(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

ကိုယ္ပိုင္ထုတ္လုပ္႐ုိက္ ကူးလုိေသာ ဇာတ္လမ္းမ်ားရွိ ေသာ္လည္း လက္ရွိ႐ုံတင္ျပသ ေရးစနစ္ကို မႀကိဳက္ေသာေၾကာင့္ မ႐ုိက္ျခင္းျဖစ္ေၾကာင္း သ႐ုပ္ ေဆာင္မ်ဳိးသႏၲာထြန္းက ေျပာ သည္။


‘‘ျပသေရးစနစ္ႀကီးက အ ဆင္မေျပဘူး။ ကြၽန္မတို႔ တစ္ခု လပ္ကားဆုိရင္ တစ္ပတ္ပဲရတယ္ ေလ။ ပထမတစ္ပတ္မွာ မအား တဲ့သူေတြ ရွိမယ္။ အဲဒါေၾကာင့္ ဒုတိယအပတ္မွာ ရွိဦးမွာပဲဆိုတဲ့ စိတ္နဲ႔ လာၾကည့္တဲ့သူေတြအ တြက္ ၾကည့္စရာ႐ုံမရွိေတာ့ဘူး။ အဲဒါက အရမ္း၀မ္းနည္းဖုိ႔ ေကာင္းတယ္။ အႏုပညာတစ္ခုဖန္တီး တယ္ဆိုတာ လြယ္လြယ္နဲ႔ ဖန္တီး လုိ႔ မရဘူးေလ။ အခ်ိန္ေတြ အ မ်ားႀကီးေပးရတယ္။ အားလုံးက တက္ညီလက္ညီ ႀကိဳးစားၾကရ တယ္။ ဒီဖန္တီးထားတဲ့ အရာ တစ္ခုကို ႐ုပ္ရွင္႐ုံေပၚမွာ တစ္ ပတ္ပဲ ျပရတယ္ဆိုတာ သိပ္နည္း လြန္းတယ္’’ ဟု ၎ကေျပာသည္။

႐ုံတင္၀င္ေငြေပၚ မူတည္၍  ဆုံးျဖတ္သည့္ အဆုိပါ စနစ္ ေၾကာင့္ ဖန္တီးသူမ်ားအတြက္ နစ္နာသည္ဟု ဆုိသည္။

‘‘႐ုံတင္၀င္ေငြနဲ႔ ဆုံးျဖတ္ တယ္ဆုိကတည္းက ဒါကေစ်း ေရာင္းတာမွ မဟုတ္တာ။ ႐ုံေတြ ကအစ ေရြးခ်ယ္လုိ႔ရသြားၿပီ။ အ

ဆင့္ျမင့္ ႐ုံေတြေပၚလာၿပီ။ အခု က စင္တာေတြမွာပါ ႐ုံေတြရွိ တယ္။ လူေတြကလည္း အမ်ား ႀကီးေရြးခ်ယ္စရာရွိေတာ့ ပရိ သတ္ေတြက မွ်သြားတယ္။ အရင္ ကလို ပုံစံမ်ဳိးနဲ႔သြားေနမယ္ဆုိရင္ ေတာ့ မျဖစ္ႏုိင္ဘူးေလ။ ဖန္တီး ရ တဲ့သူေတြက သူတုိ႔ရဲ႕၀င္ေငြစံခ်ိန္ ဒီေလာက္ပဲမို႔လို႔ ဒီေလာက္ပဲ တင္ ရတယ္ဆိုရင္ ဖန္တီးရတဲ့သူေတြ အတြက္ နစ္နာတယ္လုိ႔ ထင္ တယ္’’ဟု မ်ဳိးသႏၲာထြန္းက ေျပာ သည္။

လက္ရွိတြင္ ဒါ႐ုိက္တာ ၾသရသ႐ုိက္ကူးသည့္ ‘ေၾကာက္ ေၾကာက္ေၾကာက္ ၂ ’ ဇာတ္ကား တြင္ ပါ၀င္သ႐ုပ္ေဆာင္ေနသည္။

‘‘ကုိယ္ကဇာတ္ကိုသိပ္ၿပီး ေရြးခ်ယ္လုိ႔မရဘူး။ ဒါေပမဲ့ ကိုယ့္ စိတ္ထဲမွာ ႐ုိက္ခ်င္တဲ့ကား၊ ၿပီး ေတာ့ ကိုယ့္ရဲ႕ ဒုတိယမိသားစု အႏုပညာေမာင္ႏွမေတြနဲ႔ အလုပ္ လုပ္ေနရရင္ ေပ်ာ္တယ္’’ဟု မ်ဳိး သႏၲာထြန္းက ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day


#Unicode Version#

ကိုယ်ပိုင်ထုတ်လုပ်ရိုက် ကူးလိုသော ဇာတ်လမ်းများရှိ သော်လည်း လက်ရှိရုံတင်ပြသ ရေးစနစ်ကို မကြိုက်သောကြောင့် မရိုက်ခြင်းဖြစ်ကြောင်း သရုပ် ဆောင်မျိုးသန္တာထွန်းက ပြော သည်။


‘‘ပြသရေးစနစ်ကြီးက အ ဆင်မပြေဘူး။ ကျွန်မတို့ တစ်ခု လပ်ကားဆိုရင် တစ်ပတ်ပဲရတယ် လေ။ ပထမတစ်ပတ်မှာ မအား တဲ့သူတွေ ရှိမယ်။ အဲဒါကြောင့် ဒုတိယအပတ်မှာ ရှိဦးမှာပဲဆိုတဲ့ စိတ်နဲ့ လာကြည့်တဲ့သူတွေအ တွက် ကြည့်စရာရုံမရှိတော့ဘူး။ အဲဒါက အရမ်းဝမ်းနည်းဖို့ ကောင်းတယ်။ အနုပညာတစ်ခုဖန်တီး တယ်ဆိုတာ လွယ်လွယ်နဲ့ ဖန်တီး လို့ မရဘူးလေ။ အချိန်တွေ အ များကြီးပေးရတယ်။ အားလုံးက တက်ညီလက်ညီ ကြိုးစားကြရ တယ်။ ဒီဖန်တီးထားတဲ့ အရာ တစ်ခုကို ရုပ်ရှင်ရုံပေါ်မှာ တစ် ပတ်ပဲ ပြရတယ်ဆိုတာ သိပ်နည်း လွန်းတယ်’’ ဟု ၎င်းကပြောသည်။

ရုံတင်ဝင်ငွေပေါ် မူတည်၍  ဆုံးဖြတ်သည့် အဆိုပါ စနစ် ကြောင့် ဖန်တီးသူများအတွက် နစ်နာသည်ဟု ဆိုသည်။

‘‘ရုံတင်ဝင်ငွေနဲ့ ဆုံးဖြတ် တယ်ဆိုကတည်းက ဒါကဈေး ရောင်းတာမှ မဟုတ်တာ။ ရုံတွေ ကအစ ရွေးချယ်လို့ရသွားပြီ။ အ

ဆင့်မြင့် ရုံတွေပေါ်လာပြီ။ အခု က စင်တာတွေမှာပါ ရုံတွေရှိ တယ်။ လူတွေကလည်း အများ ကြီးရွေးချယ်စရာရှိတော့ ပရိ သတ်တွေက မျှသွားတယ်။ အရင် ကလို ပုံစံမျိုးနဲ့သွားနေမယ်ဆိုရင် တော့ မဖြစ်နိုင်ဘူးလေ။ ဖန်တီး ရ တဲ့သူတွေက သူတို့ရဲ့ဝင်ငွေစံချိန် ဒီလောက်ပဲမို့လို့ ဒီလောက်ပဲ တင် ရတယ်ဆိုရင် ဖန်တီးရတဲ့သူတွေ အတွက် နစ်နာတယ်လို့ ထင် တယ်’’ဟု မျိုးသန္တာထွန်းက ပြော သည်။

လက်ရှိတွင် ဒါရိုက်တာ သြရသရိုက်ကူးသည့် ‘ကြောက် ကြောက်ကြောက် ၂ ’ ဇာတ်ကား တွင် ပါဝင်သရုပ်ဆောင်နေသည်။

‘‘ကိုယ်ကဇာတ်ကိုသိပ်ပြီး ရွေးချယ်လို့မရဘူး။ ဒါပေမဲ့ ကိုယ့် စိတ်ထဲမှာ ရိုက်ချင်တဲ့ကား၊ ပြီး တော့ ကိုယ့်ရဲ့ ဒုတိယမိသားစု အနုပညာမောင်နှမတွေနဲ့ အလုပ် လုပ်နေရရင် ပျော်တယ်’’ဟု မျိုး သန္တာထွန်းက ပြောသည်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top