(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

မဲလ္ေဝါကီၿမိဳ႕မွာေနထိုင္တဲ့ အလုပ္သမားတစ္ဦးရဲ႕ လုပ္ရပ္ဟာ အသိအမွတ္ျပဳစရာျဖစ္ခဲ့ပါတယ္။ နာတာလီဘာနီစ္ဆိုတဲ့ အမ်ိဳးသမီးငယ္ေလးဟာ ေအာက္တိုဘာလ ၁၃ ရက္ေန႔ညေနခင္းတစ္ခုမွာ ဘတ္စ္ကားေမာင္းေနတဲ့အခ်ိန္ သူနဲ႔ရင္းႏွီးတဲ့ ရစ္ခ်တ္ဆိုတဲ့ ခရီးသည္တစ္ဦးဟာ ကားေပၚတက္လာပါတယ္။ သူဟာ ဘတ္စ္ကားလိုင္းအဆုံးထိ စီးၿပီးေတာ့ နာတာလီအနားယူတဲ့အခ်ိန္မွာ သူတို႔ႏွစ္ေယာက္ စကားေျပာခဲ့ၾကပါတယ္။

ရစ္ခ်တ္က သူအခု အိမ္မရွိ ယာမရွိျဖစ္ေနတဲ့အေၾကာင္း နာတာလီနဲ႔ ေျပာေနတာကို ဘတ္စ္ကားထဲက CCTV ဗြီဒီယိုမွာေတြ႕ရပါတယ္။ သူဟာ လမ္းေပၚမွာ တစ္ပတ္ေလာက္ေနခဲ့ရတာပါ။

နာတာလီက သူ႕ကိုစားစရာသြားဝယ္ေစၿပီးေတာ့ အေႏြးဓာတ္ရဖို႔အတြက္ ဘတ္စ္ကားေပၚမွာ ေနႏိုင္တယ္လို႔ ေျပာခဲ့ၿပီးတဲ့ေနာက္ နာတာလီကားေမာင္းေနခ်ိန္တစ္ေလၽွာက္လုံး ရစ္ခ်တ္ဟာ ဘတ္စ္ကားေနာက္ပိုင္းမွာ ထိုင္စီးရင္းလိုက္ပါလာတာကို CCTV ဗြီဒီယိုထဲမွာ ေတြ႕ရပါတယ္။ ‘နာတာလီကို ဘယ္လို ေက်းဇူးတင္ရမလဲေတာင္ မသိေတာ့ဘူး… ကၽြန္ေတာ္ ေက်းဇူးျပန္ဆပ္မွာပါ’ လို႔ ရစ္ခ်တ္က ေျပာပါတယ္။ နာတာလီကေတာ့ ‘ကၽြန္မက အကူအညီေပးခ်င္လို႔ပါ’ လို႔ပဲ ျပန္ေျပာခဲ့ပါတယ္

ေနာက္တစ္ေခါက္ ကားနားတဲ့အခ်ိန္မွာေတာ့ နာတာလီဟာ ရစ္ခ်တ္အတြက္ ယာယီေနစရာရဖို႔ သူငယ္ခ်င္းတစ္ေယာက္ကို ဖုန္းဆက္ၿပီး အကူအညီလွမ္းေတာင္းခဲ့ပါတယ္။ အေရးေပၚေနစရာေပးတဲ့ အကူအညီအဖြဲ႕နဲ႔လည္း ဆက္သြယ္ေပးပါတယ္။ ရစ္ခ်တ္ဟာ အခု ယာယီအိမ္တစ္လုံးရဖို႔အတြက္ ေအဂ်င္စီတစ္ခုနဲ႔တြဲၿပီး အလုပ္လုပ္ေနပါၿပီ။

သယ္ယူပို႔ေဆာင္ေရး ေအဂ်င္စီက နာတာလီကို သူ႕လုပ္ရပ္အတြက္ ဂုဏ္ျပဳခဲ့ပါတယ္။ နာတာလီက ရစ္ခ်တ္ဟာ အသက္လည္းႀကီးၿပီးေတာ့ အျပင္မွာဆို အရမ္းေအးေနတာမို႔လို႔ မျမင္ရက္တာေၾကာင့္ ကူညီခဲ့တာလို႔ ေျပာခဲ့ၿပီး သူ ရစ္ခ်တ္ကို အနည္းဆုံး တစ္လတစ္ခါေတာ့ ေတြ႕ျဖစ္တယ္လို႔ ဆိုပါတယ္။ ‘အနည္းဆုံးေတာ့ ညဘက္မွာ ေႏြးေႏြးေထြးေထြးေနလို႔ရမဲ့ ေနရာတစ္ေနရာကို ရွာေတြ႕ဖို႔ လိုပါတယ္… ကၽြန္မ ကားေမာင္းတဲ့ လမ္းေၾကာင္းတစ္ေလၽွာက္မွာဆို အမႈိက္ပစ္တဲ့ေနရာေတြမွာ အစားအေသာက္ရွာေနၾကတဲ့သူေတြ အမ်ားႀကီးပဲ ေတြ႕ရပါတယ္ ’ လို႔ ေျပာျပပါတယ္။ ႏွစ္ႏွစ္ေလာက္ ဘတ္စ္ကားေမာင္းလာတဲ့ နာတာလီဟာ အိမ္ေျခမရွိသူေတြကို ကူညီေပးတဲ့ အဖြဲ႕အစည္းကို အားေပးသူပါ။ "သူတို႔ဟာ အဝတ္အစားေတြလည္း ႏြမ္းပါးၿပီးေတာ့ သြားစရာလည္း မရွိၾကပါဘူး..အစားအစာနဲ႔ အဝတ္အစားလိုမ်ိဳး အေျခခံအသုံးအေဆာင္ေတြလည္း ရွိသင့္ပါတယ္"လို႔ သူက ဆိုပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: YoYarLay


#Unicode Version#

မဲလ်ဝေါကီမြို့မှာနေထိုင်တဲ့ အလုပ်သမားတစ်ဦးရဲ့ လုပ်ရပ်ဟာ အသိအမှတ်ပြုစရာဖြစ်ခဲ့ပါတယ်။ နာတာလီဘာနီစ်ဆိုတဲ့ အမျိုးသမီးငယ်လေးဟာ အောက်တိုဘာလ ၁၃ ရက်နေ့ညနေခင်းတစ်ခုမှာ ဘတ်စ်ကားမောင်းနေတဲ့အချိန် သူနဲ့ရင်းနှီးတဲ့ ရစ်ချတ်ဆိုတဲ့ ခရီးသည်တစ်ဦးဟာ ကားပေါ်တက်လာပါတယ်။ သူဟာ ဘတ်စ်ကားလိုင်းအဆုံးထိ စီးပြီးတော့ နာတာလီအနားယူတဲ့အချိန်မှာ သူတို့နှစ်ယောက် စကားပြောခဲ့ကြပါတယ်။

ရစ်ချတ်က သူအခု အိမ်မရှိ ယာမရှိဖြစ်နေတဲ့အကြောင်း နာတာလီနဲ့ ပြောနေတာကို ဘတ်စ်ကားထဲက CCTV ဗွီဒီယိုမှာတွေ့ရပါတယ်။ သူဟာ လမ်းပေါ်မှာ တစ်ပတ်လောက်နေခဲ့ရတာပါ။

နာတာလီက သူ့ကိုစားစရာသွားဝယ်စေပြီးတော့ အနွေးဓာတ်ရဖို့အတွက် ဘတ်စ်ကားပေါ်မှာ နေနိုင်တယ်လို့ ပြောခဲ့ပြီးတဲ့နောက် နာတာလီကားမောင်းနေချိန်တစ်လျှောက်လုံး ရစ်ချတ်ဟာ ဘတ်စ်ကားနောက်ပိုင်းမှာ ထိုင်စီးရင်းလိုက်ပါလာတာကို CCTV ဗွီဒီယိုထဲမှာ တွေ့ရပါတယ်။ ‘နာတာလီကို ဘယ်လို ကျေးဇူးတင်ရမလဲတောင် မသိတော့ဘူး… ကျွန်တော် ကျေးဇူးပြန်ဆပ်မှာပါ’ လို့ ရစ်ချတ်က ပြောပါတယ်။ နာတာလီကတော့ ‘ကျွန်မက အကူအညီပေးချင်လို့ပါ’ လို့ပဲ ပြန်ပြောခဲ့ပါတယ်

နောက်တစ်ခေါက် ကားနားတဲ့အချိန်မှာတော့ နာတာလီဟာ ရစ်ချတ်အတွက် ယာယီနေစရာရဖို့ သူငယ်ချင်းတစ်ယောက်ကို ဖုန်းဆက်ပြီး အကူအညီလှမ်းတောင်းခဲ့ပါတယ်။ အရေးပေါ်နေစရာပေးတဲ့ အကူအညီအဖွဲ့နဲ့လည်း ဆက်သွယ်ပေးပါတယ်။ ရစ်ချတ်ဟာ အခု ယာယီအိမ်တစ်လုံးရဖို့အတွက် အေဂျင်စီတစ်ခုနဲ့တွဲပြီး အလုပ်လုပ်နေပါပြီ။

သယ်ယူပို့ဆောင်ရေး အေဂျင်စီက နာတာလီကို သူ့လုပ်ရပ်အတွက် ဂုဏ်ပြုခဲ့ပါတယ်။ နာတာလီက ရစ်ချတ်ဟာ အသက်လည်းကြီးပြီးတော့ အပြင်မှာဆို အရမ်းအေးနေတာမို့လို့ မမြင်ရက်တာကြောင့် ကူညီခဲ့တာလို့ ပြောခဲ့ပြီး သူ ရစ်ချတ်ကို အနည်းဆုံး တစ်လတစ်ခါတော့ တွေ့ဖြစ်တယ်လို့ ဆိုပါတယ်။ ‘အနည်းဆုံးတော့ ညဘက်မှာ နွေးနွေးထွေးထွေးနေလို့ရမဲ့ နေရာတစ်နေရာကို ရှာတွေ့ဖို့ လိုပါတယ်… ကျွန်မ ကားမောင်းတဲ့ လမ်းကြောင်းတစ်လျှောက်မှာဆို အမှိုက်ပစ်တဲ့နေရာတွေမှာ အစားအသောက်ရှာနေကြတဲ့သူတွေ အများကြီးပဲ တွေ့ရပါတယ် ’ လို့ ပြောပြပါတယ်။ နှစ်နှစ်လောက် ဘတ်စ်ကားမောင်းလာတဲ့ နာတာလီဟာ အိမ်ခြေမရှိသူတွေကို ကူညီပေးတဲ့ အဖွဲ့အစည်းကို အားပေးသူပါ။ "သူတို့ဟာ အဝတ်အစားတွေလည်း နွမ်းပါးပြီးတော့ သွားစရာလည်း မရှိကြပါဘူး..အစားအစာနဲ့ အဝတ်အစားလိုမျိုး အခြေခံအသုံးအဆောင်တွေလည်း ရှိသင့်ပါတယ်"လို့ သူက ဆိုပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top