ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×



ျမန္မာႏိုင္ငံတြင္ ၂၀၁၆ ခုႏွစ္ က်န္းမာေရး စစ္တမ္းေကာက္ယူမႈစာရင္းအရ အၾကမ္းဖက္ခံရသူ အမ်ိဳးသမီးမ်ားႏွင့္ ကေလးငယ္မ်ားမွာ လူခုနစ္ဦးလွ်င္တစ္ဦးႏႈန္းျဖင့္ ၁၅ ရာခိုင္ႏႈန္းရွိသည္ကို ေတြ႕ရၿပီး အမ်ိဳးသမီးဦးေရတစ္သိန္းတြင္ ၂၈၂ ဦး အသက္ဆုံးရႈံးေနေၾကာင္း လူမႈဝန္ထမ္း ၊ ကယ္ဆယ္ေရးႏွင့္ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာနမွ သိရသည္။

ကမာၻလုံးဆိုင္ရာစာရင္းမ်ားအရ ႐ုပ္ပိုင္းဆိုင္ရာ၊ လိင္ပိုင္းဆိုင္ရာႏွင့္ အိမ္တြင္းအၾကမ္းဖက္ခံရေသာ အမ်ိဳးသမီးႏွင့္ ကေလးငယ္မ်ားသည္ လူသုံးဦးလွ်င္တစ္ဦးႏႈန္းျဖစ္ပြားလ်က္ရွိသျဖင့္ ၃၅ ရာခိုင္ႏႈန္းရွိေနသည္။

ယခုအခါ အမ်ိဳးသမီးမ်ားဖြံ႕ၿဖိဳးတိုးတက္ေရးဆိုင္ရာ လုပ္ငန္းယႏၲရားျဖစ္သည့္ ျမန္မာႏိုင္ငံလုံးဆိုင္ရာ အမ်ိဳးသမီး ေကာ္မတီကို လက္ရွိ ႏိုင္ငံေတာ္ အစိုးရ၏ မူဝါဒမ်ားႏွင့္အညီ ဆက္စပ္ဝန္ႀကီးဌာနမ်ားအျပင္ အမ်ိဳးသမီးအေရးကို တက္ႂကြစြာ ေဆာင္႐ြက္ေနေသာ အရပ္ဘက္ လူမႈေရးအဖြဲ႕ အစည္း ခုနစ္ဖြဲ႕ျဖင့္ အသစ္ျပန္လည္ ဖြဲ႕စည္းခဲ့ေၾကာင္း လူမႈဝန္ထမ္း ၊ ကယ္ဆယ္ေရးႏွင့္ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးစိုးေအာင္က ဆိုသည္။

ႏိုဝင္ဘာ ၂၆ ရက္က ေနျပည္ေတာ္ရွိ Hotel Max တြင္ျပဳလုပ္သည့္ အမ်ိဳးသမီးမ်ားအေပၚ အၾကမ္းဖက္မႈပေပ်ာက္ေရး ၁၆ရက္တာ လႈပ္ရွားမႈ အခမ္းအနားတြင္ ၎က ေျပာၾကားခဲ့ျခင္းျဖစ္သည္။

လူမႈဝန္ထမ္းဦးစီးဌာနအေနျဖင့္ အမ်ိဳးသမီးမ်ားအား နည္းမ်ိဳးစုံျဖင့္ ခြဲျခားဆက္ဆံမႈ ပေပ်ာက္ ေရး ကုလသမဂၢကြန္ဗန္းရွင္း (CEDAW) အႀကံျပဳသုံးသပ္ခ်က္အရ အၾကမ္းဖက္ခံရေသာ အမ်ိဳးသမီး မ်ားႏွင့္ အမ်ိဳးသမီး ငယ္႐ြယ္သူမ်ားအတြက္ နားခိုရာ ေနရာမ်ားႏွင့္ ဝန္ေဆာင္မႈမ်ားအား ပံ့ပိုးေဆာင္႐ြက္ ေပး ႏိုင္ရန္ အတြက္ One Stop Women Support Center(OSWSC)ကို ရန္ကုန္ၿမိဳ႕၊ မႏၲေလးၿမိဳ႕၊ ေမာ္လၿမိဳင္ၿမိဳ႕ႏွင့္ လားရႈိးၿမိဳ႕တို႔တြင္ ဖြင့္လွစ္ထားရွိေၾကာင္း ၎က ေျပာသည္။

 ႐ုပ္ျမင္သံၾကားအစီအစဥ္မ်ား၊ ေရဒီယိုမ်ား၊ သတင္းစာမ်ားတြင္ က်ယ္က်ယ္ျပန္႔ျပန္႔ အသိပညာေပး အစီအစဥ္မ်ား ေဆာင္႐ြက္ေနေသာ္လည္း ထိထိေရာက္ေရာက္ ေဆာင္႐ြက္သြားရန္လိုအပ္ေနေသးေၾကာင္း ၎က ဆိုသည္။

ထို႔ျပင္ အေရးေပၚ အေျခအေနမ်ားျဖစ္သည့္ လက္နက္ကိုင္ပဋိပကၡမ်ားႏွင့္ သဘာဝေဘး အႏၲရာယ္မ်ား ျဖစ္ပြားခ်ိန္တြင္ အၾကမ္းဖက္ခံရမႈမ်ားေၾကာင့္ အမ်ားဆုံးထိခိုက္ ခံစားရသူမ်ားမွာ မိခင္ ႏွင့္ ကေလးမ်ား အမ်ားဆုံးျဖစ္ၾကသကဲ့သို႔ မ်ိဳးဆက္ပြားက်န္းမာေရး ျပႆနာမ်ား ေၾကာင့္လည္း အမ်ိဳးသမီးမ်ားမွာ အမ်ားဆုံးထိခိုက္ခံစားရသည္ကို ေတြ႕ရွိရေၾကာင္း၊ ျမန္မာႏိုင္ငံ အေနျဖင့္ အာဆီယံ ေဒသတြင္း အမ်ိဳးသမီးမ်ားအား အၾကမ္းဖက္မႈ ပေပ်ာက္ေရးဆိုင္ရာ စီမံခ်က္ ေရးဆြဲျခင္းႏွင့္ အာဆီယံ ေဒသတြင္း ႏိုင္ငံမ်ားအၾကား လုပ္ငန္းမ်ားပူးေပါင္း အေကာင္အထည္ ေဖာ္ ေဆာင္႐ြက္လ်က္ရွိေၾကာင္းလည္း ဒုဝန္ႀကီးဦးစိုးေအာင္က ေျပာသည္။

အမ်ိဳးသမီးမ်ားအေပၚ အၾကမ္းဖက္မႈ ပေပ်ာက္ေရး ၁၆ ရက္တာ လႈပ္ရွားမႈအတြက္ ယခုႏွစ္ေဆာင္ပုဒ္မွာ “ Orange the World” # Hear Me Too “အၾကမ္းဖက္မႈပေပ်ာက္ေရး အမ်ိဳးသမီးမ်ားအသံ နားေထာင္ေပး” ျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Myanmar Time


#Unicode Version#

မြန်မာနိုင်ငံတွင် ၂၀၁၆ ခုနှစ် ကျန်းမာရေး စစ်တမ်းကောက်ယူမှုစာရင်းအရ အကြမ်းဖက်ခံရသူ အမျိုးသမီးများနှင့် ကလေးငယ်များမှာ လူခုနစ်ဦးလျှင်တစ်ဦးနှုန်းဖြင့် ၁၅ ရာခိုင်နှုန်းရှိသည်ကို တွေ့ရပြီး အမျိုးသမီးဦးရေတစ်သိန်းတွင် ၂၈၂ ဦး အသက်ဆုံးရှုံးနေကြောင်း လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ သိရသည်။ 

ကမ္ဘာလုံးဆိုင်ရာစာရင်းများအရ ရုပ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာနှင့် အိမ်တွင်းအကြမ်းဖက်ခံရသော အမျိုးသမီးနှင့် ကလေးငယ်များသည် လူသုံးဦးလျှင်တစ်ဦးနှုန်းဖြစ်ပွားလျက်ရှိသဖြင့် ၃၅ ရာခိုင်နှုန်းရှိနေသည်။ 

ယခုအခါ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းယန္တရားဖြစ်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီကို လက်ရှိ နိုင်ငံတော် အစိုးရ၏ မူဝါဒများနှင့်အညီ ဆက်စပ်ဝန်ကြီးဌာနများအပြင် အမျိုးသမီးအရေးကို တက်ကြွစွာ ဆောင်ရွက်နေသော အရပ်ဘက် လူမှုရေးအဖွဲ့ အစည်း ခုနစ်ဖွဲ့ဖြင့် အသစ်ပြန်လည် ဖွဲ့စည်းခဲ့ကြောင်း လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က ဆိုသည်။

နိုဝင်ဘာ ၂၆ ရက်က နေပြည်တော်ရှိ Hotel Max တွင်ပြုလုပ်သည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ရက်တာ လှုပ်ရှားမှု အခမ်းအနားတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက် ရေး ကုလသမဂ္ဂကွန်ဗန်းရှင်း (CEDAW) အကြံပြုသုံးသပ်ချက်အရ အကြမ်းဖက်ခံရသော အမျိုးသမီး များနှင့် အမျိုးသမီး ငယ်ရွယ်သူများအတွက် နားခိုရာ နေရာများနှင့် ဝန်ဆောင်မှုများအား ပံ့ပိုးဆောင်ရွက် ပေး နိုင်ရန် အတွက် One Stop Women Support Center(OSWSC)ကို ရန်ကုန်မြို့၊ မန္တလေးမြို့၊ မော်လမြိုင်မြို့နှင့် လားရှိုးမြို့တို့တွင် ဖွင့်လှစ်ထားရှိကြောင်း ၎င်းက ပြောသည်။ 

 ရုပ်မြင်သံကြားအစီအစဉ်များ၊ ရေဒီယိုများ၊ သတင်းစာများတွင် ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေး အစီအစဉ်များ ဆောင်ရွက်နေသော်လည်း ထိထိရောက်ရောက် ဆောင်ရွက်သွားရန်လိုအပ်နေသေးကြောင်း ၎င်းက ဆိုသည်။ 

ထို့ပြင် အရေးပေါ် အခြေအနေများဖြစ်သည့် လက်နက်ကိုင်ပဋိပက္ခများနှင့် သဘာဝဘေး အန္တရာယ်များ ဖြစ်ပွားချိန်တွင် အကြမ်းဖက်ခံရမှုများကြောင့် အများဆုံးထိခိုက် ခံစားရသူများမှာ မိခင် နှင့် ကလေးများ အများဆုံးဖြစ်ကြသကဲ့သို့ မျိုးဆက်ပွားကျန်းမာရေး ပြဿနာများ ကြောင့်လည်း အမျိုးသမီးများမှာ အများဆုံးထိခိုက်ခံစားရသည်ကို တွေ့ရှိရကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် အာဆီယံ ဒေသတွင်း အမျိုးသမီးများအား အကြမ်းဖက်မှု ပပျောက်ရေးဆိုင်ရာ စီမံချက် ရေးဆွဲခြင်းနှင့် အာဆီယံ ဒေသတွင်း နိုင်ငံများအကြား လုပ်ငန်းများပူးပေါင်း အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိကြောင်းလည်း ဒုဝန်ကြီးဦးစိုးအောင်က ပြောသည်။ 

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုအတွက် ယခုနှစ်ဆောင်ပုဒ်မှာ “ Orange the World” # Hear Me Too “အကြမ်းဖက်မှုပပျောက်ရေး အမျိုးသမီးများအသံ နားထောင်ပေး” ဖြစ်သည်။

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top