iMyanmarHouse.com - Best Property Website for Myanmar
×

ရွမ္းျပည္နယ္ ေတာင္ပိုင္း၊ မိုင္းပန္ၿမိဳ႕နယ္၊ ပန္ပီ့ေက်း႐ြာရွိ ဘုန္းေတာ္ႀကီးေက်ာင္း မီးေလာင္မႈ ျဖစ္ပြားရာ ကိုရင္ႏွစ္ပါး ပ်ံလြန္ၿပီး က်န္ ႏွစ္ပါး ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

အဆိုပါ ဘုန္းေတာ္ႀကီး ေက်ာင္းတြင္ ေက်ာင္းထိုင္ဆရာေတာ္၊ ဦးပၪၥင္းတပါး အပါအဝင္ ကိုရင္ ၃၀ ပါးေက်ာ္ သီတင္းသုံးေၾကာင္း၊ မီးေလာင္မႈမွာ ၿပီးခဲ့သည့္ ဗုဒၶဟူးေန႕က ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး ေဒသခံ မ်ားကမူ လူစိမ္းတသိုက္ ႐ြာအတြင္း ဝင္ေရာက္ကာ ေက်ာင္းေအာက္ေျခ တိုင္မ်ားကို ဓာတ္ဆီေလာင္း မီးရွို႔ျခင္း ျဖစ္ေၾကာင္း၊ ၎တို႔မွာ ရွမ္းျပည္ ျပန္လည္ ထူေထာင္ ေရး ေကာင္စီ (RCSS/SSA) အဖြဲ႕ ဝင္မ်ား ျဖစ္ေၾကာင္းလည္း စြပ္စြဲထားသည္။

“ဖေယာင္တိုင္းမီးေၾကာင့္ မဟုတ္ဘူး။ ညအခ်ိန္အခါ လူတစု ႐ြာထဲ ဝင္လာတယ္၊ ႐ြာက လူေတြက လည္း သာမန္လို႔ပဲ ထင္တာ။ ၿပီးေတာ့ ဘုန္းႀကီးေက်ာင္း မီးေလာင္တာပဲ” ဟု ပန္ပီ့ေက်း႐ြာ ေဒသခံ တဦးက ဧရာဝတီကို ေျပာသည္။

စြပ္စြဲမႈမ်ားအေပၚ RCSS/SSA ဘက္က ျငင္းဆိုထားၿပီး အခင္းမီးေလာင္ရာေန႕သည္ လကြယ္ညျဖစ္ ရာ ကိုရင္မ်ား မီးေဆာ့ကစားရာမွ ေလာင္ကြၽမ္းျခင္း ျဖစ္သည္ဟု တုံ႕ျပန္ထားသည္။

RCSS မွ ေျပာခြင့္ရပုဂၢိဳလ္ ဒုဗိုလ္မႉးႀကီးစိုင္းဦးက “မဟုတ္ပါဘူး၊ မီးေလာင္တာပဲ ျဖစ္ပါတယ္။ ကိုရင္ေလး (၂) ပါးဆုံး သြားတာဆိုတာလည္း ဟုတ္ပါတယ္။ က်ေနာ္တို႔ RCSS က ရွို႔တယ္ဆိုတာ ေတာ့ မဟုတ္ပါဘူး။ ကိုရင္က မီးေဆာ့လို႔ ဆိုလားပဲ။ အဲဒီေလာင္တဲ့ေန႕က လကြယ္ညေပါ့ေနာ္။ လကြယ္ညဆိုေတာ့ ကိုရင္ေတြ မီးေဆာ့တာ ဖေယာင္ တိုင္မီးနဲ႕ေပါ့ေနာ္။ အဲဒီနားမွာလည္း ဓာတ္ဆီပုံး ရွိတယ္လို႔ ေျပာတယ္။ ကိုရင္ေတြ မီးေဆာ့ရင္နဲ႕ မီးေလာင္သြားတယ္လို႔ ေျပာတယ္” ဟု ဆိုသည္။

ပန္ပီ့ေက်း႐ြာသည္ အိမ္ေျခ ၄၀၀ ေက်ာ္၊ လူဦးေရ ၂၀၀၀ ေက်ာ္ ေနထိုင္သည့္အနက္ ပအို႔ဝ္လူမ်ိဳး အမ်ားစုေနထိုင္ကာ ရွမ္းႏွင့္ လားဟူလူမ်ိဳးမ်ားလည္း ေနထိုင္သည္။

ယခုအခါ မီးေလာင္မႈေၾကာင့္ အေရးေပၚ အကူအညီမ်ား လိုအပ္ေသာ္လည္း မည္သည့္ ကူညီေစာင့္ ေရွာက္မႈမွ မရရွိေသးေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

ပန္ပီ့႐ြာမွ ေဒသခံတဦးက “ အေရးေပၚ အကူအညီ လိုအပ္ေနပါတယ္။ ေဒသခံ႐ြာသားေတြ၊ ဘုန္းႀကီး ေတြ တိမ္းေရွာင္ ေနၾကရတယ္။ သက္ဆိုင္ရာ တာဝန္ရွိသူေတြ မလာၾကဘူး၊ ဌာနဆိုင္ရာကေရာ၊ လႊတ္ေတာ္ ကိုယ္စားလွယ္ေတြေရာ၊ ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးအဖြဲ႕ေတြေရာ ကြင္းဆင္းလာစစ္တာမရွိဘူး” ဟု ေျပာသည္။

အဆိုပါ ေက်း႐ြာအနီး၌ ရွမ္းျပည္ ျပန္လည္ ထူေထာင္ေရးေကာင္စီ (RCSS/SSA) ႏွင့္ ပအို႔ဝ္ အမ်ိဳးသားလြတ္ ေျမာက္ေရး အဖြဲ႕ခ်ဳပ္ (PNLO/PNLA) တို႔ လႈပ္ရွားလ်က္ရွိၿပီး၊ ၿပီးခဲ့သည့္ ေအာက္တိုဘာ ၁၆ ရက္က နယ္ေျမအျငင္းပြားကာ တိုက္ပြဲ ျဖစ္ပြားခဲ့ၾကေသးသည္။

ထို႔ျပင္ တပ္မေတာ္ဘက္ကလည္း ယင္းေက်း႐ြာအနီးတြင္ တပ္စခန္းအသစ္မ်ား ေဆာက္လုပ္ကာ လႈပ္ရွားမႈမ်ား ျပဳလုပ္ေန ေၾကာင္း RCSS/SSA ဘက္မွ သိရသည္။

“အရင္က တိုက္ပြဲျဖစ္တာေတာ့ မွန္တယ္၊ က်ေနာ္တို႔လည္း ဗုဒၶဘာသာ ကိုးကြယ္တယ္၊ ရဟန္း သံဃာ ေတြ ျပည္သူလူထုကို ထိခိုက္တာ၊ ဘုန္းႀကီးေက်ာင္းေတြကို လုပ္ခြင့္လည္းမရွိဘူး။ ကိုယ္တိုင္လုပ္ဖို႔ စိတ္ရင္းစိတ္ထားလည္း မရွိဘူး၊ ဒီလိုမ်ိဳး မေျပာနဲ႕ ဘယ္႐ြာျဖစ္ျဖစ္၊ ရွမ္း႐ြာ၊ ပအို႔ဝ္႐ြာ ျဖစ္ေစ၊ ဘုန္းႀကီးေက်ာင္းအသစ္ ေဆာက္ရင္ တတ္နိုင္ သေလာက္ ကူညီပါတယ္၊ က်ေနာ္တို႔အဖြဲ႕ကို စြပ္စြဲတာ ျပႆနာေတြကို ပိုႀကီးေအာင္ ဆြေပးသလိုပါပဲ”ဟု ဒုဗိုလ္မႉးႀကီး စိုင္းဦးက ဆိုသည္။

ယခုကဲ့သို႔ စြပ္စြဲမႈမ်ားက ျပည္သူလူထု အခ်င္းခ်င္း အထင္မွားေစရန္၊ တိုင္းရင္းသား အခ်င္းခ်င္း စည္းလုံးညီၫြတ္မႈကို ၿပိဳကြဲေစေၾကာင္း၊ RCSS အဖြဲ႕ လုပ္ေဆာင္ျခင္းမရွိသည္ကို ေဒသခံမ်ား သိေၾကာင္း ၎က ဆက္ေျပာသည္။

ဘုန္းေတာ္ႀကီးေက်ာင္း မီးေလာင္မႈႏွင့္ ပတ္သက္၍ စြပ္စြဲခံရမႈအေပၚ RCSS/SSA ၏ တရားဝင္ သတင္းဌာနျဖစ္သည့္ Tai Freedom မွတဆင့္လည္း ေျဖရွင္းထားသည္ဟု သိရသည္။

ပန္ပီ့ေက်း႐ြာအနီး နယ္ေျမအျငင္းပြား တိုက္ပြဲျဖစ္ေနသည့္ RCSS ႏွင့္ PNLO သည္ တနိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး သေဘာတူစာခ်ဳပ္ (NCA) လက္မွတ္ ထိုးထားသည့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ား ျဖစ္သည္။

NCA စာခ်ဳပ္ အပိုဒ္ (၉) ပါ “အရပ္သားမ်ားကို အကာအကြယ္ေပးျခင္း” အခန္းတြင္ စာသင္ေက်ာင္း၊ ေဆး႐ုံ၊ ေဆးခန္း မ်ားႏွင့္ ဘာသာေရး အေဆာက္အအုံ ပရဝုဏ္မ်ားအား အေၾကာင္းမဲ့ ဖ်က္ဆီးျခင္း၊ ပ်က္စီးမႈ ဆိုးက်ိဳးမ်ား ျဖစ္ေပၚေစျခင္း ႏွင့္ စစ္ဘက္ဆိုင္ရာ တပ္စခန္းခ်ထားျခင္း မျပဳလုပ္ရ ဟု တားျမစ္ထားၿပီး အပစ္ရပ္နယ္ေျမအတြင္းရွိ ျပည္သူလူထု၏ လူမႈဘဝလုံၿခဳံမႈႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ ေရးအတြက္ ေဆာင္႐ြက္ေပးရမည္ဟု ပါရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: irrawaddy


#Unicode Version#

ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုင်းပန်မြို့နယ်၊ ပန်ပီ့ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း မီးလောင်မှု ဖြစ်ပွားရာ ကိုရင်နှစ်ပါး ပျံလွန်ပြီး ကျန် နှစ်ပါး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဘုန်းတော်ကြီး ကျောင်းတွင် ကျောင်းထိုင်ဆရာတော်၊ ဦးပဉ္စင်းတပါး အပါအဝင် ကိုရင် ၃၀ ပါးကျော် သီတင်းသုံးကြောင်း၊ မီးလောင်မှုမှာ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒေသခံ များကမူ လူစိမ်းတသိုက် ရွာအတွင်း ဝင်ရောက်ကာ ကျောင်းအောက်ခြေ တိုင်များကို ဓာတ်ဆီလောင်း မီးရှို့ခြင်း ဖြစ်ကြောင်း၊ ၎င်းတို့မှာ ရှမ်းပြည် ပြန်လည် ထူထောင် ရေး ကောင်စီ (RCSS/SSA) အဖွဲ့ ဝင်များ ဖြစ်ကြောင်းလည်း စွပ်စွဲထားသည်။

“ဖယောင်တိုင်းမီးကြောင့် မဟုတ်ဘူး။ ညအချိန်အခါ လူတစု ရွာထဲ ဝင်လာတယ်၊ ရွာက လူတွေက လည်း သာမန်လို့ပဲ ထင်တာ။ ပြီးတော့ ဘုန်းကြီးကျောင်း မီးလောင်တာပဲ” ဟု ပန်ပီ့ကျေးရွာ ဒေသခံ တဦးက ဧရာဝတီကို ပြောသည်။

စွပ်စွဲမှုများအပေါ် RCSS/SSA ဘက်က ငြင်းဆိုထားပြီး အခင်းမီးလောင်ရာနေ့သည် လကွယ်ညဖြစ် ရာ ကိုရင်များ မီးဆော့ကစားရာမှ လောင်ကျွမ်းခြင်း ဖြစ်သည်ဟု တုံ့ပြန်ထားသည်။

RCSS မှ ပြောခွင့်ရပုဂ္ဂိုလ် ဒုဗိုလ်မှူးကြီးစိုင်းဦးက “မဟုတ်ပါဘူး၊ မီးလောင်တာပဲ ဖြစ်ပါတယ်။ ကိုရင်လေး (၂) ပါးဆုံး သွားတာဆိုတာလည်း ဟုတ်ပါတယ်။ ကျနော်တို့ RCSS က ရှို့တယ်ဆိုတာ တော့ မဟုတ်ပါဘူး။ ကိုရင်က မီးဆော့လို့ ဆိုလားပဲ။ အဲဒီလောင်တဲ့နေ့က လကွယ်ညပေါ့နော်။ လကွယ်ညဆိုတော့ ကိုရင်တွေ မီးဆော့တာ ဖယောင် တိုင်မီးနဲ့ပေါ့နော်။ အဲဒီနားမှာလည်း ဓာတ်ဆီပုံး ရှိတယ်လို့ ပြောတယ်။ ကိုရင်တွေ မီးဆော့ရင်နဲ့ မီးလောင်သွားတယ်လို့ ပြောတယ်” ဟု ဆိုသည်။

ပန်ပီ့ကျေးရွာသည် အိမ်ခြေ ၄၀၀ ကျော်၊ လူဦးရေ ၂၀၀၀ ကျော် နေထိုင်သည့်အနက် ပအို့ဝ်လူမျိုး အများစုနေထိုင်ကာ ရှမ်းနှင့် လားဟူလူမျိုးများလည်း နေထိုင်သည်။

ယခုအခါ မီးလောင်မှုကြောင့် အရေးပေါ် အကူအညီများ လိုအပ်သော်လည်း မည်သည့် ကူညီစောင့် ရှောက်မှုမှ မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

ပန်ပီ့ရွာမှ ဒေသခံတဦးက “ အရေးပေါ် အကူအညီ လိုအပ်နေပါတယ်။ ဒေသခံရွာသားတွေ၊ ဘုန်းကြီး တွေ တိမ်းရှောင် နေကြရတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေ မလာကြဘူး၊ ဌာနဆိုင်ရာကရော၊ လွှတ်တော် ကိုယ်စားလှယ်တွေရော၊ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့တွေရော ကွင်းဆင်းလာစစ်တာမရှိဘူး” ဟု ပြောသည်။

အဆိုပါ ကျေးရွာအနီး၌ ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) နှင့် ပအို့ဝ် အမျိုးသားလွတ် မြောက်ရေး အဖွဲ့ချုပ် (PNLO/PNLA) တို့ လှုပ်ရှားလျက်ရှိပြီး၊ ပြီးခဲ့သည့် အောက်တိုဘာ ၁၆ ရက်က နယ်မြေအငြင်းပွားကာ တိုက်ပွဲ ဖြစ်ပွားခဲ့ကြသေးသည်။

ထို့ပြင် တပ်မတော်ဘက်ကလည်း ယင်းကျေးရွာအနီးတွင် တပ်စခန်းအသစ်များ ဆောက်လုပ်ကာ လှုပ်ရှားမှုများ ပြုလုပ်နေ ကြောင်း RCSS/SSA ဘက်မှ သိရသည်။

“အရင်က တိုက်ပွဲဖြစ်တာတော့ မှန်တယ်၊ ကျနော်တို့လည်း ဗုဒ္ဓဘာသာ ကိုးကွယ်တယ်၊ ရဟန်း သံဃာ တွေ ပြည်သူလူထုကို ထိခိုက်တာ၊ ဘုန်းကြီးကျောင်းတွေကို လုပ်ခွင့်လည်းမရှိဘူး။ ကိုယ်တိုင်လုပ်ဖို့ စိတ်ရင်းစိတ်ထားလည်း မရှိဘူး၊ ဒီလိုမျိုး မပြောနဲ့ ဘယ်ရွာဖြစ်ဖြစ်၊ ရှမ်းရွာ၊ ပအို့ဝ်ရွာ ဖြစ်စေ၊ ဘုန်းကြီးကျောင်းအသစ် ဆောက်ရင် တတ်နိုင် သလောက် ကူညီပါတယ်၊ ကျနော်တို့အဖွဲ့ကို စွပ်စွဲတာ ပြဿနာတွေကို ပိုကြီးအောင် ဆွပေးသလိုပါပဲ”ဟု ဒုဗိုလ်မှူးကြီး စိုင်းဦးက ဆိုသည်။

ယခုကဲ့သို့ စွပ်စွဲမှုများက ပြည်သူလူထု အချင်းချင်း အထင်မှားစေရန်၊ တိုင်းရင်းသား အချင်းချင်း စည်းလုံးညီညွတ်မှုကို ပြိုကွဲစေကြောင်း၊ RCSS အဖွဲ့ လုပ်ဆောင်ခြင်းမရှိသည်ကို ဒေသခံများ သိကြောင်း ၎င်းက ဆက်ပြောသည်။

ဘုန်းတော်ကြီးကျောင်း မီးလောင်မှုနှင့် ပတ်သက်၍ စွပ်စွဲခံရမှုအပေါ် RCSS/SSA ၏ တရားဝင် သတင်းဌာနဖြစ်သည့် Tai Freedom မှတဆင့်လည်း ဖြေရှင်းထားသည်ဟု သိရသည်။

ပန်ပီ့ကျေးရွာအနီး နယ်မြေအငြင်းပွား တိုက်ပွဲဖြစ်နေသည့် RCSS နှင့် PNLO သည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည်။

NCA စာချုပ် အပိုဒ် (၉) ပါ “အရပ်သားများကို အကာအကွယ်ပေးခြင်း” အခန်းတွင် စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်း များနှင့် ဘာသာရေး အဆောက်အအုံ ပရဝုဏ်များအား အကြောင်းမဲ့ ဖျက်ဆီးခြင်း၊ ပျက်စီးမှု ဆိုးကျိုးများ ဖြစ်ပေါ်စေခြင်း နှင့် စစ်ဘက်ဆိုင်ရာ တပ်စခန်းချထားခြင်း မပြုလုပ်ရ ဟု တားမြစ်ထားပြီး အပစ်ရပ်နယ်မြေအတွင်းရှိ ပြည်သူလူထု၏ လူမှုဘဝလုံခြုံမှုနှင့် ဖွံ့ဖြိုးတိုးတက် ရေးအတွက် ဆောင်ရွက်ပေးရမည်ဟု ပါရှိသည်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top