(၁၀) ကြိမ်မြောက် မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ အရောင်းပြပွဲကြီး
×
ဖိုးသူတော် (www.phothutaw.com)
Credit: Trend
#Unicode Version#
ခွေးလေးတွေဟာ လူတွေနဲ့အရင်းနှီးဆုံး သတ္တဝါတွေဖြစ်သလို သစ္စာအရှိဆုံးလေးတွေပါပဲ။ လူသားတွေကိုတွေ့တာနဲ့ သူတို့ရဲ့တွယ်တာခင်မင်စိတ်လေးတွေဟာ ထိန်းမနိုင် သိမ်းမရ အမြှီးတရမ်းရမ်းနဲ့ ယောက်ယပ်တွေခပ်နေတော့တာပါပဲ။
သူတို့လေးတွေရင်ထဲက သခင်တွေကိုပြောချင်နေတဲ့ စကားလေးတွေဟာ ဘာဖြစ်မလဲ။ စိတ်ကူးနဲ့မှန်းပြီး စကားသံလေးတွေ နားထောင်ကြည့်လိုက်တဲ့အခါ…
သားသားတို့က ၁ဝနှစ်ကနေ ၁၅နှစ်ထိလောက်ပဲ အလွန်ဆုံးနေလို့ရတာပါ။ တစ်စက္ကန့်လေး ဖီဖီတို့နဲ့မရှိရရင်တောင် ဝမ်းနည်းပက်လက်ဖြစ်နေတာပါ။ ဒါကို မှတ်ထားပေးနော်…
တစ်ခါတစ်လေ သားသားတို့ကို နားလည်ပေးပါ။ သားသားတို့လည်း ချစ်ဖို့ကောင်းအောင် နေနေပါတယ်။ တစ်ခါတစ်ခါ ဖီဖီတို့လုပ်တဲ့အဓိပ္ပာယ်ကို သားသားနားမလည်ဘူး။ ဒါပေမယ့် သင်ယူနေပါတယ်။
သားသားတို့ကို အိမ်မှာပစ်မထားပါနဲ့။ ပြီးတော့ ဆူနဲ့။ ဘာအမှားလုပ်လုပ် မဆူနဲ့။ ဖီဖီတို့ဆူရင် ရင်ထဲမကောင်းဘူးရယ်။
ဖီဖီတို့က သားရဲ့ကမ္ဘာတစ်ခုလုံး။ ဖီဖီတို့ မျက်နှာမကောင်းရင် သားသားတို့လည်း နေစရာမရှိပါ။ ဖီဖီတို့ပျော်မှာ သားသားလည်းပျော်တာပါ။
ဖီဖီပြောတာ နားမလည်ပေမယ့် ဖီဖီအမူအရာတွေကြည့်ပြီး အရာအားလုံးကို သားနားလည်တယ်။
ဖီဖီတို့ သားအပေါ်ဆက်ဆံတာကို အမြဲတမ်းအမှတ်ရနေပါတယ်။ ခွင့်လွှတ်ပေမယ့် မေ့ပျောက်သွားတာမဟုတ်ပါဘူး။ စတွေ့တည်းက ဖီဖီကို သားတို့ကိုချစ်ပါတယ်။
သားသား ရွံ့တွေနဲ့ဆော့လည်း မဆူပါနဲ့။ သူတို့နဲ့ဆော့ရတာ ပျော်ဖို့ကောင်းတယ်… ဖီဖီလည်းဆော့ကြည့်ပါလား…
သားသားတို့သွားကို တိုက်ပေးဖို့မမေ့နဲ့နော်။ သားမှ ကွကိုယ်မလုပ်တတ်တာ။
တစ်ခါတစ်လေ ဖီဖီတို့အစားစာတွေက သားတို့နဲ့မတည့်တာတွေရှိပါတယ်။ သူတို့အနံ့က အရမ်းမွှေးပေမယ့် သားတို့စားလိုက်ရင် နေလို့ကောင်းတော့ဖူး..
သားတို့က ဖီဖီတို့နဲ့တစ်ဘဝလုံး အတူတူရှိနေမယ့်သူတွေဆိုတာ မမေ့လိုက်ရင်ပဲ ကျေနပ်ပါပီ..
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top