(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

ဒီဇင္ဘာပထမပတ္အတြင္း သီခ်င္းသစ္တစ္ပုဒ္ ထြက္ရွိရန္ အစီအစဥ္ရွိၿပီး တစ္ကိုယ္ ေတာ္ ေခြအသစ္ထြက္ရွိရန္ ျပင္ဆင္ေနေၾကာင္း အဆိုေတာ္ နီနီခင္ေဇာ္က ေျပာသည္။

‘‘ဒီဇင္ဘာ ပထမပတ္ထဲမွာ Music Video အသစ္တစ္ပုဒ္ ထြက္ပါမယ္။‘ ခင့္မွာတမ္း’လိုေတာ့ မဟုတ္ပါဘူး။ နီနီဆိုေနက် Current ျဖစ္တဲ့ သီခ်င္းတစ္ပုဒ္ထြက္ပါမယ္။ ဒီၾကားထဲမွာ ခင္ ကာ႐ိုက္တာ တစ္ခုထြက္သြား ေတာ့ ပံုမွန္နီနီခင္ေဇာ္ ကာ႐ိုက္တာကို ေမ့ေနမွာစိုးလို႔ ကိုခ်မ္းေအးဝင္းနဲ႔ ပူးေပါင္းဖန္တီး ထားပါတယ္’’ ဟု သီခ်င္းသစ္ႏွင့္ပတ္သက္၍ ၎ကေျပာသည္။

လတ္တေလာတြင္ နယ္ေဖ်ာ္ေျဖပြဲမ်ား သြားေရာက္ေနၿပီး ေနာက္ဆံုးထြက္ထားသည့္ U အေခြ၏ Music Video အေခြလည္း ထြက္ရွိႏုိင္ရန္ စီစဥ္ေနေၾကာင္း နီနီခင္ေဇာ္က ေျပာသည္။

‘‘အေခြသစ္ကေတာ့ သႀကၤန္မတိုင္ခင္ထြက္ဖို႔ ႀကိဳးစားေနတယ္။ သီခ်င္းေတြကေတာ့ရယ္ဒီပဲ။ မဆိုရေသးတာ တစ္ခု ပဲ’’ဟု နီနီခင္ေဇာ္ကေျပာသည္။

ထို႔ျပင္ ဒီဇင္ဘာ၌ ရန္ကုန္ၿမိဳ႕၌ ျပဳလုပ္မည့္ ေဖ်ာ္ေျဖပြဲတြင္ ပါဝင္ေဖ်ာ္ေျဖရန္ အစီအစဥ္ရွိၿပီး ရန္ကုန္၌  ေဖ်ာ္ေျဖပြဲႀကီးမ်ား မသီဆိုျဖစ္သည္မွာ   ၾကာၿပီျဖစ္ ေၾကာင္း ၎ကဆိုသည္။

‘‘နီနီက ကာ႐ိုက္တာေရာ၊သီခ်င္း Type ေရာ မေရာေစခ်င္ ဘူး။ ခင့္မွာတမ္းကေတာ့ သတ္သတ္တစ္ဘာသာ  ထြက္လိမ့္မယ္။ နီနီခင္ေဇာ္ ထြက္လာရင္ေတာ့ နီနီခင္ေဇာ္ဆိုတဲ့ ပံုစံေတြ အခ်စ္သီခ်င္းေတြပါမယ္။ Danceေတြပါမယ္။ Disco ေတြပါမယ္။ အဲဒီလိုဘက္ပဲ သြားမွာပါ’’ဟု တစ္ကိုယ္ေတာ္  အေခြသစ္ႏွင့္ပတ္သက္၍ ေျပာသည္။

Super Red မွ လာမည့္ ႏွစ္ေဖေဖာ္ဝါရီအတြင္း အလွကုန္ပစၥည္းသစ္ ထြက္ရန္ရွိေသာ ေၾကာင့္   ယင္းကာလတြင္ ခင့္ကို ထပ္မံျမင္ေတြ႕ရမည္ျဖစ္ေၾကာင္း နီနီခင္ေဇာ္က  ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day


#Unicode Version#

ဒီဇင်ဘာပထမပတ်အတွင်း သီချင်းသစ်တစ်ပုဒ် ထွက်ရှိရန် အစီအစဉ်ရှိပြီး တစ်ကိုယ် တော် ခွေအသစ်ထွက်ရှိရန် ပြင်ဆင်နေကြောင်း အဆိုတော် နီနီခင်ဇော်က ပြောသည်။

‘‘ဒီဇင်ဘာ ပထမပတ်ထဲမှာ Music Video အသစ်တစ်ပုဒ် ထွက်ပါမယ်။‘ ခင့်မှာတမ်း’လိုတော့ မဟုတ်ပါဘူး။ နီနီဆိုနေကျ Current ဖြစ်တဲ့ သီချင်းတစ်ပုဒ်ထွက်ပါမယ်။ ဒီကြားထဲမှာ ခင် ကာရိုက်တာ တစ်ခုထွက်သွား တော့ ပုံမှန်နီနီခင်ဇော် ကာရိုက်တာကို မေ့နေမှာစိုးလို့ ကိုချမ်းအေးဝင်းနဲ့ ပူးပေါင်းဖန်တီး ထားပါတယ်’’ ဟု သီချင်းသစ်နှင့်ပတ်သက်၍ ၎င်းကပြောသည်။

လတ်တလောတွင် နယ်ဖျော်ဖြေပွဲများ သွားရောက်နေပြီး နောက်ဆုံးထွက်ထားသည့် U အခွေ၏ Music Video အခွေလည်း ထွက်ရှိနိုင်ရန် စီစဉ်နေကြောင်း နီနီခင်ဇော်က ပြောသည်။

‘‘အခွေသစ်ကတော့ သြင်္ကန်မတိုင်ခင်ထွက်ဖို့ ကြိုးစားနေတယ်။ သီချင်းတွေကတော့ရယ်ဒီပဲ။ မဆိုရသေးတာ တစ်ခု ပဲ’’ဟု နီနီခင်ဇော်ကပြောသည်။

ထို့ပြင် ဒီဇင်ဘာ၌ ရန်ကုန်မြို့၌ ပြုလုပ်မည့် ဖျော်ဖြေပွဲတွင် ပါဝင်ဖျော်ဖြေရန် အစီအစဉ်ရှိပြီး ရန်ကုန်၌  ဖျော်ဖြေပွဲကြီးများ မသီဆိုဖြစ်သည်မှာ   ကြာပြီဖြစ် ကြောင်း ၎င်းကဆိုသည်။

‘‘နီနီက ကာရိုက်တာရော၊သီချင်း Type ရော မရောစေချင် ဘူး။ ခင့်မှာတမ်းကတော့ သတ်သတ်တစ်ဘာသာ  ထွက်လိမ့်မယ်။ နီနီခင်ဇော် ထွက်လာရင်တော့ နီနီခင်ဇော်ဆိုတဲ့ ပုံစံတွေ အချစ်သီချင်းတွေပါမယ်။ Danceတွေပါမယ်။ Disco တွေပါမယ်။ အဲဒီလိုဘက်ပဲ သွားမှာပါ’’ဟု တစ်ကိုယ်တော်  အခွေသစ်နှင့်ပတ်သက်၍ ပြောသည်။

Super Red မှ လာမည့် နှစ်ဖေဖော်ဝါရီအတွင်း အလှကုန်ပစ္စည်းသစ် ထွက်ရန်ရှိသော ကြောင့်   ယင်းကာလတွင် ခင့်ကို ထပ်မံမြင်တွေ့ရမည်ဖြစ်ကြောင်း နီနီခင်ဇော်က  ပြောသည်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top