ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×














ဖိုးသူတော် (www.phothutaw.com)
Credit: Trend


#Unicode Version#

မိန်းကလေးတစ်ယောက်အတွက် မိန်းမအင်္ဂါသန့်ရှင်းကျန်းမာဖို့ကလည်းသိပ်ကိုအရေးပါတဲ့ အရာတစ်ခုပါ။ မိန်းမအင်္ဂါ သန့်ရှင်းကျန်းမာ ဖို့ ဆိုတာ တစ်နှစ်တစ်ခါ တစ်လတစ်ခါမှ ဂရုစိုက်ပေးရမဲ့အရာတော့မဟုတ်ပါဘူး။ ပုံမှန်လေးနေ့စဉ်ကောင်းမွန်တဲ့ အလေ့အထလေးတွေကို လုပ်ပေးရင်းနဲ့ပဲ ကျန်းမာသန့်ရှင်းအောင်ထားလို့ရပါတယ်။ ကဲ …ဆိုတော့ ဘယ်လိုပုံမှန်အလေ့အထလေးတွေကမိန်းကလေးတွေရဲ့မိန်းမကိုယ် ကိုသန့်ရှင်းကျန်းမာစေလဲ…

(၁) တင်းကျပ်လွန်းသော အတွင်းခံများကိုရှောင်ပါ

တင်းကျပ်လွန်းအတွင်းခံတွေကမိန်းကလေးတစ်ယောက်ရဲ့အင်္ဂါအတွက် အနံ့ဆိုးတွေ ပိုးမွှားဆိုးတွေကို ဖြစ်ပေါ်စေနိုင်လို့ရှောင်ရှားသင့်ပါတယ်။

(၂) ကိုယ်တိုက်ဆပ်ပြာရည်၊ဆပ်ပြာခဲများနဲ့အတွင်းထိပွက်တိုက်ဆေးကြောခြင်းကိုရှောင်ပါ

PH care လို ဆပ်ပြာမျိုးမဟုတ်ပဲ ရိုးရိုးကိုယ်တိုက်ဆပ်ပြာတွေနဲ့ မိန်းမကိုယ်အတွင်းပိုင်းထိ ပွက်တိုက်ဆေးကြောခြင်းကသန့်ရှင်းရာမရောက်ပဲ ကင်ဆာရောဂါနဲ့တစ်ခြားသောမိန်းမကိုယ်ရောဂါတွေကိုဖြစ်ပွားစေနိုင်ပါတယ်။

(၃) အတွင်းခံအသားရွေးတဲ့အခါ ချည်သားမျိုးရွေးဝတ်ပါ

အတွင်းခံရွေးဝယ်တဲ့အခါ ချည်သားမျိုးကိုရွေးချယ်ပါ။ အေးလည်းအေးပေါ့လည်းပေါ့ပါးတဲ့ အတွင်းခံအသားမျိုးကသင့်ရဲ့ မိန်းမကိုယ်ကို လေဝင်လေထွက်ကောင်းစေပြီးကျန်းမာစေပါတယ်။

(၄) ညဘက်အိပ်စက်လျှင် အတွင်းခံချွတ်အိပ်ပါ

ညဘက်အိပ်စက်တဲ့အခါမှာ အတွင်းခံဝတ်အိပ်ခြင်းက လုံးဝမှားယွင်းတဲ့နည်းလမ်းပါပဲ။ ညဘက်အိပ်ရင်တော့ အတွင်းခံချွတ်ပြီးလွတ်လွတ်လပ်လပ်အိပ်ဖြစ်ဖို့အကြံပြုပါရစေ။

(၅) (အိမ်ထောင်ရှင်အမျိုးသမီး) ဖြစ်ပါက လိင်ဆက်ဆံပြီးတိုင်းဆီးသွားတဲ့အကျင့်ကိုလုပ်ပါ

အိမ်ထောင်ရှင်အမျိုးသမီး တစ်ယောက်ဖြစ်မယ်ဆိုရင်တော့ လိင်ဆက်ဆံပြီးတိုင်းမှာ ဆီးသွားတတ်တဲ့အကျင့်လေးကိုလုပ်ပါ။ နည်းနည်းပဲသွားသွားများများပဲသွားသွားရပါတယ်။ ဆိုလိုချင်တာကလိင်ဆက်ဆံပြီးချိန်တိုင်းဆီသွားလိုက်တာဟာသင့်ရဲ့မိန်းမကိုယ်အတွင်းပိုးမွှားနဲ့ရောဂါဝင်ရောက်နိုင်မှုနည်းပါးပြီး ကျန်းမာရေးသုခကိုပိုမိုပြည့်စုံကာ လိင်ဆက်ဆံမှု ကိုပိုလို့အားကောင်းစေပါတယ်။ လိင်ဆက်ဆံခြင်းကြောင့်သွေးကနေတစ်ဆင့်ကူးစက်တတ်တဲ့ တစ်ချို့သောရောဂါတွေကနေလည်းကင်းဝေးစေနိုင်ပါတယ်။

(၆) ရာသီလာချိန်ကာလမှာ Pad များကို ၄နာရီတစ်ခါလဲလှယ်ပေးပါ

ဓမ္မတာလာချိန်မှာ အသုံးပြုတဲ့ Pad တွေကို လေးငါး နာရီကြာ တစ်ခါလဲပေးပါ။ ကြာကြာထားပြီးမလဲရင် ထွက်လာတဲ့သွေးကနေပိုးမွှားတွေပေါက်ဖွားလာနိုင်ပြီးသင့်ရဲ့မိန်းမကိုယ်ကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top