(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×



မေလးရွားႏုိင္ငံ ဘူကစ္ဂ်ာလီကြင္း၌ ယွဥ္ၿပိဳင္ကစားသည့္ မေလးရွားအသင္းႏွင့္ ျမန္မာအသင္းေဘာလုံးပြဲသုိ႔ သြားေရာက္အား ေပးၿပီးျပန္လာေသာ ျမန္မာလုပ္သားမ်ားတိုက္ခုိက္ခံရမႈအတြက္ စုိး ရိမ္မိေၾကာင္းႏွင့္ ေတာင္းပန္ေၾကာင္း မေလးရွား ေဘာလုံးအဖြဲ႕ခ်ဳပ္ (FAM)က ယမန္ေန႔တြင္ သတင္းထုတ္ျပန္သည္။


တိုက္ခုိက္ခံရသည့္ ျမန္မာလုပ္သားမ်ားအေရး ကူညီေပးေနေသာ မေလးရွားအေျခစိုက္ ႏွလုံးလွပရဟိတလူငယ္မ်ား ေသြးလွဴ ရွင္အဖြဲ႕က ယမန္ေန႔တြင္ မေလးရွားႏုိင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္(FAM)ႏွင့္သြားေရာက္ ေတြ႕ဆုံအၿပီး FAM အေထြေထြအတြင္းေရးမွဴး စတုမုိက္ကယ္ရာမာလင္ဂန္က ေတာင္းပန္သည့္ စာတစ္ေစာင္ထုတ္ျပန္ခဲ့သည္။

သက္ဆိုင္ရာခ႐ိုင္ရဲအရာရွိ ႏွင့္ လက္ေထာက္ေကာ္မရွင္ မုိ ဟာမက္ေမာ့စိန္မုိဟာမက္ဇြန္၏ ရဲမႈခင္း အစီရင္ခံစာ မရရွိေသး ေသာ္လည္း ယင္းအခင္းျဖစ္ပြားမႈ ကုိ စုိးရိမ္မိေၾကာင္း စတုမုိက္ ကယ္ရာမာလင္ဂန္က ေျပာ သည္။

‘‘FAM ရဲ႕ကုိယ္စား ေဘာလုံးအားကစားနဲ႔ ဆက္စပ္ေနတဲ့ ေဆာင္ရြက္ခ်က္အားလုံးအတြက္ သက္ဆိုင္ရာအစုိးရအေနနဲ႔ေမွ်ာ္ လင့္မထားတ့ဲ ျဖစ္ရပ္ေတြေဘာ လုံးအသင္းကုိ ကူညီေထာက္ပံ့ ေပးသူေတြကုိလည္း တရား၀င္ ေတာင္းပန္ခ်င္ပါတယ္’’ ဟု စတု မိုက္ကယ္ရာမာလင္ဂန္က ေျပာ သည္။

ဆက္လက္၍ ‘‘ FAM အ ေနနဲ႔ အနီးအနားတစ္၀ုိက္မွာ လုိ အပ္တဲ့ လုံၿခံဳေရး ေဆာင္ရြက္မႈ ေတြလုပ္ေဆာင္ခဲ့ပါတယ္။ ဒါေပ မဲ့ ကံမေကာင္းခ်င္ေတာ့ ကြၽန္ ေတာ္တို႔ရဲ႕ထိန္းခ်ဳပ္နယ္ပယ္က ကင္းလြတ္တဲ့ေနရာေတြမွာ မလုိ လားအပ္တဲ့အမႈအခင္းကို ကြၽန္ ေတာ္တို႔ထိန္းမႏုိင္ သိမ္းမရျဖစ္ခဲ့ ရပါတယ္’’ ဟု ၎ကေျပာၾကားသည္။

ႏုိ၀င္ဘာ ၂၃ ရက္တြင္ ကြာ လာလမ္ပူနယ္ေျမရွိ ဘူကစ္ဂ်ာ လီအားကစားကြင္း၌ ယွဥ္ၿပိဳင္ သည့္ ျမန္မာႏွင့္မေလးရွားဆူဇူကီးဖလား အုပ္စုေနာက္ဆုံးပဲြစဥ္ကုိ သြားေရာက္အားေပးၿပီး ေနာက္ ကြင္းအျပင္ဘက္တြင္ ကားေစာင့္ဆိုင္းေနေသာ ျမန္မာ လုပ္သား ၂၀ ခန္႔ကုိ မေလးရွား ႏုိင္ငံသားမ်ားက တိုက္ခုိက္ခဲ့ သည္။ တိုက္ခုိက္ခံရမႈတြင္ ျမန္ မာလုပ္သားအမ်ိဳးသမီးမ်ားလည္း ပါ၀င္ၿပီး ျမန္မာအမ်ိဳးသားသုံးဦး ဦးေခါင္းေပါက္ၿပဲဒဏ္ရာမ်ားရရွိ ေၾကာင္း FAM ႏွင့္သြားေရာက္ ေတြ႕ဆုံရာ၌ ပါ၀င္ေသာႏွလုံးလွ ပရဟိတလူငယ္မ်ားေသြးလွဴရွင္ အဖြဲ႕မွ ကုိသက္ကေျပာသည္။

 ‘‘မေလးရွားေဘာလုံးအဖြဲ႕ ခ်ဳပ္နဲ႔ သြားေရာက္ေတြ႕ဆုံတာ ဟုတ္ပါတယ္။ ျဖစ္စဥ္ေတြကုိ ရွင္းျပတာေပါ့။ ကြၽန္ေတာ္တို႔ အ လုပ္သမားေတြကုိလည္း အက်ိဳး အေၾကာင္းသိေအာင္ ေျပာျပေန ပါတယ္’’ ဟု ကုိသက္က ေျပာ သည္။ တိုက္ခုိက္ခံရေသာ ျမန္မာ လုပ္သားမ်ားသည္ မေလးရွားႏုိင္ငံ ဘန္ဂီးၿမိဳ႕၌ အလုပ္လုပ္ကိုင္ေနေသာ ေရႊ႕ေျပာင္းလုပ္သားမ်ား ျဖစ္သည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 Day


#Unicode Version#

မလေးရှားနိုင်ငံ ဘူကစ်ဂျာလီကွင်း၌ ယှဉ်ပြိုင်ကစားသည့် မလေးရှားအသင်းနှင့် မြန်မာအသင်းဘောလုံးပွဲသို့ သွားရောက်အား ပေးပြီးပြန်လာသော မြန်မာလုပ်သားများတိုက်ခိုက်ခံရမှုအတွက် စိုး ရိမ်မိကြောင်းနှင့် တောင်းပန်ကြောင်း မလေးရှား ဘောလုံးအဖွဲ့ချုပ် (FAM)က ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။


တိုက်ခိုက်ခံရသည့် မြန်မာလုပ်သားများအရေး ကူညီပေးနေသော မလေးရှားအခြေစိုက် နှလုံးလှပရဟိတလူငယ်များ သွေးလှူ ရှင်အဖွဲ့က ယမန်နေ့တွင် မလေးရှားနိုင်ငံဘောလုံးအဖွဲ့ချုပ်(FAM)နှင့်သွားရောက် တွေ့ဆုံအပြီး FAM အထွေထွေအတွင်းရေးမှူး စတုမိုက်ကယ်ရာမာလင်ဂန်က တောင်းပန်သည့် စာတစ်စောင်ထုတ်ပြန်ခဲ့သည်။

သက်ဆိုင်ရာခရိုင်ရဲအရာရှိ နှင့် လက်ထောက်ကော်မရှင် မို ဟာမက်မော့စိန်မိုဟာမက်ဇွန်၏ ရဲမှုခင်း အစီရင်ခံစာ မရရှိသေး သော်လည်း ယင်းအခင်းဖြစ်ပွားမှု ကို စိုးရိမ်မိကြောင်း စတုမိုက် ကယ်ရာမာလင်ဂန်က ပြော သည်။

‘‘FAM ရဲ့ကိုယ်စား ဘောလုံးအားကစားနဲ့ ဆက်စပ်နေတဲ့ ဆောင်ရွက်ချက်အားလုံးအတွက် သက်ဆိုင်ရာအစိုးရအနေနဲ့မျှော် လင့်မထားတဲ့ ဖြစ်ရပ်တွေဘော လုံးအသင်းကို ကူညီထောက်ပံ့ ပေးသူတွေကိုလည်း တရားဝင် တောင်းပန်ချင်ပါတယ်’’ ဟု စတု မိုက်ကယ်ရာမာလင်ဂန်က ပြော သည်။

ဆက်လက်၍ ‘‘ FAM အ နေနဲ့ အနီးအနားတစ်ဝိုက်မှာ လို အပ်တဲ့ လုံခြုံရေး ဆောင်ရွက်မှု တွေလုပ်ဆောင်ခဲ့ပါတယ်။ ဒါပေ မဲ့ ကံမကောင်းချင်တော့ ကျွန် တော်တို့ရဲ့ထိန်းချုပ်နယ်ပယ်က ကင်းလွတ်တဲ့နေရာတွေမှာ မလို လားအပ်တဲ့အမှုအခင်းကို ကျွန် တော်တို့ထိန်းမနိုင် သိမ်းမရဖြစ်ခဲ့ ရပါတယ်’’ ဟု ၎င်းကပြောကြားသည်။

နိုဝင်ဘာ ၂၃ ရက်တွင် ကွာ လာလမ်ပူနယ်မြေရှိ ဘူကစ်ဂျာ လီအားကစားကွင်း၌ ယှဉ်ပြိုင် သည့် မြန်မာနှင့်မလေးရှားဆူဇူကီးဖလား အုပ်စုနောက်ဆုံးပွဲစဉ်ကို သွားရောက်အားပေးပြီး နောက် ကွင်းအပြင်ဘက်တွင် ကားစောင့်ဆိုင်းနေသော မြန်မာ လုပ်သား ၂၀ ခန့်ကို မလေးရှား နိုင်ငံသားများက တိုက်ခိုက်ခဲ့ သည်။ တိုက်ခိုက်ခံရမှုတွင် မြန် မာလုပ်သားအမျိုးသမီးများလည်း ပါဝင်ပြီး မြန်မာအမျိုးသားသုံးဦး ဦးခေါင်းပေါက်ပြဲဒဏ်ရာများရရှိ ကြောင်း FAM နှင့်သွားရောက် တွေ့ဆုံရာ၌ ပါဝင်သောနှလုံးလှ ပရဟိတလူငယ်များသွေးလှူရှင် အဖွဲ့မှ ကိုသက်ကပြောသည်။

 ‘‘မလေးရှားဘောလုံးအဖွဲ့ ချုပ်နဲ့ သွားရောက်တွေ့ဆုံတာ ဟုတ်ပါတယ်။ ဖြစ်စဉ်တွေကို ရှင်းပြတာပေါ့။ ကျွန်တော်တို့ အ လုပ်သမားတွေကိုလည်း အကျိုး အကြောင်းသိအောင် ပြောပြနေ ပါတယ်’’ ဟု ကိုသက်က ပြော သည်။ တိုက်ခိုက်ခံရသော မြန်မာ လုပ်သားများသည် မလေးရှားနိုင်ငံ ဘန်ဂီးမြို့၌ အလုပ်လုပ်ကိုင်နေသော ရွှေ့ပြောင်းလုပ်သားများ ဖြစ်သည်။

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top