(၁၀) ကြိမ်မြောက် မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ အရောင်းပြပွဲကြီး
×
ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ်၊ ကတမြို့ ၊မိုင်းပတ်အထက်ကျေးရွာအုပ်စု ၊လွယ်စေးကျေးရွာနေ တွင် နိုဝင်ဘာ (၂၁) ရက်နေ့ က အရက်အလွန်သောက်သုံးပြီးအရက်ကြောင်ကာ အာဒေါင်း (၄၄) နှစ်သည် ၄င်း၏ဇနီ သမီးနှင့် သားတို့အား သစ်သားရိုး (၃) ပေခန့်အရှည်ရှိသော (၁၀) ပေါင်တူဖြင့်ထုသတ်ရာ (၅) နှစ်အရွယ်ယောက်ျား လေးတဦး သေဆုံးခဲ့ကြောင်းကျိုင်းတုံမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
အဆိုပါအမှုဖြစ်စဉ်နှင့်ပတ်သက်၍ လွယ်စေးရွာသူကြီး ဦးချစ်ဒိုဖာ ကတရားလိုပြုလုပ်ကာ တိုင်ကြားထားသဖြင့် ဦးအာဒေါင်းအား ကျိုင်းတုံမြို့မရဲစခန်းတွင် (ပ)၅၅၉/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၂၅/၃၀၉ ဖြင့် အမှုဖွင့်အရေး ယူထားကြောင်း သိရသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: New Watch
#Unicode Version#
ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ်၊ ကတမြို့ ၊မိုင်းပတ်အထက်ကျေးရွာအုပ်စု ၊လွယ်စေးကျေးရွာနေ တွင် နိုဝင်ဘာ (၂၁) ရက်နေ့ က အရက်အလွန်သောက်သုံးပြီးအရက်ကြောင်ကာ အာဒေါင်း (၄၄) နှစ်သည် ၎င်း၏ဇနီ သမီးနှင့် သားတို့အား သစ်သားရိုး (၃) ပေခန့်အရှည်ရှိသော (၁၀) ပေါင်တူဖြင့်ထုသတ်ရာ (၅) နှစ်အရွယ်ယောကျ်ား လေးတဦး သေဆုံးခဲ့ကြောင်းကျိုင်းတုံမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ဦးအာဒေါင်းသည် အရက်ကြောင်ပြီးနေအိမ်မှ ဇနီးဖြစ်သူ ဒေါ်မီနေးကို (၁၀) ပေါင်တူဖြင့် ထုမည်ပြုစဉ် ဒေါ်မီနေး မှာ ယောက်ခထီးဖြစ်သူ နေအိမ်သို့ထွက်ပြေးသဖြင့် နောက်မှလိုက်ကာ (၁၀) ပေါင်တူနှင့် လိုက်ထုခဲ့သည်။ ယင်းနေအိမ်သို့ပြန်လာကာ သမီးဖြစ်သူ မမီရှဲနှင့် သားဖြစ်သူ မောင်အားဆော်တို့အား တူဖြင့်ထုပြီး ၎င်းကိုယ် တိုင် အရိုးအသွား (၆) လက်မ ခန့်ရှိဓားမြှောင်ဖြင့် လည်ပင်အားလှီးဖြတ် သေကြောင်းကြံခဲ့သည်။
ဒေါ်မီနေးမှာ ၁၀ပေါင်တူဖြင့် အထုခံရသောဒဏ်ရာကြောင်း ဦးခေါင်းပေါက်ပြဲဒဏ်ရာတချက်၊ သမီးဖြစ်သူ မမီရှဲမှာ ဝဲ/ယာဦးခေါင်း ညိုမဲဖူးရောင်ဒဏ်ရာ၊ ဝဲယာမျက်စေ ညိုမဲဒဏ်ရာ၊ သားဖြစ်သူမောင်အားဆော်မှာ ဝဲယာ နဖူး ဖူးရောင်ဒဏ်ရာ ၊ ဝဲယာမျက်စေ့ဖူးရောင်ဒဏ်ရာများရရှိခဲ့ပြီး ၊ ပြစ်မှုကျူးလွန်သူ ဦးအာဒေါင်းသည် မိမိ ကိုယ့်ကိုယ် သေကြောင်းကြံစည်သောကြောင့် ယာလည်ပင်း ပြတ်ရှဒဏ်ရာ၊ လည်စလုတ်အောက် ပြတ်ရှဒဏ် ရာများ ရရှိခဲ့သောကြောင့် ကျိုင်းတုံဆေးရုံသို့ပို့ဆောင်ခဲ့ရာ သားဖြစ်သူ မောင်အားဆော်မှာ ဆေးရုံတွင်ရရှိသော ဒဏ်ရာများဖြင့် သေဆုံးသွားကြောင်း ကျိုင့်တုံမြို့မရဲစခန်းမှသိရသည်။
အဆိုပါအမှုဖြစ်စဉ်နှင့်ပတ်သက်၍ လွယ်စေးရွာသူကြီး ဦးချစ်ဒိုဖာ ကတရားလိုပြုလုပ်ကာ တိုင်ကြားထားသဖြင့် ဦးအာဒေါင်းအား ကျိုုင်းတုံမြို့မရဲစခန်းတွင် (ပ)၅၅၉/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၂၅/၃၀၉ ဖြင့် အမှုဖွင့်အရေး ယူထားကြောင်း သိရသည်။
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top