iMyanmarHouse.com - Best Property Website for Myanmar
×






ဖိုးသူတော် (www.phothutaw.com)
Credit: The Voice


#Unicode Version#

မန္တလေးတိုင်း သာစည်မြို့နယ် ကျေးရွာတစ်ရွာတွင် ကျူရှင်ဆရာက အသက် ၁၃ နှစ်အရွယ် အဋ္ဌမတန်းကျောင်းသူကို မုဒိမ်းကျင့်ခဲ့သည်ကို ကိုယ်ဝန်လေးလခန့်ကြာပြီးနောက် သိရှိခဲ့သည့်အတွက် နိုဝင်ဘာ ၁၄ ရက်နေ့က အမှုလာရောက်ဖွင့်လှစ်ခဲ့ကြောင်း သာစည်မြို့မရဲစခန်းထံမှ သိရသည်။

ယင်းကျောင်းသူသည် လွန်ခဲ့သည့် ၂ လခန့်ကတည်းက အစားမစားဘဲ အမြဲအိပ်နေခြင်း၊ ဗိုက်အောင့်ခြင်းများ ဖြစ်ပေါ်နေ၍ ကျေးလက်ကျန်းမာရေးဌာနသို့ သွားရောက်ပြသခဲ့ရာ ၎င်းမိန်းကလေး၏သားအိမ်တွင် အလုံးတွေ့ရှိခဲ့သည့်အတွက် နိုဝင်ဘာ ၁၁ ရက်နေ့တွင် မိတ္ထီလာမြို့ရှိ ဆေးခန်းသို့ သွားရောက်ကုသရာ ကိုယ်ဝန် ၄ လရှိနေသည်ကို သိရှိခဲ့ရကြောင်း ယင်းရဲစခန်း၏မှတ်တမ်းတွင် ဖော်ပြထားသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အဋ္ဌမတန်းကျောင်းသူကို သားမယားပြုကျင့်ခဲ့သူဟု တိုင်ကြားခံရသူ ကျူရှင်ဆရာ စိုးသူအောင် (၂၆ နှစ်)ကို သာစည်မြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၆၃/ ၃၇၆ တို့ဖြင့် အမှုဖွင့်ထားကြောင်း ယင်းရဲစခန်းထံမှ သိရသည်

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အဋ္ဌမတန်းကျောင်းသူကို သားမယားပြုကျင့်ခဲ့သူဟု တိုင်ကြားခံရသူ ကျူရှင်ဆရာ စိုးသူအောင် (၂၆ နှစ်)ကို သာစည်မြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၆၃/ ၃၇၆ တို့ဖြင့် အမှုဖွင့်ထားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top