မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

ေန႕လယ္စာဆိုတာ လူတိုင္းအတြက္ အေရးႀကီးဆုံးပါ။ တေန႕တာ လိုအပ္တဲ့ အာဟာရဓာတ္ေတြကို ျဖည့္စြမ္း ေပးနိုင္သလို ပမာဏ အမ်ားဆုံး စားသင့္တဲ့အခ်ိန္လည္း ျဖစ္ပါတယ္။ အခ်ိန္လုၿပီး ႐ုံးေျပးေနရတဲ့ ဝန္ထမ္းေတြအတြက္ ေန႕လယ္စာ ထမင္းဘူးထည့္ဖို႔ဆိုတာ ခက္ခဲပါတယ္။ ဒီလိုနဲ႕ အျပင္စာေတြ ထြက္စားျဖစ္ၾကတဲ့အခါ ေရာဂါေတြျဖစ္လာရပါတယ္။

အျပင္စာကေတာ့ ဘယ္ေလာက္ပဲ ေကာင္းပါတယ္ေျပာေျပာ အိမ္မွာ ခ်က္ျပဳတ္ျပင္ဆင္သြားတာေလာက္ စိတ္မခ်ရပါဘူး။ အာဟာရျပည့္တဲ့ ေန႕လယ္စာျဖစ္ဖို႔ဆိုရင္ ကိုယ္တိုင္အခ်ိန္နည္းနည္းယူၿပီး ခ်က္ျပဳတ္ျပင္ဆင္သြားတာ ေရရွည္ အေကာင္းဆုံးပါပဲ။

ေန႕တိုင္းအျပင္မွာ ဝယ္စားရတာထက္ ကိုယ့္အိမ္က ထမင္းခ်ိဳင့္ထည့္သြားလိုက္ရင္ ပိုက္ဆံစုမိရာလည္း ေရာက္ပါတယ္။ စရိတ္နည္းနည္းနဲ႕ ခ်က္ျပဳတ္ျပင္ဆင္နိုင္တဲ့ အစားအစာေတြ အမ်ားႀကီးရွိတာ ကိုယ္တိုင္ျပင္ဆင္ ခ်က္ျပဳတ္ၾကည့္တဲ့အခါ သိလာပါလိမ့္မယ္။

အာဟာရလည္းျပည့္ စရိတ္လည္း သက္သာသလို က်န္းမာေရးနဲ႕လည္း ညီၫႊတ္မွ်တတဲ့ ေန႕လယ္စာ ျဖစ္ဖို႔ဆိုရင္ ကိုယ္တိုင္ခ်က္ျပဳတ္ ျပင္ဆင္သြားတာ အေကာင္းဆုံးပါပဲ။

မနက္ေစာေစာ အခ်ိန္မေပးနိုင္ဘူးဆိုရင္ ညစာခ်က္ရင္း ပိုသြားတဲ့ဟင္းေတြကို သပ္သပ္ဖယ္ထားပါ။ မဟုတ္လည္း ညဘက္ ျပင္ဆင္လို႔ရတဲ့ ဟင္းဆိုရင္ ႀကိဳခ်က္ထားပါ။ တပတ္တခါ အလုပ္ပိတ္တဲ့ေန႕မ်ိဳးမွာ အလြယ္တကူ ထည့္သြားနိုင္တဲ့ အေၾကာ္အေလွာ္ေတြျပင္ဆင္ထားလိုက္ရင္ မနက္ေစာေစာ အခ်ိန္အမ်ားႀကီး ေပးစရာ မလို ဘဲ အဆင္သင့္ျပင္ဆင္နိုင္ပါတယ္။

ညတည္းက ခ်က္ထားတဲ့ဟင္းေတြကို ေရခဲေသတၱာထဲ ထည့္ထားၿပီး သြားခါနီးမွ ထုတ္ယူသြားတာလည္း မေကာင္းပါဘူး။ ႀကိဳခ်က္ထားတဲ့ ဟင္းေတြကို ေရခဲေသတၱာထဲက အိပ္ရာနိုးနိုးခ်င္း ထုတ္ထားၿပီ ပူေအာင္ျပန္ ေႏြးသြားသင့္ပါတယ္။ ဟင္းေတြအၾကာႀကီး ပူပူေႏြးေႏြး ျဖစ္ေနေအာင္ ထမင္းဘူးကို အပူဓာတ္ထိန္းေပးနိုင္တဲ့ အမ်ိဳးအစားေ႐ြးသုံးပါ။

ထမင္းခ်ိဳင့္ထည့္ရင္လည္း တခြက္တည္းနဲ႕ ေရာၿပီး အကုန္ထည့္သြားတာထက္ အကန႔္ ေလးေတြပါတဲ့ ထမင္းဘူးထဲ တကန႔္စီ စနစ္တက် ထည့္ပါ။ ထမင္းခ်ိဳင့္ ထည့္တဲ့အခါ အာဟာရဓာတ္ မွ်တေအာင္ ထည့္ပါ။ အသားႀကီးပဲ ထည့္သြားတာထက္ အသား၊ အသီးအ႐ြက္၊ ငါး စသျဖင့္ အာဟာရမွ်တေအာင္ ျပင္ဆင္သင့္သလို ထမင္းစားၿပီး အခ်ိဳတည္းဖို႔ အသီးအႏွံ ျဖစ္ျဖစ္၊ အေစ့အဆန္ျဖစ္ျဖစ္ ပါေအာင္ထည့္ပါ။

႐ုံးပိတ္တဲ့အခ်ိန္ေတြမွာ ေန႕လယ္စာအတြက္ သင့္ေတာ္တဲ့ ဟင္းေတြကို ႀကိဳစဥ္းစားၿပီး ေရးမွတ္ထားရင္လည္း တရက္တရက္ ေခါင္းခဲစရာ မလိုေတာ့ဘူးေပါ့။ ေန႕တိုင္း ခ်က္ျပဳတ္ျပင္ဆင္ခ်င္စိတ္ျဖစ္ေနေအာင္ လုပ္ဖို႔ဆိုတာ အေျပာထက္ အလုပ္က ပိုခက္ပါတယ္။

ပုံမွန္ ထက္ အိပ္ရာေစာေစာ ထရမယ္၊ ညဘက္ဆိုလည္း ေစာေစာ မနားရဘဲ မနက္အတြက္ ႀကိဳျပင္ရမယ္၊ ပိတ္ရက္ ဆိုလည္း လိုအပ္တာေတြဝယ္ဖို႔၊ ဟင္းခ်က္ဖို႔ အစီအစဥ္ေတြ ႀကိဳျပင္ရမယ္ စတာေတြေၾကာင့္ အခ်ိန္ပိုေပးရေပမယ့္ ကိုယ္ႀကိဳက္တဲ့ အရသာနဲ႕ ကိုယ္ခ်က္တဲ့ ဟင္းေလး စားလိုက္ရတာ ဘာနဲ႕မွ မလဲနိုင္ပါဘူး။

အျပင္စာေတြက ကိုယ့္လက္ရာထက္ ပိုေကာင္းတယ္ဆိုဦးေတာ့ ၾကာလာရင္ အနံ႕ေတာင္မခံခ်င္ဘဲ ၿငီးေငြ႕လြယ္ပါတယ္။ အိမ္မွာပဲ သန႔္ရွင္းလတ္ဆတ္တဲ့ ဟင္းလ်ာေတြ ျပင္ဆင္ၿပီး ကိုယ္အႀကိဳက္ဆုံး အရသာအတိုင္း ေန႕လည္စာကို စားရတဲ့ အခ်ိန္က တန္ဖိုးအရွိဆုံးပါ။ က်န္းမာေရးနဲ႕ ညီၫႊတ္တဲ့ စားေသာက္မႈပုံစံေကာင္းဆိုတာ သင့္ကိုယ္တိုင္နဲ႕ မီးဖိုေခ်ာင္က စတင္ရတာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: irrawaddy


#Unicode Version#

နေ့လယ်စာဆိုတာ လူတိုင်းအတွက် အရေးကြီးဆုံးပါ။ တနေ့တာ လိုအပ်တဲ့ အာဟာရဓာတ်တွေကို ဖြည့်စွမ်း ပေးနိုင်သလို ပမာဏ အများဆုံး စားသင့်တဲ့အချိန်လည်း ဖြစ်ပါတယ်။ အချိန်လုပြီး ရုံးပြေးနေရတဲ့ ဝန်ထမ်းတွေအတွက် နေ့လယ်စာ ထမင်းဘူးထည့်ဖို့ဆိုတာ ခက်ခဲပါတယ်။ ဒီလိုနဲ့ အပြင်စာတွေ ထွက်စားဖြစ်ကြတဲ့အခါ ရောဂါတွေဖြစ်လာရပါတယ်။

အပြင်စာကတော့ ဘယ်လောက်ပဲ ကောင်းပါတယ်ပြောပြော အိမ်မှာ ချက်ပြုတ်ပြင်ဆင်သွားတာလောက် စိတ်မချရပါဘူး။ အာဟာရပြည့်တဲ့ နေ့လယ်စာဖြစ်ဖို့ဆိုရင် ကိုယ်တိုင်အချိန်နည်းနည်းယူပြီး ချက်ပြုတ်ပြင်ဆင်သွားတာ ရေရှည် အကောင်းဆုံးပါပဲ။

နေ့တိုင်းအပြင်မှာ ဝယ်စားရတာထက် ကိုယ့်အိမ်က ထမင်းချိုင့်ထည့်သွားလိုက်ရင် ပိုက်ဆံစုမိရာလည်း ရောက်ပါတယ်။ စရိတ်နည်းနည်းနဲ့ ချက်ပြုတ်ပြင်ဆင်နိုင်တဲ့ အစားအစာတွေ အများကြီးရှိတာ ကိုယ်တိုင်ပြင်ဆင် ချက်ပြုတ်ကြည့်တဲ့အခါ သိလာပါလိမ့်မယ်။

အာဟာရလည်းပြည့် စရိတ်လည်း သက်သာသလို ကျန်းမာရေးနဲ့လည်း ညီညွှတ်မျှတတဲ့ နေ့လယ်စာ ဖြစ်ဖို့ဆိုရင် ကိုယ်တိုင်ချက်ပြုတ် ပြင်ဆင်သွားတာ အကောင်းဆုံးပါပဲ။

မနက်စောစော အချိန်မပေးနိုင်ဘူးဆိုရင် ညစာချက်ရင်း ပိုသွားတဲ့ဟင်းတွေကို သပ်သပ်ဖယ်ထားပါ။ မဟုတ်လည်း ညဘက် ပြင်ဆင်လို့ရတဲ့ ဟင်းဆိုရင် ကြိုချက်ထားပါ။ တပတ်တခါ အလုပ်ပိတ်တဲ့နေ့မျိုးမှာ အလွယ်တကူ ထည့်သွားနိုင်တဲ့ အကြော်အလှော်တွေပြင်ဆင်ထားလိုက်ရင် မနက်စောစော အချိန်အများကြီး ပေးစရာ မလို ဘဲ အဆင်သင့်ပြင်ဆင်နိုင်ပါတယ်။

ညတည်းက ချက်ထားတဲ့ဟင်းတွေကို ရေခဲသေတ္တာထဲ ထည့်ထားပြီး သွားခါနီးမှ ထုတ်ယူသွားတာလည်း မကောင်းပါဘူး။ ကြိုချက်ထားတဲ့ ဟင်းတွေကို ရေခဲသေတ္တာထဲက အိပ်ရာနိုးနိုးချင်း ထုတ်ထားပြီ ပူအောင်ပြန် နွေးသွားသင့်ပါတယ်။ ဟင်းတွေအကြာကြီး ပူပူနွေးနွေး ဖြစ်နေအောင် ထမင်းဘူးကို အပူဓာတ်ထိန်းပေးနိုင်တဲ့ အမျိုးအစားရွေးသုံးပါ။

ထမင်းချိုင့်ထည့်ရင်လည်း တခွက်တည်းနဲ့ ရောပြီး အကုန်ထည့်သွားတာထက် အကန့် လေးတွေပါတဲ့ ထမင်းဘူးထဲ တကန့်စီ စနစ်တကျ ထည့်ပါ။ ထမင်းချိုင့် ထည့်တဲ့အခါ အာဟာရဓာတ် မျှတအောင် ထည့်ပါ။ အသားကြီးပဲ ထည့်သွားတာထက် အသား၊ အသီးအရွက်၊ ငါး စသဖြင့် အာဟာရမျှတအောင် ပြင်ဆင်သင့်သလို ထမင်းစားပြီး အချိုတည်းဖို့ အသီးအနှံ ဖြစ်ဖြစ်၊ အစေ့အဆန်ဖြစ်ဖြစ် ပါအောင်ထည့်ပါ။

ရုံးပိတ်တဲ့အချိန်တွေမှာ နေ့လယ်စာအတွက် သင့်တော်တဲ့ ဟင်းတွေကို ကြိုစဉ်းစားပြီး ရေးမှတ်ထားရင်လည်း တရက်တရက် ခေါင်းခဲစရာ မလိုတော့ဘူးပေါ့။ နေ့တိုင်း ချက်ပြုတ်ပြင်ဆင်ချင်စိတ်ဖြစ်နေအောင် လုပ်ဖို့ဆိုတာ အပြောထက် အလုပ်က ပိုခက်ပါတယ်။

ပုံမှန် ထက် အိပ်ရာစောစော ထရမယ်၊ ညဘက်ဆိုလည်း စောစော မနားရဘဲ မနက်အတွက် ကြိုပြင်ရမယ်၊ ပိတ်ရက် ဆိုလည်း လိုအပ်တာတွေဝယ်ဖို့၊ ဟင်းချက်ဖို့ အစီအစဉ်တွေ ကြိုပြင်ရမယ် စတာတွေကြောင့် အချိန်ပိုပေးရပေမယ့် ကိုယ်ကြိုက်တဲ့ အရသာနဲ့ ကိုယ်ချက်တဲ့ ဟင်းလေး စားလိုက်ရတာ ဘာနဲ့မှ မလဲနိုင်ပါဘူး။

အပြင်စာတွေက ကိုယ့်လက်ရာထက် ပိုကောင်းတယ်ဆိုဦးတော့ ကြာလာရင် အနံ့တောင်မခံချင်ဘဲ ငြီးငွေ့လွယ်ပါတယ်။ အိမ်မှာပဲ သန့်ရှင်းလတ်ဆတ်တဲ့ ဟင်းလျာတွေ ပြင်ဆင်ပြီး ကိုယ်အကြိုက်ဆုံး အရသာအတိုင်း နေ့လည်စာကို စားရတဲ့ အချိန်က တန်ဖိုးအရှိဆုံးပါ။ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ စားသောက်မှုပုံစံကောင်းဆိုတာ သင့်ကိုယ်တိုင်နဲ့ မီးဖိုချောင်က စတင်ရတာပါ။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top