ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

(ဓါတ္ပံု-မ်ိဳးေဇာ္ဦး)

မိတၳီလာ၊ရန္မ်ိဳးေအာင္ရပ္ကြက္မွာေနထုိင္တဲ့ ကုိမ်ိဳးေဇာ္ဦးက ဆိုင္ကယ္အင္ဂ်င္နဲ႔ျပဳလုပ္တဲ့အိမ္စီးကားကုိ တီထြင္ခဲ့ပါတယ္။

တန္ဖုိးအားျဖင့္ ၁၆ သိန္းခန္႔ကုန္က်တာျဖစ္ၿပီးေတာ့ ပစၥည္းေတြကုိ တစ္ခုခ်င္းစီ၀ယ္ရတာေၾကာင့္ ဒီေလာက္ႏႈန္းထားကုန္က်တာျဖစ္ၿပီး ထုတ္လုပ္မယ္ဆုိရင္ေတာ့ အဲ့ဒီေစ်းႏႈန္းထက္ေလ်ာ့နည္းႏုိင္တယ္လုိ႔ သူကေျပာပါတယ္။

“ပစၥည္းတန္ဖုိးက ၁၆ သိန္းေလာက္က်တယ္။ထုတ္လုပ္မႈလုပ္ရင္ေတာ့အဲ့ေလာက္မက်ေလာက္ဘူး။ အခုက တစ္ခုလုိရင္တစ္ခု တစ္ေနရာသြား၀ယ္ရေတာ့ အခ်ိန္ပိုၾကာတယ္။ပစၥည္းဖုိးက အခု ၁၆ သိန္းက်ပါတယ္။နွစ္ေယာက္စီးကားပါပဲ။ေနာက္ဘက္မွာလည္း သုံးေပခြဲေလာက္က်ယ္ပါေသးတယ္။ဒါကုိထုတ္ဖုိ႔က ဘယ္ကုိလုိက္ရမွန္းမသိတာ။ဒုတိယကားတုန္းကေတာ့ ကညနျပတယ္။ရုံးေတြလုိက္ျပေတာ့ သူတုိ႔ေတာ့ ဘယ္သြားဘယ္သြားေျပာေပမယ့္ ဒါဘယ္ကုိသြားရမွန္းကၽြန္ေတာ္မသိဘူး။စက္မႈဇုန္ေတြကလည္း ထုတ္တာေတြသိမ္းလုိက္လုိ႔ မရဘူးေျပာတယ္။ကၽြန္ေတာ္က တန္ဖုိးနည္းၿပီးလူတုိင္းကုိ လြယ္လြယ္ကူကူနဲ႔ စီးေစခ်င္လုိ႔ပါ ” လုိ႔ ကုိေဇာ္မ်ိဳးဦးက Duwun ကုိေျပာပါတယ္။

သူ႔အေနနဲ႔ အရင္ကလည္းဒီလုိကားမ်ိဳးနွစ္စီးခန္႔တီထြင္စမ္းသပ္ခဲ့ဖူးၿပီးေတာဒါက သုံးစီးေျမာက္ကားလည္းျဖစ္ပါတယ္။ဒီကားကုိေတာ့ ဆုိင္ကယ္အင္ဂ်င္နဲ႔ ဂီယာကုိလည္း သုံးဘီးဆုိင္ကယ္ကေန ယူထားတယ္လုိ႔ ေျပာပါတယ္။

ဓါတ္ဆီတစ္ဂါလံကုိ ၅၅မုိင္အထိသြားႏုိင္ၿပီးေတာ့ လက္ခမပါဘဲနဲ႔ ၁၆ သိန္းကုန္က်တယ္လုိ႔လည္း ေျပာပါတယ္။

ဒီကားကုိေတာ့ ၿပီးခဲ့တဲ့ မတ္လတုန္းက စတင္တပ္ဆင္ခဲ့တာျဖစ္ၿပီးေတာ့ ႏုိ၀င္ဘာလမွာပဲ တပ္ဆင္ၿပီးစီးခဲ့တာျဖစ္ၿပီး အျခားအလုပ္တစ္ဖက္နဲ႔ လုပ္ရတာျဖစ္လုိ႔ တကယ္တပ္ဆင္စမ္းသပ္မယ္ဆုိရင္ေတာ့ အဲ့ဒီအခ်ိန္ထက္ပိုနည္းႏုိင္မယ္လုိ႔လည္းေျပာပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#

မိတ္ထီလာ၊ရန်မျိုးအောင်ရပ်ကွက်မှာနေထိုင်တဲ့ ကိုမျိုးဇော်ဦးက ဆိုင်ကယ်အင်ဂျင်နဲ့ပြုလုပ်တဲ့အိမ်စီးကားကို တီထွင်ခဲ့ပါတယ်။

တန်ဖိုးအားဖြင့် ၁၆ သိန်းခန့်ကုန်ကျတာဖြစ်ပြီးတော့ ပစ္စည်းတွေကို တစ်ခုချင်းစီဝယ်ရတာကြောင့် ဒီလောက်နှုန်းထားကုန်ကျတာဖြစ်ပြီး ထုတ်လုပ်မယ်ဆိုရင်တော့ အဲ့ဒီဈေးနှုန်းထက်လျော့နည်းနိုင်တယ်လို့ သူကပြောပါတယ်။

“ပစ္စည်းတန်ဖိုးက ၁၆ သိန်းလောက်ကျတယ်။ထုတ်လုပ်မှုလုပ်ရင်တော့အဲ့လောက်မကျလောက်ဘူး။ အခုက တစ်ခုလိုရင်တစ်ခု တစ်နေရာသွားဝယ်ရတော့ အချိန်ပိုကြာတယ်။ပစ္စည်းဖိုးက အခု ၁၆ သိန်းကျပါတယ်။နှစ်ယောက်စီးကားပါပဲ။နောက်ဘက်မှာလည်း သုံးပေခွဲလောက်ကျယ်ပါသေးတယ်။ဒါကိုထုတ်ဖို့က ဘယ်ကိုလိုက်ရမှန်းမသိတာ။ဒုတိယကားတုန်းကတော့ ကညနပြတယ်။ရုံးတွေလိုက်ပြတော့ သူတို့တော့ ဘယ်သွားဘယ်သွားပြောပေမယ့် ဒါဘယ်ကိုသွားရမှန်းကျွန်တော်မသိဘူး။စက်မှုဇုန်တွေကလည်း ထုတ်တာတွေသိမ်းလိုက်လို့ မရဘူးပြောတယ်။ကျွန်တော်က တန်ဖိုးနည်းပြီးလူတိုင်းကို လွယ်လွယ်ကူကူနဲ့ စီးစေချင်လို့ပါ ” လို့ ကိုဇော်မျိုးဦးက Duwun ကိုပြောပါတယ်။

သူ့အနေနဲ့ အရင်ကလည်းဒီလိုကားမျိုးနှစ်စီးခန့်တီထွင်စမ်းသပ်ခဲ့ဖူးပြီးတောဒါက သုံးစီးမြောက်ကားလည်းဖြစ်ပါတယ်။ဒီကားကိုတော့ ဆိုင်ကယ်အင်ဂျင်နဲ့ ဂီယာကိုလည်း သုံးဘီးဆိုင်ကယ်ကနေ ယူထားတယ်လို့ ပြောပါတယ်။

ဓါတ်ဆီတစ်ဂါလံကို ၅၅မိုင်အထိသွားနိုင်ပြီးတော့ လက်ခမပါဘဲနဲ့ ၁၆ သိန်းကုန်ကျတယ်လို့လည်း ပြောပါတယ်။

ဒီကားကိုတော့ ပြီးခဲ့တဲ့ မတ်လတုန်းက စတင်တပ်ဆင်ခဲ့တာဖြစ်ပြီးတော့ နိုဝင်ဘာလမှာပဲ တပ်ဆင်ပြီးစီးခဲ့တာဖြစ်ပြီး အခြားအလုပ်တစ်ဖက်နဲ့ လုပ်ရတာဖြစ်လို့ တကယ်တပ်ဆင်စမ်းသပ်မယ်ဆိုရင်တော့ အဲ့ဒီအချိန်ထက်ပိုနည်းနိုင်မယ်လို့လည်းပြောပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top