ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

က်ပ္ငါးရာတန္ထီကုိ ၂၀၁၉ အတြင္း သုံးလခန္႔ဆက္ လက္ဖြင့္လွစ္ၿပီး ေစ်းကြက္၀ယ္ လုိအားမရွိပါက ရပ္ဆုိင္းမည္ျဖစ္ ေၾကာင္း ျပည္တြင္းအခြန္မ်ားဦး စီးဌာန ၫႊန္ၾကားေရးမွဴးခ်ဳပ္ ဦး မင္းထြဋ္က ေျပာသည္။

ေအာင္ဘာေလသိန္းဆုဌာန အျပင္ ၂၀၁၉ ေဖေဖာ္၀ါရီကစ၍ အျမင့္ဆုံးဆုေငြ က်ပ္သိန္းတစ္ ေသာင္းခြဲခ်ီးျမႇင့္မည့္က်ပ္တစ္ ေထာင္တန္လက္မွတ္ကုိ စတင္ ျဖန္႔ေ၀ေရာင္းခ်မည္ျဖစ္ေသာ္ လည္း က်ပ္ငါးရာတန္ ထီကုိ လတ္တေလာ ရပ္ဆုိင္းဦးမည္ မဟုတ္ဟု ၎ကဆိုသည္။

‘‘က်ပ္ငါးရာတန္ ထီလက္ မွတ္ကုိ သုံးလစာေလာက္အထိ ေတာ့မွာထားေသးတယ္။ ေစ်း ကြက္အၿပိဳင္ျဖစ္လာမွာေပါ့။ အ ေျခအေနကုိ ၾကည့္ရမယ္။ ၀ယ္ လုိအားမေကာင္းေတာ့ဘူးဆုိတဲ့ အခါက်ရင္ေတာ့ ေနာက္ပိုင္းရပ္ သြားမွာေပါ့’’ ဟု ဦးမင္းထြဋ္က ေျပာသည္။

က်ပ္ငါးရာတန္ ထီလက္ မွတ္ကုိ ၂၀၁၇ မတ္လကစတင္ ျဖန္႔ေ၀ေရာင္းခ်ၿပီး ယင္းထီလက္ မွတ္၏ လက္ရွိအျမင့္ဆုံးဆုေငြ သည္ က်ပ္သိန္းတစ္ေသာင္းျဖစ္ သည္။

က်ပ္ငါးရာတန္ထီဖြင့္လွစ္ ေရာင္းခ်စဥ္ကလည္း က်ပ္ႏွစ္ရာ တန္ထီလက္မွတ္ကုိ သံုးလၾကာ ဆက္လက္ေရာင္းခ်ၿပီးေနာက္ ၂၀၁၇ ဇြန္လတြင္ က်ပ္ႏွစ္ရာတန္ ထီလက္မွတ္ျဖန္႔ေ၀ေရာင္းခ်မႈ ရပ္ဆိုင္းခဲ့သည္။

က်ပ္တစ္ေထာင္တန္ထီကုိ ေဖေဖာ္၀ါရီအတြင္း ေရာင္းခ်မည္ ျဖစ္၍ သုံးႏွစ္အတြင္းထီလက္ မွတ္သုံးမ်ိဳးအေျပာင္းအလဲျဖစ္ လာမည္ျဖစ္သည္။

သုိ႔ေသာ္ အစုိးရက ျဖန္႔ေ၀ ေရာင္းခ်သည့္ထီလက္မွတ္မ်ား ၏တန္ဖုိးကုိ သတ္မွတ္ေစ်းႏႈန္း အတိုင္း ၀ယ္ယူခြင့္မရရွိသည့္ အစဥ္အလာေၾကာင့္ က်ပ္တစ္ ေထာင္တန္ထီလက္မွတ္ထြက္ရွိ လာပါကလည္း ယင္းသတ္မွတ္ ေစ်းႏႈန္းထက္ပုိ၍ ၀ယ္ယူရမည့္ အေျခအေနတြင္ ရွိေနသည္ဟု ထီ၀ါသနာရွင္အခ်ိဳ႕ကဆုိသည္။

‘‘က်ပ္ငါးရာတန္   ထီဆုိ လည္း အျပင္မွာကတစ္ေစာင္ကုိ က်ပ္ခုနစ္ရာေလာက္ေပး၀ယ္ေန ၾကရတဲ့အတြက္ တစ္ေထာင္တန္ ထီထြက္ရင္ ဘယ္ေလာက္အပုိ ေပးရဦးမလဲမေျပာတတ္ဘူး။ ထီ လက္မွတ္တန္ဖိုးႀကီးလာတဲ့အ တြက္ အေျခခံလူတန္းစားေတြပုံ မွန္ထီကံစမ္းဖုိ႔ခက္လာတယ္’’ ဟု ေျမာက္ဥကၠလာပၿမိဳ႕နယ္မွ ကုမၸ ဏီ၀န္ထမ္း မသူသူေအာင္က ေျပာသည္။

ေအာင္ဘာေလသိန္းဆုဌာန အေနျဖင့္ ထီ ၁၀ေစာင္တစ္အုပ္ လွ်င္ တစ္ေစာင္ပုိေပးသည့္စနစ္ ျဖင့္ ထီကုိယ္စားလွယ္မ်ားကုိ ဆက္လက္ျဖန္႔ေ၀မည္ဆုိပါက သတ္မွတ္ထီလက္မွတ္ေစ်းႏႈန္း အတုိင္းျပင္ပတြင္ ျပန္လည္ ေရာင္းခ်ရန္ အခက္အခဲရွိႏုိင္ ေၾကာင္း ထီလုပ္ငန္းရွင္အခ်ိဳ႕က မွတ္ခ်က္ျပဳသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day


#Unicode Version#

ကျပ်ငါးရာတန်ထီကို ၂၀၁၉ အတွင်း သုံးလခန့်ဆက် လက်ဖွင့်လှစ်ပြီး ဈေးကွက်ဝယ် လိုအားမရှိပါက ရပ်ဆိုင်းမည်ဖြစ် ကြောင်း ပြည်တွင်းအခွန်များဦး စီးဌာန ညွှန်ကြားရေးမှူးချုပ် ဦး မင်းထွဋ်က ပြောသည်။

အောင်ဘာလေသိန်းဆုဌာန အပြင် ၂၀၁၉ ဖေဖော်ဝါရီကစ၍ အမြင့်ဆုံးဆုငွေ ကျပ်သိန်းတစ် သောင်းခွဲချီးမြှင့်မည့်ကျပ်တစ် ထောင်တန်လက်မှတ်ကို စတင် ဖြန့်ဝေရောင်းချမည်ဖြစ်သော် လည်း ကျပ်ငါးရာတန် ထီကို လတ်တလော ရပ်ဆိုင်းဦးမည် မဟုတ်ဟု ၎င်းကဆိုသည်။

‘‘ကျပ်ငါးရာတန် ထီလက် မှတ်ကို သုံးလစာလောက်အထိ တော့မှာထားသေးတယ်။ ဈေး ကွက်အပြိုင်ဖြစ်လာမှာပေါ့။ အ ခြေအနေကို ကြည့်ရမယ်။ ဝယ် လိုအားမကောင်းတော့ဘူးဆိုတဲ့ အခါကျရင်တော့ နောက်ပိုင်းရပ် သွားမှာပေါ့’’ ဟု ဦးမင်းထွဋ်က ပြောသည်။

ကျပ်ငါးရာတန် ထီလက် မှတ်ကို ၂၀၁၇ မတ်လကစတင် ဖြန့်ဝေရောင်းချပြီး ယင်းထီလက် မှတ်၏ လက်ရှိအမြင့်ဆုံးဆုငွေ သည် ကျပ်သိန်းတစ်သောင်းဖြစ် သည်။

ကျပ်ငါးရာတန်ထီဖွင့်လှစ် ရောင်းချစဉ်ကလည်း ကျပ်နှစ်ရာ တန်ထီလက်မှတ်ကို သုံးလကြာ ဆက်လက်ရောင်းချပြီးနောက် ၂၀၁၇ ဇွန်လတွင် ကျပ်နှစ်ရာတန် ထီလက်မှတ်ဖြန့်ဝေရောင်းချမှု ရပ်ဆိုင်းခဲ့သည်။

ကျပ်တစ်ထောင်တန်ထီကို ဖေဖော်ဝါရီအတွင်း ရောင်းချမည် ဖြစ်၍ သုံးနှစ်အတွင်းထီလက် မှတ်သုံးမျိုးအပြောင်းအလဲဖြစ် လာမည်ဖြစ်သည်။

သို့သော် အစိုးရက ဖြန့်ေ၀ ရောင်းချသည့်ထီလက်မှတ်များ ၏တန်ဖိုးကို သတ်မှတ်ဈေးနှုန်း အတိုင်း ဝယ်ယူခွင့်မရရှိသည့် အစဉ်အလာကြောင့် ကျပ်တစ် ထောင်တန်ထီလက်မှတ်ထွက်ရှိ လာပါကလည်း ယင်းသတ်မှတ် ဈေးနှုန်းထက်ပို၍ ဝယ်ယူရမည့် အခြေအနေတွင် ရှိနေသည်ဟု ထီဝါသနာရှင်အချို့ကဆိုသည်။

‘‘ကျပ်ငါးရာတန်   ထီဆို လည်း အပြင်မှာကတစ်စောင်ကို ကျပ်ခုနစ်ရာလောက်ပေးဝယ်နေ ကြရတဲ့အတွက် တစ်ထောင်တန် ထီထွက်ရင် ဘယ်လောက်အပို ပေးရဦးမလဲမပြောတတ်ဘူး။ ထီ လက်မှတ်တန်ဖိုးကြီးလာတဲ့အ တွက် အခြေခံလူတန်းစားတွေပုံ မှန်ထီကံစမ်းဖို့ခက်လာတယ်’’ ဟု မြောက်ဥက္ကလာပမြို့နယ်မှ ကုမ္ပ ဏီဝန်ထမ်း မသူသူအောင်က ပြောသည်။

အောင်ဘာလေသိန်းဆုဌာန အနေဖြင့် ထီ ၁၀စောင်တစ်အုပ် လျှင် တစ်စောင်ပိုပေးသည့်စနစ် ဖြင့် ထီကိုယ်စားလှယ်များကို ဆက်လက်ဖြန့်ဝေမည်ဆိုပါက သတ်မှတ်ထီလက်မှတ်ဈေးနှုန်း အတိုင်းပြင်ပတွင် ပြန်လည် ရောင်းချရန် အခက်အခဲရှိနိုင် ကြောင်း ထီလုပ်ငန်းရှင်အချို့က မှတ်ချက်ပြုသည်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top