ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

Trend ပရိသတ္ၾကီးအတြက္ ဒီတစ္ခါေတာ့ ပိတ္ရက္မွာ သေရစာအေနနဲ႔ေရာ၊ဗုိက္ျပည့္စာအေနနဲ႔ေရာ စားလုိ႔ရတဲ့ ပါစတာခ်က္နည္းေလးျပန္လည္မ်ွေ၀ေပးခ်င္ပါတယ္။သူငယ္ခ်င္းေတြနဲ႔အတူစုလုပ္စားျပီး ရုပ္ရွင္ေလးၾကည့္လုိက္၊စားလုိက္နဲ႔ အရမ္းေပ်ာ္စရာေကာင္းတဲ႔ပိတ္ရက္ေလးျဖစ္မွာပါပဲ။ခ်က္နည္းေလးကလည္း လြယ္ကူပါတယ္။

လိုအပ္တာကေတာ့ ပါစတာတစ္ထုပ္ ၊ေဆာ့စ္အခ်ဥ္ရည္တစ္မိ်ဳး

ဘယ္လိုခ်က္ရမလဲဆုိရင္ ပထမဆံုး ကိုယ္စားခ်င္တဲ႔ပါစတာအမ်ိဳးအစားတစ္ထုပ္ကိုေရြး၀ယ္ပါ။ျပီးရင္ အိုးအေသးတစ္လံုးထဲကိုေရတစ္၀က္ေက်ာ္ေက်ာ္ထည္႔ျပီး ဆူေအာင္တည္ထားပါ။ခဏေနရင္ အုိးထဲကုိ ထမင္းစားဇြန္းနဲ႔ဆားတစ္ဇြန္းထည့္လုိက္ပါ။ေရေႏြးဆူလာျပီဆုိရင္ ပါစတာအထုပ္ကိုထည့္လို႔ရပါျပီ။အဖံုးအုပ္ထားစရာမလိုပါဘူး။

ပါစတာထည့္ျပီး ၁၀ မိနစ္ေလာက္ၾကာတဲ႔အခါ တစ္ခုကိုယူျပီးကိုက္ၾကည့္လုိက္ပါ။မာေနေသးရင္ ၃ မိနစ္ေလာက္ထပ္တည္ထားပါ။ျပီးရင္ေတာ့ ပါစတာေတြကို ဇကာတစ္ခုထဲဆယ္ထည့္လုိ႔ရပါျပီ။

အိုးထဲကေရေတြသြန္ျပီးမွ ပါစတာေတြကိုအိုးထဲျပန္ထည့္ပါ။အေပၚကေနသံလြင္ဆီ ထမင္းစားဇြန္းနဲ႔တစ္ဇြန္းဆမ္းျပီး ကိုယ္ႏွစ္သက္ရာ ခရမ္းခ်ဥ္သီးေဆာ့စ္၊ငရုတ္သီးေဆာ့စ္ တျခားေဆာ့စ္တစ္မ်ိဳးမ်ိဳးကိုထည့္ျပီး ႏွံ႔ေအာင္ေမႊပါ။ပန္းကန္ထဲထည့္ျပီးရင္ေတာ့ အလွဆင္တဲ႔အေနနဲ႔ အေပၚကေန မုန္လာရြက္ျဖစ္ျဖစ္၊ပင္စိမ္းရြက္ျဖစ္ျဖစ္ ညွပ္ေပးလုိ႔ရပါတယ္။ျပီးရင္ေတာ့ အရသာရွိတဲ႔ပါစတာေလးစားလုိ႔ရပါျပီ။

ေဆာ့စ္ကုိ အျပင္ကမ၀ယ္ခ်င္ဘူး။အိမ္မွာပဲ ကုိယ္တုိင္သန္႔ရွင္းလတ္ဆတ္စြာလုပ္ခ်င္တယ္ဆုိရင္လည္း လြယ္လြယ္ေလးပါ။

ခရမ္းခ်ဥ္သီးေလးလံုးေလာက္ေရေဆးျပီးလွီးထားပါ။ေဆာ့စ္လုပ္ဖုိ႔ အိုးအေသးတစ္လံုးထဲကုိ သံလြင္ဆီနည္းနည္းထည့္ျပီးမီးဖုိိေပၚတင္လိုက္ပါ။ဆီက်က္သြားတဲ႔အခါ ငရုတ္ေကာင္းမႈန္႔ စားပြဲတင္ဇြန္းတစ္ဇြန္းစာထည့္ပါ။ျပီးရင္ ၾကက္သြန္နီအ၀ါကို ပါးပါးလွီးျပီးထည့္ေမႊပါ။၂မိနစ္ေလာက္ၾကာရင္ ပါးပါးလွီးထားတဲ့ဂ်င္းနည္းနည္းထည့္ပါ။ခဏေနလို႔ က်က္သြားရင္လွီးထားတဲ႔ခရမ္းခ်ဥ္သီးေတြကုိ  ထည့္လိုက္လို႔ရပါျပီ။ထည့္ျပီးရင္ ဆားနဲ႔သၾကားကို စားပြဲတင္ဇြန္းတစ္ဇြန္းစာေလာက္စီထည့္ပါ။၁၅ မိနစ္ေလာက္ထားျပီးရင္ေတာ့ ပါစတာအတြက္ ခရမ္းခ်ဥ္သီးေဆာ့စ္ေမႊးေမႊးေလးရပါျပီ။ၾကက္သား၊ပုစြန္ေတြနဲ႔တြဲဖက္စားေသာက္ရင္ တကယ့္ကုိအရသာရွိတဲ႔အစားအစာတစ္ခုျဖစ္မွာအေသအခ်ာပါပဲ။

ကဲ အရသာရွိတဲ႔ ပါစတာနဲ႔ခရမ္းခ်ဥ္သီးေဆာ့စ္လုပ္နည္းေလးေျပာျပျပီးျပီျဖစ္လုိ႔ ပိတ္ရက္မွာလုပ္စားၾကည့္ဦးေနာ္

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Trend


#Unicode Version#

Trend ပရိသတ်ကြီးအတွက် ဒီတစ်ခါတော့ ပိတ်ရက်မှာ သရေစာအနေနဲ့ရော၊ဗိုက်ပြည့်စာအနေနဲ့ရော စားလို့ရတဲ့ ပါစတာချက်နည်းလေးပြန်လည်မျှဝေပေးချင်ပါတယ်။သူငယ်ချင်းတွေနဲ့အတူစုလုပ်စားပြီး ရုပ်ရှင်လေးကြည့်လိုက်၊စားလိုက်နဲ့ အရမ်းပျော်စရာကောင်းတဲ့ပိတ်ရက်လေးဖြစ်မှာပါပဲ။ချက်နည်းလေးကလည်း လွယ်ကူပါတယ်။

လိုအပ်တာကတော့ ပါစတာတစ်ထုပ် ၊ဆော့စ်အချဉ်ရည်တစ်မျိုး

ဘယ်လိုချက်ရမလဲဆိုရင် ပထမဆုံး ကိုယ်စားချင်တဲ့ပါစတာအမျိုးအစားတစ်ထုပ်ကိုရွေးဝယ်ပါ။ပြီးရင် အိုးအသေးတစ်လုံးထဲကိုရေတစ်ဝက်ကျော်ကျော်ထည့်ပြီး ဆူအောင်တည်ထားပါ။ခဏနေရင် အိုးထဲကို ထမင်းစားဇွန်းနဲ့ဆားတစ်ဇွန်းထည့်လိုက်ပါ။ရေနွေးဆူလာပြီဆိုရင် ပါစတာအထုပ်ကိုထည့်လို့ရပါပြီ။အဖုံးအုပ်ထားစရာမလိုပါဘူး။

ပါစတာထည့်ပြီး ၁၀ မိနစ်လောက်ကြာတဲ့အခါ တစ်ခုကိုယူပြီးကိုက်ကြည့်လိုက်ပါ။မာနေသေးရင် ၃ မိနစ်လောက်ထပ်တည်ထားပါ။ပြီးရင်တော့ ပါစတာတွေကို ဇကာတစ်ခုထဲဆယ်ထည့်လို့ရပါပြီ။

အိုးထဲကရေတွေသွန်ပြီးမှ ပါစတာတွေကိုအိုးထဲပြန်ထည့်ပါ။အပေါ်ကနေသံလွင်ဆီ ထမင်းစားဇွန်းနဲ့တစ်ဇွန်းဆမ်းပြီး ကိုယ်နှစ်သက်ရာ ခရမ်းချဉ်သီးဆော့စ်၊ငရုတ်သီးဆော့စ် တခြားဆော့စ်တစ်မျိုးမျိုးကိုထည့်ပြီး နှံ့အောင်မွှေပါ။ပန်းကန်ထဲထည့်ပြီးရင်တော့ အလှဆင်တဲ့အနေနဲ့ အပေါ်ကနေ မုန်လာရွက်ဖြစ်ဖြစ်၊ပင်စိမ်းရွက်ဖြစ်ဖြစ် ညှပ်ပေးလို့ရပါတယ်။ပြီးရင်တော့ အရသာရှိတဲ့ပါစတာလေးစားလို့ရပါပြီ။

ဆော့စ်ကို အပြင်ကမဝယ်ချင်ဘူး။အိမ်မှာပဲ ကိုယ်တိုင်သန့်ရှင်းလတ်ဆတ်စွာလုပ်ချင်တယ်ဆိုရင်လည်း လွယ်လွယ်လေးပါ။

ခရမ်းချဉ်သီးလေးလုံးလောက်ရေဆေးပြီးလှီးထားပါ။ဆော့စ်လုပ်ဖို့ အိုးအသေးတစ်လုံးထဲကို သံလွင်ဆီနည်းနည်းထည့်ပြီးမီးဖိုပေါ်တင်လိုက်ပါ။ဆီကျက်သွားတဲ့အခါ ငရုတ်ကောင်းမှုန့် စားပွဲတင်ဇွန်းတစ်ဇွန်းစာထည့်ပါ။ပြီးရင် ကြက်သွန်နီအဝါကို ပါးပါးလှီးပြီးထည့်မွှေပါ။၂မိနစ်လောက်ကြာရင် ပါးပါးလှီးထားတဲ့ဂျင်းနည်းနည်းထည့်ပါ။ခဏနေလို့ ကျက်သွားရင်လှီးထားတဲ့ခရမ်းချဉ်သီးတွေကို  ထည့်လိုက်လို့ရပါပြီ။ထည့်ပြီးရင် ဆားနဲ့သကြားကို စားပွဲတင်ဇွန်းတစ်ဇွန်းစာလောက်စီထည့်ပါ။၁၅ မိနစ်လောက်ထားပြီးရင်တော့ ပါစတာအတွက် ခရမ်းချဉ်သီးဆော့စ်မွှေးမွှေးလေးရပါပြီ။ကြက်သား၊ပုစွန်တွေနဲ့တွဲဖက်စားသောက်ရင် တကယ့်ကိုအရသာရှိတဲ့အစားအစာတစ်ခုဖြစ်မှာအသေအချာပါပဲ။

ကဲ အရသာရှိတဲ့ ပါစတာနဲ့ခရမ်းချဉ်သီးဆော့စ်လုပ်နည်းလေးပြောပြပြီးပြီဖြစ်လို့ ပိတ်ရက်မှာလုပ်စားကြည့်ဦးနော်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top