ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×







အောင်ဘာလေသိန်းဆု ဌာနသည် ၂၀၁၉ ဖေဖော်ဝါရီက စ၍ ဆုငွေအမြင့်ဆုံး ကျပ်သိန်း တစ်သောင်းခွဲ ချီးမြှင့်မည့် ကျပ် တစ်ထောင်တန်ထီကို ဖြန့်ဝေ မည်ဟု ကြေညာထားသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7Day


#Unicode Version#

ဒီဇင်ဘာ ၁ ရက်တွင် ဖွင့်မည့် အောင်ဘာလေထီသည် ယခင်လအတိုင်း ဆုမဲနှင့် ဆုငွေ အရေအတွက် အပြောင်းအလဲမရှိ ကြောင်း အောင်ဘာလေသိန်းဆု ဌာနခွဲက နိုဝင်ဘာ ၂၆ ရက်တွင် သတင်းထုတ်ပြန်သည်။

(၂၁)ကြိမ်မြောက် ဖွင့်လှစ် မည့် အောင်ဘာလေထီတွင် ဆုမဲ ၁၃၀,၀၀၀ ကျော်မှ ဆုငွေကျပ် သန်း ၁၂၀ ကျော် ခွဲဝေပေးမည် ဖြစ်သည်။

(၂၁)ကြိမ်တွင် ဆုမဲအရေအ တွက် ပြောင်းလဲခြင်းမရှိသော် လည်း (၂၀)ကြိမ်မြောက်က ကျပ်

ငါးသောင်းဆုအရေအတွက် တစ်သောင်း တိုးမြှင့်သဖြင့် ထီဖွင့်လှစ်သည့် သက်တမ်းတစ်လျှောက်ဆုမဲ အများဆုံးလအဖြစ် မှတ် တမ်းဝင်ခဲ့သည်။

ထို့အပြင် ယခင်လက ကျပ် သိန်း၅၀၀ ဆု သုံးဆု၊ ကျပ်သိန်း ၂၀၀ ဆု နှစ်ဆု၊ ကျပ်သိန်း ၁၀၀ ဆု နှစ်ဆု၊ ကျပ်သိန်း ၅၀ ဆု တစ်ဆု၊ ကျပ် ၁၀ သိန်းဆုတစ်ဆု ကိုလည်း တိုးမြှင့်ခဲ့သည်။

‘‘ကျပ်တစ်ထောင်တန်ထီ ကလည်း ထွက်တော့မှာဆိုတော့ ကျပ်ငါးရာတန်ထီရောင်းအားက ဒီထက်ပိုလာဖို့တော့ မရှိဘူး။ ဒါ ကြောင့် ဆုမဲအရေအတွက်တွေ ကို ထိန်းလိုက်တဲ့ သဘောမျိုးလို့ မြင်တယ်’’ဟု ထီကိုယ်စားလှယ် ဦးထွန်းသက်က ပြောသည်။

အောင်ဘာလေသိန်းဆု ဌာနသည် ၂၀၁၉ ဖေဖော်ဝါရီက စ၍ ဆုငွေအမြင့်ဆုံး ကျပ်သိန်း တစ်သောင်းခွဲ ချီးမြှင့်မည့် ကျပ် တစ်ထောင်တန်ထီကို ဖြန့်ေ၀ မည်ဟု ကြေညာထားသည်။

ကျပ်တစ်ထောင်တန် ထီထွက်ရှိပြီးနောက် ဈေးကွက်အခြေအနေကြည့်ကာ ကျပ်ငါးရာတန် ထီဖွင့်လှစ်မှုကို ရပ်ဆိုင်းရန်ရှိသည်ဟု ပြည်တွင်းအခွန်များ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောကြားထားသည်။
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top