iMyanmarHouse.com - Best Property Website for Myanmar
×

ဓာတ္ပံု – ေဇာ္သစ္ဦး (ငါးသိုင္းေခ်ာင္း)


ဧရာဝတီတိုင္းေဒသႀကီး၊ ေရၾကည္ၿမိဳ႕နယ္၊ ငါးသိုင္းေခ်ာင္းၿမိဳ႕မွ အမ်ိဳးသမီးငယ္တဦးဟာ မိမိကိုယ္က်င့္တရားကို ယံုၾကည္ေပးရန္ မိဘမ်ားကို စာေရးေတာင္းပန္ၿပီး ကိုယ့္ကိုယ္ကို သတ္ေသသြားတ့ဲျဖစ္စဥ္

ငါးသိုင္းေခ်ာင္းၿမိဳ႕မွာ ဒီကေန႔ နံနက္ပိုင္းက ျဖစ္ပြားခ့ဲပါတယ္။မိမိကိုယ္ကို သတ္ေသခ့ဲသူကေတာ့ ငါးသိုင္းေခ်ာင္းၿမိဳ႕၊ ငဝန္ရပ္ကြက္၊ ဆယ္ႀကီးလမ္းေန အသက္ ၂၃ ႏွစ္အရြယ္႐ွိ မလြင္သက္မြန္ျဖစ္ၿပီး သူမဟာ လ်ွပ္စစ္အင္ဂ်င္နီယာဘြဲ႔ရထားသူတေယာက္ ျဖစ္ေၾကာင္း သိရပါတယ္။

လူေသမႈျဖစ္ပြားေၾကာင္း သတင္းရလို႔ ငါးသိုင္းေခ်ာင္းနယ္ေျမရဲစခန္းက ယာယီစခန္းမႉး ဒုရဲအုပ္ ေအာင္မ်ဳိးလြင္နဲ႔အဖြဲ႔ သြားေရာက္စစ္ေဆးခ်ိန္မွာ မလြင္သက္မြန္ဟာ လက္သန္းလံုးေလာက္႐ွိတ့ဲ ပလပ္စတစ္ႀကိဳးနဲ႔ ေနအိမ္ထုပ္တန္းမွာ ႀကိဳးဆြဲခ်ေသဆံုးေနတာကို ေတြ႔ရပါတယ္။

ေသဆံုးသူ မလြင္သက္မြန္အနီးမွာေတာ့ သူမ မေသခင္ ေရးခ့ဲတ့ဲစာေလးတေစာင္ကိုလည္း တာဝန္႐ွိသူမ်ားက ေတြ႔႐ွိခ့ဲရပါတယ္။ စာထဲမွာေရးထားတာေတာ့ -“သမီး မိသားစုကိုခ်စ္လြန္းလို႔

သူနဲ႔အခုထိ ကြဲကြာေနတာပါ။ သမီးရဲ႕ကိုယ္က်င့္တရားကို ယံုေပးပါ။ ဖုန္းေဘလ္ထည့္သမ်ွကို စစ္ၾကည့္ပါ။ သမီးရဲ႕ေလ့လာမႈအတြက္ အသံုးမ်ားသြားတယ္။ စီမံခန္႔ခြဲမႈညံ့လို႔

စာရင္း မျပည့္စံုတာ နားလည္ေပးပါ”လို႔ မိဘမ်ားကို ေတာင္းပန္ထားပါတယ္။

ဆက္လက္ၿပီး သူမဖုန္းေဘလ္ေတြနဲ႔ Wave အေကာင့္ေတြကို ဝင္စစ္ဖို႔ ေငြပမာဏေတြေဖာ္ျပထားၿပီး သူမရဲ႕အေဖနဲ႔အေမကို ေနာက္ဆံုးမွာၾကားမႈေတြ ျပဳလုပ္ခ့ဲပါတယ္။

“အေမ ငပိေတြမလုပ္ပါနဲ႔ေတာ့၊ ဝယ္စားလည္း လြယ္တာပဲကို။ အေဖ သမီးရည္မွန္းခ်က္ျဖစ္တ့ဲ ေဗဒါအိတ္ လုပ္ငန္းကို ဆက္လက္အေကာင္အထည္ေဖာ္ေပးပါ။

သမီးကိုခြင့္လႊတ္ရင္ေပါ့”လို႔ စာထဲမွာေရးသားထားၿပီး အဆံုးသတ္မွာေတာ့ “အိမ္ရဲ႕ပိုက္ဆံေတြကို သမီးဘယ္တုန္းကမွ စိတ္နဲ႔ေတာင္ မျပစ္မွားခ့ဲပါဘူး။

သမီးအခု လူေတြကို ဘယ္လိုရင္ဆိုင္ရမွာလဲ။ မိသားစုကို ခ်စ္တ့ဲ သမီးငယ္ေလး”လို႔ မလြင္သက္မြန္ဟာ သူမ မကြယ္လြန္မီ ေနာက္ဆံုးအခ်ိန္မွာ ေရးသားခ့ဲပါတယ္။

မလြင္သက္မြန္ေသဆံုးမႈကို ငါးသိုင္းေခ်ာင္း နယ္ေျမစခန္း ယာယီစခန္းမႉး ဒုရဲအုပ္ ေအာင္မ်ိဳးလြင္က တရားလိုျပဳလုပ္ကာ ေသမႈေသခင္း ၈/၂၀၁၈ နဲ႔ အမႈဖြင့္ စစ္ေဆးလ်ွက္႐ွိေၾကာင္း သိရပါတယ္။

လူ႔ဘဝဟာ ရခဲတ့ဲအတြက္ လူငယ္ေတြအေနနဲ႔ ဘဝကို အလြယ္တကူ အ႐ွံဳးမေပးဖို႔နဲ႔ မိဘေတြအေနနဲ႔ ကိုယ့္သားသမီးေတြကုိ ႐ုပ္ပိုင္းေရာ စိတ္ပိုင္းဆိုင္ရာ ခံစားခ်က္ေတြကို အေလးထားေစာင့္ၾကည့္ဖို႔ ပုသိမ္ၿမိဳ႕က ဘက္စံုပရဟိတလုပ္ေဆာင္ေနတ့ဲ မေနာျဖဴ ဆရာေတာ္ ဦးစႏၵာသီရိက မိန္႔ၾကားပါတယ္။

“္ေလာကမွာ ဘာအခက္အခဲပဲၾကံဳၾကံဳ အလြယ္တကူ လက္ေျမႇာက္အ႐ွံဳးေပးတာေတြ မလုပ္ၾကဖို႔ ဦးဇင္း တိုက္တြန္းပါတယ္။ အသက္႐ွင္ေနသေရြ႔ မနက္ျဖန္ဆိုတာ ႐ွိေနသေရြ႔ ေမ်ွာ္လင့္ခ်က္႐ွိပါတယ္

ျပသနာ ဟူသမ်ွဟာလည္း ေျဖ႐ွင္းဖို႔နည္းလမ္း တစ္ခုမဟုတ္တစ္ခု ႐ွိပါတယ္။ ကိုယ္စိတ္ညစ္ခ်ိန္ စိတ္ဓာတ္က်ခ်ိန္မွာ အခက္အခဲေတြကို ကိုယ့္အေပၚနားလည္ ေပးႏိုင္သူေတြကို ရင္ဖြင့္တိုင္ပင္ပါ။

မိဘေတြကလည္း ကိုယ့္သားသမီး ဘာျဖစ္ေနလဲ၊ ဘာခံစားေနရလဲ ဆိုတာ အျမဲေစာင့္ၾကည့္ၿပီး သူတို႔ကို ေႏြးေထြးစြာနဲ႔ စကားေျပာဆို ေဆြးေႏြးေပးဖို႔ လိုအပ္ပါတယ္”လို႔ ဆရာေတာ္ ဦးစႏၵာသီရိက မိန္႔ၾကားပါတယ္။

ယခုႏွစ္လည္ပိုင္းတြင္ ဧရာဝတီတိုင္း၊ လပြတၱာၿမိဳ႕မွ လယ္သမားလင္မယားႏွစ္ဦး ႀကိဳးဆြဲခ်ေသဆံုးမႈ ျဖစ္ပြားခ့ဲသလို ၿပီးခ့ဲသည့္ စက္တင္ဘာလအတြင္းကလည္း ပုသိမ္ၿမိဴ႕နယ္၊ ဇင္ႁပြန္းကုန္းအုပ္စု၊ ျမင္းေခ်ာင္းေက်းရြာမွ အသက္ ၁၉ ႏွစ္အရြယ္ အမ်ိဳးသမီးငယ္တဦးမွာလည္း လူမႈေရးျပသနာေၾကာင့္ ႀကိဳးဆြဲခ် သတ္ေသမႈျဖစ္ပြားခ့ဲေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Hninsi


#Unicode Version#

ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့မှ အမျိုးသမီးငယ်တဦးဟာ မိမိကိုယ်ကျင့်တရားကို ယုံကြည်ပေးရန် မိဘများကို စာရေးတောင်းပန်ပြီး ကိုယ့်ကိုယ်ကို သတ်သေသွားတဲ့ဖြစ်စဉ်

ငါးသိုင်းချောင်းမြို့မှာ ဒီကနေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့ပါတယ်။မိမိကိုယ်ကို သတ်သေခဲ့သူကတော့ ငါးသိုင်းချောင်းမြို့၊ ငဝန်ရပ်ကွက်၊ ဆယ်ကြီးလမ်းနေ အသက် ၂၃ နှစ်အရွယ်ရှိ မလွင်သက်မွန်ဖြစ်ပြီး သူမဟာ လျှပ်စစ်အင်ဂျင်နီယာဘွဲ့ရထားသူတယောက် ဖြစ်ကြောင်း သိရပါတယ်။

လူသေမှုဖြစ်ပွားကြောင်း သတင်းရလို့ ငါးသိုင်းချောင်းနယ်မြေရဲစခန်းက ယာယီစခန်းမှူး ဒုရဲအုပ် အောင်မျိုးလွင်နဲ့အဖွဲ့ သွားရောက်စစ်ဆေးချိန်မှာ မလွင်သက်မွန်ဟာ လက်သန်းလုံးလောက်ရှိတဲ့ ပလပ်စတစ်ကြိုးနဲ့ နေအိမ်ထုပ်တန်းမှာ ကြိုးဆွဲချသေဆုံးနေတာကို တွေ့ရပါတယ်။

သေဆုံးသူ မလွင်သက်မွန်အနီးမှာတော့ သူမ မသေခင် ရေးခဲ့တဲ့စာလေးတစောင်ကိုလည်း တာဝန်ရှိသူများက တွေ့ရှိခဲ့ရပါတယ်။ စာထဲမှာရေးထားတာတော့ -“သမီး မိသားစုကိုချစ်လွန်းလို့

သူနဲ့အခုထိ ကွဲကွာနေတာပါ။ သမီးရဲ့ကိုယ်ကျင့်တရားကို ယုံပေးပါ။ ဖုန်းဘေလ်ထည့်သမျှကို စစ်ကြည့်ပါ။ သမီးရဲ့လေ့လာမှုအတွက် အသုံးများသွားတယ်။ စီမံခန့်ခွဲမှုညံ့လို့

စာရင်း မပြည့်စုံတာ နားလည်ပေးပါ”လို့ မိဘများကို တောင်းပန်ထားပါတယ်။

ဆက်လက်ပြီး သူမဖုန်းဘေလ်တွေနဲ့ Wave အကောင့်တွေကို ဝင်စစ်ဖို့ ငွေပမာဏတွေဖော်ပြထားပြီး သူမရဲ့အဖေနဲ့အမေကို နောက်ဆုံးမှာကြားမှုတွေ ပြုလုပ်ခဲ့ပါတယ်။

“အမေ ငပိတွေမလုပ်ပါနဲ့တော့၊ ဝယ်စားလည်း လွယ်တာပဲကို။ အဖေ သမီးရည်မှန်းချက်ဖြစ်တဲ့ ဗေဒါအိတ် လုပ်ငန်းကို ဆက်လက်အကောင်အထည်ဖော်ပေးပါ။

သမီးကိုခွင့်လွှတ်ရင်ပေါ့”လို့ စာထဲမှာရေးသားထားပြီး အဆုံးသတ်မှာတော့ “အိမ်ရဲ့ပိုက်ဆံတွေကို သမီးဘယ်တုန်းကမှ စိတ်နဲ့တောင် မပြစ်မှားခဲ့ပါဘူး။

သမီးအခု လူတွေကို ဘယ်လိုရင်ဆိုင်ရမှာလဲ။ မိသားစုကို ချစ်တဲ့ သမီးငယ်လေး”လို့ မလွင်သက်မွန်ဟာ သူမ မကွယ်လွန်မီ နောက်ဆုံးအချိန်မှာ ရေးသားခဲ့ပါတယ်။

မလွင်သက်မွန်သေဆုံးမှုကို ငါးသိုင်းချောင်း နယ်မြေစခန်း ယာယီစခန်းမှူး ဒုရဲအုပ် အောင်မျိုးလွင်က တရားလိုပြုလုပ်ကာ သေမှုသေခင်း ၈/၂၀၁၈ နဲ့ အမှုဖွင့် စစ်ဆေးလျှက်ရှိကြောင်း သိရပါတယ်။

လူ့ဘဝဟာ ရခဲတဲ့အတွက် လူငယ်တွေအနေနဲ့ ဘဝကို အလွယ်တကူ အရှုံးမပေးဖို့နဲ့ မိဘတွေအနေနဲ့ ကိုယ့်သားသမီးတွေကို ရုပ်ပိုင်းရော စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေကို အလေးထားစောင့်ကြည့်ဖို့ ပုသိမ်မြို့က ဘက်စုံပရဟိတလုပ်ဆောင်နေတဲ့ မနောဖြူ ဆရာတော် ဦးစန္ဒာသီရိက မိန့်ကြားပါတယ်။

“်လောကမှာ ဘာအခက်အခဲပဲကြုံကြုံ အလွယ်တကူ လက်မြှောက်အရှုံးပေးတာတွေ မလုပ်ကြဖို့ ဦးဇင်း တိုက်တွန်းပါတယ်။ အသက်ရှင်နေသရွေ့ မနက်ဖြန်ဆိုတာ ရှိနေသရွေ့ မျှော်လင့်ချက်ရှိပါတယ်

ပြသနာ ဟူသမျှဟာလည်း ဖြေရှင်းဖို့နည်းလမ်း တစ်ခုမဟုတ်တစ်ခု ရှိပါတယ်။ ကိုယ်စိတ်ညစ်ချိန် စိတ်ဓာတ်ကျချိန်မှာ အခက်အခဲတွေကို ကိုယ့်အပေါ်နားလည် ပေးနိုင်သူတွေကို ရင်ဖွင့်တိုင်ပင်ပါ။

မိဘတွေကလည်း ကိုယ့်သားသမီး ဘာဖြစ်နေလဲ၊ ဘာခံစားနေရလဲ ဆိုတာ အမြဲစောင့်ကြည့်ပြီး သူတို့ကို နွေးထွေးစွာနဲ့ စကားပြောဆို ဆွေးနွေးပေးဖို့ လိုအပ်ပါတယ်”လို့ ဆရာတော် ဦးစန္ဒာသီရိက မိန့်ကြားပါတယ်။

ယခုနှစ်လည်ပိုင်းတွင် ဧရာဝတီတိုင်း၊ လပွတ္တာမြို့မှ လယ်သမားလင်မယားနှစ်ဦး ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွားခဲ့သလို ပြီးခဲ့သည့် စက်တင်ဘာလအတွင်းကလည်း ပုသိမ်မြိူ့နယ်၊ ဇင်ပြွန်းကုန်းအုပ်စု၊ မြင်းချောင်းကျေးရွာမှ အသက် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်တဦးမှာလည်း လူမှုရေးပြသနာကြောင့် ကြိုးဆွဲချ သတ်သေမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – ဇော်သစ်ဦး (ငါးသိုင်းချောင်း)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top