားမ်ား ႏွာေခ် ၊ ေခ်ာင္းဆိုး၊ မ်က္ရည္ပူက်ျခင္းနဲ႕ ကိုယ္လက္ကိုက္ခဲျခင္းေတြကို ခံစားရပါတယ္။ ပိုျပင္းထန္ရင္ေတာ့ အေအးမိရာကေန တုပ္ေကြးျဖစ္သြားနိုင္ပါ တယ္။

အေအးမိျခင္းနဲ႕ တုပ္ေကြးေရာဂါက ေလထဲက ဗိုင္းရပ္စ္ကတဆင့္ျဖစ္ေပၚလာတဲ့ အေျခအေနျဖစ္လို႔ ဒီလကၡဏာေတြ ျပတိုင္း ပဋိဇီဝေဆးေတြ ေသာက္စရာမလိုပါဘူး။

အဖ်ားေရာဂါမျပင္းထန္ပဲနဲ႕ ပိုးသတ္ေဆးျပင္းေတြေသာက္မိရင္ ကိုယ္တြင္းက လူကိုထိခိုက္ေစတဲ့ ပိုးမႊားေတြသာမက အက်ိဳးျပဳပိုးေတြပါ ေသဆုံးရပါတယ္။ တျဖည္းျဖည္း  ကိုယ္တြင္းအက်ိဳးျပဳပိုးမႊားေတြမရွိေတာ့ရင္ ျပင္ပကထပ္ဝင္လာမယ့္ အဖ်က္ပိုးေတြရန္က မကာကြယ္နိုင္ေတာ့ပဲ ကိုယ္ခံအားနည္းၿပီး အလြယ္တကူေရာဂါဆိုးေတြ ဝင္လာနိုင္တဲ့အျပင့္ ေဆးယဥ္ပါးျခင္းဆိုတဲ့ အက်ိဳးဆက္ကိုပါ ခံစားရနိုင္ပါတယ္။

ဒီ့ျပင္ မလိုအပ္ဘဲ ပဋိဇီဝေဆးျပင္းေတြ ေသာက္မယ္ဆိုရင္ ေဘးထြက္ဆိုးက်ိဳးအေနနဲ႕ ဓာတ္မတည့္ျခင္း၊ အဖုအ ပိမ့္ထြက္ျခင္း၊ မူးေဝေအာ့အန္ျခင္း၊ ဝမ္းသြားျခင္းနဲ႕ မွိုေရာဂါေတြပါ ခံစားရတတ္ပါတယ္။ အဆိုပါ ေဘးထြက္ဆိုး က်ိဳးေတြမခံစားရေအာင္ အေအးမိတယ္ဆိုရင္ ကိုယ္ေရာ၊ စိတ္ပါ အားျပန္ျပည့္ေအာင္ အျပည့္အဝအနားယူ သင့္ပါတယ္။

အျပင္ကို မလိုအပ္ရင္မထြက္ပဲ အိမ္ထဲမွာ အလင္းေရာင္ေကာင္းၿပီး ေႏြးေႏြးေထြးေထြး အနားယူနိုင္မယ့္ေနရာမွာ ေနပါ။ စိတ္ေအးခ်မ္းေအာင္ တရားထိုင္ျခင္း၊ စာဖတ္ျခင္းနဲ႕ သီခ်င္းနားေထာင္တာေတြ လုပ္ပါ။

အေအးမိျခင္းအတြက္ အေကာင္းဆုံး အိမ္တြင္းကုထုံးနည္းကေတာ့ ေရေႏြးပူပူေလးထဲမွာ ပ်ားရည္၊ သံပုရာရည္ညွစ္ၿပီး မၾကာခဏ ေသာက္ပါ။ ေခ်ာင္းဆိုးတယ္ဆိုရင္ ဂ်င္းျပဳတ္ရည္ ေသာက္ပါ။

အသီးအႏွံေတြကလည္း အေအးမိတာကို အျမန္ဆုံးသက္သာေပ်ာက္ကင္းေအာင္ ကူညီေပးနိုင္ပါတယ္။ ဓာတ္တိုး ဆန႔္က်င္ျခင္းလို႔ေခၚတဲ့ antioxidant အမ်ားဆုံးပါတဲ့ ပန္းသီးကေတာ့ အေအးမိျခင္းအတြက္ စူပါအစားအစာပါ။ ဗီတာမင္ စီ ၂၅၀ ဂရမ္ပါဝင္တဲ့ သေဘၤာသီးအျပင္ ဘယ္ရီသီး၊ ဂရိတ္ဖုသီး၊ ငွက္ေပ်ာသီးေတြကလည္း အေအးမိဖ်ားနာတာကို သက္သာေစၿပီး ကိုယ္ခံအားစနစ္ ပိုေကာင္းေစပါတယ္။

အသီးအႏွံေတြတင္မကပဲ အစိမ္းေရာင္အ႐ြက္မ်ား၊ ပန္းေဂၚဖီစိမ္း၊ ေကြကာအုပ္၊ ၾကက္ျပဳတ္ရည္၊ ၾကက္သြန္ျဖဴ နဲ႕ ဒိန္ခ်ဥ္ ကလည္း အေအးမိတုပ္ေကြးျဖစ္တဲ့အခါ စားေပးသင့္ပါတယ္။

ေရွာင္ရမယ့္အစားအစာေတြကေတာ့ နို႔ နဲ႕ နို႔ထြက္ပစၥည္းေတြက ခြၽဲသလိပ္ျဖစ္လြယ္လို႔ အတတ္နိုင္ဆုံး မစားတာ ေကာင္းပါတယ္။ ကဖင္းဓာတ္မ်ားတဲ့ ေကာ္ဖီနဲ႕ အရက္ကိုလည္း အေအးမိဖ်ားနာတဲ့အခါ မေသာက္သုံးသင့္ပါဘူး။

သင့္ကိုယ္ခံအားစနစ္ေကာင္းေစမယ့္ အစားအစာေတြ၊ အသီးအႏွံေတြ၊ ျပဳတ္ရည္ေတြ ေသာက္မယ္၊ အျပည့္အဝ အနားယူမယ္ဆိုရင္ ကိုယ္တြင္းဝင္ေရာက္လာတဲ့ ေရာဂါပိုးေတြကို တိုက္ဖ်က္နိုင္တာမို႔ ေနမေကာင္းျဖစ္တာနဲ႕ ပဋိဇီဝေဆးေတြ အလြန္အကြၽံမေသာက္ဖို႔ တိုက္တြန္းခ်င္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Irrawaddy


#Unicode Version#

ရာသီဥတုအကူးအပြောင်းမှာ ကလေး၊ လူကြီးတော်တော်များများ နှာချေ ၊ ချောင်းဆိုး၊ မျက်ရည်ပူကျခြင်းနဲ့ ကိုယ်လက်ကိုက်ခဲခြင်းတွေကို ခံစားရပါတယ်။ ပိုပြင်းထန်ရင်တော့ အအေးမိရာကနေ တုပ်ကွေးဖြစ်သွားနိုင်ပါ တယ်။

အအေးမိခြင်းနဲ့ တုပ်ကွေးရောဂါက လေထဲက ဗိုင်းရပ်စ်ကတဆင့်ဖြစ်ပေါ်လာတဲ့ အခြေအနေဖြစ်လို့ ဒီလက္ခဏာတွေ ပြတိုင်း ပဋိဇီဝဆေးတွေ သောက်စရာမလိုပါဘူး။

အဖျားရောဂါမပြင်းထန်ပဲနဲ့ ပိုးသတ်ဆေးပြင်းတွေသောက်မိရင် ကိုယ်တွင်းက လူကိုထိခိုက်စေတဲ့ ပိုးမွှားတွေသာမက အကျိုးပြုပိုးတွေပါ သေဆုံးရပါတယ်။ တဖြည်းဖြည်း  ကိုယ်တွင်းအကျိုးပြုပိုးမွှားတွေမရှိတော့ရင် ပြင်ပကထပ်ဝင်လာမယ့် အဖျက်ပိုးတွေရန်က မကာကွယ်နိုင်တော့ပဲ ကိုယ်ခံအားနည်းပြီး အလွယ်တကူရောဂါဆိုးတွေ ဝင်လာနိုင်တဲ့အပြင့် ဆေးယဉ်ပါးခြင်းဆိုတဲ့ အကျိုးဆက်ကိုပါ ခံစားရနိုင်ပါတယ်။

ဒီ့ပြင် မလိုအပ်ဘဲ ပဋိဇီဝဆေးပြင်းတွေ သောက်မယ်ဆိုရင် ဘေးထွက်ဆိုးကျိုးအနေနဲ့ ဓာတ်မတည့်ခြင်း၊ အဖုအ ပိမ့်ထွက်ခြင်း၊ မူးဝေအော့အန်ခြင်း၊ ဝမ်းသွားခြင်းနဲ့ မှိုရောဂါတွေပါ ခံစားရတတ်ပါတယ်။ အဆိုပါ ဘေးထွက်ဆိုး ကျိုးတွေမခံစားရအောင် အအေးမိတယ်ဆိုရင် ကိုယ်ရော၊ စိတ်ပါ အားပြန်ပြည့်အောင် အပြည့်အဝအနားယူ သင့်ပါတယ်။

အပြင်ကို မလိုအပ်ရင်မထွက်ပဲ အိမ်ထဲမှာ အလင်းရောင်ကောင်းပြီး နွေးနွေးထွေးထွေး အနားယူနိုင်မယ့်နေရာမှာ နေပါ။ စိတ်အေးချမ်းအောင် တရားထိုင်ခြင်း၊ စာဖတ်ခြင်းနဲ့ သီချင်းနားထောင်တာတွေ လုပ်ပါ။

အအေးမိခြင်းအတွက် အကောင်းဆုံး အိမ်တွင်းကုထုံးနည်းကတော့ ရေနွေးပူပူလေးထဲမှာ ပျားရည်၊ သံပုရာရည်ညှစ်ပြီး မကြာခဏ သောက်ပါ။ ချောင်းဆိုးတယ်ဆိုရင် ဂျင်းပြုတ်ရည် သောက်ပါ။

အသီးအနှံတွေကလည်း အအေးမိတာကို အမြန်ဆုံးသက်သာပျောက်ကင်းအောင် ကူညီပေးနိုင်ပါတယ်။ ဓာတ်တိုး ဆန့်ကျင်ခြင်းလို့ခေါ်တဲ့ antioxidant အများဆုံးပါတဲ့ ပန်းသီးကတော့ အအေးမိခြင်းအတွက် စူပါအစားအစာပါ။ ဗီတာမင် စီ ၂၅၀ ဂရမ်ပါဝင်တဲ့ သင်္ဘောသီးအပြင် ဘယ်ရီသီး၊ ဂရိတ်ဖုသီး၊ ငှက်ပျောသီးတွေကလည်း အအေးမိဖျားနာတာကို သက်သာစေပြီး ကိုယ်ခံအားစနစ် ပိုကောင်းစေပါတယ်။

အသီးအနှံတွေတင်မကပဲ အစိမ်းရောင်အရွက်များ၊ ပန်းဂေါ်ဖီစိမ်း၊ ကွေကာအုပ်၊ ကြက်ပြုတ်ရည်၊ ကြက်သွန်ဖြူ နဲ့ ဒိန်ချဉ် ကလည်း အအေးမိတုပ်ကွေးဖြစ်တဲ့အခါ စားပေးသင့်ပါတယ်။

ရှောင်ရမယ့်အစားအစာတွေကတော့ နို့ နဲ့ နို့ထွက်ပစ္စည်းတွေက ချွဲသလိပ်ဖြစ်လွယ်လို့ အတတ်နိုင်ဆုံး မစားတာ ကောင်းပါတယ်။ ကဖင်းဓာတ်များတဲ့ ကော်ဖီနဲ့ အရက်ကိုလည်း အအေးမိဖျားနာတဲ့အခါ မသောက်သုံးသင့်ပါဘူး။

သင့်ကိုယ်ခံအားစနစ်ကောင်းစေမယ့် အစားအစာတွေ၊ အသီးအနှံတွေ၊ ပြုတ်ရည်တွေ သောက်မယ်၊ အပြည့်အဝ အနားယူမယ်ဆိုရင် ကိုယ်တွင်းဝင်ရောက်လာတဲ့ ရောဂါပိုးတွေကို တိုက်ဖျက်နိုင်တာမို့ နေမကောင်းဖြစ်တာနဲ့ ပဋိဇီဝဆေးတွေ အလွန်အကျွံမသောက်ဖို့ တိုက်တွန်းချင်ပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top