ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ခ်စ္သူေလးက ကိုယ့္ဖို႔ ဆိုၿပီး တစ္ခုခုကို အမွတ္တရ ယူလာေပးတယ္ဆိုရင္ေတာ့ တစ္ဘဝလံုးစာ ေရြးခ်ယ္လိုက္ဖို႔ အေကာင္းဆံုးလူဆိုတာကို လက္ခံလိုက္ပါ။

Marry ရဲ႕ စာဖတ္သူတို႔ေရ ခ်စ္သူေတြ ရေနၾကၿပီလားဟင္။ ကိုယ္ခ်စ္ရတဲ့ ခ်စ္သူေလးက ယံုၾကည္ စိတ္ခ်ရတဲ့သူ ဟုတ္ မဟုတ္ Marry ေျပာျပေပးထားတဲ့ အခ်က္ေလးေတြနဲ႔ ကိုက္ၾကည့္ၿပီး ဒီအခ်က္ေလးေတြနဲ႔ ျပည့္ေနတဲ့ ခ်စ္သူမ်ိဳးသာဆိုရင္ အျမန္ဆံုး ေစ့စပ္ထားလိုက္ၿပီး ကိုယ့္နံပါတ္ေလး ကပ္လိုက္ပါေနာ္။ တန္ဖိုး ျဖတ္မရတဲ့ ခ်စ္ရသူေလးကို သူမ်ားေတြ လုယူ မသြားႏိုင္ေအာင္ ခ်စ္သူေလးနဲ႔ ေစ့စပ္လိုက္ပါ။

ဟင္းခ်က္ေကၽြးတတ္တဲ့ခ်စ္သူ
အေမလို အေဖလို ဂရုတစိုက္ရွိတဲ့ခ်စ္သူမ်ိဳးပဲ ျဖစ္ပါတယ္။ အခုေခတ္က မိန္းမေတြပဲ ဟင္းခ်က္ရတာမ်ိဳး မဟုတ္ေတာ့ပါဘူး။ အဆင္ေျပတဲ့သူက အဆင္ေျပသလို ဟင္းခ်က္ရတဲ့အေျခအေနပါ။ ကိုယ္ခ်စ္တဲ့သူ ႀကိဳက္တတ္တာေလးေတြကို ခ်က္ေကြ်းတတ္တဲ့ခ်စ္သူေလးကို ပိုင္ဆိုင္ေနရၿပီ ဆိုရင္ေတာ့ အျမန္ဆံုး ေစ့စပ္ဖုိ႔ ျပင္ပါေတာ့။ အစားအစာဆိုတာကေတာ့ ေန႔စဥ္တိုင္း လိုအပ္တဲ့အရာျဖစ္တဲ့အတြက္ အစားအစာ အတြက္ စိတ္ခ်ရတဲ့ခ်စ္သူမ်ိဳးကို ပိုင္ထားရတယ္ဆိုရင္ ကံအေကာင္းဆံုး ခ်စ္သူရထားတယ္ ဆိုတာကုိ ယံုၾကည္လိုက္ပါေနာ္။

သတိတရ ရွိေနတတ္တဲ့ခ်စ္သူ
တစ္ေနရာရာ ေရာက္တဲ့အခ်ိန္ ႀကိဳက္တတ္တယ္ ေျပာဖူးတာေလးေတြကို သတိတရ သယ္လာေပးတတ္တဲ့ခ်စ္သူမ်ိဳးကို ဆိုလိုပါတယ္။ တန္ဖိုး ႀကီးတယ္ ေသးတယ္ မဆိုဘဲ ဘယ္ေနရာေရာက္ေရာက္ သတိရတတ္တဲ့ စိတ္ကေလးက တန္ဖိုး ဘယ္ေလာက္ထားရသလဲကို ေဖာ္ျပေနလို႔ပဲ ျဖစ္ပါတယ္။ ခ်စ္သူေလးက ကိုယ့္ဖို႔ ဆိုၿပီး တစ္ခုခုကို အမွတ္တရ ယူလာေပးတယ္ဆိုရင္ေတာ့ တစ္ဘဝလံုးစာ ေရြးခ်ယ္လိုက္ဖို႔ အေကာင္းဆံုးလူဆိုတာကို လက္ခံလိုက္ပါ။

ေျပာဖူးတာတိုင္းကို မွတ္မိေနတဲ့ခ်စ္သူ
တစ္ဦးနဲ႔ တစ္ဦးၾကားက ခ်စ္ျခင္းေတြကို ပိုမို ခိုင္မာေစတာကေတာ့ စကားလံုးေလးေတြပဲ ျဖစ္ပါတယ္။ စကားလံုးေလးေတြက ခ်ည္ေႏွာင္ထားတဲ့ သံေယာဇဥ္ဆိုတာကေတာ့ ႏိႈင္းလို႔ မရတဲ့အရာပဲ ျဖစ္ပါတယ္။ အခ်င္းခ်င္းၾကားမွာ ေျပာဖူးတဲ့စကားေလးေတြတိုင္းကို မွတ္မိေပးတဲ့ခ်စ္သူ ဆိုရင္ေတာ့ တန္ဖိုး ျဖတ္လို႔ မရႏုိင္ပါဘူး။ ေျပာသမွ်ကို မွတ္မိဖို႔ဆိုတာကေတာ့ စိတ္ပါဝင္စားမႈ ရွိမွ ျဖစ္မွာမို႔ ေျပာဖူးသမွ်ကို မွတ္မိေပးေနတဲ့ခ်စ္သူေလးသာ ရၿပီဆိုရင္ေတာ့ ယံုယံုၾကည္ၾကည္နဲ႔ အိမ္ေထာင္ဖက္ အျဖစ္ ေရြးခ်ယ္လိုက္ပါ။

Marry ေျပာျပေပးထားတဲ့အခ်က္ေလးေတြကို ဖတ္ၾကည့္ေပးၿပီး ကိုယ့္ခ်စ္သူမွာ ဒီအခ်က္ေတြ ထဲက တစ္ခ်က္ခ်က္နဲ႔ ျပည့္စံုတယ္ဆိုရင္ေတာ့ တစ္ဘဝလံုးစာ ေရြးခ်ယ္လိုက္ပါေတာ့။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Marry

#Unicode Version#

ချစ်သူလေးက ကိုယ့်ဖို့ ဆိုပြီး တစ်ခုခုကို အမှတ်တရ ယူလာပေးတယ်ဆိုရင်တော့ တစ်ဘဝလုံးစာ ရွေးချယ်လိုက်ဖို့ အကောင်းဆုံးလူဆိုတာကို လက်ခံလိုက်ပါ။

Marry ရဲ့ စာဖတ်သူတို့ရေ ချစ်သူတွေ ရနေကြပြီလားဟင်။ ကိုယ်ချစ်ရတဲ့ ချစ်သူလေးက ယုံကြည် စိတ်ချရတဲ့သူ ဟုတ် မဟုတ် Marry ပြောပြပေးထားတဲ့ အချက်လေးတွေနဲ့ ကိုက်ကြည့်ပြီး ဒီအချက်လေးတွေနဲ့ ပြည့်နေတဲ့ ချစ်သူမျိုးသာဆိုရင် အမြန်ဆုံး စေ့စပ်ထားလိုက်ပြီး ကိုယ့်နံပါတ်လေး ကပ်လိုက်ပါနော်။ တန်ဖိုး ဖြတ်မရတဲ့ ချစ်ရသူလေးကို သူများတွေ လုယူ မသွားနိုင်အောင် ချစ်သူလေးနဲ့ စေ့စပ်လိုက်ပါ။

ဟင်းချက်ကျွေးတတ်တဲ့ချစ်သူ
အမေလို အဖေလို ဂရုတစိုက်ရှိတဲ့ချစ်သူမျိုးပဲ ဖြစ်ပါတယ်။ အခုခေတ်က မိန်းမတွေပဲ ဟင်းချက်ရတာမျိုး မဟုတ်တော့ပါဘူး။ အဆင်ပြေတဲ့သူက အဆင်ပြေသလို ဟင်းချက်ရတဲ့အခြေအနေပါ။ ကိုယ်ချစ်တဲ့သူ ကြိုက်တတ်တာလေးတွေကို ချက်ကျွေးတတ်တဲ့ချစ်သူလေးကို ပိုင်ဆိုင်နေရပြီ ဆိုရင်တော့ အမြန်ဆုံး စေ့စပ်ဖို့ ပြင်ပါတော့။ အစားအစာဆိုတာကတော့ နေ့စဉ်တိုင်း လိုအပ်တဲ့အရာဖြစ်တဲ့အတွက် အစားအစာ အတွက် စိတ်ချရတဲ့ချစ်သူမျိုးကို ပိုင်ထားရတယ်ဆိုရင် ကံအကောင်းဆုံး ချစ်သူရထားတယ် ဆိုတာကို ယုံကြည်လိုက်ပါနော်။

သတိတရ ရှိနေတတ်တဲ့ချစ်သူ
တစ်နေရာရာ ရောက်တဲ့အချိန် ကြိုက်တတ်တယ် ပြောဖူးတာလေးတွေကို သတိတရ သယ်လာပေးတတ်တဲ့ချစ်သူမျိုးကို ဆိုလိုပါတယ်။ တန်ဖိုး ကြီးတယ် သေးတယ် မဆိုဘဲ ဘယ်နေရာရောက်ရောက် သတိရတတ်တဲ့ စိတ်ကလေးက တန်ဖိုး ဘယ်လောက်ထားရသလဲကို ဖော်ပြနေလို့ပဲ ဖြစ်ပါတယ်။ ချစ်သူလေးက ကိုယ့်ဖို့ ဆိုပြီး တစ်ခုခုကို အမှတ်တရ ယူလာပေးတယ်ဆိုရင်တော့ တစ်ဘဝလုံးစာ ရွေးချယ်လိုက်ဖို့ အကောင်းဆုံးလူဆိုတာကို လက်ခံလိုက်ပါ။

ပြောဖူးတာတိုင်းကို မှတ်မိနေတဲ့ချစ်သူ
တစ်ဦးနဲ့ တစ်ဦးကြားက ချစ်ခြင်းတွေကို ပိုမို ခိုင်မာစေတာကတော့ စကားလုံးလေးတွေပဲ ဖြစ်ပါတယ်။ စကားလုံးလေးတွေက ချည်နှောင်ထားတဲ့ သံယောဇဉ်ဆိုတာကတော့ နှိုင်းလို့ မရတဲ့အရာပဲ ဖြစ်ပါတယ်။ အချင်းချင်းကြားမှာ ပြောဖူးတဲ့စကားလေးတွေတိုင်းကို မှတ်မိပေးတဲ့ချစ်သူ ဆိုရင်တော့ တန်ဖိုး ဖြတ်လို့ မရနိုင်ပါဘူး။ ပြောသမျှကို မှတ်မိဖို့ဆိုတာကတော့ စိတ်ပါဝင်စားမှု ရှိမှ ဖြစ်မှာမို့ ပြောဖူးသမျှကို မှတ်မိပေးနေတဲ့ချစ်သူလေးသာ ရပြီဆိုရင်တော့ ယုံယုံကြည်ကြည်နဲ့ အိမ်ထောင်ဖက် အဖြစ် ရွေးချယ်လိုက်ပါ။

Marry ပြောပြပေးထားတဲ့အချက်လေးတွေကို ဖတ်ကြည့်ပေးပြီး ကိုယ့်ချစ်သူမှာ ဒီအချက်တွေ ထဲက တစ်ချက်ချက်နဲ့ ပြည့်စုံတယ်ဆိုရင်တော့ တစ်ဘဝလုံးစာ ရွေးချယ်လိုက်ပါတော့။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top