ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

တခ်ိဳ႕ေတြဟာ အလုပ္ကို မနားမေနကို ႀကိဳးစားၾကပါတယ္။ လူတကာ အလုပ္ပိတ္လို႔ နားေနရင္ေတာင္ စိတ္နဲ႕ လူကို အနားမေပးတာမ်ိဳးေတြ ျပဳလုပ္ေလ့ ရွိၾကၿပီး ေက်ာင္းတက္ေနသူေတြဟာလည္း ေက်ာင္းစာကို ေန႕မနား၊ ညမအား လုပ္တတ္ၾကပါတယ္။

ဒီလိုအခ်ိန္ေတြမွာ ပင္ပန္းတာ၊ စိတ္ဖိအားမ်ားတာေတြကို ခံစားရေပမယ့္ တရက္ ႏွစ္ရက္ေလာက္ နားလိုက္ရင္ သက္သာသြားတာမ်ိဳး ရွိတတ္ပါတယ္။ ဒါေပမဲ့ အခုေျပာျပမယ့္ လကၡဏာေတြကေတာ့ သင္အမွန္တကယ္ အနားယူဖို႔ သင့္ၿပီလို႔ ခႏၶာကိုယ္က သတိေပးေနတဲ့ လကၡဏာေတြ ျဖစ္ပါတယ္

(၁) ေန႔တုိင္း ေခါင္းကိုက္ျခင္း

ခႏၶာကိုယ္က သတိေပးေလ့ ရွိတဲ့ အရာတခုက ေခါင္းကိုက္တာပါ။ သင္အလုပ္တခုကို အာ႐ုံစူးစိုက္ၿပီး လုပ္ေနရင္ ေခါင္းကိုက္လာတာေတြ မၾကာခဏ ျဖစ္တတ္ပါသလား။ ဒါဆိုရင္ေတာ့ သတိထားဖို႔ လိုေနပါၿပီ။ ၃၊ ၄ လေလာက္မွာ တခါ တေခါင္းကိုက္တာက ျပႆနာ မဟုတ္ေပမယ့္ ေန႕စဥ္ရက္ဆက္ ဆိုရင္ေတာ့ သင္ဂ႐ုစိုက္ဖို႔ လိုပါၿပီ။ ေန႕တိုင္း ေခါင္းကိုက္တာက ၾကာလာရင္ အသက္အႏၲရာယ္ရွိအထိ ျဖစ္နိုင္ပါတယ္။

(၂) အစာေခ်ဖ်က္မႈ ပုံစံ မမွန္ျခင္း

သင့္ဦးေႏွာက္က မပ်က္မကြက္ အလုပ္လုပ္တာေတြ မ်ားလာရင္ သင့္ရဲ႕ အစာေခ်စနစ္က အလုပ္ပုံမွန္လုပ္မွာ မဟုတ္ေတာ့ပါဘူး။ အစာေခ်စနစ္ ပုံမွန္ အလုပ္မလုပ္ျခင္းအားျဖင့္ အူမႀကီးနဲ႕ ပတ္သက္တဲ့ ေရာဂါေတြ၊ အစာအိမ္ကင္ဆာေတြ ျဖစ္ပြားနိုင္လို႔ အစာေခ်ဖ်က္မႈ ပုံစံ မမွန္တာေတြ ႀကဳံေတြ႕ရၿပီဆိုရင္ အနားယူဖို႔ တိုက္တြန္းခ်င္ပါတယ္။

(၃) မၾကာခဏ ဖ်ားနာျခင္း

စိတ္ဖိစီးမႈဟာ သင့္ႏွလုံးခုန္ႏႈန္းကို ျမန္ေစပါတယ္။ ေသြးလည္ပတ္မႈ ပုံစံအရ ႏွလုံးခုန္ႏႈန္းျမန္လာရင္ ေသြးဖိအားကို တိုးေစပါတယ္။ ဒီလို ေသြးဖိအားမ်ားတာက သင့္ကို ပိုၿပီး အဖ်ားကူးစက္ဖို႔ လြယ္ကူပါတယ္။

(၄) ႐ုတ္တရက္ ဝ လာျခင္း

မၾကာခဏဆိုသလို စိတ္ဖိအားမ်ားတဲ့ ခံစားခ်က္ကို ခံစားရတာဟာ သင့္ကို ကိုယ္အေလးခ်ိန္ ႐ုတ္ခ်ည္း တိုးလာေစပါတယ္။ ဒီလိုျဖစ္ရတာဟာ ေဟာ္မုန္းေျပာင္းလဲမႈေတြေၾကာင့္ ျဖစ္ၿပီး စိတ္ဖိအားမ်ားတဲ့ ဒဏ္ကိုခံရတာေၾကာင့္ သင့္စိတ္က သင့္နံေဘးနားမွာ ရွိတဲ့ အရာတိုင္းကို စားခ်င္စိတ္ျဖစ္ေပၚလာေစပါတယ္။

သင္စိတ္ခ်မ္းသာရင္ ၿပီးေရာဆိုၿပီး ေတြ႕ရာကို စားရင္းနဲ႕ သင္ကိုယ္အေလးခ်ိန္ တိုးလာတာဟာလည္း သင့္ခႏၶာကိုယ္က သင့္ကို အနားယူဖို႔ ေျပာေနတဲ့ လကၡဏာတခုပဲ ျဖစ္ပါတယ္။

(၅) လိင္စိတ္ အားနည္းလာျခင္း

ဦးေႏွာက္ဟာ ဖိအားမ်ားမ်ားနဲ႕ အလုပ္လုပ္ရတဲ့ အခါမွာ ခႏၶာကိုယ္က လိင္ပိုင္းဆိုင္ရာအလုပ္လုပ္မႈ နည္းလာပါတယ္။ ဒါေတြဟာ အမ်ိဳးသားေရာ၊ အမ်ိဳးသမီးေတြမွာပါ ျဖစ္ပြားတတ္ၿပီး တခါတေလမွာ လိင္စိတ္ကုန္ ခမ္းသည္အထိ ျဖစ္ပြားနိုင္ပါတယ္။ ဒီလိုျဖစ္ရင္ ကိုယ့္ရဲ႕ လက္တြဲေဖာ္ကို အမွန္အတိုင္းေျပာျပသင့္ၿပီး လက္တြဲေဖာ္ကေနလည္း နားလည္မႈေပးဖို႔ လိုအပ္ပါတယ္။

စိတ္ဖိအားမ်ားတာကို ေလ်ာ့ခ်နိဳင္ေအာင္ တရားထိုင္ျခင္း၊ ခရီးထြက္ျခင္း၊ ကြၽမ္းက်င္ဆရာဝန္မ်ားနဲ႕ ျပသျခင္းတို႔ကို ျပဳလုပ္ရင္ ပုံမွန္ျပန္ျဖစ္နိုင္တယ္လို႔လည္း သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Irrawaddy


#Unicode Version#

တချို့တွေဟာ အလုပ်ကို မနားမနေကို ကြိုးစားကြပါတယ်။ လူတကာ အလုပ်ပိတ်လို့ နားနေရင်တောင် စိတ်နဲ့ လူကို အနားမပေးတာမျိုးတွေ ပြုလုပ်လေ့ ရှိကြပြီး ကျောင်းတက်နေသူတွေဟာလည်း ကျောင်းစာကို နေ့မနား၊ ညမအား လုပ်တတ်ကြပါတယ်။

ဒီလိုအချိန်တွေမှာ ပင်ပန်းတာ၊ စိတ်ဖိအားများတာတွေကို ခံစားရပေမယ့် တရက် နှစ်ရက်လောက် နားလိုက်ရင် သက်သာသွားတာမျိုး ရှိတတ်ပါတယ်။ ဒါပေမဲ့ အခုပြောပြမယ့် လက္ခဏာတွေကတော့ သင်အမှန်တကယ် အနားယူဖို့ သင့်ပြီလို့ ခန္ဓာကိုယ်က သတိပေးနေတဲ့ လက္ခဏာတွေ ဖြစ်ပါတယ်

(၁) နေ့တိုင်း ခေါင်းကိုက်ခြင်း

ခန္ဓာကိုယ်က သတိပေးလေ့ ရှိတဲ့ အရာတခုက ခေါင်းကိုက်တာပါ။ သင်အလုပ်တခုကို အာရုံစူးစိုက်ပြီး လုပ်နေရင် ခေါင်းကိုက်လာတာတွေ မကြာခဏ ဖြစ်တတ်ပါသလား။ ဒါဆိုရင်တော့ သတိထားဖို့ လိုနေပါပြီ။ ၃၊ ၄ လလောက်မှာ တခါ တခေါင်းကိုက်တာက ပြဿနာ မဟုတ်ပေမယ့် နေ့စဉ်ရက်ဆက် ဆိုရင်တော့ သင်ဂရုစိုက်ဖို့ လိုပါပြီ။ နေ့တိုင်း ခေါင်းကိုက်တာက ကြာလာရင် အသက်အန္တရာယ်ရှိအထိ ဖြစ်နိုင်ပါတယ်။

(၂) အစာချေဖျက်မှု ပုံစံ မမှန်ခြင်း

သင့်ဦးနှောက်က မပျက်မကွက် အလုပ်လုပ်တာတွေ များလာရင် သင့်ရဲ့ အစာချေစနစ်က အလုပ်ပုံမှန်လုပ်မှာ မဟုတ်တော့ပါဘူး။ အစာချေစနစ် ပုံမှန် အလုပ်မလုပ်ခြင်းအားဖြင့် အူမကြီးနဲ့ ပတ်သက်တဲ့ ရောဂါတွေ၊ အစာအိမ်ကင်ဆာတွေ ဖြစ်ပွားနိုင်လို့ အစာချေဖျက်မှု ပုံစံ မမှန်တာတွေ ကြုံတွေ့ရပြီဆိုရင် အနားယူဖို့ တိုက်တွန်းချင်ပါတယ်။

(၃) မကြာခဏ ဖျားနာခြင်း

စိတ်ဖိစီးမှုဟာ သင့်နှလုံးခုန်နှုန်းကို မြန်စေပါတယ်။ သွေးလည်ပတ်မှု ပုံစံအရ နှလုံးခုန်နှုန်းမြန်လာရင် သွေးဖိအားကို တိုးစေပါတယ်။ ဒီလို သွေးဖိအားများတာက သင့်ကို ပိုပြီး အဖျားကူးစက်ဖို့ လွယ်ကူပါတယ်။

(၄) ရုတ်တရက် ဝ လာခြင်း

မကြာခဏဆိုသလို စိတ်ဖိအားများတဲ့ ခံစားချက်ကို ခံစားရတာဟာ သင့်ကို ကိုယ်အလေးချိန် ရုတ်ချည်း တိုးလာစေပါတယ်။ ဒီလိုဖြစ်ရတာဟာ ဟော်မုန်းပြောင်းလဲမှုတွေကြောင့် ဖြစ်ပြီး စိတ်ဖိအားများတဲ့ ဒဏ်ကိုခံရတာကြောင့် သင့်စိတ်က သင့်နံဘေးနားမှာ ရှိတဲ့ အရာတိုင်းကို စားချင်စိတ်ဖြစ်ပေါ်လာစေပါတယ်။

သင်စိတ်ချမ်းသာရင် ပြီးရောဆိုပြီး တွေ့ရာကို စားရင်းနဲ့ သင်ကိုယ်အလေးချိန် တိုးလာတာဟာလည်း သင့်ခန္ဓာကိုယ်က သင့်ကို အနားယူဖို့ ပြောနေတဲ့ လက္ခဏာတခုပဲ ဖြစ်ပါတယ်။

(၅) လိင်စိတ် အားနည်းလာခြင်း

ဦးနှောက်ဟာ ဖိအားများများနဲ့ အလုပ်လုပ်ရတဲ့ အခါမှာ ခန္ဓာကိုယ်က လိင်ပိုင်းဆိုင်ရာအလုပ်လုပ်မှု နည်းလာပါတယ်။ ဒါတွေဟာ အမျိုးသားရော၊ အမျိုးသမီးတွေမှာပါ ဖြစ်ပွားတတ်ပြီး တခါတလေမှာ လိင်စိတ်ကုန် ခမ်းသည်အထိ ဖြစ်ပွားနိုင်ပါတယ်။ ဒီလိုဖြစ်ရင် ကိုယ့်ရဲ့ လက်တွဲဖော်ကို အမှန်အတိုင်းပြောပြသင့်ပြီး လက်တွဲဖော်ကနေလည်း နားလည်မှုပေးဖို့ လိုအပ်ပါတယ်။

စိတ်ဖိအားများတာကို လျော့ချနိုင်အောင် တရားထိုင်ခြင်း၊ ခရီးထွက်ခြင်း၊ ကျွမ်းကျင်ဆရာဝန်များနဲ့ ပြသခြင်းတို့ကို ပြုလုပ်ရင် ပုံမှန်ပြန်ဖြစ်နိုင်တယ်လို့လည်း သိရပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top