ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ျပီးျပည့္စံုလွပတဲ႔မ်က္နွာေလးတစ္ခုျဖစ္ဖို႔ဆိုတာ ႏႈတ္ခမ္းေလးတစ္စံုကိုလည္း ခ်န္ထားခဲ႔လို႔မျဖစ္ပါဘူး။ႏႈတ္ခမ္းအေရျပားက မ်က္နွာအစိတ္အပိုင္းေတြအားလံုးထဲမွာ ထိခုိက္လြယ္ဆံုးျဖစ္တဲ႔အတြက္ ႏႈတ္ခမ္းေတြေျခာက္ေသြ႔ေနရင္မ်က္နွာက ျဖဴဖပ္ျဖဴေရာ္ ျဖစ္ေနသလုိသလုိ တစ္ခုခုပဲလိုေနသလုိလုိျဖစ္ေနတတ္ပါတယ္။ အဲ႔ဒါေၾကာင့္ ေဆာင္းရာသီတင္ မက ဆယ့္ႏွစ္ရာသီလံုးႏႈတ္ခမ္းေတြေျခာက္ေသြ႔ကြဲအက္ေနတဲ႔ပ်ိဳေမတို႔အတြက္ လွပရႊန္းစုိတဲ႔ႏႈတ္ခမ္းလႊာေလးရေစဖုိ႔ အၾကံေကာင္းေလးေတြေျပာျပေပးသြားပါမယ္။

၁)Matte ႏႈတ္ခမ္းနီေတြေရွာင္ပါ

အခုတေလာေခတ္စားေနတာေတြက အကုန္ Matte ေတြခ်ည္းပါပဲ။Matteက ဆုိးထားရင္လည္းၾကာၾကာခံျပီး လွပလို႔မိန္းကေလးေတာ္ေတာ္မ်ားမ်ားက ၾကိဳက္ၾကပါတယ္။ ဒါေပမဲ႔လည္း ႏႈတ္ခမ္းနီအေျခာက္ျဖစ္လို႔ တစ္ပတ္ေလာက္ဆုိးလိုက္တာနဲ႔ သိသိသာသာႏႈတ္ခမ္းေတြေျခာက္ေသြ႔လာပါလိမ့္မယ္။အဲ႔ဒါေၾကာင့္ မျဖစ္မေန Matte ဆုိးရမယ္၊ဆုိးခ်င္တယ္ဆိုရင္ ႏႈတ္ခမ္းအလွဆီအားျဖည့္ဆီခံျပီးဆုိးေပးပါ။Matte ထဲမွာလည္းႏႈတ္ခမ္း သားမေျခာက္ေသြ႔ေစဖို႔အဆီပါ၀င္တဲ႔ႏႈတ္ခမ္းနီေတြရွိပါတယ္။ အဲ႔လုိမ်ိဳးကုိေရြးခ်ယ္ဆုိုးပါ။

၂)ႏႈတ္ခမ္း Scrub လုပ္ပါ

မ်က္ႏွာကိုေပါင္းတင္ေခ်းခြ်တ္လို႔ရသလို ႏႈတ္ခမ္းကုိလည္းေျခာက္ေသြ႔တာေတြကာကြယ္ႏုိင္ဖို႔ Scrub လုပ္ေပးပါ။တစ္ပတ္ကုိတစ္ခါေလာက္ သၾကားနဲ႔အုန္းဆီေလးနည္းနည္းေရာျပီး ညဘက္အိပ္ရာ၀င္မ်က္ႏွာသန္႔စင္သြားတုိက္ျပီးတဲ႔အခါ လိမ္းျပီးအိပ္ပါ။သြားတုိက္တဲ႔အခါမွာလည္း သြားတိုက္တံေလးနဲ႔ႏႈတ္ခမ္းသားကုိျဖည္းျဖည္းခ်င္းစက္၀ိုင္းပံုစံပြတ္တိုက္ေပးပါ။ျပီးမွ အုန္းဆီနဲ႔သၾကားေလးနည္းနည္းလူးေပးပါ။၁၅မိနစ္ေလာက္ေနရင္ ျဖည္းျဖည္းခ်င္းဖ်က္ျပီး ႏႈတ္ခမ္းအဆီတစ္မိ်ဳးမိ်ဳးဆုိးေပးထားပါ။တစ္ပတ္ကုိတစ္ခါေလာက္ပံုမွန္လုပ္ေပးရင္ အျမဲတေစႏႈတ္ခမ္းေျခာက္မေနတာကိုသိသိသာသာျမင္ေတြ႔ရပါလိမ့္မယ္။

၃)ေရမ်ားမ်ားေသာက္ပါ

ႏႈတ္ခမ္းေျခာက္တာက ေရဓာတ္မျပည့္၀ရင္လည္းျဖစ္ေစပါတယ္။ခႏၶာကုိယ္က လိုအပ္တဲ႔ေရဓာတ္မရတဲ႔အခါ ႏႈတ္ခမ္းေျခာက္ေသြ႔တာေတြ၊အသားအရည္ေျခာက္ေသြ႔ တာေတြျဖစ္တတ္ပါတယ္။အဲ႔ဒါေၾကာင့္ေရမ်ားမ်ားေသာက္ေပးဖုိ႔လည္းလိုပါတယ္။

၄)ေပါင္းတင္ပါ

ႏႈတ္ခမ္းသားကုိေခ်းခြ်တ္ျပီးတဲ႔အခါ ျပန္ျပီးေပါင္းတင္အားျဖည့္ေပးဖို႔လည္းလိုပါတယ္။ႏႈတ္ခမ္း အလွဆီအျပင္ သဘာ၀အတုိင္းအားျဖည့္ေပးတဲ႔အရာေတြကုိလည္းသံုးေပးဖုိ႔လိုပါတယ္။ လြယ္လြယ္ကူကူသခြားသီးနဲ႔လည္းႏႈတ္ခမ္းသားကုိကာကြယ္အားျဖည့္ႏုိင္ပါတယ္။ သခြားသီးကမ်က္လံုး၊အသားအရည္အတြက္သာမက ႏႈတ္ခမ္းအတြက္လည္းေကာင္းပါတယ္။ သခြားသီးကုိအရည္ညွစ္ျပီးျဖစ္ေစ၊ႏႈတ္ခမ္းေပၚတင္ရံုေသးေသးပါးပါးေလးျဖစ္ေစလွီးျပီးေတာ့ ကပ္ထားေပးပါ။၁၀မိနစ္ေလာက္ၾကာရင္ေတာ့ခြာေပးလုိ႔ရပါျပီ။ေဆာင္းရာသီမွာျဖစ္တတ္တဲ ႔ႏႈတ္ခမ္းေျခာက္ေသြ႔တာအျပင္ အျမဲႏႈတ္ခမ္းေျခာက္ညိဳမည္းေနတဲ႔ပ်ိဳေမတို႔အတြက္လည္း အသံုး၀င္တဲ႔ေပါင္းတင္နည္းတစ္ခုပါ။

၅)ပူစပ္တဲ့အစားအစာေတြ၊အခ်ဥ္ဓာတ္မ်ားတဲ႔အစားအစာေတြကုိေရွာင္ပါ

အခ်ဥ္ဓာတ္မ်ားတဲ႔အစားအစာေတြ၊ပူစပ္တဲ႔အစားအစာေတြကသင့္ရဲ ႔နႈတ္ခမ္းေပၚက သဘာ၀အတုိင္းကာကြယ္ေပးတဲ႔အေရျပားအလႊာကုိထိခိုက္ေစပါတယ္။အဲ႔ဒါေၾကာင့္ ပန္းနုေရာင္ႏႈတ္ခမ္းသားေလးလိုခ်င္တယ္ဆိုရင္ ပူစပ္ခ်ဥ္စပ္အစားအစာေတြကုိ ေရွာင္ေပးဖို႔လိုအပ္ပါတယ္။

၆)ႏႈတ္ခမ္းကိုလ်ွာနဲ႔မသပ္ပါနဲ႔

ေတာ္ေတာ္မ်ားမ်ားက ႏႈတ္ခမ္းေတြေျခာက္လာျပီဆိုရင္လ်ွာနဲ႔သပ္လုိက္ေလ့ရွိပါတယ္။ဒါေပမဲ႔ အဲ႔လိုလ်ွာနဲ႔သပ္လုိက္တာဟာ ႏႈတ္ခမ္းကုိပုိေျခာက္ေသြ႔ေစပါတယ္။ အဲ႔ဒါေၾကာင့္ ႏႈတ္ခမ္းေျခာက္လာရင္ လ်ွာနဲ႔သပ္တတ္တဲ႔အက်င့္ကုုိေဖ်ာက္ပါ။အရမ္းေျခာက္ေနရင္ ေရေသာက္ျပီးႏႈတ္ခမ္းကုိေရနဲ႔နည္းနည္းထိေပးပါ။

ဒီအခ်က္ေတြကိုလိုက္နာမယ္ဆိုရင္ အျမဲတေစႏႈတ္ခမ္းေျခာက္ေသ႔ြကဲြအက္ေနတဲ႔ပ်ိဳေမတို႔အတြက္ လွပရႊန္းစုိတဲ႔ႏႈတ္ခမ္းေလးပုိင္ဆုိင္လာမွာအမွန္ပါပဲ…

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Trend


#Unicode Version#

ပြီးပြည့်စုံလှပတဲ့မျက်နှာလေးတစ်ခုဖြစ်ဖို့ဆိုတာ နှုတ်ခမ်းလေးတစ်စုံကိုလည်း ချန်ထားခဲ့လို့မဖြစ်ပါဘူး။နှုတ်ခမ်းအရေပြားက မျက်နှာအစိတ်အပိုင်းတွေအားလုံးထဲမှာ ထိခိုက်လွယ်ဆုံးဖြစ်တဲ့အတွက် နှုတ်ခမ်းတွေခြောက်သွေ့နေရင်မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်နေသလိုသလို တစ်ခုခုပဲလိုနေသလိုလိုဖြစ်နေတတ်ပါတယ်။ အဲ့ဒါကြောင့် ဆောင်းရာသီတင် မက ဆယ့်နှစ်ရာသီလုံးနှုတ်ခမ်းတွေခြောက်သွေ့ကွဲအက်နေတဲ့ပျိုမေတို့အတွက် လှပရွှန်းစိုတဲ့နှုတ်ခမ်းလွှာလေးရစေဖို့ အကြံကောင်းလေးတွေပြောပြပေးသွားပါမယ်။

၁)Matte နှုတ်ခမ်းနီတွေရှောင်ပါ

အခုတလောခေတ်စားနေတာတွေက အကုန် Matte တွေချည်းပါပဲ။Matteက ဆိုးထားရင်လည်းကြာကြာခံပြီး လှပလို့မိန်းကလေးတော်တော်များများက ကြိုက်ကြပါတယ်။ ဒါပေမဲ့လည်း နှုတ်ခမ်းနီအခြောက်ဖြစ်လို့ တစ်ပတ်လောက်ဆိုးလိုက်တာနဲ့ သိသိသာသာနှုတ်ခမ်းတွေခြောက်သွေ့လာပါလိမ့်မယ်။အဲ့ဒါကြောင့် မဖြစ်မနေ Matte ဆိုးရမယ်၊ဆိုးချင်တယ်ဆိုရင် နှုတ်ခမ်းအလှဆီအားဖြည့်ဆီခံပြီးဆိုးပေးပါ။Matte ထဲမှာလည်းနှုတ်ခမ်း သားမခြောက်သွေ့စေဖို့အဆီပါဝင်တဲ့နှုတ်ခမ်းနီတွေရှိပါတယ်။ အဲ့လိုမျိုးကိုရွေးချယ်ဆိုးပါ။

၂)နှုတ်ခမ်း Scrub လုပ်ပါ

မျက်နှာကိုပေါင်းတင်ချေးချွတ်လို့ရသလို နှုတ်ခမ်းကိုလည်းခြောက်သွေ့တာတွေကာကွယ်နိုင်ဖို့ Scrub လုပ်ပေးပါ။တစ်ပတ်ကိုတစ်ခါလောက် သကြားနဲ့အုန်းဆီလေးနည်းနည်းရောပြီး ညဘက်အိပ်ရာဝင်မျက်နှာသန့်စင်သွားတိုက်ပြီးတဲ့အခါ လိမ်းပြီးအိပ်ပါ။သွားတိုက်တဲ့အခါမှာလည်း သွားတိုက်တံလေးနဲ့နှုတ်ခမ်းသားကိုဖြည်းဖြည်းချင်းစက်ဝိုင်းပုံစံပွတ်တိုက်ပေးပါ။ပြီးမှ အုန်းဆီနဲ့သကြားလေးနည်းနည်းလူးပေးပါ။၁၅မိနစ်လောက်နေရင် ဖြည်းဖြည်းချင်းဖျက်ပြီး နှုတ်ခမ်းအဆီတစ်မျိုးမျိုးဆိုးပေးထားပါ။တစ်ပတ်ကိုတစ်ခါလောက်ပုံမှန်လုပ်ပေးရင် အမြဲတစေနှုတ်ခမ်းခြောက်မနေတာကိုသိသိသာသာမြင်တွေ့ရပါလိမ့်မယ်။

၃)ရေများများသောက်ပါ

နှုတ်ခမ်းခြောက်တာက ရေဓာတ်မပြည့်ဝရင်လည်းဖြစ်စေပါတယ်။ခန္ဓာကိုယ်က လိုအပ်တဲ့ရေဓာတ်မရတဲ့အခါ နှုတ်ခမ်းခြောက်သွေ့တာတွေ၊အသားအရည်ခြောက်သွေ့ တာတွေဖြစ်တတ်ပါတယ်။အဲ့ဒါကြောင့်ရေများများသောက်ပေးဖို့လည်းလိုပါတယ်။

၄)ပေါင်းတင်ပါ

နှုတ်ခမ်းသားကိုချေးချွတ်ပြီးတဲ့အခါ ပြန်ပြီးပေါင်းတင်အားဖြည့်ပေးဖို့လည်းလိုပါတယ်။နှုတ်ခမ်း အလှဆီအပြင် သဘာဝအတိုင်းအားဖြည့်ပေးတဲ့အရာတွေကိုလည်းသုံးပေးဖို့လိုပါတယ်။ လွယ်လွယ်ကူကူသခွားသီးနဲ့လည်းနှုတ်ခမ်းသားကိုကာကွယ်အားဖြည့်နိုင်ပါတယ်။ သခွားသီးကမျက်လုံး၊အသားအရည်အတွက်သာမက နှုတ်ခမ်းအတွက်လည်းကောင်းပါတယ်။ သခွားသီးကိုအရည်ညှစ်ပြီးဖြစ်စေ၊နှုတ်ခမ်းပေါ်တင်ရုံသေးသေးပါးပါးလေးဖြစ်စေလှီးပြီးတော့ ကပ်ထားပေးပါ။၁၀မိနစ်လောက်ကြာရင်တော့ခွာပေးလို့ရပါပြီ။ဆောင်းရာသီမှာဖြစ်တတ်တဲ့နှုတ်ခမ်းခြောက်သွေ့တာအပြင် အမြဲနှုတ်ခမ်းခြောက်ညိုမည်းနေတဲ့ပျိုမေတို့အတွက်လည်း အသုံးဝင်တဲ့ပေါင်းတင်နည်းတစ်ခုပါ။

၅)ပူစပ်တဲ့အစားအစာတွေ၊အချဉ်ဓာတ်များတဲ့အစားအစာတွေကိုရှောင်ပါ

အချဉ်ဓာတ်များတဲ့အစားအစာတွေ၊ပူစပ်တဲ့အစားအစာတွေကသင့်ရဲ့နှုတ်ခမ်းပေါ်က သဘာဝအတိုင်းကာကွယ်ပေးတဲ့အရေပြားအလွှာကိုထိခိုက်စေပါတယ်။အဲ့ဒါကြောင့် ပန်းနုရောင်နှုတ်ခမ်းသားလေးလိုချင်တယ်ဆိုရင် ပူစပ်ချဉ်စပ်အစားအစာတွေကို ရှောင်ပေးဖို့လိုအပ်ပါတယ်။

၆)နှုတ်ခမ်းကိုလျှာနဲ့မသပ်ပါနဲ့

တော်တော်များများက နှုတ်ခမ်းတွေခြောက်လာပြီဆိုရင်လျှာနဲ့သပ်လိုက်လေ့ရှိပါတယ်။ဒါပေမဲ့ အဲ့လိုလျှာနဲ့သပ်လိုက်တာဟာ နှုတ်ခမ်းကိုပိုခြောက်သွေ့စေပါတယ်။ အဲ့ဒါကြောင့် နှုတ်ခမ်းခြောက်လာရင် လျှာနဲ့သပ်တတ်တဲ့အကျင့်ကိုဖျောက်ပါ။အရမ်းခြောက်နေရင် ရေသောက်ပြီးနှုတ်ခမ်းကိုရေနဲ့နည်းနည်းထိပေးပါ။

ဒီအချက်တွေကိုလိုက်နာမယ်ဆိုရင် အမြဲတစေနှုတ်ခမ်းခြောက်သေ့ွကွဲအက်နေတဲ့ပျိုမေတို့အတွက် လှပရွှန်းစိုတဲ့နှုတ်ခမ်းလေးပိုင်ဆိုင်လာမှာအမှန်ပါပဲ…
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top