ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ျမန္မာႏိုင္ငံ၏ အဓိကစားသံုးကုန္မ်ားကို ျဖန္႔ျဖဴးေရာင္းခ်ေနသည့္ မရမ္းကုန္း ၿမိဳ႕နယ္၊ ဘုရင့္ေနာင္ ပြဲ႐ံုဝင္းမွ ပြဲ႐ံု ပိုင္ရွင္ တစ္ဦးကို က်ပ္သိန္းခုနစ္ေထာင္ေက်ာ္ လိမ္လည္မႈျဖင့္ ႏိုဝင္ဘာလ ၂၁ ရက္ ညေနပိုင္းက အမႈဖြင့္ အေရးယူထားေၾကာင္း ရဲတပ္ဖြဲ႔ထံမွ စံုစမ္းသိရွိရသည္။

ရာဇသတ္ႀကီး ပုဒ္မ ၄၂၀ ျဖင့္ အမႈ ဖြင့္ခံရသူ ဦးထြန္းဝင္း(စံုစမ္းဆဲ) မွာ ဘုရင့္ေနာင္ပြဲ႐ံုဝင္းရွိ ေအာင္သေျပလမ္း တြင္ ဆန္ႏွင့္ ဆန္ကြဲ၊ ပဲမ်ိဳးစံု ေရာင္းဝယ္ေရး ပြဲ႐ံုလုပ္ငန္းကို လုပ္ကိုင္ေနသူျဖစ္ေၾကာင္း၊ ဆန္ကုန္သည္တစ္ဦးထံမွ တန္ဖိုးေငြ က်ပ္ သိန္း ၇၂၅၀ ရွိ ဆန္ၾကမ္း မ်ားကို ေခါက္ျပန္ေၾကးစနစ္ျဖင့္ ဝယ္ယူခဲ့ေသာ္လည္း ယင္းကုန္ပစၥည္း၏ တန္ဖိုးကို ျပန္မေပးဘဲ တိမ္းေရွာင္ေနျခင္းေၾကာင့္ အမႈဖြင့္တိုင္ၾကားခံရေၾကာင္း ရဲအရာရွိထံမွ သိရသည္။

ထြက္ေျပးတိမ္းေရွာင္ေနသူဟုဆိုေသာ ဦးထြန္းဝင္းမွာ ၂၀၁၇ ခုႏွစ္ ဒီဇင္ဘာလႏွင့္ ၂၀၁၈ ခုႏွစ္ ဇန္နဝါရီလတို႔က ဘုရင့္ေနာင္ပြဲ႐ံုဝင္းရွိ ဆန္မ်ိဳးစံု ေရာင္းဝယ္ေရး ပြဲ႐ံုတစ္ခုထံမွ ဆန္ၾကမ္း အိတ္ေပါင္း ၃၆,၆၉၅ အိတ္ကို ေခါက္ျပန္ေပးစနစ္ (ေနာက္မွ ေငြေခ်သည့္စနစ္) ျဖင့္ ဝယ္ယူခဲ့ေၾကာင္း အမႈဖြင့္တိုင္ၾကားခ်က္အရ သိရသည္။

“ပြဲ႐ံုလုပ္ငန္းရွင္အခ်င္းခ်င္းဆိုေတာ့ တစ္ေယာက္နဲ႔ တစ္ေယာက္ခင္မင္ ရင္းႏွီးေနၾကတယ္။ ဒါေၾကာင့္လည္း ေခါက္ျပန္ေပးစနစ္နဲ႔ အမႈဖြင့္ခံရသူကို ဆန္ကုန္သည္က သူ႔မွာရွိတဲ့ ဆန္ၾကမ္းေတြ ေနာက္မွ ေငြေခ်စနစ္နဲ႔ ေရာင္းခ်ေပးခဲ့တာ။ ဒါေပမဲ့ အခ်ိန္တန္ေတာ့ ေငြျပန္မသြင္းလာတာေၾကာင့္ ဆန္စပါးကုန္စည္ ဒိုင္လူႀကီးေတြထံ အသိေပးခဲ့တယ္။ လူႀကီးေတြေရွ႕မွာ ျပန္ေပးရမယ့္ေငြအေမာင့္ကို အရစ္က်ခြဲေဝေပးသြင္းဖို႔လည္း ႏွစ္ဦးသေဘာတူ ဝန္ခံကတိျပဳခဲ့ေပမယ့္ အခုအခ်ိန္ထိ ေငြျပန္သြင္းမလာဘဲ ပြဲ႐ံုပိတ္တိမ္းေရွာင္ေနတာေၾကာင့္ ရဲစခန္းလာ အမႈဖြင့္ခံရတာလို႔ သိရတယ္။ လတ္တေလာ အမႈက စစ္ေဆးေနဆဲပါ” ဟု ရဲအရာရွိက ရွင္းျပသည္။

က်ပ္သိန္း ခုနစ္ေထာင္ေက်ာ္ရွိ ေငြမ်ား လိမ္လည္ခံရသူ ပြဲ႐ံုပိုင္ရွင္ထံ အမႈဖြင့္ခံရသူ ဦးထြန္းဝင္းက ေငြမရွိေသာ ခ်က္လက္မွတ္မ်ားေပး၍ ဘဏ္တြင္ေငြထုတ္ယူခိုင္းခဲ့ဖူးၿပီး ယင္းခ်က္လက္မွတ္မ်ားမွာ ေငြထုတ္ယူ၍မရေၾကာင္း ေျပာ ဆိုရာတြင္ ဘဏ္ခ်က္လက္မွတ္ထဲေငြ ထည့္ေပးမည္ဟု အႀကိမ္ႀကိမ္ လီဆယ္ေျပာဆိုခဲ့ေၾကာင္းႏွင့္ လက္ရွိ ဦးထြန္းဝင္း၏ ပြဲ႐ံုမွာ ပိတ္ထားၿပီး အမႈဖြင့္ခံရသူ ဦးထြန္းဝင္းမွာလည္း လာေရာက္အစစ္ေဆးမခံ တိမ္းေရွာင္ေနေၾကာင္း ရဲတပ္ဖြဲ႔ထံမွ စံုစမ္းသိရွိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Irrawaddy


#Unicode Version#

မြန်မာနိုင်ငံ၏ အဓိကစားသုံးကုန်များကို ဖြန့်ဖြူးရောင်းချနေသည့် မရမ်းကုန်း မြို့နယ်၊ ဘုရင့်နောင် ပွဲရုံဝင်းမှ ပွဲရုံ ပိုင်ရှင် တစ်ဦးကို ကျပ်သိန်းခုနစ်ထောင်ကျော် လိမ်လည်မှုဖြင့် နိုဝင်ဘာလ ၂၁ ရက် ညနေပိုင်းက အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

ရာဇသတ်ကြီး ပုဒ်မ ၄၂၀ ဖြင့် အမှု ဖွင့်ခံရသူ ဦးထွန်းဝင်း(စုံစမ်းဆဲ) မှာ ဘုရင့်နောင်ပွဲရုံဝင်းရှိ အောင်သပြေလမ်း တွင် ဆန်နှင့် ဆန်ကွဲ၊ ပဲမျိုးစုံ ရောင်းဝယ်ရေး ပွဲရုံလုပ်ငန်းကို လုပ်ကိုင်နေသူဖြစ်ကြောင်း၊ ဆန်ကုန်သည်တစ်ဦးထံမှ တန်ဖိုးငွေ ကျပ် သိန်း ၇၂၅၀ ရှိ ဆန်ကြမ်း များကို ခေါက်ပြန်ကြေးစနစ်ဖြင့် ဝယ်ယူခဲ့သော်လည်း ယင်းကုန်ပစ္စည်း၏ တန်ဖိုးကို ပြန်မပေးဘဲ တိမ်းရှောင်နေခြင်းကြောင့် အမှုဖွင့်တိုင်ကြားခံရကြောင်း ရဲအရာရှိထံမှ သိရသည်။

ထွက်ပြေးတိမ်းရှောင်နေသူဟုဆိုသော ဦးထွန်းဝင်းမှာ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလတို့က ဘုရင့်နောင်ပွဲရုံဝင်းရှိ ဆန်မျိုးစုံ ရောင်းဝယ်ရေး ပွဲရုံတစ်ခုထံမှ ဆန်ကြမ်း အိတ်ပေါင်း ၃၆,၆၉၅ အိတ်ကို ခေါက်ပြန်ပေးစနစ် (နောက်မှ ငွေချေသည့်စနစ်) ဖြင့် ဝယ်ယူခဲ့ကြောင်း အမှုဖွင့်တိုင်ကြားချက်အရ သိရသည်။

“ပွဲရုံလုပ်ငန်းရှင်အချင်းချင်းဆိုတော့ တစ်ယောက်နဲ့ တစ်ယောက်ခင်မင် ရင်းနှီးနေကြတယ်။ ဒါကြောင့်လည်း ခေါက်ပြန်ပေးစနစ်နဲ့ အမှုဖွင့်ခံရသူကို ဆန်ကုန်သည်က သူ့မှာရှိတဲ့ ဆန်ကြမ်းတွေ နောက်မှ ငွေချေစနစ်နဲ့ ရောင်းချပေးခဲ့တာ။ ဒါပေမဲ့ အချိန်တန်တော့ ငွေပြန်မသွင်းလာတာကြောင့် ဆန်စပါးကုန်စည် ဒိုင်လူကြီးတွေထံ အသိပေးခဲ့တယ်။ လူကြီးတွေရှေ့မှာ ပြန်ပေးရမယ့်ငွေအမောင့်ကို အရစ်ကျခွဲဝေပေးသွင်းဖို့လည်း နှစ်ဦးသဘောတူ ဝန်ခံကတိပြုခဲ့ပေမယ့် အခုအချိန်ထိ ငွေပြန်သွင်းမလာဘဲ ပွဲရုံပိတ်တိမ်းရှောင်နေတာကြောင့် ရဲစခန်းလာ အမှုဖွင့်ခံရတာလို့ သိရတယ်။ လတ်တလော အမှုက စစ်ဆေးနေဆဲပါ” ဟု ရဲအရာရှိက ရှင်းပြသည်။

ကျပ်သိန်း ခုနစ်ထောင်ကျော်ရှိ ငွေများ လိမ်လည်ခံရသူ ပွဲရုံပိုင်ရှင်ထံ အမှုဖွင့်ခံရသူ ဦးထွန်းဝင်းက ငွေမရှိသော ချက်လက်မှတ်များပေး၍ ဘဏ်တွင်ငွေထုတ်ယူခိုင်းခဲ့ဖူးပြီး ယင်းချက်လက်မှတ်များမှာ ငွေထုတ်ယူ၍မရကြောင်း ပြော ဆိုရာတွင် ဘဏ်ချက်လက်မှတ်ထဲငွေ ထည့်ပေးမည်ဟု အကြိမ်ကြိမ် လီဆယ်ပြောဆိုခဲ့ကြောင်းနှင့် လက်ရှိ ဦးထွန်းဝင်း၏ ပွဲရုံမှာ ပိတ်ထားပြီး အမှုဖွင့်ခံရသူ ဦးထွန်းဝင်းမှာလည်း လာရောက်အစစ်ဆေးမခံ တိမ်းရှောင်နေကြောင်း ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top