ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ျမန္မာဘက္က လက္မခံျခင္းမဟုတ္ဘဲ ထိုင္းဘက္က အသိမေပးဘဲလာေရာက္ပို႔ေဆာင္ခဲ့ေသာေၾကာင့္ဟု ေကာ့ေသာင္းခ႐ိုင္ ေထြအုပ္႐ံုးတာဝန္ရွိသူေျပာ

ထုိင္းႏုိင္ငံသုိ႔ တရားမ၀င္၀င္ေရာက္မႈေၾကာင့္ ဖမ္းဆီးခံရေသာျမန္မာလုပ္သား ၁၄၅ ဦးကုိ ထုိင္း အာဏာပိုင္မ်ားက ျမန္မာႏုိင္ငံသုိ႔ ျပန္လည္လႊဲေျပာင္းပုိ႔ ေဆာင္ရာ ေကာ့ေသာင္းၿမိဳ႕အာဏာပိုင္မ်ားက လက္မ ခံသျဖင့္တရားမ၀င္နည္းလမ္းျဖင့္သာ ပုိ႔ေဆာင္ေပးခဲ့ ေၾကာင္း ထုိင္းႏုိင္ငံပညာေရးႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရး ေဖာင္ေဒးရွင္း FED အဖြဲ႕မွ ကုိမင္းဦးက ေျပာသည္။


ႏုိ၀င္ဘာ ၁၄ ရက္က ထုိင္းႏုိင္ငံေတာင္ပိုင္း ရေနာင္းခ႐ိုင္အတြင္း တရားမ၀င္ေရာက္ရွိလာေသာ ျမန္မာလုပ္သား ၁၄၅ ဦးကုိ တစ္ပတ္ၾကာထိန္းသိမ္းၿပီး ယမန္ေန႔တြင္ ထုိင္းအာဏာပိုင္မ်ားက ရေနာင္းၿမိဳ႕မွ ေကာ့ေသာင္းၿမိဳ႕သုိ႔ ျပန္လည္ပုိ႔ေဆာင္ေပးခဲ့သည္။

ယင္းသို႔ျပန္လည္ပုိ႔ေဆာင္ရာတြင္ ထုိင္းရဲမွဴးႀကီး ကိုယ္တိုင္စီစဥ္ေဆာင္ရြက္ၿပီး ရေနာင္းအေျခစုိက္ ထုိင္းႏုိင္ငံဆုိင္ရာ ျမန္မာသံ႐ုံးမွ အလုပ္သမားသံအရာရွိဦးေဇာ္ မင္းေအာင္ႏွင့္ FED အဖြဲ႕တို႔က လုိက္ပါပု႔ိေဆာင္ခဲ့သည္။

သုိ႔ေသာ္ ျမန္မာပိုင္နက္သုိ႔ေရာက္ရွိခ်ိန္တြင္ ေကာ့ေသာင္းအာဏာပုိင္မ်ားက လက္မခံ၍ ပင္လယ္ျပင္၌ အခ်ိန္ႏွစ္နာရီၾကာေစာင့္ဆုိင္းခဲ့ရေၾကာင္း ကုိမင္းဦးက ေျပာသည္။

‘‘ထုိင္းဘက္က အားလုံးအ ဆင္ေျပေအာင္လုပ္ေပးတယ္။ ျပန္ပုိ႔မေပးဘူးဆုိရင္ သူတို႔အား လုံးက အက်ဥ္းက်ခံရမွာ။ သံအ ရာရွိနဲ႔ကြၽန္ေတာ္တို႔က ေတာင္းဆုိ လုိ႔ သူတို႔ကျပန္ပုိ႔ေပးတာ။ အဲဒါ ကုိလက္မခံဘူးဆုိၿပီး အေၾကာင္း ျပန္တာ။ သူတို႔အေၾကာင္းျပတာ ေတာ့ ေကာ့ေသာင္းကတရား၀င္ ျပန္လည္လက္ခံတဲ့ဂိတ္ မရွိဘူး ေပါ့။ အဲဒါေၾကာင့္ လက္မခံတာ လုိ႔ ေျပာတယ္’’ ဟု ၎က ေျပာ သည္။ ျမန္မာလုပ္သား ၁၄၅ ဦး တြင္ ကေလးငယ္သုံးဦးအပါအ ၀င္ အသက္မျပည့္သူကုိးဦးႏွင့္ အမ်ိဳးသမီး ၂၁ ဦး ပါ၀င္ကာ ဘာသာျခားလူမ်ိဳးမ်ား မပါ၀င္ ေၾကာင္း ၎ကဆက္လက္ေျပာ သည္။ ခ်င္း၊ မြန္၊ ရခုိင္ျပည္နယ္ ႏွင့္ဧရာ၀တီတုိင္းမွ ျမန္မာႏုိင္ငံ သားမ်ားျဖစ္ေၾကာင္း ကုိမင္းဦးက ရွင္းျပသည္။

‘‘တရား၀င္ျဖစ္ေစခ်င္လုိ႔ လက္မခံတာလုိ႔ေျပာတယ္။ ကြၽန္ ေတာ္တုိ႔ကေတာ့ ျပန္ပုိ႔ခဲ့တယ္။ မနက္ျဖန္(ႏုိ၀င္ဘာ ၂၃ ရက္)မွာ လည္း ႏွစ္ႏုိင္ငံေဆြးေႏြးပြဲရွိတယ္။ ဒီဟာကုိ ေဆြးေႏြးၾကမယ္’’ ဟု အလုပ္သမားသံအရာရွိဦးေဇာ္ မင္းေအာင္က ေျပာသည္။

‘‘ကိုယ့္ႏုိင္ငံသားေတြကုိ လက္မခံလုိ႔ ျပန္ေခၚလာရင္လည္း ထုိင္းအစုိးရက လက္ခံမွာမဟုတ္ ဘူး။ အဲဒါေၾကာင့္ ေကာ့ေသာင္း တစ္ေနရာမွာ ထားခဲ့ရတယ္ေျပာ တယ္။ ျပန္ပုိ႔ကတည္းက အမ်ား စုက တိုင္းရင္းသားေတြျဖစ္ေန တယ္။ အဲဒါဟာ ကိုယ့္ႏုိင္ငံဂုဏ္ သိကၡာက်တာပဲ။ တမင္ကုိ ဂုဏ္ သိကၡာက်ေအာင္ လုပ္ေနသလုိ ျဖစ္ေနတယ္’’ ဟု FED အဖြဲ႕ဒါ ႐ိုက္တာ ဦးထူးခ်စ္က ေျပာသည္။

ျမန္မာလုပ္သား ၁၄၅ ဦးကို လက္မခံျခင္း မဟုတ္ဘဲ ထိုင္းအစိုးရက ၎တို႔ အစီအစဥ္ျဖင့္ ပို႔ေဆာင္ျခင္း ျဖစ္ေၾကာင္း ေကာ႔ေသာင္းခ႐ိုင္ အေထြေထြအုပ္ခ်ဳပ္ေရးမွဴး႐ုံး လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးျမတ္သူက ေျပာသည္။

‘‘အာလုံးေပါင္း ၁၄၅ ဦး ေရာက္ရွိလာတယ္။ ရေနာင္းက ကြ်န္ေတာ္တို႔နဲ႔ တရားဝင္ ပို႔တာ မဟုတ္ဘူး။ သတင္းရရခ်င္းမွာ ကြ်န္ေတာ္တို႔သြားပါတယ္။ အခု ညပိုင္းမွာ ကြ်န္ေတာ္တို႔ အစိုးရအစီအစဥ္နဲ႔ လူဦးေရ ၄၈ ဦးကို ရန္ကုန္ကို ပို႔ေဆာင္လိုက္ပါၿပီ။ထိုင္းကေန ကြၽန္ေတာ္တို႔နဲ႔တရားဝင္လာပို႔တာ မဟုတ္ဘဲ ထိုင္းဘက္ကေန ဒီတိုင္းပဲ ကြ်န္ေတာ္တို႔ကို ဘာမွအသိမေပးဘဲ လာသြန္ခ်သြားတဲ႔ သေဘာပဲ။ ဒီဘက္ေရာက္မွ ကြၽန္ေတာ္တို႔က သိတာ။ ႏွစ္ႏိုင္ငံညႇိႏိႈင္းျခင္းမရွိဘဲ သူတို႔ဘာသာသူတို႔ လာပို႔သြားတဲ႔ သေဘာပါ’’ ဟု ဦးျမတ္သူက ေျပာသည္။

ေကာ့ေသာင္းၿမိဳ႕ ေရႊျပည္သာရပ္ကြက္ရွိ သီတာေလွေထာက္က်င္းတြင္ ပို႔ထားခဲ့ျခင္းျဖစ္ေၾကာင္း ၎က ဆက္လက္ေျပာသည္။

လက္ရွိတြင္ ထုိင္းရဲတပ္ဖြဲ႕ က အမ်ိဳးသားလုံၿခံဳေရးစီမံခ်က္ ႏွင့္ႏုိင္ငံျခားသားလုပ္သားမ်ား ဧည့္စာရင္းဥပေဒသစ္အေၾကာင္း ျပကာ ေအာက္တိုဘာ ၁ ရက္က စ၍ ေရႊ႕ေျပာင္းျမန္မာလုပ္သား မ်ားကုိ စစ္ေဆးဖမ္းဆီးေနသည္။ ေအာက္တိုဘာအတြင္း ျမန္မာ လုပ္သား ၂,၅၀၀ ေက်ာ္ကုိထုိင္းရဲ တပ္ဖြဲ႕က ဖမ္းဆီးၿပီးျမန္မာႏုိင္ငံ သုိ႔ ျပန္လည္လႊဲေျပာင္းေပးခဲ့ သည္။လက္ရိွတြင္ ဖမ္းဆီးခံျမန္မာ လုပ္သားမ်ားကုိ မဲေဆာက္-ျမ၀ တီဂိတ္မွ တရား၀င္ျပန္လည္လႊဲ ေျပာင္းမႈမ်ားျပဳလုပ္ေနသည္။

ထုိင္းႏုိင္ငံအပါအ၀င္ ျပည္ ပႏုိင္ငံမ်ားသုိ႔ သြားေရာက္အလုပ္ လုပ္ကုိင္လုိသည့္ ျမန္မာႏုိင္ငံ သားမ်ားအေနျဖင့္ လူကုန္ကူးမခံ ရေရးႏွင့္ လိမ္လည္ခံရျခင္းမ်ား ျဖစ္ပြားေနေသာေၾကာင့္ မွန္ကန္ေသာ ေရႊ႕ေျပာင္းသြားလာမႈျဖစ္ ေရးျပည္ပႏုိင္ငံမ်ားသုိ႔ တရား၀င္နည္းလမ္းျဖင့္ သြားေရာက္လုပ္ကိုင္ရန္ ထုိင္းႏုိင္ငံဆိုင္ရာ ျမန္မာသံ႐ုံး၊ အလုပ္သမားသံအရာရွိ႐ုံးက ႏုိ၀င္ဘာ ၁၇ ရက္တြင္ သတိေပးထုတ္ျပန္ထား သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day


#Unicode Version#

မြန်မာဘက်က လက်မခံခြင်းမဟုတ်ဘဲ ထိုင်းဘက်က အသိမပေးဘဲလာရောက်ပို့ဆောင်ခဲ့သောကြောင့်ဟု ကော့သောင်းခရိုင် ထွေအုပ်ရုံးတာဝန်ရှိသူပြော

ထိုင်းနိုင်ငံသို့ တရားမဝင်ဝင်ရောက်မှုကြောင့် ဖမ်းဆီးခံရသောမြန်မာလုပ်သား ၁၄၅ ဦးကို ထိုင်း အာဏာပိုင်များက မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပို့ ဆောင်ရာ ကော့သောင်းမြို့အာဏာပိုင်များက လက်မ ခံသဖြင့်တရားမဝင်နည်းလမ်းဖြင့်သာ ပို့ဆောင်ပေးခဲ့ ကြောင်း ထိုင်းနိုင်ငံပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း FED အဖွဲ့မှ ကိုမင်းဦးက ပြောသည်။


နိုဝင်ဘာ ၁၄ ရက်က ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းခရိုင်အတွင်း တရားမဝင်ရောက်ရှိလာသော မြန်မာလုပ်သား ၁၄၅ ဦးကို တစ်ပတ်ကြာထိန်းသိမ်းပြီး ယမန်နေ့တွင် ထိုင်းအာဏာပိုင်များက ရနောင်းမြို့မှ ကော့သောင်းမြို့သို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။

ယင်းသို့ပြန်လည်ပို့ဆောင်ရာတွင် ထိုင်းရဲမှူးကြီး ကိုယ်တိုင်စီစဉ်ဆောင်ရွက်ပြီး ရနောင်းအခြေစိုက် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိဦးဇော် မင်းအောင်နှင့် FED အဖွဲ့တို့က လိုက်ပါပု့ိဆောင်ခဲ့သည်။

သို့သော် မြန်မာပိုင်နက်သို့ရောက်ရှိချိန်တွင် ကော့သောင်းအာဏာပိုင်များက လက်မခံ၍ ပင်လယ်ပြင်၌ အချိန်နှစ်နာရီကြာစောင့်ဆိုင်းခဲ့ရကြောင်း ကိုမင်းဦးက ပြောသည်။

‘‘ထိုင်းဘက်က အားလုံးအ ဆင်ပြေအောင်လုပ်ပေးတယ်။ ပြန်ပို့မပေးဘူးဆိုရင် သူတို့အား လုံးက အကျဉ်းကျခံရမှာ။ သံအ ရာရှိနဲ့ကျွန်တော်တို့က တောင်းဆို လို့ သူတို့ကပြန်ပို့ပေးတာ။ အဲဒါ ကိုလက်မခံဘူးဆိုပြီး အကြောင်း ပြန်တာ။ သူတို့အကြောင်းပြတာ တော့ ကော့သောင်းကတရားဝင် ပြန်လည်လက်ခံတဲ့ဂိတ် မရှိဘူး ပေါ့။ အဲဒါကြောင့် လက်မခံတာ လို့ ပြောတယ်’’ ဟု ၎င်းက ပြော သည်။ မြန်မာလုပ်သား ၁၄၅ ဦး တွင် ကလေးငယ်သုံးဦးအပါအ ဝင် အသက်မပြည့်သူကိုးဦးနှင့် အမျိုးသမီး ၂၁ ဦး ပါဝင်ကာ ဘာသာခြားလူမျိုးများ မပါဝင် ကြောင်း ၎င်းကဆက်လက်ပြော သည်။ ချင်း၊ မွန်၊ ရခိုင်ပြည်နယ် နှင့်ဧရာဝတီတိုင်းမှ မြန်မာနိုင်ငံ သားများဖြစ်ကြောင်း ကိုမင်းဦးက ရှင်းပြသည်။

‘‘တရားဝင်ဖြစ်စေချင်လို့ လက်မခံတာလို့ပြောတယ်။ ကျွန် တော်တို့ကတော့ ပြန်ပို့ခဲ့တယ်။ မနက်ဖြန်(နိုဝင်ဘာ ၂၃ ရက်)မှာ လည်း နှစ်နိုင်ငံဆွေးနွေးပွဲရှိတယ်။ ဒီဟာကို ဆွေးနွေးကြမယ်’’ ဟု အလုပ်သမားသံအရာရှိဦးဇော် မင်းအောင်က ပြောသည်။

‘‘ကိုယ့်နိုင်ငံသားတွေကို လက်မခံလို့ ပြန်ခေါ်လာရင်လည်း ထိုင်းအစိုးရက လက်ခံမှာမဟုတ် ဘူး။ အဲဒါကြောင့် ကော့သောင်း တစ်နေရာမှာ ထားခဲ့ရတယ်ပြော တယ်။ ပြန်ပို့ကတည်းက အများ စုက တိုင်းရင်းသားတွေဖြစ်နေ တယ်။ အဲဒါဟာ ကိုယ့်နိုင်ငံဂုဏ် သိက္ခာကျတာပဲ။ တမင်ကို ဂုဏ် သိက္ခာကျအောင် လုပ်နေသလို ဖြစ်နေတယ်’’ ဟု FED အဖွဲ့ဒါ ရိုက်တာ ဦးထူးချစ်က ပြောသည်။

မြန်မာလုပ်သား ၁၄၅ ဦးကို လက်မခံခြင်း မဟုတ်ဘဲ ထိုင်းအစိုးရက ၎င်းတို့ အစီအစဉ်ဖြင့် ပို့ဆောင်ခြင်း ဖြစ်ကြောင်း ကော့သောင်းခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးမြတ်သူက ပြောသည်။

‘‘အာလုံးပေါင်း ၁၄၅ ဦး ရောက်ရှိလာတယ်။ ရနောင်းက ကျွန်တော်တို့နဲ့ တရားဝင် ပို့တာ မဟုတ်ဘူး။ သတင်းရရချင်းမှာ ကျွန်တော်တို့သွားပါတယ်။ အခု ညပိုင်းမှာ ကျွန်တော်တို့ အစိုးရအစီအစဉ်နဲ့ လူဦးရေ ၄၈ ဦးကို ရန်ကုန်ကို ပို့ဆောင်လိုက်ပါပြီ။ထိုင်းကနေ ကျွန်တော်တို့နဲ့တရားဝင်လာပို့တာ မဟုတ်ဘဲ ထိုင်းဘက်ကနေ ဒီတိုင်းပဲ ကျွန်တော်တို့ကို ဘာမှအသိမပေးဘဲ လာသွန်ချသွားတဲ့ သဘောပဲ။ ဒီဘက်ရောက်မှ ကျွန်တော်တို့က သိတာ။ နှစ်နိုင်ငံညှိနှိုင်းခြင်းမရှိဘဲ သူတို့ဘာသာသူတို့ လာပို့သွားတဲ့ သဘောပါ’’ ဟု ဦးမြတ်သူက ပြောသည်။

ကော့သောင်းမြို့ ရွှေပြည်သာရပ်ကွက်ရှိ သီတာလှေထောက်ကျင်းတွင် ပို့ထားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

လက်ရှိတွင် ထိုင်းရဲတပ်ဖွဲ့ က အမျိုးသားလုံခြုံရေးစီမံချက် နှင့်နိုင်ငံခြားသားလုပ်သားများ ဧည့်စာရင်းဥပဒေသစ်အကြောင်း ပြကာ အောက်တိုဘာ ၁ ရက်က စ၍ ရွှေ့ပြောင်းမြန်မာလုပ်သား များကို စစ်ဆေးဖမ်းဆီးနေသည်။ အောက်တိုဘာအတွင်း မြန်မာ လုပ်သား ၂,၅၀၀ ကျော်ကိုထိုင်းရဲ တပ်ဖွဲ့က ဖမ်းဆီးပြီးမြန်မာနိုင်ငံ သို့ ပြန်လည်လွှဲပြောင်းပေးခဲ့ သည်။လက်ရှိတွင် ဖမ်းဆီးခံမြန်မာ လုပ်သားများကို မဲဆောက်-မြ၀ တီဂိတ်မှ တရားဝင်ပြန်လည်လွှဲ ပြောင်းမှုများပြုလုပ်နေသည်။

ထိုင်းနိုင်ငံအပါအဝင် ပြည် ပနိုင်ငံများသို့ သွားရောက်အလုပ် လုပ်ကိုင်လိုသည့် မြန်မာနိုင်ငံ သားများအနေဖြင့် လူကုန်ကူးမခံ ရရေးနှင့် လိမ်လည်ခံရခြင်းများ ဖြစ်ပွားနေသောကြောင့် မှန်ကန်သော ရွှေ့ပြောင်းသွားလာမှုဖြစ် ရေးပြည်ပနိုင်ငံများသို့ တရားဝင်နည်းလမ်းဖြင့် သွားရောက်လုပ်ကိုင်ရန် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ အလုပ်သမားသံအရာရှိရုံးက နိုဝင်ဘာ ၁၇ ရက်တွင် သတိပေးထုတ်ပြန်ထား သည်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top