ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×
စာရေးဆရာမဂျူးအမည်ကို သုံးစွဲ၍ လူမှုကွန်ရက်ပေါ်တွင် အ ကောင့်တုများ၊ ပေ့ခ်ျများပြုလုပ်ကာ ရေးသားနေသူများကို ဥပဒေအရအရေး ယူဆောင်ရွက်မည်ဟု ဆရာမဂျူးက 7Day Daily သတင်းစာအားပြောသည်။
ယင်းကဲ့သို့ ပေ့ခ်ျအတုအသုံး ပြုသူများကို ဆက်သွယ်ရေးဥပဒေ ပုဒ်မအရ အရေးယူနိုင်ရန်ဆောင် ရွက်မည်ဟု ၎င်းကပြောသည်။
ယခုရက်ပိုင်းအတွင်း ပြည် တွင်းဖေ့စ်ဘွတ်ခ်စာမျက်နှာများ တွင် ဆရာမဂျူး၏နာမည်ဖြင့် ပေ့ခ်ျတစ်ခုမှ ‘လက်မထပ်သင့် သောမိန်းကလေးများ- သမီးကြီး၊ သမီးလတ်၊သမီးငယ်’ ဟုရေး သားသောစာသားအချို့ လူမှုကွန် ရက်တွင် ဖြန့်ဝေမှုများပြားခဲ့ သည်။
ဆရာမဂျူးသည် ၎င်း၏ဖေ့စ် ဘွတ်ခ်အကောင့် Tin Tin Win မှလွဲ၍ အခြားအကောင့်နှင့်ပေ့ခ်ျ များသုံးစွဲခြင်းမရှိဟု ယမန်နေ့က ကြေညာခဲ့သည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7Day
#Unicode Version#
စာရေးဆရာမဂျူးအမည်ကို သုံးစွဲ၍ လူမှုကွန်ရက်ပေါ်တွင် အ ကောင့်တုများ၊ ပေ့ချ်များပြုလုပ်ကာ ရေးသားနေသူများကို ဥပဒေအရအရေး ယူဆောင်ရွက်မည်ဟု ဆရာမဂျူးက 7Day Daily သတင်းစာအားပြောသည်။
လူမှုကွန်ရက်ပေါ်တွင် ဂျူး၊ Juu၊ ဂျူး၏အမှတ်တရစာစုလေးများ စသည့် နာမည်များဖြင့် စာများရေးသားဖော်ပြ နေသောပေ့ချ် ၁၀ ခုကျော်ရှိသည်။ ထိုအထဲတွင် အနည်းငယ်သည် စာရေး ဆရာမဂျူး ရေးသားသောစာအုပ်များ ထဲမှ ကောင်းနိုးရာရာများကို ထုတ်နုတ် ဖော်ပြသော်လည်း အများစုသည် ဆရာမဂျူး မရေးသားသည့်စာများကို ရေးသားဖော်ပြနေသည်။
‘‘သိနေတာကြာပြီ။ ပထမ တော့ဘာမှမဟုတ်ပါဘူးဆိုပြီး ဒီ အတိုင်းနေလိုက်တာပေါ့။နောက် ကျတော့ ပေါက်ကရတွေတင် တော့ တအားသည်းမခံနိုင်ဖြစ် လာတယ်။ ဟိုတစ်လောကဆို ‘လူမှန်ရင်ချစ်သူရှိရမယ်’ဆိုတဲ့စာ မျိုးတွေ။ ဘာတွေမှန်းကိုမသိဘူး။ တကယ့်ပေါက်ကရတွေ’’ ဟု ဆရာမဂျူးက ပြောသည်။
ယင်းကဲ့သို့ ပေ့ချ်အတုအသုံး ပြုသူများကို ဆက်သွယ်ရေးဥပဒေ ပုဒ်မအရ အရေးယူနိုင်ရန်ဆောင် ရွက်မည်ဟု ၎င်းကပြောသည်။
ယခုရက်ပိုင်းအတွင်း ပြည် တွင်းဖေ့စ်ဘွတ်ခ်စာမျက်နှာများ တွင် ဆရာမဂျူး၏နာမည်ဖြင့် ပေ့ချ်တစ်ခုမှ ‘လက်မထပ်သင့် သောမိန်းကလေးများ- သမီးကြီး၊ သမီးလတ်၊သမီးငယ်’ ဟုရေး သားသောစာသားအချို့ လူမှုကွန် ရက်တွင် ဖြန့်ဝေမှုများပြားခဲ့ သည်။
‘‘ဒါဆရာမရေးတာမဟုတ် ဘူး။ ပေ့ချ်အတုတွေ။ အလကား လျှောက်ရေးနေတယ်ဆိုတာ သိ တဲ့လူများပါတယ်။ ဒါပေမဲ့ ဆရာမနာမည်နဲ့ အဲဒီပေါက်ကရ တွေကိုပဲ Share လုပ်နေကြတော့ ပြောရတာခက်တယ်’’ ဟု စာရေး ဆရာမဂျူး၏ ပရိသတ်မနှင်းေ၀ ရည်လွင်က ပြောသည်။
ဆရာမဂျူးသည် ၎င်း၏ဖေ့စ် ဘွတ်ခ်အကောင့် Tin Tin Win မှလွဲ၍ အခြားအကောင့်နှင့်ပေ့ချ် များသုံးစွဲခြင်းမရှိဟု ယမန်နေ့က ကြေညာခဲ့သည်။
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top