ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×



တ႐ုတ္ႏိုင္ငံမွ ဝယ္လိုအား မႀကဳံစဖူး ျမင့္မားလာျခင္းကို အခြင့္ေကာင္းယူၿပီး မေလးရွားႏိုင္ငံသည္ ဒူးရင္းဧက ေထာင္ႏွင့္ခ်ီ စိုက္ပ်ိဳးရန္ အလ်င္အျမန္ လုပ္ေဆာင္ေနၿပီး အဆိုပါ ရနံ႔ျပင္း၍ ဆူးပါေသာ အသီးသည္ မၾကာမီ မေလးရွား၏ ေနာက္ထပ္ အဓိက ပို႔ကုန္ျဖစ္လာေတာ့မည္ဟု သိရသည္။

ယခင္က မိသားစု သစ္သီးၿခံမ်ားႏွင့္ အနည္းငယ္မွ်သာ စိုက္ပ်ိဳးၿပီး ဒူးရင္းသီးသည္ ရင့္မွည့္ေသာအခါ အနံျပင္းသည္ဟု တခ်ိဳ႕ကေျပာဆိုေသာ္လည္း ယခင္က မႀကဳံဘူးသည့္ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားကို ဆြဲေဆာင္ေနသျဖင့္ အိမ္ၿခံေျမ လုပ္ငန္း ရွင္ႀကီးမ်ားႏွင့္ မေလးရွားႏိုင္ငံ၏ အႀကီးမားဆုံး စိုက္ပ်ိဳးေရး ပို႔ကုန္ျဖစ္သာ ဆီအုန္း လုပ္ငန္းရွင္ ႀကီးမ်ားသည္ပင္ ဒူးရင္း စိုက္ပ်ိဳးေရး လုပ္ငန္းအတြင္းသို႔ ထိုး ေဖာက္ ဝင္ေရာက္ေနၾကသည္။
မေလးရွား အစိုးရကလည္း ဒူးရင္းအႀကီးအက်ယ္ စိုက္ပ်ိဳးေရးကို အားေပးေနၿပီး ၂၀၃၀ ျပည့္ႏွစ္တြင္ ဒူးရင္းသီး တင္ပို႔မႈ ၅၀ ရာခိုင္ႏႈန္း တိုးျမႇင့္ႏိုင္ရန္ ေမွ်ာ္မွန္းထားသည္။

“ဒူးရင္းသီး စိုက္ပ်ိဳးေရးလုပ္ငန္းက ျပည္တြင္းအဆင့္ကေန ႏိုင္ငံတကာ အဆင့္ကို တိုးတက္လာၿပီ။ တ႐ုတ္ႏိုင္ငံက ႀကီးမား တဲ့ ဝယ္လိုအားေၾကာင့္ အႀကီးအက်ယ္ စိုက္ပ်ိဳးမႈေတြ ျဖစ္လာၿပီ”ဟု ဒူးရင္း သီး စိုက္ပ်ိဳးေရးလုပ္ငန္း အတိုင္ပင္ခံ လင္ခ်င္ခီးက ေျပာသည္။

“ဒူးရင္းသီး စိုက္ပ်ိဳးေရး လုပ္ငန္း မထြန္းကားခင္က ဒူးရင္းၿခံဆိုတာ အပ်င္းေျပလုပ္ၾကတာ။ အခုတာ့ ဧကရာခ်ီ စိုက္ေနၾကၿပီ၊ ႀကီးထြားလာၿပီ။ ေနာက္လည္း ထပ္ တိုးတက္လာဦးမယ္” ဟု သူက ဆက္ ေျပာသည္။

ျပင္းထန္စူးရွေသာ ရနံ႔ေၾကာင့္ ဒူးရင္းသီးကို အေရွ႕ေတာင္အာရွရွိ ေလဆိပ္တခ်ိဳ႕၊ ဟိုတယ္တခ်ိဳ႕ႏွင့္ သယ္ယူပို႔ေဆာင္ေရး လုပ္ငန္းမ်ားတြင္ တားျမစ္ေကာင္း တားျမစ္မည္ ျဖစ္ေသာ္လည္း တ႐ုတ္လူမ်ိဳး မ်ားက လြန္စြာ ႏွစ္ၿခိဳက္ၾကသည္။

တ႐ုတ္ႏိုင္ငံတြင္ ဒူးရင္းသီး အနံ႔အရသာျဖင့္ ေရာင္းခ်ေသာ အစားအစာမ်ားတြင္ ပီဇာ၊ ေထာပတ္၊ ဟင္းသီးဟင္း႐ြက္သုပ္ ရန္ အရည္ႏွင့္ ႏြားႏို႔တို႔ ပါဝင္သည္။

“ပထမေတာ့ သူ႔အနံ႔က ျပင္းထန္လြန္းတယ္လို႔ ထင္လို႔ က်ေနာ္ ဒူးရင္းသီးကို မုန္းတယ္” ဟု အသက္ ၂၆ ႏွစ္အ႐ြယ္ ဟယ္လင္လီက ရွန္ဟိုင္းရွိ ဒူးရင္းသီးပီဇာ အထူးေရာင္းခ်ေသာ စားေသာက္ဆိုင္ တဆိုင္တြင္ စားေသာက္ရင္း ေျပာသည္။

မၾကာေသးမီက ေန႔လယ္စာ စားခ်ိန္အတြင္း ထိုဆိုင္သို႔ လာသူတိုင္းနီးပါးသည္ ယြမ္ ၆၀ (၈.၅ ေဒၚလာ) ေပးရေသာ ဒူးရင္းသီး ပီဇာကို စားေသာက္ၾကသည္။

“ဒါေပမယ့္ ျမည္းၾကည့္လိုက္ေတာ့ ေတာ္ေတာ္စားလို႔ ေကာင္းတယ္။ ဒူးရင္းသီးမုန္းတဲ့ သူေတြဟာ အနံ႔ေၾကာင့္ လန႔္ေန ၾကတာလို႔ က်ေနာ္ထင္တယ္။ ဒါေပမယ့္ တခါေလာက္ ျမည္းၾကည့္လိုက္ရင္ သူတို႔အျမင္ ေျပာင္းသြားမယ္ ထင္တယ္” ဟု သူက ဆက္ေျပာသည္။

ရွန္ဟိုင္းရွိ ၁၄၈ ယြမ္ (၂၁ ေဒၚလာ) တန္ ဒူးရင္းသီး ၾကက္သားေဟာ့ေပါ့ ေရာင္းေသာ တျခားဆိုင္ တဆိုင္၏ ပိုင္ရွင္ ခ်င္ ေဝေဟာင္က သူ၏ ဆိုင္တြင္ ထိုင္းမွ တင္သြင္းေသာ ဒူးရင္းသီး ၂၀ မွ ၂၅ ကီလိုအထိ လစဥ္ ေရာင္းရသည္ဟု ေျပာသည္။

“ျမည္းၾကည့္လိုက္ရင္ အပူပိုင္းေဒသကို ေရာက္သြားသလိုမ်ိဳး လန္းဆန္းခ်ိဳၿမိန္တဲ့ အရသာကို ခံစားရ မယ္” ဟု ထိုဆိုင္သို႔ လာေရာက္ စားေသာက္သူ အသက္ ၂၇ ႏွစ္ အ႐ြယ္ ယန္ယန္က ေျပာသည္။

ထိပ္တန္းေဒၚလာ

မေလးရွားႏိုင္ငံမွ မူဆန္ဘုရင္ ဒူးရင္းသီးသည္ အသားျပစ္ႏွစ္ၿပီး ခ်ိဳခါးေသာ အရသာ ရွိေသာေၾကာင့္ တ႐ုတ္တို႔က ေဈးေကာင္းေပးၾကသည္။ ယခုအခါ တႏိုင္ငံလုံးတြင္ စိုက္ပ်ိဳးေနၿပီျဖစ္ေသာ ထို ဒူးရင္း မ်ိဳး၏ ေဈးႏႈန္းသည္ လြန္ခဲ့ေသာ ၅ ႏွစ္အတြင္း ေလးဆနီးပါး တက္လာသည္။

တ႐ုတ္ႏိုင္ငံ၏ ဒူးရင္းသီး တင္သြင္းမႈသည္ လြန္ခဲ့ေသာႏွစ္က ၁၅ ရာခိုင္ႏႈန္း တက္လာၿပီး တန္ခ်ိန္ ၃၅၀၀၀၀ ရွိကာ ေဒၚလာ သန္း ၅၁၀ ဖိုးရွိသည္ဟု ကုလသမဂၢ ကုန္သြယ္ေရးဆိုင္ရာ သတင္းအခ်က္ အလက္မ်ား အရ သိရသည္။ ၎တို႔အနက္ ၄၀ ရာခိုင္ႏႈန္းကို ဒူးရင္းသီး ထုတ္လုပ္တင္ပို႔မႈ အမ်ား ဆုံးျဖစ္ေသာ ထိုင္းႏိုင္ငံမွ တင္သြင္းသည္။

မေလးရွားႏိုင္ငံမွ တင္သြင္းမႈမွာ ၁ ရာခိုင္ႏႈန္းပင္ မျပည့္ေသာ္လည္း တ႐ုတ္ႏိုင္ငံသို႔ တင္ပို႔မႈမွာ ယခု ႏွစ္တြင္ ၁၄၆၀၀ တန္ခန႔္သာရွိရာမွ ၂၀၃၀ ျပည့္ႏွစ္အေရာက္တြင္ ၂၂၀၆၁ တန္သို႔ တက္လာ မည္ဟု ေမွ်ာ္လင့္ရသည္။

လတ္တေလာတြင္ ဒူးရင္းသီး အႏွစ္အသားမ်ားသာ တင္ပို႔ရန္ ကန႔္သတ္ထားၿပီး ေနာင္တြင္ အလုံး လိုက္ တင္ပို႔ႏိုင္ သည္အထိ ကုန္သြယ္ေရး က်ယ္ျပန႔္လာမည္ ျဖစ္ေသာေၾကာင့္ ထိုသို႔တိုးတက္လာ မည္ဟု ေမွ်ာ္လင့္ျခင္း ျဖစ္သည္။

စားအုန္းဆီ လုပ္ငန္းႀကီးျဖစ္ေသာ IOI ေကာ္ပိုေရးရွင္းႏွင့္ အိမ္ၿခံေျမမွ အပန္းေျဖစခန္းမ်ားအထိ လုပ္ကိုင္ေသာ လုပ္ငန္းစု Berjaya ေကာ္ပိုေရးရွင္းတို႔သည္ ဒူးရင္းစိုက္ပ်ိဳးေရး လုပ္ငန္းသို႔ ထိုး ေဖာက္ရန္ သူ႔ကိုတိုင္ပင္ေၾကာင္း အတိုင္ပင္ခံ လင္က ေျပာသည္။

ဤသတင္းအတြက္ ေမးျမန္းမႈမ်ားကို IOI က ျပန္လည္ေျဖၾကားျခင္း မရွိေသာ္လည္း ထို လုပ္ငန္း သည္ အေသးစား စတင္စိုက္ပ်ိဳးရန္ ေလ့လာေနၿပီျဖစ္ေၾကာင္း သိရသည္။

မေလးရွားႏိုင္ငံ၏ အခ်မ္းသာဆုံး စီးပြားေရးလုပ္ငန္းရွင္ ဗင္းဆင့္တန္ ဦးေဆာင္ေသာ Berjaya ကလည္း ေဝဖန္ ေျပာၾကားေပးရန္ ေမတၱာရပ္ခံခဲ့သည္ကို အေၾကာင္းျပန္ၾကားျခင္း မရွိေပ။

စိုက္ပ်ိဳးေရး ဝန္ႀကီးဌာနသည္ ၎တို႔ပိုင္ေျမေပၚတြင္ ဒူးရင္းစိုက္ပ်ိဳးျခင္းကို လြန္ခဲ့ေသာ ႏွစ္ကပင္ စတင္ခဲ့ေၾကာင္း ႏိုင္ငံပိုင္ စားအုန္းဆီ လုပ္ငန္းျဖစ္ေသာ Felda က ေျပာသည္။ အိမ္ၿခံေျမလုပ္ငန္းရွင္ လင္ကန္းဟို ဒါ႐ိုက္တာအျဖစ္ ေဆာင္႐ြက္ခဲ့ ေသာ PLS ေဆာက္လုပ္ေရးႏွင့္ စားအုန္းဆီ စိုက္ပ်ိဳးေရး လုပ္ငန္း က ၎တို႔သည္ ဒူးရင္းသီး တင္ပို႔ေသာ လုပ္ငန္းတခုတြင္ ရွယ္ယာ ေဒၚလာ ၅ သန္းဖိုး ဝယ္ယူမည္ဟု လြန္ခဲ့ေသာ လက ေျပာသည္။

လြန္ခဲ့ေသာ ႏွစ္က စတင္ထူေထာင္ခဲ့သည့္ M7 Plantation Bhd သည္ မူဆန္ ဘုရင္ ဒူးရင္းသီး၏ မူရင္း ေဒသျဖစ္ေသာ အေရွ႕တိုင္း ကယ္လာတန္မွ ဂြာမူဆန္တြင္ ဧက ၁၀၀၀၀ ဒူးရင္းစိုက္ခင္းကို ေဖာ္ထုတ္ေနၿပီး ဒူးရင္း တပင္လွ်င္ ေဒၚလာ ၁၂၀၀ ႏွင့္ ေရာင္းခ်ေနသည္။

“ဒီလုပ္ငန္းမွာ အလားအလာေကာင္းလို႔ က်ေနာ္တို႔က ကုမၸဏီ ထူေထာင္ခဲ့တာ။ အဓိက ပစ္မွတ္က ေတာ့ တ႐ုတ္ႏိုင္ငံပဲ” ဟု အမႈေဆာင္အရာရွိခ်ဳပ္ အန္းဂ္ လီခ်င္က ေျပာသည္။ သူ႔ထံမွ ဝယ္ယူသူမ်ား သည္ တ႐ုတ္ႏိုင္ငံမွ ျဖစ္သည္ဟု ဆက္ ေျပာသည္။

စိုက္ပ်ိဳးေရးေလာက၏ ေ႐ႊ

“ဒူးရင္းသီးဟာ ေ႐ႊျဖစ္လာလို႔ စိုက္ပ်ိဳးေရးုလုပ္ငန္းမွာ ဒူးရင္းသီးစိုက္ပ်ိဳးတာဟာ အခုေတာ့ အပ်င္းေျပ စိုက္ပ်ိဳးတာ မဟုတ္ေတာ့ဘူး” ဟု စိုက္ပ်ိဳးေရးဌာနက အီးေမးလ္ျဖင့္ ေျဖၾကားသည္။

မေလးရွားႏိုင္ငံတြင္ ဒူးရင္းသီးစိုက္ပ်ိဳးမႈမွာ လြန္ခဲ့ေသာ ႏွစ္က ၇၂၀၀၀ ဟက္တာ ရွိၿပီး စိုက္ပ်ိဳးဧက အက်ယ္အဝန္းမွာ လည္း တိုးတက္ေနေၾကာင္းႏွင့္ ဒူးရင္းသီးစိုက္ပ်ိဳးျခင္းသည္ အက်ိဳးအျမတ္ ပိုမို မ်ားျပားေသာေၾကာင့္ ဆီအုန္း စိုက္ခင္း မ်ားကို ဒူးရင္းစိုက္ခင္းမ်ား အျဖစ္ ေျပာင္လဲေနၾကေၾကာင္း အထက္ပါဌာနက ေျပာသည္။

မူဆန္ဘုရင္ ဒူးရင္းသီး တဟက္တာ စိုက္ပ်ိဳးျခင္းသည္ ဆီအုန္း တဟက္တာ စိုက္ပ်ိဳးျခင္းထက္ အက်ိဳးအျမတ္ ကိုးဆ ပိုသည္ဟု မတ္လက စိုက္ပ်ိဳးေရးဝန္ႀကီး တာဝန္ယူခဲ့သူက ကိုးကားေဖာ္ျပခဲ့ သည္။

ဆာဘားျပည္နယ္တြင္ ဒူးရင္းစိုက္ခင္းတခ်ိဳ႕မွာ ဆီအုန္းစိုက္ခင္းမ်ားမွ ေျပာင္းလာေသာ စိုက္ခင္းမ်ား ျဖစ္ေၾကာင္း ျပည္နယ္စိုက္ပ်ိဳးေရး ဝန္ႀကီးဌာနက ဆိုကာ ဟက္တာ ၅၀၀၀ ေက်ာ္အထိ တိုးခ်ဲ႕ရန္ စီစဥ္ေနေၾကာင္း သိရသည္။

သို႔ေသာ္ ဒူးရင္းစိုက္ပ်ိဳးမႈ တိုးလာေသာေၾကာင့္ ဆီအုန္းႏွင့္အလားတူ သဘာ၀ ပတ္ဝန္းက်င္ ထိခိုက္မႈမ်ား ျဖစ္လာမည္ကို စိုးရိမ္မႈမ်ား ရွိေနသည္။

ဆီအုန္းလုပ္ငန္းေၾကာင့္ အႀကီးအက်ယ္ သစ္ေတာျပဳန္းတီးမႈမ်ား ျဖစ္ခဲ့ၿပီး မေလးရွား၏ မုတ္သုန္ သစ္ေတာမ်ား အတြင္းရွိ ႂကြယ္ဝေသာ မ်ိဳးစိတ္မ်ားကို ပ်က္စီးေစခဲ့သည္။

မ်ိဳးသုန္းေပ်ာက္ကြယ္မည့္ အႏၲရာယ္ႏွင့္ အႀကီးအက်ယ္ ရင္ဆိုင္ေနရေသာ မေလးရွားက်ားမ်ား ေနထိုင္ ေပါက္ဖြားရာ ဖဟန္ျပည္နယ္မွ ေဘးမဲ့ေတာ အနီးတြင္ မူဆမ္ဘုရင္ ဒူးရင္းသီးစိုက္ရန္ ေျမဟက္တာ ၁၂၀၀ ရွင္းလင္းမည္ဟု The Star အမည္ရွိ မေလးရွားသတင္းစာက လြန္ခဲ့ေသာလက ေဖာ္ျပခဲ့သည္။

စုံစမ္းေမးျမန္းမႈမ်ားကို ဖဟန္ျပည္နယ္မွ အရာရွိမ်ားက ေျဖၾကားျခင္းမရွိေပ။

“အခ်ိန္နဲ႔အမွ် ဒူးရင္းသီး စိုက္ပ်ိဳးမႈ ေခတ္စားလာတာဟာ ဆီးအုန္းလို လမ္းကို လိုက္လာဦးမွာပဲ” ဟု အစိုးရ မဟုတ္ေသာ ပတ္ဝန္းက်င္ဆိုင္ရာ အဖြဲ႕အစည္း Peka Malaysia ၏ ဥကၠ႒ ဆိုင္ရက္ အကီလ္က ေျပာသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: Irrawaddy


#Unicode Version#
တရုတ်နိုင်ငံမှ ဝယ်လိုအား မကြုံစဖူး မြင့်မားလာခြင်းကို အခွင့်ကောင်းယူပြီး မလေးရှားနိုင်ငံသည် ဒူးရင်းဧက ထောင်နှင့်ချီ စိုက်ပျိုးရန် အလျင်အမြန် လုပ်ဆောင်နေပြီး အဆိုပါ ရနံ့ပြင်း၍ ဆူးပါသော အသီးသည် မကြာမီ မလေးရှား၏ နောက်ထပ် အဓိက ပို့ကုန်ဖြစ်လာတော့မည်ဟု သိရသည်။

ယခင်က မိသားစု သစ်သီးခြံများနှင့် အနည်းငယ်မျှသာ စိုက်ပျိုးပြီး ဒူးရင်းသီးသည် ရင့်မှည့်သောအခါ အနံပြင်းသည်ဟု တချို့ကပြောဆိုသော်လည်း ယခင်က မကြုံဘူးသည့် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နေသဖြင့် အိမ်ခြံမြေ လုပ်ငန်း ရှင်ကြီးများနှင့် မလေးရှားနိုင်ငံ၏ အကြီးမားဆုံး စိုက်ပျိုးရေး ပို့ကုန်ဖြစ်သာ ဆီအုန်း လုပ်ငန်းရှင် ကြီးများသည်ပင် ဒူးရင်း စိုက်ပျိုးရေး လုပ်ငန်းအတွင်းသို့ ထိုး ဖောက် ဝင်ရောက်နေကြသည်။
မလေးရှား အစိုးရကလည်း ဒူးရင်းအကြီးအကျယ် စိုက်ပျိုးရေးကို အားပေးနေပြီး ၂၀၃၀ ပြည့်နှစ်တွင် ဒူးရင်းသီး တင်ပို့မှု ၅၀ ရာခိုင်နှုန်း တိုးမြှင့်နိုင်ရန် မျှော်မှန်းထားသည်။

“ဒူးရင်းသီး စိုက်ပျိုးရေးလုပ်ငန်းက ပြည်တွင်းအဆင့်ကနေ နိုင်ငံတကာ အဆင့်ကို တိုးတက်လာပြီ။ တရုတ်နိုင်ငံက ကြီးမား တဲ့ ဝယ်လိုအားကြောင့် အကြီးအကျယ် စိုက်ပျိုးမှုတွေ ဖြစ်လာပြီ”ဟု ဒူးရင်း သီး စိုက်ပျိုးရေးလုပ်ငန်း အတိုင်ပင်ခံ လင်ချင်ခီးက ပြောသည်။

“ဒူးရင်းသီး စိုက်ပျိုးရေး လုပ်ငန်း မထွန်းကားခင်က ဒူးရင်းခြံဆိုတာ အပျင်းပြေလုပ်ကြတာ။ အခုတာ့ ဧကရာချီ စိုက်နေကြပြီ၊ ကြီးထွားလာပြီ။ နောက်လည်း ထပ် တိုးတက်လာဦးမယ်” ဟု သူက ဆက် ပြောသည်။

ပြင်းထန်စူးရှသော ရနံ့ကြောင့် ဒူးရင်းသီးကို အရှေ့တောင်အာရှရှိ လေဆိပ်တချို့၊ ဟိုတယ်တချို့နှင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများတွင် တားမြစ်ကောင်း တားမြစ်မည် ဖြစ်သော်လည်း တရုတ်လူမျိုး များက လွန်စွာ နှစ်ခြိုက်ကြသည်။

တရုတ်နိုင်ငံတွင် ဒူးရင်းသီး အနံ့အရသာဖြင့် ရောင်းချသော အစားအစာများတွင် ပီဇာ၊ ထောပတ်၊ ဟင်းသီးဟင်းရွက်သုပ် ရန် အရည်နှင့် နွားနို့တို့ ပါဝင်သည်။

“ပထမတော့ သူ့အနံ့က ပြင်းထန်လွန်းတယ်လို့ ထင်လို့ ကျနော် ဒူးရင်းသီးကို မုန်းတယ်” ဟု အသက် ၂၆ နှစ်အရွယ် ဟယ်လင်လီက ရှန်ဟိုင်းရှိ ဒူးရင်းသီးပီဇာ အထူးရောင်းချသော စားသောက်ဆိုင် တဆိုင်တွင် စားသောက်ရင်း ပြောသည်။

မကြာသေးမီက နေ့လယ်စာ စားချိန်အတွင်း ထိုဆိုင်သို့ လာသူတိုင်းနီးပါးသည် ယွမ် ၆၀ (၈.၅ ဒေါ်လာ) ပေးရသော ဒူးရင်းသီး ပီဇာကို စားသောက်ကြသည်။

“ဒါပေမယ့် မြည်းကြည့်လိုက်တော့ တော်တော်စားလို့ ကောင်းတယ်။ ဒူးရင်းသီးမုန်းတဲ့ သူတွေဟာ အနံ့ကြောင့် လန့်နေ ကြတာလို့ ကျနော်ထင်တယ်။ ဒါပေမယ့် တခါလောက် မြည်းကြည့်လိုက်ရင် သူတို့အမြင် ပြောင်းသွားမယ် ထင်တယ်” ဟု သူက ဆက်ပြောသည်။

ရှန်ဟိုင်းရှိ ၁၄၈ ယွမ် (၂၁ ဒေါ်လာ) တန် ဒူးရင်းသီး ကြက်သားဟော့ပေါ့ ရောင်းသော တခြားဆိုင် တဆိုင်၏ ပိုင်ရှင် ချင် ဝေဟောင်က သူ၏ ဆိုင်တွင် ထိုင်းမှ တင်သွင်းသော ဒူးရင်းသီး ၂၀ မှ ၂၅ ကီလိုအထိ လစဉ် ရောင်းရသည်ဟု ပြောသည်။

“မြည်းကြည့်လိုက်ရင် အပူပိုင်းဒေသကို ရောက်သွားသလိုမျိုး လန်းဆန်းချိုမြိန်တဲ့ အရသာကို ခံစားရ မယ်” ဟု ထိုဆိုင်သို့ လာရောက် စားသောက်သူ အသက် ၂၇ နှစ် အရွယ် ယန်ယန်က ပြောသည်။

ထိပ်တန်းဒေါ်လာ

မလေးရှားနိုင်ငံမှ မူဆန်ဘုရင် ဒူးရင်းသီးသည် အသားပြစ်နှစ်ပြီး ချိုခါးသော အရသာ ရှိသောကြောင့် တရုတ်တို့က ဈေးကောင်းပေးကြသည်။ ယခုအခါ တနိုင်ငံလုံးတွင် စိုက်ပျိုးနေပြီဖြစ်သော ထို ဒူးရင်း မျိုး၏ ဈေးနှုန်းသည် လွန်ခဲ့သော ၅ နှစ်အတွင်း လေးဆနီးပါး တက်လာသည်။

တရုတ်နိုင်ငံ၏ ဒူးရင်းသီး တင်သွင်းမှုသည် လွန်ခဲ့သောနှစ်က ၁၅ ရာခိုင်နှုန်း တက်လာပြီး တန်ချိန် ၃၅၀၀၀၀ ရှိကာ ဒေါ်လာ သန်း ၅၁၀ ဖိုးရှိသည်ဟု ကုလသမဂ္ဂ ကုန်သွယ်ရေးဆိုင်ရာ သတင်းအချက် အလက်များ အရ သိရသည်။ ၎င်းတို့အနက် ၄၀ ရာခိုင်နှုန်းကို ဒူးရင်းသီး ထုတ်လုပ်တင်ပို့မှု အများ ဆုံးဖြစ်သော ထိုင်းနိုင်ငံမှ တင်သွင်းသည်။

မလေးရှားနိုင်ငံမှ တင်သွင်းမှုမှာ ၁ ရာခိုင်နှုန်းပင် မပြည့်သော်လည်း တရုတ်နိုင်ငံသို့ တင်ပို့မှုမှာ ယခု နှစ်တွင် ၁၄၆၀၀ တန်ခန့်သာရှိရာမှ ၂၀၃၀ ပြည့်နှစ်အရောက်တွင် ၂၂၀၆၁ တန်သို့ တက်လာ မည်ဟု မျှော်လင့်ရသည်။

လတ်တလောတွင် ဒူးရင်းသီး အနှစ်အသားများသာ တင်ပို့ရန် ကန့်သတ်ထားပြီး နောင်တွင် အလုံး လိုက် တင်ပို့နိုင် သည်အထိ ကုန်သွယ်ရေး ကျယ်ပြန့်လာမည် ဖြစ်သောကြောင့် ထိုသို့တိုးတက်လာ မည်ဟု မျှော်လင့်ခြင်း ဖြစ်သည်။

စားအုန်းဆီ လုပ်ငန်းကြီးဖြစ်သော IOI ကော်ပိုရေးရှင်းနှင့် အိမ်ခြံမြေမှ အပန်းဖြေစခန်းများအထိ လုပ်ကိုင်သော လုပ်ငန်းစု Berjaya ကော်ပိုရေးရှင်းတို့သည် ဒူးရင်းစိုက်ပျိုးရေး လုပ်ငန်းသို့ ထိုး ဖောက်ရန် သူ့ကိုတိုင်ပင်ကြောင်း အတိုင်ပင်ခံ လင်က ပြောသည်။

ဤသတင်းအတွက် မေးမြန်းမှုများကို IOI က ပြန်လည်ဖြေကြားခြင်း မရှိသော်လည်း ထို လုပ်ငန်း သည် အသေးစား စတင်စိုက်ပျိုးရန် လေ့လာနေပြီဖြစ်ကြောင်း သိရသည်။

မလေးရှားနိုင်ငံ၏ အချမ်းသာဆုံး စီးပွားရေးလုပ်ငန်းရှင် ဗင်းဆင့်တန် ဦးဆောင်သော Berjaya ကလည်း ဝေဖန် ပြောကြားပေးရန် မေတ္တာရပ်ခံခဲ့သည်ကို အကြောင်းပြန်ကြားခြင်း မရှိပေ။

စိုက်ပျိုးရေး ဝန်ကြီးဌာနသည် ၎င်းတို့ပိုင်မြေပေါ်တွင် ဒူးရင်းစိုက်ပျိုးခြင်းကို လွန်ခဲ့သော နှစ်ကပင် စတင်ခဲ့ကြောင်း နိုင်ငံပိုင် စားအုန်းဆီ လုပ်ငန်းဖြစ်သော Felda က ပြောသည်။ အိမ်ခြံမြေလုပ်ငန်းရှင် လင်ကန်းဟို ဒါရိုက်တာအဖြစ် ဆောင်ရွက်ခဲ့ သော PLS ဆောက်လုပ်ရေးနှင့် စားအုန်းဆီ စိုက်ပျိုးရေး လုပ်ငန်း က ၎င်းတို့သည် ဒူးရင်းသီး တင်ပို့သော လုပ်ငန်းတခုတွင် ရှယ်ယာ ဒေါ်လာ ၅ သန်းဖိုး ဝယ်ယူမည်ဟု လွန်ခဲ့သော လက ပြောသည်။

လွန်ခဲ့သော နှစ်က စတင်ထူထောင်ခဲ့သည့် M7 Plantation Bhd သည် မူဆန် ဘုရင် ဒူးရင်းသီး၏ မူရင်း ဒေသဖြစ်သော အရှေ့တိုင်း ကယ်လာတန်မှ ဂွာမူဆန်တွင် ဧက ၁၀၀၀၀ ဒူးရင်းစိုက်ခင်းကို ဖော်ထုတ်နေပြီး ဒူးရင်း တပင်လျှင် ဒေါ်လာ ၁၂၀၀ နှင့် ရောင်းချနေသည်။

“ဒီလုပ်ငန်းမှာ အလားအလာကောင်းလို့ ကျနော်တို့က ကုမ္ပဏီ ထူထောင်ခဲ့တာ။ အဓိက ပစ်မှတ်က တော့ တရုတ်နိုင်ငံပဲ” ဟု အမှုဆောင်အရာရှိချုပ် အန်းဂ် လီချင်က ပြောသည်။ သူ့ထံမှ ဝယ်ယူသူများ သည် တရုတ်နိုင်ငံမှ ဖြစ်သည်ဟု ဆက် ပြောသည်။

စိုက်ပျိုးရေးလောက၏ ရွှေ

“ဒူးရင်းသီးဟာ ရွှေဖြစ်လာလို့ စိုက်ပျိုးရေးုလုပ်ငန်းမှာ ဒူးရင်းသီးစိုက်ပျိုးတာဟာ အခုတော့ အပျင်းပြေ စိုက်ပျိုးတာ မဟုတ်တော့ဘူး” ဟု စိုက်ပျိုးရေးဌာနက အီးမေးလ်ဖြင့် ဖြေကြားသည်။

မလေးရှားနိုင်ငံတွင် ဒူးရင်းသီးစိုက်ပျိုးမှုမှာ လွန်ခဲ့သော နှစ်က ၇၂၀၀၀ ဟက်တာ ရှိပြီး စိုက်ပျိုးဧက အကျယ်အဝန်းမှာ လည်း တိုးတက်နေကြောင်းနှင့် ဒူးရင်းသီးစိုက်ပျိုးခြင်းသည် အကျိုးအမြတ် ပိုမို များပြားသောကြောင့် ဆီအုန်း စိုက်ခင်း များကို ဒူးရင်းစိုက်ခင်းများ အဖြစ် ပြောင်လဲနေကြကြောင်း အထက်ပါဌာနက ပြောသည်။

မူဆန်ဘုရင် ဒူးရင်းသီး တဟက်တာ စိုက်ပျိုးခြင်းသည် ဆီအုန်း တဟက်တာ စိုက်ပျိုးခြင်းထက် အကျိုးအမြတ် ကိုးဆ ပိုသည်ဟု မတ်လက စိုက်ပျိုးရေးဝန်ကြီး တာဝန်ယူခဲ့သူက ကိုးကားဖော်ပြခဲ့ သည်။

ဆာဘားပြည်နယ်တွင် ဒူးရင်းစိုက်ခင်းတချို့မှာ ဆီအုန်းစိုက်ခင်းများမှ ပြောင်းလာသော စိုက်ခင်းများ ဖြစ်ကြောင်း ပြည်နယ်စိုက်ပျိုးရေး ဝန်ကြီးဌာနက ဆိုကာ ဟက်တာ ၅၀၀၀ ကျော်အထိ တိုးချဲ့ရန် စီစဉ်နေကြောင်း သိရသည်။

သို့သော် ဒူးရင်းစိုက်ပျိုးမှု တိုးလာသောကြောင့် ဆီအုန်းနှင့်အလားတူ သဘာ၀ ပတ်ဝန်းကျင် ထိခိုက်မှုများ ဖြစ်လာမည်ကို စိုးရိမ်မှုများ ရှိနေသည်။

ဆီအုန်းလုပ်ငန်းကြောင့် အကြီးအကျယ် သစ်တောပြုန်းတီးမှုများ ဖြစ်ခဲ့ပြီး မလေးရှား၏ မုတ်သုန် သစ်တောများ အတွင်းရှိ ကြွယ်ဝသော မျိုးစိတ်များကို ပျက်စီးစေခဲ့သည်။

မျိုးသုန်းပျောက်ကွယ်မည့် အန္တရာယ်နှင့် အကြီးအကျယ် ရင်ဆိုင်နေရသော မလေးရှားကျားများ နေထိုင် ပေါက်ဖွားရာ ဖဟန်ပြည်နယ်မှ ဘေးမဲ့တော အနီးတွင် မူဆမ်ဘုရင် ဒူးရင်းသီးစိုက်ရန် မြေဟက်တာ ၁၂၀၀ ရှင်းလင်းမည်ဟု The Star အမည်ရှိ မလေးရှားသတင်းစာက လွန်ခဲ့သောလက ဖော်ပြခဲ့သည်။

စုံစမ်းမေးမြန်းမှုများကို ဖဟန်ပြည်နယ်မှ အရာရှိများက ဖြေကြားခြင်းမရှိပေ။

“အချိန်နဲ့အမျှ ဒူးရင်းသီး စိုက်ပျိုးမှု ခေတ်စားလာတာဟာ ဆီးအုန်းလို လမ်းကို လိုက်လာဦးမှာပဲ” ဟု အစိုးရ မဟုတ်သော ပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့အစည်း Peka Malaysia ၏ ဥက္ကဋ္ဌ ဆိုင်ရက် အကီလ်က ပြောသည်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top