ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

အႏုပညာေလာကမွာ အခုခ်ိန္ထိ ေအာင္ျမင္မႈေတြကို ပိုင္ဆိုင္ထားနိုင္တဲ့ သ႐ုပ္ေဆာင္နိုင္းနိုင္းက မၾကာခင္႐ုံတင္ေတာ့မယ့္ “အဆိပ္ရွိလူရိုင္း” ႐ုပ္ရွင္ဇာတ္ကားမွာပါဝင္ထားၿပီး ဒီဇာတ္ကားနဲ႕ပတ္သတ္ၿပီး အမွတ္တရေတြေျပာျပခဲ့ပါတယ္။

“အဆိပ္ရွိလူရိုင္း ရိုက္ခဲ့တုန္းက အမွတ္တရေတြရွိပါတယ္။ ဟိုင္းေဝးလမ္းမွာပဲရိုက္ခဲ့ရတဲ့ အမွတ္တရေတြအမ်ားႀကီး ရွိပါတယ္။ တကယ္ကိုေနပူထဲမွာ အရိပ္မရွိအကာမရွိနဲ႕ ရိုက္ခဲ့ၾကတယ္။ ေနစရာမရွိတာ ျပႆနာမရွိေပမယ့္ စားၿပီး ေသာက္ၿပီးရင္ ျဖစ္တဲ့ ျပႆနာက ေတာ္ေတာ္ဆိုးတယ္”

“ကားေပၚတက္ၿပီးရွိတဲ့ တိုးဂိတ္ကို ျပန္ေမာင္းရတဲ့ ဒုကၡက မေသးဘူး။ ဖိုက္တင္ဆင္းေတြ မွာလည္း တိုင္တိုင္ပင္ပင္နဲ႕ လက္တြဲညီညီလုပ္ခဲ့ပါတယ္။ က်ေနာ္ရဲ႕ ဒုတိယေျမာက္ကားလို႔လည္း ေျပာလို႔ရပါတယ္။ ဒီကားကိုၾကည့္မယ့္ သူေတြမပ်င္းေစရပါဘူး။ ပရိသတ္ေတြ ေဝဖန္ေကာင္းေဝဖန္ၾကပါလိမ့္မယ္။ ေဝဖန္မႈရွိမွ တိုးတက္မႈရွိမွာပါ။ က်ေနာ္တို႔ကအျပဳ သေဘာအေနနဲ႕လက္ခံရမွာပါပဲ” လို႔ နိုင္းနိုင္းက ဆိုပါတယ္။

႐ုပ္ရွင္ကားႀကီးေတြ အမ်ားႀကီး လက္ခံရိုက္ကူးျခင္းမျပဳေတာ့ဘဲ တႏွစ္ကို ႐ုပ္ရွင္ႏွစ္ကားေလာက္သာ ေ႐ြးခ်ယ္ရိုက္ကူး ေနတဲ့ နိုင္းနိုင္းက ႐ုပ္ရွင္ေလာကအေပၚ သူရဲ႕ အျမင္ကိုလည္း အခုလိုဆိုပါတယ္။

“က်ေနာ္တို႔က႐ုပ္ရွင္ေလာကမွာ တေခတ္ပုံစံတခုနဲ႕ ထိုးေဖာက္ေနခ်ိန္မွာ လိုအပ္ခ်က္ေတြလည္း ရွိေကာင္းရွိမွာေပါ့။ ဒါေတြကို ပရိသတ္ကေထာက္ျပတာကို က်ေနာ္တို႔က ျပန္လည္သုံးသတ္ရမွာေပါ့။ ဒါမွလည္း ေနာက္ကားေတြမွာ ဟာကြက္မရွိေအာင္ ဖန္တီးနိုင္မွာေပါ့”လို႔ ေျပာပါတယ္။

နိုင္းနိုင္းက အႏုပညာသက္တမ္းႏွစ္ ၂၀ေက်ာ္ရွိေပမယ့္ ပရိသတ္ေတြက ရင္ထဲမွာ တေနရာရွိေနတဲ့အတြက္ အရမ္းဝမ္းသာလို႔ ဆိုပါတယ္။

လာမယ့္ဒီဇင္ဘာလမွာအသက္ ၄၀ျပည့္မယ့္ နိုင္းနိုင္းက ေမြးေးန႕ အစီအစဥ္မ်ားကိုလည္း အခုလိုဆိုပါတယ္။

“ေနာက္လဆို ေမြးလေရာက္ၿပီ။ ဒီဇင္ဘာ၂ရက္ေန႕ က်ေနာ္ေမြးေန႕ပါ။ ၅၀မျပည့္ခင္ ၁၀ႏွစ္အလို ေမြးေန႕ေပါ့။ ခရီးထြက္ရမလား မထြက္ရမလား မသိေသးပါဘူး။ ခရီးမထြက္ခင္ေတာ့ ေမြးေပးခဲ့တဲ့ အေမကို ကန္ေတာ့ရမယ္။ လက္ေဆာင္ေပးမယ္။ စားခ်င္တာလည္း လိုက္ေကြၽးဖို႔ရွိပါတယ္။ ေမြးေန႕မွာ ေထြေထြထူးထူး ဘာမွမလုပ္ပါဘူး”

“ျမန္မာနိုင္ငံမွာရွိေနခ်ိန္ ေမြးေန႕ကို မိသားစုနဲ႕ ျဖတ္သန္းျဖစ္တယ္။ က်န္တဲ့ အခ်ိန္ေတြေတာ့ မျဖတ္သန္းျဖစ္ပါဘူး” လို႔ ဆိုပါတယ္။

အခုေနာက္ပိုင္း႐ုပ္ရွင္ဇာတ္ကားေတြ ပုံစံေတြေျပာင္းလာတာ ေကာင္းပါတယ္။ အႏွစ္၂၀ေလာက္ကတည္းက ေျပာင္းသင့္တဲ့ trend တခုပါ။ က်ေနာ္တို႔မင္းသား စလုပ္ကတည္းကေျပာင္းသင့္တာ ေနာက္က်ေနပါတယ္။ က်ေနာ္တႏွစ္မွာ၂ကားေလာက္ရိုက္ပါတယ္။ က်ေနာ္မိသားစုကိုလည္း အခ်ိန္ေပးရမယ့္ ရက္ေတြရွိတယ္

“ အဲ့အတြက္ ဒီႏွစ္မွာဆို အစမွာ sleeping wait ဆိုတဲ့ ကားကို ဒါရိုက္တာ အာကာနဲ႕ ယိုးဒယားဒါရိုက္တာေတြ ေပါင္းၿပီးရိုက္တဲ့ ကားကို ရိုက္တယ္။ ႏွစ္ကုန္ခါနီးမွာ ဒါရိုက္တာသီဟစိုးနဲ႕ ရိုက္မယ္” လို႔ နိုင္းနိုင္းက ဆိုပါတယ္။

နိုင္းနိုင္း(Nine Nine) ဟာ ၁၉၉၆ခုႏွစ္ကတည္းက တင္ေဇာ္လတ္နာမည္နဲ႕ ေမာ္ဒယ္ေလာကသို႔ ဝင္ေရာက္ခဲ့ကာ ၁၉၉၇ခုႏွစ္မွာ စနိုးဝွိုက္႐ုပ္ရွင္ထုတ္လုပ္ေရးကေန နိုင္းနိုင္းဆိုတဲ့ နာမည္နဲ႕အတူ သူ႕ရဲ႕ အႏုပညာအလုပ္ေတြကို လုပ္ကိုင္ခဲ့သူတဦး ျဖစ္ပါတယ္။

မၾကာခင္မွာလည္း “သမုဒယ” ဆိုတဲ့ ႐ုပ္ရွင္ဇာတ္ကားႀကီးကို ရိုက္ကူးဖို႔ ျပင္ဆင္လ်က္ရွိကာ ဒီဇင္ဘာ(၇) ရက္ေန႕မွာ စတင္ရိုက္ကူးသြားမွာ ျဖစ္ပါတယ္။

႐ုံတင္ေတာ့မယ့္ “အဆိပ္ရွိလူရိုင္း” ဇာတ္ကားထဲမွာေတာ့ နိုင္းနိုင္းနဲ႕ အတူ ခါရာ၊ ေ႐ႊသမီး၊ အိစိေကြးနဲ႕ အႏုညာရွင္မ်ားစြာက ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Irrawaddy

#Unicode Version#

အနုပညာလောကမှာ အခုချိန်ထိ အောင်မြင်မှုတွေကို ပိုင်ဆိုင်ထားနိုင်တဲ့ သရုပ်ဆောင်နိုင်းနိုင်းက မကြာခင်ရုံတင်တော့မယ့် “အဆိပ်ရှိလူရိုင်း” ရုပ်ရှင်ဇာတ်ကားမှာပါဝင်ထားပြီး ဒီဇာတ်ကားနဲ့ပတ်သတ်ပြီး အမှတ်တရတွေပြောပြခဲ့ပါတယ်။

“အဆိပ်ရှိလူရိုင်း ရိုက်ခဲ့တုန်းက အမှတ်တရတွေရှိပါတယ်။ ဟိုင်းဝေးလမ်းမှာပဲရိုက်ခဲ့ရတဲ့ အမှတ်တရတွေအများကြီး ရှိပါတယ်။ တကယ်ကိုနေပူထဲမှာ အရိပ်မရှိအကာမရှိနဲ့ ရိုက်ခဲ့ကြတယ်။ နေစရာမရှိတာ ပြဿနာမရှိပေမယ့် စားပြီး သောက်ပြီးရင် ဖြစ်တဲ့ ပြဿနာက တော်တော်ဆိုးတယ်”

“ကားပေါ်တက်ပြီးရှိတဲ့ တိုးဂိတ်ကို ပြန်မောင်းရတဲ့ ဒုက္ခက မသေးဘူး။ ဖိုက်တင်ဆင်းတွေ မှာလည်း တိုင်တိုင်ပင်ပင်နဲ့ လက်တွဲညီညီလုပ်ခဲ့ပါတယ်။ ကျနော်ရဲ့ ဒုတိယမြောက်ကားလို့လည်း ပြောလို့ရပါတယ်။ ဒီကားကိုကြည့်မယ့် သူတွေမပျင်းစေရပါဘူး။ ပရိသတ်တွေ ဝေဖန်ကောင်းဝေဖန်ကြပါလိမ့်မယ်။ ဝေဖန်မှုရှိမှ တိုးတက်မှုရှိမှာပါ။ ကျနော်တို့ကအပြု သဘောအနေနဲ့လက်ခံရမှာပါပဲ” လို့ နိုင်းနိုင်းက ဆိုပါတယ်။

ရုပ်ရှင်ကားကြီးတွေ အများကြီး လက်ခံရိုက်ကူးခြင်းမပြုတော့ဘဲ တနှစ်ကို ရုပ်ရှင်နှစ်ကားလောက်သာ ရွေးချယ်ရိုက်ကူး နေတဲ့ နိုင်းနိုင်းက ရုပ်ရှင်လောကအပေါ် သူရဲ့ အမြင်ကိုလည်း အခုလိုဆိုပါတယ်။

“ကျနော်တို့ကရုပ်ရှင်လောကမှာ တခေတ်ပုံစံတခုနဲ့ ထိုးဖောက်နေချိန်မှာ လိုအပ်ချက်တွေလည်း ရှိကောင်းရှိမှာပေါ့။ ဒါတွေကို ပရိသတ်ကထောက်ပြတာကို ကျနော်တို့က ပြန်လည်သုံးသတ်ရမှာပေါ့။ ဒါမှလည်း နောက်ကားတွေမှာ ဟာကွက်မရှိအောင် ဖန်တီးနိုင်မှာပေါ့”လို့ ပြောပါတယ်။

နိုင်းနိုင်းက အနုပညာသက်တမ်းနှစ် ၂၀ကျော်ရှိပေမယ့် ပရိသတ်တွေက ရင်ထဲမှာ တနေရာရှိနေတဲ့အတွက် အရမ်းဝမ်းသာလို့ ဆိုပါတယ်။

လာမယ့်ဒီဇင်ဘာလမှာအသက် ၄၀ပြည့်မယ့် နိုင်းနိုင်းက မွေးေးန့ အစီအစဉ်များကိုလည်း အခုလိုဆိုပါတယ်။

“နောက်လဆို မွေးလရောက်ပြီ။ ဒီဇင်ဘာ၂ရက်နေ့ ကျနော်မွေးနေ့ပါ။ ၅၀မပြည့်ခင် ၁၀နှစ်အလို မွေးနေ့ပေါ့။ ခရီးထွက်ရမလား မထွက်ရမလား မသိသေးပါဘူး။ ခရီးမထွက်ခင်တော့ မွေးပေးခဲ့တဲ့ အမေကို ကန်တော့ရမယ်။ လက်ဆောင်ပေးမယ်။ စားချင်တာလည်း လိုက်ကျွေးဖို့ရှိပါတယ်။ မွေးနေ့မှာ ထွေထွေထူးထူး ဘာမှမလုပ်ပါဘူး”

“မြန်မာနိုင်ငံမှာရှိနေချိန် မွေးနေ့ကို မိသားစုနဲ့ ဖြတ်သန်းဖြစ်တယ်။ ကျန်တဲ့ အချိန်တွေတော့ မဖြတ်သန်းဖြစ်ပါဘူး” လို့ ဆိုပါတယ်။

အခုနောက်ပိုင်းရုပ်ရှင်ဇာတ်ကားတွေ ပုံစံတွေပြောင်းလာတာ ကောင်းပါတယ်။ အနှစ်၂၀လောက်ကတည်းက ပြောင်းသင့်တဲ့ trend တခုပါ။ ကျနော်တို့မင်းသား စလုပ်ကတည်းကပြောင်းသင့်တာ နောက်ကျနေပါတယ်။ ကျနော်တနှစ်မှာ၂ကားလောက်ရိုက်ပါတယ်။ ကျနော်မိသားစုကိုလည်း အချိန်ပေးရမယ့် ရက်တွေရှိတယ်

“ အဲ့အတွက် ဒီနှစ်မှာဆို အစမှာ sleeping wait ဆိုတဲ့ ကားကို ဒါရိုက်တာ အာကာနဲ့ ယိုးဒယားဒါရိုက်တာတွေ ပေါင်းပြီးရိုက်တဲ့ ကားကို ရိုက်တယ်။ နှစ်ကုန်ခါနီးမှာ ဒါရိုက်တာသီဟစိုးနဲ့ ရိုက်မယ်” လို့ နိုင်းနိုင်းက ဆိုပါတယ်။

နိုင်းနိုင်း(Nine Nine) ဟာ ၁၉၉၆ခုနှစ်ကတည်းက တင်ဇော်လတ်နာမည်နဲ့ မော်ဒယ်လောကသို့ ဝင်ရောက်ခဲ့ကာ ၁၉၉၇ခုနှစ်မှာ စနိုးဝှိုက်ရုပ်ရှင်ထုတ်လုပ်ရေးကနေ နိုင်းနိုင်းဆိုတဲ့ နာမည်နဲ့အတူ သူ့ရဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်ခဲ့သူတဦး ဖြစ်ပါတယ်။

မကြာခင်မှာလည်း “သမုဒယ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးဖို့ ပြင်ဆင်လျက်ရှိကာ ဒီဇင်ဘာ(၇) ရက်နေ့မှာ စတင်ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။

ရုံတင်တော့မယ့် “အဆိပ်ရှိလူရိုင်း” ဇာတ်ကားထဲမှာတော့ နိုင်းနိုင်းနဲ့ အတူ ခါရာ၊ ရွှေသမီး၊ အိစိကွေးနဲ့ အနုညာရှင်များစွာက ပါဝင်သရုပ်ဆောင်ထားပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top