ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

လက္ရွိက်င္းပေနသည့္ အာဆီယံေဘာလုံးအဖြဲ႕ခ်ဳပ္ ဆူဇူကီးဖလားၿပိဳင္ပြဲ အုပ္စု (က) ရပ္တည္မႈကို ၾကည့္လွ်င္ ျမန္မာ့လက္ေ႐ြးစင္ ေဘာလုံးအသင္းက ရမွတ္ ၇ မွတ္၊ သြင္းဂိုးအသာျဖင့္ အုပ္စုဗိုလ္အျဖစ္ ရပ္တည္ေနသည္။ အဆိုပါ အေနအထားကို ၾကည့္ၿပီး ျမန္မာအသင္း ဆီမီးဖိုင္နယ္တက္ဖို႔ အေျခအေနေကာင္းသည္ ဟုေျပာလွ်င္ မွားပါလိမ့္မည္။

ရန္ကုန္ၿမိဳ႕၊ သုဝဏၰအားကစားကြင္းအတြင္း နိုဝင္ဘာ ၂၀ ရက္ေန႕က အာဆီယံထိပ္သီး ဗီယက္နမ္အသင္းကို ေရကုန္ေရခမ္း တုန႔္ျပန္ကစားၿပီး အဖိုးတန္ သေရ တမွတ္ ရယူနိုင္ခဲ့မႈက ျမန္မာ့လက္ေ႐ြးစင္အသင္းအတြက္ အထိုက္အေလ်ာက္ ေက်နပ္စရာျဖစ္ခဲ့ေသာ္လည္း ဆီမီးဖိုင္နယ္ တက္ေရာက္ဖို႔အတြက္ မေလးရွားေျမေပၚ အိမ္ရွင္ မေလးရွားလက္ေ႐ြးစင္အသင္းကို ျမန္မာတို႔ ဆက္လက္ရင္ဆိုင္ရဦးမည္ ျဖစ္သည္။

လက္ရွိက်င္းပေနသည့္ ၂၀၁၈ ဆူဇူကီးဖလား အုပ္စု (က) တြင္ ျမန္မာအသင္း ျဖတ္သန္းခဲ့သည့္ ပြဲစဥ္မ်ားကို ျပန္ေျပာင္းၾကည့္လွ်င္ အဖြင့္ပြဲစဥ္၌ ျမန္မာ့ေျမေပၚတြင္ ကေမာၻဒီးယားအသင္းကို ၄ ဂိုး ၁ ဂိုးျဖင့္ အနိုင္ယူခဲ့သည္။ ထို႔ေနာက္ လာအိုနိုင္ငံ ဗီယန္က်င္းၿမိဳ႕၌ ယွဥ္ၿပိဳင္သည့္ပြဲစဥ္တြင္ အိမ္ရွင္ လာအိုအသင္းကို အေဝးကြင္းတြင္ ၃ ဂိုး ၁ ဂိုးျဖင့္ အနိုင္ယူေက်ာ္ျဖတ္ခဲ့သည္။ အဆိုပါ ပြဲစဥ္ ၂ ပြဲစလုံး၌ ၿပိဳင္ဘက္အသင္းမ်ား၏ ဦးေဆာင္ဂိုးမ်ား ခြင့္ျပဳေပးခဲ့ရၿပီး ျမန္မာအသင္းက ေနာက္ကလိုက္၍ ေခ်ပဂိုးႏွင့္ အနိုင္ဂိုးမ်ား သြင္းယူခဲ့ျခင္း ျဖစ္သည္။

ၿပီးခဲ့သည့္ ေမလက စတင္၍ ျမန္မာ့လက္ေ႐ြးစင္အသင္းကို တာဝန္ယူကိုင္တြယ္ခဲ့သည့္ နည္းျပသစ္ အန္တိုနီးေဟးလ္ လက္ထက္တြင္ ျမန္မာအသင္း သက္လုံ ပိုေကာင္းလာခဲ့ၿပီး ပြဲခ်ိန္ျပည့္သည္အထိ ကစားအား မက်ဘဲ အင္တိုက္အားတိုက္ ကစားနိုင္လာခဲ့သည္။ စည္းကမ္းပိုင္းအရလည္း ယခင္လို ဥပေဒပ ျပစ္ဒဏ္ က်ဴးလြန္ကစားသည့္ အေနအထားမ်ား ေလ်ာ့နည္းလာခဲ့သလို ျမန္မာအသင္း ပေလယာမ်ားအေနျဖင့္ ယခင္ကလို တကိုယ္ေကာင္းဆန္စြာ ကစားဖို႔ထက္ နည္းဗ်ဴဟာက်က်ျဖင့္ အသင္းလိုက္ ဟန္ခ်က္ညီစြာ ကစားနိုင္ဖို႔ကို ပိုမို ဦးစားေပးလာသည့္ အေနအထားမ်ား အန္တိုနီးေဟးလ္လက္ထက္ တိုးတက္မႈမ်ားအျဖစ္ ျမင္ေတြ႕ရသည္။

နည္းျပ အန္တိုနီးေဟးလ္ကိုယ္တိုင္ကလည္း ပြဲကို နည္းစနစ္က်က် ခ်ဥ္းကပ္ၿပီး ပြဲအေျခအေနကို လ်င္ျမန္စြာ အကဲျဖတ္နိုင္သည့္ အရည္အခ်င္းရွိသည္။ ျမန္မာပေလယာေတြတြင္ ကိုယ္စီရွိသည့္ အစြမ္းအစကို အန္တိုနီးေဟးလ္က အံဝင္ခြင္က် အသုံးျပဳကာ အသင္းကို အေကာင္းဆုံး အေထာက္အကူျပဳေစသည့္ နည္းလမ္းအတိုင္း က်င့္သုံးေနသည္ကို ကေမာၻဒီးယားႏွင့္ လာအို ပြဲစဥ္မ်ားတြင္ ျမင္ေတြ႕ခဲ့ရသည္။ ထို႔ေၾကာင့္လည္း ဦးေဆာင္ဂိုးမ်ား ေပးခဲ့ရေသာ္လည္း ျမန္မာအသင္း ယိုင္နဲ႕မသြားဘဲ မွန္ကန္သည့္ လူစားလဲမႈမ်ားျပဳလုပ္ၿပီးေနာက္ ေခ်ပဂိုးႏွင့္ အနိုင္ဂိုးမ်ားသြင္းကာ ျပန္လာနိုင္ခဲ့ျခင္း ျဖစ္သည္။

သို႔ေသာ္ ျမန္မာအသင္းေနာက္တန္း၏ တည္ၿငိမ္မႈ အားနည္းျခင္း၊ ကြင္းလယ္က တဖက္အသင္း တိုက္စစ္ကို ဟန႔္တား ျဖတ္ေတာက္နိုင္မႈ အားနည္းျခင္းႏွင့္ တိုက္စစ္ကစားသမားမ်ား နားလည္မႈလြဲမွားကာ အခ်ိတ္အဆက္ မိမိ ကစားနိုင္မႈ အားနည္းေနဆဲျဖစ္သည့္ အေျခအေနေၾကာင့္ နိုဝင္ဘာလ ၂၀ ရက္ေန႕တြင္ ဗီယက္နမ္ႏွင့္ ယွဥ္ၿပိဳင္မည့္ ပြဲစဥ္အတြက္ ျမန္မာပရိတ္သတ္မ်ား စိတ္ပူခဲ့ၾကသည္။ ၂၀၁၆ ခုႏွစ္ ဆူဇူကီးဖလားၿပိဳင္ပြဲတုန္းက ျမန္မာႏွင့္ ဗီယက္နမ္ ဆုံေတြ႕စဥ္ ျမန္မာ့ေျမေပၚမွာပင္ ဗီယက္နမ္တို႔က ၂ ဂိုး ၁ ဂိုးျဖင့္ အနိုင္ယူခဲ့သည့္အတြက္ အာဆီယံအဆင့္သာမက အာရွထိပ္တန္းအသင္းႀကီးေတြကိုပါ ဒုကၡေပးနိုင္စြမ္း ပိုင္ဆိုင္ထားသည့္ ဗီယက္နမ္ကို ျမန္မာပရိတ္သတ္မ်ား စိုးရိမ္ခဲ့ၾကျခင္း ျဖစ္သည္။

တကယ္တမ္း သုဝဏၰကြင္း၌ ယွဥ္ၿပိဳင္ခ်ိန္တြင္ ဘယ္အစြန္ေနာက္ခံလူ သိန္းသိန္းဝင္းအစား ဝင္ေရာက္ ကစားသည့္ နႏၵေက်ာ္ႏွင့္ ညာအစြန္ေနာက္တန္းလူ ေဒးဗစ္ထန္အစား ဝင္ကန္သည့္ ဝင္းမိုးေက်ာ္တို႔ အပါအဝင္ ျမန္မာေနာက္တန္းက ေျခစြမ္းတည္ၿငိမ္စြာ ကစားနိုင္ခဲ့ၾကသည္။ ကေမာၻဒီးယားႏွင့္ လာအိုပြဲစဥ္မ်ားတုန္းက လစ္ဟာခဲ့သည့္ ကြင္းလယ္အဖ်က္ေနရာတြင္ လွိုင္းဘိုဘိုႏွင့္ လြင္မိုးေအာင္တို႔က ျမန္မာအသင္းေနာက္တန္းကို အေကာင္းဆုံး ကူညီေပးနိုင္ခဲ့သည့္အတြက္ ဗီယက္နမ္တိုက္စစ္ ထင္တိုင္းမေပါက္ဘဲ အခက္ေတြ႕ခဲ့သည္။ ပထမပြဲစဥ္ ၂ ပြဲမွာ လစ္ဟာခ်က္ကို အျမန္ဆုံး ျပင္ဆင္နိုင္ခဲ့သည့္ ျမန္မာနည္းျပ အန္တိုနီေဟးလ္၏ စြမ္းေဆာင္မႈကို ခ်ီးက်ဴးရမည္ ျဖစ္သည္။

တိုက္စစ္မႉး ေအာင္သူ ဦးေဆာင္သည့္ ျမန္မာအသင္းတိုက္စစ္ကိုမူ ဗီယက္နမ္ကြင္းလယ္ႏွင့္ ေနာက္တန္း ကစားသမားမ်ားက အေကာင္းဆုံး ထိန္းခ်ဳပ္ကစားနိုင္ခဲ့သည့္အတြက္ ျမန္မာအသင္း တိုက္စစ္အလုပ္မျဖစ္ဘဲ ဗီယက္နမ္ကို ထိေရာက္သည့္ၿခိမ္းေျခာက္မႈ မ်ားမ်ားစားစား မျပဳလုပ္နိုင္ခဲ့ေပ။ ျမန္မာ – ဗီယက္နမ္ပြဲစဥ္ကို အဓိက အဆုံးအျဖတ္ေပးခဲ့သူက ျမန္မာအသင္း ဂိုးသမား ေက်ာ္ဇင္ထက္ ျဖစ္သည္။ ဗီယက္နမ္အသင္း၏ အပိုင္ကန္သြင္းခ်က္ ၃ ႀကိမ္ခန႔္ကို အေကာင္းဆုံးစြမ္းေဆာင္ရည္ျဖင့္ ကာကြယ္နိုင္ခဲ့သည့္အတြက္ ျမန္မာ့ေျမေပၚတြင္ ဗီယက္နမ္ကို ၂ ပြဲဆက္ ရႈံးနိမ့္မည့္ အေျခအေနဆိုးမွ လြတ္ေျမာက္ခဲ့ၿပီး ဗီယက္နမ္ႏွင့္ ရမွတ္ ၁ မွတ္စီ ခြဲယူနိုင္ခဲ့သည္။

ဗီယက္နမ္ထံမွ သေရ ၁ မွတ္ ခြဲယူနိုင္ခဲ့ေသာ္လည္း ျမန္မာအသင္း ဆီမီးဖိုင္နယ္တက္ေရး မေလးရွားအသင္းကို ဆက္လက္ေက်ာ္ျဖတ္ရဦးမည္ျဖစ္သည္။ ဗီယက္နမ္က နိုဝင္ဘာ ၂၄ ရက္ေန႕တြင္ ဆီးမီးတက္ဖို႔ ေမွ်ာ္လင့္ခ်က္မရွိေတာ့သည့္ ကေမာၻဒီးယားကို အိမ္ကြင္းတြင္ လက္ခံကစားရမည္ျဖစ္ရာ လက္ရွိေျခစြမ္းအရ ဗီယက္နမ္က သြင္းဂိုးအမ်ားျဖင့္ အနိုင္ရဖို႔ အေလးသာေနသည့္အတြက္ ရမွတ္ ၁၀ မွတ္ျဖင့္ အုပ္စု (က) ပထမေနရာျဖင့္ ဆီမီးတက္ဖို႔ အေျခအေန ေကာင္းေနသည္။

မေလးရွားႏွင့္ ျမန္မာအသင္းပြဲစဥ္မွာေတာ့ အိမ္ရွင္ မေလးရွားအေနျဖင့္ ဗီယက္နမ္ကို ရႈံးနိမ့္ထားသည့္အတြက္ ရမွတ္ ၆ မွတ္သာ ရရွိထားရာ ျမန္မာအသင္းကို နိုင္မွသာ အုပ္စုဒုတိယျဖင့္ ဆီမီးဖိုင္နယ္ တက္ေရာက္နိုင္မည္ ျဖစ္သည္။ ျမန္မာအသင္းကမူ မေလးရွားကို သေရက်သည္ႏွင့္ ဆီမီးဖိုင္နယ္ကို တက္ေရာက္နိုင္မည္ ျဖစ္သည္။ သို႔ေသာ္ အုပ္စုဗိုလ္ေနရာကို ဗီယက္နမ္အသင္းက သိမ္းပိုက္နိုင္ေျခ မ်ားေနသည့္အတြက္ ျမန္မာႏွင့္ မေလးရွား ၂ သင္းစလုံး အုပ္စု ဒုတိယေနရာအတြက္ ေရကုန္ေရခမ္း တိုက္ပြဲဝင္ရမည့္အေနအထား ျဖစ္သည္။

ထူးျခားသည့္ တိုက္ဆိုင္မႈတခုကို ေျပာရလွ်င္ ၂၀၁၆ ဆူဇူကီးဖလားၿပိဳင္ပြဲကို ျမန္မာႏွင့္ ဖိလစ္ပိုင္နိုင္ငံတို႔ ပူးတြဲက်င္းပခဲ့ခ်ိန္က အုပ္စု (ခ) တြင္ ျမန္မာ၊ ဗီယက္နမ္၊ ကေမာၻဒီးယားႏွင့္ မေလးရွားအသင္းတို႔ တအုပ္စုတည္း က်ခဲ့သည္။ လက္ရွိ ၂၀၁၈ ဆူဇူကီးဖလားၿပိဳင္ပြဲတြင္လည္း အဆိုပါ ၄ သင္းစလုံး အုပ္စု (က) တြင္ တအုပ္စုတည္း ျပန္လည္ပါဝင္ေနခဲ့သည္။

ထိုစဥ္က ရန္ကုန္ၿမိဳ႕၊ သုဝဏၰကြင္း၌ ယွဥ္ၿပိဳင္ခဲ့သည့္ပြဲစဥ္မ်ားတြင္ အဖြင့္ပြဲ၌ ဗီယက္နမ္ကို ၂ ဂိုး ၁ ဂိုးျဖင့္ ျမန္မာအသင္း ရႈံးနိမ့္ခဲ့ၿပီး ဒုတိယပြဲစဥ္တြင္ ကေမာၻဒီးယားအသင္းကို ၃ ဂိုး ၁ ဂိုးျဖင့္ အနိုင္ရခဲ့သည္။ ေနာက္ဆုံး ပြဲစဥ္တြင္ မေလးရွားကို အႀကိတ္အနယ္ ကစားၿပီး ေနာက္ခံလူ ေဒးဗစ္ထန္၏ တလုံးတည္းေသာ သြင္းဂိုးျဖင့္ ကပ္နိုင္ၿပီး ဆီမီးဖိုင္နယ္ တက္ေရာက္နိုင္ခဲ့သည္။

၂၀၁၆ ဆူဇူကီးဖလားေနာက္ဆုံးပြဲတြင္ အိမ္ရွင္အခြင့္အေရး အားသာခ်က္ျဖင့္ မေလးရွားကို ျမန္မာ့ေျမေပၚတြင္ အနိုင္ယူခဲ့ေသာ္လည္း လက္ရွိအခ်ိန္ကာလမွာေတာ့ ဆီမီးတက္ေရး အဆုံးအျဖတ္ပြဲကို မေလးရွားေျမမွာ ကန္ရမွာျဖစ္သည့္အတြက္ ၂၀၁၆ က ေတြ႕ဆုံမႈထက္ ခက္ခဲသည့္ အေနအထားမ်ိဳး ျမန္မာအသင္း ရင္ဆိုင္ရမည္ ျဖစ္သည္။

မေလးရွားအသင္းမွာ အုပ္စု (က) တြင္ ကေမာၻဒီးယားကို အေဝးကြင္းတြင္ ၁ ဂိုး ဂိုးမရွိျဖင့္ အနိုင္ယူထားၿပီး အိမ္ကြင္းတြင္ လာအိုအသင္းကို ၃ ဂိုး ၁ ဂိုးျဖင့္ အနိုင္ယူထားသည္။ မေလးရွားအသင္းက ဘယ္ဘက္ႏွင့္ ညာဘက္ေတာင္ပံမ်ားမွ ျဖတ္တင္ေဘာမ်ားကို အမ်ားဆုံးအသုံးျပဳ၍ တိုက္စစ္ဆင္ ကစားေလ့ရွိၿပီး တိုက္စစ္မႉးမ်ားက ျဖတ္တင္ေဘာမ်ားကို အဆုံးသတ္၍ ဂိုးသြင္းယူေလ့ရွိသည္။ လက္ရွိ မေလးရွားအသင္း သြင္းယူထားသည့္ သြင္းဂိုး ၄ ဂိုးအနက္ သြင္းဂိုး ၃ ဂိုးမွာ အဆိုပါ နည္းလမ္းမ်ားျဖင့္ သြင္းယူခဲ့ျခင္း ျဖစ္သည္။ မေလးရွားအသင္း၏ အဓိက ဂိုးသြင္းစက္က အသက္ ၃၂ ႏွစ္အ႐ြယ္ရွိ ဝါရင့္တိုက္စစ္မႉး နိုရွာဟူးလ္ (ေက်ာနံပါတ္ ၉ ) ျဖစ္ၿပီး ၎တေယာက္တည္းက ၃ ဂိုး သြင္းယူထားသည္။

မေလးရွားက သူတို႔အသင္း ပုံစံအတိုင္း ေတာင္ပံမ်ားမွ ျဖတ္တင္ေပးပို႔သည့္ အျမင့္ေဘာ၊ အနိမ့္ေဘာမ်ားကို အဆုံးသတ္ကာ ဂိုးရဖို႔ႀကိဳးစားမည္ျဖစ္သလို တန္ျပန္တိုက္စစ္ကို အသုံးျပဳ၍လည္း ထိုးေဖာက္ကစား လာနိုင္သည္။ ျမန္မာအသင္းေနာက္တန္းအေနျဖင့္ ၁၈ ကိုက္စည္းအတြင္း ေပးပို႔သည့္ ျဖတ္တင္ေဘာမ်ားကို စနစ္တက် ကာကြယ္ရွင္းထုတ္နိုင္ရန္ လိုအပ္ၿပီး မေလးရွား ေတာင္ပံကစားသမားမ်ားကိုလည္း ၁၈ ကိုက္စည္းထိပ္မွ ကန္သြင္းခြင့္မေပးဘဲ တားဆီးနိုင္ရန္ လိုအပ္ေနသည္။

မေလးရွားအသင္း၏ တိုက္စစ္ကို ျမန္မာေနာက္တန္းႏွင့္ ကြင္းလယ္ခံစစ္သမားမ်ား တည္ၿငိမ္စြာ ဟန႔္တားနိုင္ၿပီး တန္ျပန္တိုက္စစ္ျဖင့္ အလစ္အငိုက္ဖမ္း၍ ကစားလွ်င္ ျမန္မာအသင္း ဆီမီးဖိုင္နယ္တက္ဖို႔ အေျခအေန ေကာင္းနိုင္သည္။ ဗီယက္နမ္ႏွင့္ မေလးရွားပြဲစဥ္တြင္ ဧည့္သည္ မေလးအသင္းက ေဘာလုံးပိုင္ဆိုင္မႈ အသာစီးရခဲ့ေသာ္လည္း ပြဲၿပီးခ်ိန္တြင္ တန္ျပန္တိုက္စစ္ျဖင့္ အလစ္အငိုက္ဖမ္းကစားသည့္ ဗီယက္နမ္အသင္းက ၂ ဂိုး ဂိုးမရွိျဖင့္ အနိုင္ရခဲ့ေသာ သာဓကရွိခဲ့သည့္အတြက္ မေလးရွားအသင္းကို ေက်ာ္ျဖတ္ၿပီး ဆီမီးဖိုင္နယ္တက္နိုင္ေရး ျမန္မာနည္းျပ အန္တိုနီေဟးလ္၏ နည္းဗ်ဴဟာႏွင့္ လူထုတ္ပုံ အခင္းအက်င္းအေပၚလည္း မ်ားစြာမူတည္ေနသည္။

တိုက္စစ္ပိုင္းမွာေတာ့ ျမန္မာအသင္းအေနျဖင့္ အုပ္စုပြဲစဥ္ ၃ ပြဲအတြင္း လွိုင္းဘိုဘို၊ ေအာင္သူ၊ သန္းထက္ေအာင္၊ ေမာင္ေမာင္လြင္၊ စည္သူေအာင္ႏွင့္ ထက္ၿဖိဳးေ၀ စသည့္ မတူညီသည့္ ကစားသမား ၆ ဦးမွ သြင္းဂိုး ၇ ဂိုး သြင္းယူထားသည့္အတြက္ ဂိုးသြင္းနိုင္သည့္ ပေလယာမ်ားစြာ ရွိေနသည္။ ျမန္မာတိုက္စစ္မႉးမ်ား အေနျဖင့္ ယခုလို အေရးႀကီးသည့္ အဆုံးအျဖတ္ပြဲမ်ိဳးတြင္ ရရွိလာသည့္ အခြင့္အေရးမ်ားကို ျဖဳန္းတီးမပစ္ဘဲ ဂိုးအျဖစ္ ေျပာင္းလဲနိုင္ခဲ့လွ်င္ ဆီမီးဖိုင္နယ္တေနရာစာကို ျမန္မာအသင္း ပိုင္ဆိုင္နိုင္မည္ျဖစ္သည္။ ထိုသို႔ မဟုတ္ပါက ယခုလို အဆုံးအျဖတ္ပြဲေတြမွာ အမွားအယြင္း လုပ္မိသည့္အသင္းက ၿပိဳင္ပြဲက ႏႈတ္ဆက္ ထြက္ခြာရမည္သာ ျဖစ္သည္။

ျမန္မာအသင္းအေနျဖင့္ လက္ရွိ ၂၀၁၈ ဆူဇူကီးၿပိဳင္ပြဲတြင္ မေလးရွားကို ေက်ာ္ျဖတ္၍ ဆီမီးဖိုင္နယ္ တက္ေရာက္နိုင္ခဲ့ပါက ၿပိဳင္ပြဲသမိုင္းတေလွ်ာက္ ၂ ႀကိမ္ဆက္တိုက္ ဆီမီးဖိုင္နယ္တက္ေရာက္သည့္မွတ္တမ္းကို ပိုင္ဆိုင္နိုင္မည္ ျဖစ္သည္။ အာဆီယံေဒသ၏ အဆင္ျမင့္ဆုံး ေဘာလုံးၿပိဳင္ပြဲျဖစ္သည့္ ဆူဇူကီးဖလားၿပိဳင္ပြဲတြင္ ထိုင္းအသင္းက ၅ ႀကိမ္၊ စကၤာပူက ၄ ႀကိမ္၊ ဗီယက္နမ္က ၁ ႀကိမ္ႏွင့္ မေလးရွားက ၁ ႀကိမ္ ဗိုလ္စြဲထားၿပီး ျမန္မာအသင္းအေနျဖင့္ ၂၀၀၄ – ၂၀၀၅ ၿပိဳင္ပြဲတြင္ စတုတၳေနရာ ရရွိခဲ့ျခင္းက အျမင့္ဆုံးေအာင္ျမင္မႈျဖစ္သည္။

ျမန္မာအသင္းနည္းျပခ်ဳပ္ အန္တိုနီေဟးလ္က“ဗီယက္နမ္အသင္းနဲ႕ပြဲစဥ္မွာ သေရတစ္မွတ္ရရွိလိုက္ျခင္းက က်ေနာ္တို႔အသင္းအတြက္ မေလးရွားအသင္းနဲ႕ ကစားဖို႔ ခြန္အားျဖစ္ေစပါတယ္။ ဗီယက္နမ္နဲ႕ပြဲမွာ နည္းဗ်ဴဟာ ေၾကာင့္ ကစားသမား ၅ ဦးအထိ အေျပာင္းအအလဲလုပ္ခဲ့တာေၾကာင့္ ေနာက္ပြဲ (မေလးရွားပြဲစဥ္) အတြက္ ႀကံ့ခိုင္မႈအပိုင္းမွာလည္း စိုးရိမ္စရာ မရွိပါဘူး”ဟု ဗီယက္နမ္အသင္းႏွင့္ပြဲအၿပီး သတင္းစာ ရွင္းလင္းပြဲတြင္ ေျပာဆိုခဲ့သည္။

မေလးရွားနိုင္ငံ၊ ကြာလာလမ္ပူၿမိဳ႕၊ ဘူကစ္ဂ်ာလီအားကစားကြင္း၌ နိုဝင္ဘာလ ၂၄ ရက္ေန႕တြင္ ယွဥ္ၿပိဳင္ကစားမည့္ မေလးရွားအသင္းႏွင့္ ျမန္မာအသင္းတို႔၏ ဆီမီးဖိုင္နယ္တက္ေရး အဆုံးအျဖတ္ပြဲစဥ္တြင္ နည္းျပခ်ဳပ္ အန္တိုနီေဟးလ္၏ ျမန္မာအသင္းက အိမ္ရွင္ မေလးရွားအသင္းကို ျဖဳတ္ခ်ၿပီး ဆူဇူကီးဖလား မွတ္တမ္းသစ္ေရးထိုးသြားနိုင္မလားဆိုတာ ဆက္လက္ေစာင့္ၾကည့္သြားရမည္ ျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Irrawaddy


#Unicode Version#

လက်ရှိကျင်းပနေသည့် အာဆီယံဘောလုံးအဖွဲ့ချုပ် ဆူဇူကီးဖလားပြိုင်ပွဲ အုပ်စု (က) ရပ်တည်မှုကို ကြည့်လျှင် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းက ရမှတ် ၇ မှတ်၊ သွင်းဂိုးအသာဖြင့် အုပ်စုဗိုလ်အဖြစ် ရပ်တည်နေသည်။ အဆိုပါ အနေအထားကို ကြည့်ပြီး မြန်မာအသင်း ဆီမီးဖိုင်နယ်တက်ဖို့ အခြေအနေကောင်းသည် ဟုပြောလျှင် မှားပါလိမ့်မည်။

ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်းအတွင်း နိုဝင်ဘာ ၂၀ ရက်နေ့က အာဆီယံထိပ်သီး ဗီယက်နမ်အသင်းကို ရေကုန်ရေခမ်း တုန့်ပြန်ကစားပြီး အဖိုးတန် သရေ တမှတ် ရယူနိုင်ခဲ့မှုက မြန်မာ့လက်ရွေးစင်အသင်းအတွက် အထိုက်အလျောက် ကျေနပ်စရာဖြစ်ခဲ့သော်လည်း ဆီမီးဖိုင်နယ် တက်ရောက်ဖို့အတွက် မလေးရှားမြေပေါ် အိမ်ရှင် မလေးရှားလက်ရွေးစင်အသင်းကို မြန်မာတို့ ဆက်လက်ရင်ဆိုင်ရဦးမည် ဖြစ်သည်။

လက်ရှိကျင်းပနေသည့် ၂၀၁၈ ဆူဇူကီးဖလား အုပ်စု (က) တွင် မြန်မာအသင်း ဖြတ်သန်းခဲ့သည့် ပွဲစဉ်များကို ပြန်ပြောင်းကြည့်လျှင် အဖွင့်ပွဲစဉ်၌ မြန်မာ့မြေပေါ်တွင် ကမ္ဘောဒီးယားအသင်းကို ၄ ဂိုး ၁ ဂိုးဖြင့် အနိုင်ယူခဲ့သည်။ ထို့နောက် လာအိုနိုင်ငံ ဗီယန်ကျင်းမြို့၌ ယှဉ်ပြိုင်သည့်ပွဲစဉ်တွင် အိမ်ရှင် လာအိုအသင်းကို အဝေးကွင်းတွင် ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ယူကျော်ဖြတ်ခဲ့သည်။ အဆိုပါ ပွဲစဉ် ၂ ပွဲစလုံး၌ ပြိုင်ဘက်အသင်းများ၏ ဦးဆောင်ဂိုးများ ခွင့်ပြုပေးခဲ့ရပြီး မြန်မာအသင်းက နောက်ကလိုက်၍ ချေပဂိုးနှင့် အနိုင်ဂိုးများ သွင်းယူခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် မေလက စတင်၍ မြန်မာ့လက်ရွေးစင်အသင်းကို တာဝန်ယူကိုင်တွယ်ခဲ့သည့် နည်းပြသစ် အန်တိုနီးဟေးလ် လက်ထက်တွင် မြန်မာအသင်း သက်လုံ ပိုကောင်းလာခဲ့ပြီး ပွဲချိန်ပြည့်သည်အထိ ကစားအား မကျဘဲ အင်တိုက်အားတိုက် ကစားနိုင်လာခဲ့သည်။ စည်းကမ်းပိုင်းအရလည်း ယခင်လို ဥပဒေပ ပြစ်ဒဏ် ကျူးလွန်ကစားသည့် အနေအထားများ လျော့နည်းလာခဲ့သလို မြန်မာအသင်း ပလေယာများအနေဖြင့် ယခင်ကလို တကိုယ်ကောင်းဆန်စွာ ကစားဖို့ထက် နည်းဗျူဟာကျကျဖြင့် အသင်းလိုက် ဟန်ချက်ညီစွာ ကစားနိုင်ဖို့ကို ပိုမို ဦးစားပေးလာသည့် အနေအထားများ အန်တိုနီးဟေးလ်လက်ထက် တိုးတက်မှုများအဖြစ် မြင်တွေ့ရသည်။

နည်းပြ အန်တိုနီးဟေးလ်ကိုယ်တိုင်ကလည်း ပွဲကို နည်းစနစ်ကျကျ ချဉ်းကပ်ပြီး ပွဲအခြေအနေကို လျင်မြန်စွာ အကဲဖြတ်နိုင်သည့် အရည်အချင်းရှိသည်။ မြန်မာပလေယာတွေတွင် ကိုယ်စီရှိသည့် အစွမ်းအစကို အန်တိုနီးဟေးလ်က အံဝင်ခွင်ကျ အသုံးပြုကာ အသင်းကို အကောင်းဆုံး အထောက်အကူပြုစေသည့် နည်းလမ်းအတိုင်း ကျင့်သုံးနေသည်ကို ကမ္ဘောဒီးယားနှင့် လာအို ပွဲစဉ်များတွင် မြင်တွေ့ခဲ့ရသည်။ ထို့ကြောင့်လည်း ဦးဆောင်ဂိုးများ ပေးခဲ့ရသော်လည်း မြန်မာအသင်း ယိုင်နဲ့မသွားဘဲ မှန်ကန်သည့် လူစားလဲမှုများပြုလုပ်ပြီးနောက် ချေပဂိုးနှင့် အနိုင်ဂိုးများသွင်းကာ ပြန်လာနိုင်ခဲ့ခြင်း ဖြစ်သည်။

သို့သော် မြန်မာအသင်းနောက်တန်း၏ တည်ငြိမ်မှု အားနည်းခြင်း၊ ကွင်းလယ်က တဖက်အသင်း တိုက်စစ်ကို ဟန့်တား ဖြတ်တောက်နိုင်မှု အားနည်းခြင်းနှင့် တိုက်စစ်ကစားသမားများ နားလည်မှုလွဲမှားကာ အချိတ်အဆက် မိမိ ကစားနိုင်မှု အားနည်းနေဆဲဖြစ်သည့် အခြေအနေကြောင့် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ဗီယက်နမ်နှင့် ယှဉ်ပြိုင်မည့် ပွဲစဉ်အတွက် မြန်မာပရိတ်သတ်များ စိတ်ပူခဲ့ကြသည်။ ၂၀၁၆ ခုနှစ် ဆူဇူကီးဖလားပြိုင်ပွဲတုန်းက မြန်မာနှင့် ဗီယက်နမ် ဆုံတွေ့စဉ် မြန်မာ့မြေပေါ်မှာပင် ဗီယက်နမ်တို့က ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ယူခဲ့သည့်အတွက် အာဆီယံအဆင့်သာမက အာရှထိပ်တန်းအသင်းကြီးတွေကိုပါ ဒုက္ခပေးနိုင်စွမ်း ပိုင်ဆိုင်ထားသည့် ဗီယက်နမ်ကို မြန်မာပရိတ်သတ်များ စိုးရိမ်ခဲ့ကြခြင်း ဖြစ်သည်။

တကယ်တမ်း သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ချိန်တွင် ဘယ်အစွန်နောက်ခံလူ သိန်းသိန်းဝင်းအစား ဝင်ရောက် ကစားသည့် နန္ဒကျော်နှင့် ညာအစွန်နောက်တန်းလူ ဒေးဗစ်ထန်အစား ဝင်ကန်သည့် ဝင်းမိုးကျော်တို့ အပါအဝင် မြန်မာနောက်တန်းက ခြေစွမ်းတည်ငြိမ်စွာ ကစားနိုင်ခဲ့ကြသည်။ ကမ္ဘောဒီးယားနှင့် လာအိုပွဲစဉ်များတုန်းက လစ်ဟာခဲ့သည့် ကွင်းလယ်အဖျက်နေရာတွင် လှိုင်းဘိုဘိုနှင့် လွင်မိုးအောင်တို့က မြန်မာအသင်းနောက်တန်းကို အကောင်းဆုံး ကူညီပေးနိုင်ခဲ့သည့်အတွက် ဗီယက်နမ်တိုက်စစ် ထင်တိုင်းမပေါက်ဘဲ အခက်တွေ့ခဲ့သည်။ ပထမပွဲစဉ် ၂ ပွဲမှာ လစ်ဟာချက်ကို အမြန်ဆုံး ပြင်ဆင်နိုင်ခဲ့သည့် မြန်မာနည်းပြ အန်တိုနီဟေးလ်၏ စွမ်းဆောင်မှုကို ချီးကျူးရမည် ဖြစ်သည်။

တိုက်စစ်မှူး အောင်သူ ဦးဆောင်သည့် မြန်မာအသင်းတိုက်စစ်ကိုမူ ဗီယက်နမ်ကွင်းလယ်နှင့် နောက်တန်း ကစားသမားများက အကောင်းဆုံး ထိန်းချုပ်ကစားနိုင်ခဲ့သည့်အတွက် မြန်မာအသင်း တိုက်စစ်အလုပ်မဖြစ်ဘဲ ဗီယက်နမ်ကို ထိရောက်သည့်ခြိမ်းခြောက်မှု များများစားစား မပြုလုပ်နိုင်ခဲ့ပေ။ မြန်မာ – ဗီယက်နမ်ပွဲစဉ်ကို အဓိက အဆုံးအဖြတ်ပေးခဲ့သူက မြန်မာအသင်း ဂိုးသမား ကျော်ဇင်ထက် ဖြစ်သည်။ ဗီယက်နမ်အသင်း၏ အပိုင်ကန်သွင်းချက် ၃ ကြိမ်ခန့်ကို အကောင်းဆုံးစွမ်းဆောင်ရည်ဖြင့် ကာကွယ်နိုင်ခဲ့သည့်အတွက် မြန်မာ့မြေပေါ်တွင် ဗီယက်နမ်ကို ၂ ပွဲဆက် ရှုံးနိမ့်မည့် အခြေအနေဆိုးမှ လွတ်မြောက်ခဲ့ပြီး ဗီယက်နမ်နှင့် ရမှတ် ၁ မှတ်စီ ခွဲယူနိုင်ခဲ့သည်။

ဗီယက်နမ်ထံမှ သရေ ၁ မှတ် ခွဲယူနိုင်ခဲ့သော်လည်း မြန်မာအသင်း ဆီမီးဖိုင်နယ်တက်ရေး မလေးရှားအသင်းကို ဆက်လက်ကျော်ဖြတ်ရဦးမည်ဖြစ်သည်။ ဗီယက်နမ်က နိုဝင်ဘာ ၂၄ ရက်နေ့တွင် ဆီးမီးတက်ဖို့ မျှော်လင့်ချက်မရှိတော့သည့် ကမ္ဘောဒီးယားကို အိမ်ကွင်းတွင် လက်ခံကစားရမည်ဖြစ်ရာ လက်ရှိခြေစွမ်းအရ ဗီယက်နမ်က သွင်းဂိုးအများဖြင့် အနိုင်ရဖို့ အလေးသာနေသည့်အတွက် ရမှတ် ၁၀ မှတ်ဖြင့် အုပ်စု (က) ပထမနေရာဖြင့် ဆီမီးတက်ဖို့ အခြေအနေ ကောင်းနေသည်။

မလေးရှားနှင့် မြန်မာအသင်းပွဲစဉ်မှာတော့ အိမ်ရှင် မလေးရှားအနေဖြင့် ဗီယက်နမ်ကို ရှုံးနိမ့်ထားသည့်အတွက် ရမှတ် ၆ မှတ်သာ ရရှိထားရာ မြန်မာအသင်းကို နိုင်မှသာ အုပ်စုဒုတိယဖြင့် ဆီမီးဖိုင်နယ် တက်ရောက်နိုင်မည် ဖြစ်သည်။ မြန်မာအသင်းကမူ မလေးရှားကို သရေကျသည်နှင့် ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်မည် ဖြစ်သည်။ သို့သော် အုပ်စုဗိုလ်နေရာကို ဗီယက်နမ်အသင်းက သိမ်းပိုက်နိုင်ခြေ များနေသည့်အတွက် မြန်မာနှင့် မလေးရှား ၂ သင်းစလုံး အုပ်စု ဒုတိယနေရာအတွက် ရေကုန်ရေခမ်း တိုက်ပွဲဝင်ရမည့်အနေအထား ဖြစ်သည်။

ထူးခြားသည့် တိုက်ဆိုင်မှုတခုကို ပြောရလျှင် ၂၀၁၆ ဆူဇူကီးဖလားပြိုင်ပွဲကို မြန်မာနှင့် ဖိလစ်ပိုင်နိုင်ငံတို့ ပူးတွဲကျင်းပခဲ့ချိန်က အုပ်စု (ခ) တွင် မြန်မာ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် မလေးရှားအသင်းတို့ တအုပ်စုတည်း ကျခဲ့သည်။ လက်ရှိ ၂၀၁၈ ဆူဇူကီးဖလားပြိုင်ပွဲတွင်လည်း အဆိုပါ ၄ သင်းစလုံး အုပ်စု (က) တွင် တအုပ်စုတည်း ပြန်လည်ပါဝင်နေခဲ့သည်။

ထိုစဉ်က ရန်ကုန်မြို့၊ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ခဲ့သည့်ပွဲစဉ်များတွင် အဖွင့်ပွဲ၌ ဗီယက်နမ်ကို ၂ ဂိုး ၁ ဂိုးဖြင့် မြန်မာအသင်း ရှုံးနိမ့်ခဲ့ပြီး ဒုတိယပွဲစဉ်တွင် ကမ္ဘောဒီးယားအသင်းကို ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။ နောက်ဆုံး ပွဲစဉ်တွင် မလေးရှားကို အကြိတ်အနယ် ကစားပြီး နောက်ခံလူ ဒေးဗစ်ထန်၏ တလုံးတည်းသော သွင်းဂိုးဖြင့် ကပ်နိုင်ပြီး ဆီမီးဖိုင်နယ် တက်ရောက်နိုင်ခဲ့သည်။

၂၀၁၆ ဆူဇူကီးဖလားနောက်ဆုံးပွဲတွင် အိမ်ရှင်အခွင့်အရေး အားသာချက်ဖြင့် မလေးရှားကို မြန်မာ့မြေပေါ်တွင် အနိုင်ယူခဲ့သော်လည်း လက်ရှိအချိန်ကာလမှာတော့ ဆီမီးတက်ရေး အဆုံးအဖြတ်ပွဲကို မလေးရှားမြေမှာ ကန်ရမှာဖြစ်သည့်အတွက် ၂၀၁၆ က တွေ့ဆုံမှုထက် ခက်ခဲသည့် အနေအထားမျိုး မြန်မာအသင်း ရင်ဆိုင်ရမည် ဖြစ်သည်။

မလေးရှားအသင်းမှာ အုပ်စု (က) တွင် ကမ္ဘောဒီးယားကို အဝေးကွင်းတွင် ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ယူထားပြီး အိမ်ကွင်းတွင် လာအိုအသင်းကို ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ယူထားသည်။ မလေးရှားအသင်းက ဘယ်ဘက်နှင့် ညာဘက်တောင်ပံများမှ ဖြတ်တင်ဘောများကို အများဆုံးအသုံးပြု၍ တိုက်စစ်ဆင် ကစားလေ့ရှိပြီး တိုက်စစ်မှူးများက ဖြတ်တင်ဘောများကို အဆုံးသတ်၍ ဂိုးသွင်းယူလေ့ရှိသည်။ လက်ရှိ မလေးရှားအသင်း သွင်းယူထားသည့် သွင်းဂိုး ၄ ဂိုးအနက် သွင်းဂိုး ၃ ဂိုးမှာ အဆိုပါ နည်းလမ်းများဖြင့် သွင်းယူခဲ့ခြင်း ဖြစ်သည်။ မလေးရှားအသင်း၏ အဓိက ဂိုးသွင်းစက်က အသက် ၃၂ နှစ်အရွယ်ရှိ ဝါရင့်တိုက်စစ်မှူး နိုရှာဟူးလ် (ကျောနံပါတ် ၉ ) ဖြစ်ပြီး ၎င်းတယောက်တည်းက ၃ ဂိုး သွင်းယူထားသည်။

မလေးရှားက သူတို့အသင်း ပုံစံအတိုင်း တောင်ပံများမှ ဖြတ်တင်ပေးပို့သည့် အမြင့်ဘော၊ အနိမ့်ဘောများကို အဆုံးသတ်ကာ ဂိုးရဖို့ကြိုးစားမည်ဖြစ်သလို တန်ပြန်တိုက်စစ်ကို အသုံးပြု၍လည်း ထိုးဖောက်ကစား လာနိုင်သည်။ မြန်မာအသင်းနောက်တန်းအနေဖြင့် ၁၈ ကိုက်စည်းအတွင်း ပေးပို့သည့် ဖြတ်တင်ဘောများကို စနစ်တကျ ကာကွယ်ရှင်းထုတ်နိုင်ရန် လိုအပ်ပြီး မလေးရှား တောင်ပံကစားသမားများကိုလည်း ၁၈ ကိုက်စည်းထိပ်မှ ကန်သွင်းခွင့်မပေးဘဲ တားဆီးနိုင်ရန် လိုအပ်နေသည်။

မလေးရှားအသင်း၏ တိုက်စစ်ကို မြန်မာနောက်တန်းနှင့် ကွင်းလယ်ခံစစ်သမားများ တည်ငြိမ်စွာ ဟန့်တားနိုင်ပြီး တန်ပြန်တိုက်စစ်ဖြင့် အလစ်အငိုက်ဖမ်း၍ ကစားလျှင် မြန်မာအသင်း ဆီမီးဖိုင်နယ်တက်ဖို့ အခြေအနေ ကောင်းနိုင်သည်။ ဗီယက်နမ်နှင့် မလေးရှားပွဲစဉ်တွင် ဧည့်သည် မလေးအသင်းက ဘောလုံးပိုင်ဆိုင်မှု အသာစီးရခဲ့သော်လည်း ပွဲပြီးချိန်တွင် တန်ပြန်တိုက်စစ်ဖြင့် အလစ်အငိုက်ဖမ်းကစားသည့် ဗီယက်နမ်အသင်းက ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သော သာဓကရှိခဲ့သည့်အတွက် မလေးရှားအသင်းကို ကျော်ဖြတ်ပြီး ဆီမီးဖိုင်နယ်တက်နိုင်ရေး မြန်မာနည်းပြ အန်တိုနီဟေးလ်၏ နည်းဗျူဟာနှင့် လူထုတ်ပုံ အခင်းအကျင်းအပေါ်လည်း များစွာမူတည်နေသည်။

တိုက်စစ်ပိုင်းမှာတော့ မြန်မာအသင်းအနေဖြင့် အုပ်စုပွဲစဉ် ၃ ပွဲအတွင်း လှိုင်းဘိုဘို၊ အောင်သူ၊ သန်းထက်အောင်၊ မောင်မောင်လွင်၊ စည်သူအောင်နှင့် ထက်ဖြိုးေ၀ စသည့် မတူညီသည့် ကစားသမား ၆ ဦးမှ သွင်းဂိုး ၇ ဂိုး သွင်းယူထားသည့်အတွက် ဂိုးသွင်းနိုင်သည့် ပလေယာများစွာ ရှိနေသည်။ မြန်မာတိုက်စစ်မှူးများ အနေဖြင့် ယခုလို အရေးကြီးသည့် အဆုံးအဖြတ်ပွဲမျိုးတွင် ရရှိလာသည့် အခွင့်အရေးများကို ဖြုန်းတီးမပစ်ဘဲ ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့လျှင် ဆီမီးဖိုင်နယ်တနေရာစာကို မြန်မာအသင်း ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။ ထိုသို့ မဟုတ်ပါက ယခုလို အဆုံးအဖြတ်ပွဲတွေမှာ အမှားအယွင်း လုပ်မိသည့်အသင်းက ပြိုင်ပွဲက နှုတ်ဆက် ထွက်ခွာရမည်သာ ဖြစ်သည်။

မြန်မာအသင်းအနေဖြင့် လက်ရှိ ၂၀၁၈ ဆူဇူကီးပြိုင်ပွဲတွင် မလေးရှားကို ကျော်ဖြတ်၍ ဆီမီးဖိုင်နယ် တက်ရောက်နိုင်ခဲ့ပါက ပြိုင်ပွဲသမိုင်းတလျှောက် ၂ ကြိမ်ဆက်တိုက် ဆီမီးဖိုင်နယ်တက်ရောက်သည့်မှတ်တမ်းကို ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။ အာဆီယံဒေသ၏ အဆင်မြင့်ဆုံး ဘောလုံးပြိုင်ပွဲဖြစ်သည့် ဆူဇူကီးဖလားပြိုင်ပွဲတွင် ထိုင်းအသင်းက ၅ ကြိမ်၊ စင်္ကာပူက ၄ ကြိမ်၊ ဗီယက်နမ်က ၁ ကြိမ်နှင့် မလေးရှားက ၁ ကြိမ် ဗိုလ်စွဲထားပြီး မြန်မာအသင်းအနေဖြင့် ၂၀၀၄ – ၂၀၀၅ ပြိုင်ပွဲတွင် စတုတ္ထနေရာ ရရှိခဲ့ခြင်းက အမြင့်ဆုံးအောင်မြင်မှုဖြစ်သည်။

မြန်မာအသင်းနည်းပြချုပ် အန်တိုနီဟေးလ်က“ဗီယက်နမ်အသင်းနဲ့ပွဲစဉ်မှာ သရေတစ်မှတ်ရရှိလိုက်ခြင်းက ကျနော်တို့အသင်းအတွက် မလေးရှားအသင်းနဲ့ ကစားဖို့ ခွန်အားဖြစ်စေပါတယ်။ ဗီယက်နမ်နဲ့ပွဲမှာ နည်းဗျူဟာ ကြောင့် ကစားသမား ၅ ဦးအထိ အပြောင်းအအလဲလုပ်ခဲ့တာကြောင့် နောက်ပွဲ (မလေးရှားပွဲစဉ်) အတွက် ကြံ့ခိုင်မှုအပိုင်းမှာလည်း စိုးရိမ်စရာ မရှိပါဘူး”ဟု ဗီယက်နမ်အသင်းနှင့်ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၊ ဘူကစ်ဂျာလီအားကစားကွင်း၌ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ယှဉ်ပြိုင်ကစားမည့် မလေးရှားအသင်းနှင့် မြန်မာအသင်းတို့၏ ဆီမီးဖိုင်နယ်တက်ရေး အဆုံးအဖြတ်ပွဲစဉ်တွင် နည်းပြချုပ် အန်တိုနီဟေးလ်၏ မြန်မာအသင်းက အိမ်ရှင် မလေးရှားအသင်းကို ဖြုတ်ချပြီး ဆူဇူကီးဖလား မှတ်တမ်းသစ်ရေးထိုးသွားနိုင်မလားဆိုတာ ဆက်လက်စောင့်ကြည့်သွားရမည် ဖြစ်သည်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top