ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×
၁။ အချိန်ဆွဲခြင်း
ရက်ရွှေ့တတ်ကြပါတယ်။ အောင်မြင်
၂။ ဒွိဟဖြစ်ခြင်း
ဖိုးသူတော် (www.phothutaw.com)
Credit: AyeSay‬
#Unicode Version#
လူတိုင်းကတော့ အောင်မြင်ချင်တဲ့သူချည်းပါပဲ။
အောင်မြင်ခြင်းဆိုတာကလည်း လူတိုင်းလုပ်နိုင်၊ ဖြစ်နိုင်တဲ့ အရာပဲလေ။ အောင်မြင်ခြင်း မအောင်မြင်ခြင်းတွေဟာ မိမိကိုယ်တိုင်ရဲ့ လုပ်ဆောင်မှု့တွေ
နဲ့ပဲ အဓိကပါတ်သတ်ပါတယ်။
ပုံမှန်လူတွေမှာ အကျင့်ဆိုးတစ်ချို့ရှိပါတယ်။ မကောင်းမှန်းသိပေမယ့် လုပ်လေ့လုပ်မြဲရှိနေတဲ့ အကျင့်တွေပါ။ အောင်မြင်တဲ့လူတွေကတော့ ဒီအကျင့်တွေကို လုံးဝလုပ်လေ့မရှိပါဘူး။ သင်လည်း အောင်မြင်ချင်ရင်ဒီအကျင့်ဆိုးတွေကိုသတိ
ထားပြီး ရှောင်ကျဉ်ဖို့လိုအပ်ပါတယ်။ ဒီအကျင့်ဆိုးတွေကတော့
၁။ အချိန်ဆွဲခြင်း
အချိန်ဆွဲခြင်းဟာ ပုံမှန်လူတွေအတွက် ဖျောက်ဖို့ခက်တဲ့ အကျင့်ဆိုးတစ်ခုဖြစ်နေပါတယ်။ ပုံမှန်လူတွေဟာ ဒီနေ့အလုပ်ကိုမနက်ဖြန်ရွှေ့၊မနက်ဖြန်အလုပ်ကို နောက်တစ်
ရက်ရွှေ့တတ်ကြပါတယ်။ အောင်မြင်
သူတွေကတော့ ဒီနေ့ပြီးရမယ့်အလုပ်ကို မနေ့ကတည်းက ပြီးအောင်ကြိုးစားတတ်ကြပါတယ်။ဒါကြောင့် အောင်မြင်ချင်
ရင် လုပ်သင့်တဲ့ကိစ္စကို လုပ်သင့်တဲ့အချိန်မှာလုပ်ပြီး ဒီအချိန်ဆွဲခြင်းဆိုတဲ့ အကျင့်ဆိုးကိုဖျောက်လိုက်ပါ။
၂။ ဒွိဟဖြစ်ခြင်း
တစ်ခါတစ်ရံ ဒွိဟ ဖြစ်တာက ကိစ္စမရှိပေမယ့် အမြဲလိုလိုဒွိဟ ဖြစ်နေတယ်ဆိုရင်တော့ ပြဿနာရှိလာပါပြီ။ ဒီလိုလူတွေဟာ ကိစ္စနှစ်ခုထဲက တစ်ခုကိုရွေးစရာရှိလျှင် ဟိုဟာလုပ်ရမလို ဒီဟာလုပ်ရမလိုနဲ့တွေး
ရင်းတွေးရင်း ဘယ်တစ်ခုမှ မလုပ်ဖြစ်တော့ပဲ အခွင့်အလမ်းကောင်းတွေကို ဆုံးရှုံးတတ်ပါတယ်။ တစ်ခုခုကို သေသေချာချာ စဉ်းစားပြီးတာနဲ့တိတိကျကျ ရွေးချယ်လုပ်ဆောင်ဖို့လိုအပ်ပါတယ်။
၃။ အဆိုးမြင်စိတ်ရှိခြင်း
အချိန်တိုင်းလိုလို စိတ်တိုဒေါသထွက်နေတတ်တဲ့ လူတစ်ချို့ကို သင်မြင်ဖူးမှာပါ။ ထိုသူတွေဟာ တစ်ခုခုဆိုရင် အဆိုးကိုပဲ မြင်နေတတ်လို့ဖြစ်ပါတယ်။ အဆိုးမြင်စိတ်ရှိခြင်းဟာ ပေါင်းသင်းဆက်ဆံရေးကို
သာမက အောင်မြင်တိုးတက်ရေးကိုလည်း ဆုံးရှုံးစေတတ်ပါတယ်။ဒါကြောင့် တကယ်လို့ ကိုယ်ဟာအဆိုးမြင်စိတ်ရှိတဲ့လူဆိုရင် အကောင်းမြင်စိတ်ရှိလာအောင်တဖြည်းဖြည်းပြောင်းယူသင့်ပါတယ်။
၄။ စိတ်ကူးကို စိတ်ကူးမှာပဲ ထားရှိခြင်း
ပုံမှန်လူတွေဟာ အတွေးများစွာတွေးလေ့ရှိပြီး အတွေးတွေကို လက်တွေ့လုပ်ဆောင်လေ့မရှိပါဘူး။ ဒါဟာ အောင်မြင်သူတွေနဲ့ ကြီးမားတဲ့ကွာခြားချက်ပါပဲ။ အောင်မြင်သူတွေကတော့ အတွေးတစ်ခုနှစ်ခုပဲ တွေးလေ့ရှိပြီး ဒီအတွေးကိုမဖြစ်ဖြစ်အောင် အကောင်အထည်ဖော်လေ့ရှိပါတယ်။
၅။ တိကျတဲ့လမ်းကြောင်း မရှိခြင်း
ဟိုလုပ်ငန်းဆိုလည်းသိ၊ ဒီလုပ်ငန်းဆိုလဲသိလေ့ရှိတဲ့ Generalistတော်တော်များများကိုသင်တွေ့ဖူးမှာပါ။ သူတို့ဟာ အောင်မြင်လေ့မရှိကြပါဘူး။ အဓိက အကြောင်းအရင်းကတော့ သူတို့ဟာ လုပ်ငန်း
တော်တော်များများကို ယေဘုယျ သိနေပေမယ့် လုပ်ငန်းတစ်ခုရဲ့တကယ့် specialist တွေနဲ့ တွေ့ရတဲ့အခါဘယ်လိုမှမယှဉ်နိုင်ကြတော့တဲ့အတွက်ပါ။ကမ္ဘာ့တစ်ဝန်းက
အောင်မြင်တဲ့လူတွေကို ကြည့်လိုက်မယ်ဆိုရင်လည်း ကျွမ်းကျင်တဲ့နယ်ပယ် တစ်ခုနှစ်ခုပေါ်မှာပဲ
အောင်မြင်ကြတာကို တွေ့ရမှာပေါ့။ ဒါကြောင့် အောင်မြင်ချင်တယ်ဆိုရင် အရာရာတိုင်းလုပ်ဖို့မကြိုးစားသင့်ပဲ မိမိဝါသနာပါပြီး ကျွမ်းကျင်မယ်ထင်တဲ့ နယ်ပယ် တစ်ခုနှစ်ခုပေါ်မှာပဲ ဇောက်ချပြီး လျှောက်လှမ်းကြပါလို့ အကြံပြုလိုက်ပါရစေ။
‎Credit:AyeSay‬
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top