(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

ႏုိဝင္ဘာ ၂၁ ရက္က  မေကြးတိုင္း ေအာင္လံၿမိဳ႕တြင္ လယ္ကြင္းထဲ၌ စပါး ရိတ္ေနသည့္ အမ်ိဳးသမီးတစ္ဦးကို အရက္ေၾကာင္ေနသည့္ တစ္ရြာတည္းေန အမ်ိဳးသားက ဓားျဖင့္ ခုတ္သျဖင့္ အခင္းျဖစ္ေနရာတြင္ ေသဆံုးမႈ ျဖစ္ပြားေၾကာင္း  ေရႊပန္းေတာနယ္ေျမရဲတပ္ဖြဲ႕စခန္းမွ တာဝန္က်တပ္ဖြဲ႕ဝင္တစ္ဦးက ေျပာသည္။

ေအာင္လံၿမိဳ႕နယ္ ေညာင္ ငုတ္တိုေက်းရြာေန အသက္ (၁၉)ႏွစ္အရြယ္ အမ်ိဳးသမီးသည္ အဆိုပါေန႔ နံနက္က ၎မိသားစုပိုင္လယ္အတြင္း  စပါးရိတ္ေနစဥ္  တစ္ရြာတည္းေန (၄၈) ႏွစ္အရြယ္ အမ်ိဳးသားက ဓားျဖင့္ ခုတ္ေသာေၾကာင့္ ဦးေခါင္းျပတ္ရွဒဏ္ရာအပါအဝင္ ဓားဒဏ္ရာသံုးခ်က္ရၿပီး အခင္းျဖစ္ေနရာတြင္ ေသဆံုးခဲ့ေၾကာင္း  ရဲတပ္ဖြဲ႕စစ္ေဆးခ်က္မွတ္တမ္း၌ ေဖာ္ျပသည္။

ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးမွ တစ္ဆင့္ အေၾကာင္းၾကားခ်က္အ ရ ရဲတပ္ဖြဲ႕က သြားေရာက္စစ္ေဆး ရာ ဓားျဖင့္ ခုတ္သူ အမ်ိဳးသားသည္ အရက္အလြန္အကၽြံေသာက္ကာ လြန္ခဲ့သည့္ ႏွစ္ရက္ခန္႔က စတင္၍  စိတ္အေျခအေနပံုမွန္မရွိ ေၾကာင္း ယင္းမွတ္တမ္းတြင္  ေဖာ္ျပသည္။

‘‘ရန္ျဖစ္လို႔၊ ရန္ၿငိဳးရန္စ အဲဒီလိုေၾကာင့္ မဟုတ္ဘူး။ ဓား နဲ႔ခုတ္သူက အရက္ေၾကာင္ၿပီး ေတာ့ သူ႔ဟာသူ လယ္ထဲမွာ စပါး ရိတ္ေနတဲ့ မိန္းကေလးကို ခုတ္ တာလို႔ သိရတယ္။ အေသးစိတ္ စံုစမ္းစစ္ေဆးမႈေတြ လုပ္ေနပါ တယ္’’ဟု ေရႊပန္းေတာနယ္ေျမရဲ တပ္ဖြဲ႕စခန္းမွ တာဝန္က်ရဲတပ္ဖြဲ႕ ဝင္တစ္ဦးက ေျပာသည္။

ယင္းျဖစ္စဥ္ႏွင့္ပတ္သက္၍  ေသဆံုးသူ၏ခင္ပြန္းက တရားလိုျပဳလုပ္တိုင္ၾကားသျဖင့္ ေရႊပန္း ေတာနယ္ေျမရဲတပ္ဖြဲ႕စခန္းက လူသတ္မႈျဖင့္ အမႈဖြင့္ကာ က်ဴးလြန္သူကို  ဖမ္းဆီးစစ္ေဆးေန သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day


#Unicode Version#

နိုဝင်ဘာ ၂၁ ရက်က  မကွေးတိုင်း အောင်လံမြို့တွင် လယ်ကွင်းထဲ၌ စပါး ရိတ်နေသည့် အမျိုးသမီးတစ်ဦးကို အရက်ကြောင်နေသည့် တစ်ရွာတည်းနေ အမျိုးသားက ဓားဖြင့် ခုတ်သဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးမှု ဖြစ်ပွားကြောင်း  ရွှေပန်းတောနယ်မြေရဲတပ်ဖွဲ့စခန်းမှ တာဝန်ကျတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

အောင်လံမြို့နယ် ညောင် ငုတ်တိုကျေးရွာနေ အသက် (၁၉)နှစ်အရွယ် အမျိုးသမီးသည် အဆိုပါနေ့ နံနက်က ၎င်းမိသားစုပိုင်လယ်အတွင်း  စပါးရိတ်နေစဉ်  တစ်ရွာတည်းနေ (၄၈) နှစ်အရွယ် အမျိုးသားက ဓားဖြင့် ခုတ်သောကြောင့် ဦးခေါင်းပြတ်ရှဒဏ်ရာအပါအဝင် ဓားဒဏ်ရာသုံးချက်ရပြီး အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း  ရဲတပ်ဖွဲ့စစ်ဆေးချက်မှတ်တမ်း၌ ဖော်ပြသည်။

ကျေးရွာအုပ်ချုပ်ရေးမှူးမှ တစ်ဆင့် အကြောင်းကြားချက်အ ရ ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေး ရာ ဓားဖြင့် ခုတ်သူ အမျိုးသားသည် အရက်အလွန်အကျွံသောက်ကာ လွန်ခဲ့သည့် နှစ်ရက်ခန့်က စတင်၍  စိတ်အခြေအနေပုံမှန်မရှိ ကြောင်း ယင်းမှတ်တမ်းတွင်  ဖော်ပြသည်။

‘‘ရန်ဖြစ်လို့၊ ရန်ငြိုးရန်စ အဲဒီလိုကြောင့် မဟုတ်ဘူး။ ဓား နဲ့ခုတ်သူက အရက်ကြောင်ပြီး တော့ သူ့ဟာသူ လယ်ထဲမှာ စပါး ရိတ်နေတဲ့ မိန်းကလေးကို ခုတ် တာလို့ သိရတယ်။ အသေးစိတ် စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါ တယ်’’ဟု ရွှေပန်းတောနယ်မြေရဲ တပ်ဖွဲ့စခန်းမှ တာဝန်ကျရဲတပ်ဖွဲ့ ဝင်တစ်ဦးက ပြောသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍  သေဆုံးသူ၏ခင်ပွန်းက တရားလိုပြုလုပ်တိုင်ကြားသဖြင့် ရွှေပန်း တောနယ်မြေရဲတပ်ဖွဲ့စခန်းက လူသတ်မှုဖြင့် အမှုဖွင့်ကာ ကျူးလွန်သူကို  ဖမ်းဆီးစစ်ဆေးနေ သည်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top