ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

နိုင္ငံေတာ္ သမၼတ႐ုံးက ဖြင့္ထားသည့္ မူးယစ္ေဆးဝါးမ်ား အထူး တိုင္ၾကားေရး ဌာနက ျပည္ထဲေရး ဝန္ႀကီးဌာနထံ ဖမ္းဆီး ေဖာ္ထုတ္ အေရးယူရန္ လႊဲေျပာင္း ေပးထားေသာ္လည္း ၾကန႔္ၾကာမႈမ်ား၊ နားလည္မႈ လြဲျခင္းမ်ား ရွိေနေၾကာင္း သမၼတ႐ုံး ေျပာခြင့္ရပုဂၢိဳလ္ ဦးေဇာ္႒ေးက ေျပာသည္။

နိုဝင္ဘာလ ၂၃ ရက္က ေနျပည္ေတာ္ သမၼတအိမ္ေတာ္တြင္ ျပဳလုပ္သည့္ မီဒီယာမ်ားႏွင့္ ပုံမွန္ေတြ႕ဆုံ ရွင္းလင္းပြဲ တြင္ ယင္းသို႔ ထည့္သြင္း ေျပာဆိုျခင္းျဖစ္ကာ ၿပီးခဲ့သည့္ ရက္ပိုင္းအတြင္းက ဧရာဝတီတိုင္း ဘိုကေလး ၿမိဳ႕နယ္ရွိ က်ားမင္း င႐ုပ္ဆီ လုပ္ငန္းဆိုင္အား ရဲတပ္ဖြဲ႕ဝင္မ်ားက သမၼတ႐ုံးအမိန႔္ျဖင့္ သြားေရာက္ ရွာေဖြသည့္ ျဖစ္စဥ္အေပၚ အေျခခံ ေျပာဆိုျခင္းလည္း ျဖစ္သည္။

ဦးေဇာ္ေဌး က“သမၼတ႐ုံးက ခိုင္းလို႔ လုပ္ရပါတယ္ဆိုၿပီးေတာ့ ေမာက္ေမာက္မာမာနဲ႕ သြားလုပ္တာမ်ိဳးေတာ့ မျဖစ္ေစ ခ်င္ဘူး။ အဲဒီအေပၚမွာလည္း သတင္းအစအန ေပ်ာက္သြားမွာစိုးလို႔ လုပ္တယ္ဆိုလည္း က်ေနာ္တို႔ ခ်ေပးတာက ဇူလိုင္က ခ်ေပးတယ္။ နိုဝင္ဘာက်မွ လုပ္တာေတြက အဆီအေငၚ မတည့္ဘူး ျဖစ္ေနတယ္”ဟု ေျပာသည္။

အဆိုပါ င႐ုပ္ဆီ လုပ္ငန္းဆိုင္အား ရဲတပ္ဖြဲ႕ဝင္မ်ား သြားေရာက္ ရွာေဖြစဥ္ ဆိုင္ရွင္ျဖစ္သူ ေဒၚနီ ဆိုသူက မည္သည့္ အတြက္ေၾကာင့္ လာေရာက္ ရွာေဖြျခင္း ျဖစ္ပါသလဲဟု ေမးျမန္းရာ သမၼတ႐ုံးအမိန႔္ျဖင့္ ရွာေဖြျခင္း ျဖစ္သည္ဟု တာဝန္ ရွိသူမ်ားဘက္က ေျဖၾကားခဲ့ရာ ေဒၚနီက ရွာေဖြခြင့္ ျပဳခဲ့ျခင္းျဖစ္သည္ဟု သိရသည္။

ရဲတပ္ဖြဲ႕ဝင္မ်ား ရွာေဖြေနစဥ္ ေဒၚနီက လူမႈကြန္ရက္ ေဖ့စ္ဘုတ္ စာမ်က္ႏွာတြင္ တိုက္ရိုက္ထုတ္လႊင့္ (Live) ခဲ့ၿပီး မူးယစ္ ေဆးဝါး တစုံတရာ မေတြ႕ရွိသျဖင့္ မိသားစု သိကၡာက်ဆင္းကာ အရွက္ရေၾကာင္း Live ထုတ္လႊင့္စဥ္ ေျပာဆို ထားသည္။

ယင္းသို႔ ဝင္ေရာက္စစ္ေဆးရျခင္းမွာ အီးေမးလ္မွတဆင့္ တိုင္ၾကားမႈ ၁၆ ခုအနက္ ၁ ခု ျဖစ္ကာ အဆိုပါတေနရာ တည္း တြင္သာ ယင္းျဖစ္ရပ္မ်ိဳး ျဖစ္ပြားခဲ့ျခင္း ျဖစ္ေၾကာင္းႏွင့္ သတိေပးတိုင္ၾကားသူ ျပည္သူမ်ားအေနျဖင့္လည္း တိက် မွန္ကန္ စြာ တိုင္ၾကားေစလိုသည္ဟုလည္း ဦးေဇာ္႒ေးက ဆိုသည္။

သြားေရာက္ စစ္ေဆးရန္ ၾကန႔္ၾကာမႈႏွင့္ ပတ္သက္၍ ျပည္ထဲေရး ဝန္ႀကီးဌာန အၿမဲတမ္းအတြင္းဝန္ ဦးတင္ျမင့္ထံ ဖုန္းျဖင့္ ဆက္သြယ္ေမးျမန္းရာ ဖုန္းကိုင္ ေျဖဆိုျခင္း မရွိေပ။

ထို႔ျပင္ ျပည္ထဲေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္အဖြဲ႕မွ ရဲမႉးႀကီး ေအာင္ျမင့္နိုင္ (ၫႊန္ၾကားေရးမႉး – စီမံေရးရာဌာန) (ျမန္မာနိုင္ငံ ရဲတပ္ဖြဲ႕) ထံ ထပ္မံဆက္သြယ္ေမးျမန္းရာ အစည္းအေဝးခန္းအတြင္း ေရာက္ေနသည္ဟုဆိုကာ ဖုန္းခ် သြားခဲ့သည္။

သမၼတ႐ုံးက မူးယစ္ေဆးဝါးဆိုင္ရာ အထူးသတင္ေပး ဌာန ဖြင့္လွစ္ရျခင္းမွာ မူးယစ္ေဆးဝါး လက္ႀကီးသမားမ်ားႏွင့္ မူးယစ္ရာဇာမ်ားအား လွ်ပ္တျပက္ ဝင္ေရာက္ ရွာေဖြ ဖမ္းဆီးနိုင္ရန္ ယႏၲရားတရပ္ တည္ေဆာက္ျခင္းျဖစ္သည္ ဟု လည္း သိရသည္။

ပုဗၺသီရိၿမိဳ႕နယ္ ျပည္သူ႕လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးတင္သစ္ကလည္း“သမၼတ႐ုံးရဲ႕ အစီအစဥ္နဲ႕ မူးယစ္ေဆးဝါး ႏွိမ္ႏွင္းမႈ လုပ္ေနတာဟာ ျဖန႔္ခ်ိေရး ေဆာင္႐ြက္မႈေတြအေပၚမွာေတာ့ အတိုင္းအတာ တခုအထိ ရရွိမွာပါ။ ထုတ္လုပ္မႈ အပိုင္းကိုေတာ့ ဒီနည္းလမ္း တခုတည္းနဲ႕ေတာ့ မေျဖရွင္းနိုင္ပါဘူး”ဟု ေျပာဆိုသည္။

ေနျပည္ေတာ္တိုင္း ရဲတပ္ဖြဲ႕ မူးယစ္ဌာနတြင္ ရဲမႉ တာဝန္ ထမ္းေဆာင္ခဲ့ဖူးသူ အၿငိမ္းစားရဲမႉး ဦးစိုးၫႊန႔္ကမူ မူးယစ္ ေဆး ဝါးႏွင့္ သက္ဆိုင္သည့္ မႈခင္းမ်ားမွာ အႏၲရာယ္မ်ားသည့္အတြက္ မည္သူ တဦးတေယာက္ကမွ တာဝန္ခံ၍ တိုင္ၾကားသည္ ဆိုသည္မွာ ရွားပါးေၾကာင္းႏွင့္ ယခုကဲ့သု႔ိ မူးယစ္ေဆးဝါးဆိုင္ရာ အထူးသတင္းေပးဌာန ဖြင့္လွစ္ကာ ဖုန္းျဖင့္ တိုင္တန္းမႈမ်ားကိုပင္ စစ္ေဆးေပးေနသည့္အတြက္ သတင္းေပးမႈ ပိုမ်ားကာ ဖမ္းဆီးမႈကိစၥရပ္မ်ားတြင္ ပိုမို ထိေရာက္ လာနိုင္ေၾကာင္း ဆိုသည္။

လက္ရွိတြင္ မူးယစ္ေဆးဝါးႏွင့္ ပတ္သက္၍ တိုင္ၾကားလာမႈအတြက္ သတင္းေပးသူမ်ားကို လွ်ို႔ဝွက္ထားက မည္သူ တိုင္ၾကားသည္ကိုပင္ ျပည္ထဲေရးဝန္ႀကီးဌာနအား အသိေပးျခင္း မရွိေၾကာင္း သမၼတ႐ုံးဘက္က သိရသည္။

သမၼတ႐ုံးက ဖြင့္လွစ္ထားသည့္ မူးယစ္ေဆးဝါးအထူးသတင္းပို႔ တိုင္ၾကားဌာနသို႔ ၂၀၁၈ ခုႏွစ္ နိုဝင္ဘာ ၁၇ ရက္ေန႕ အထိ တိုင္ၾကားလာသည့္ မူးယစ္ေဆးဝါးမႈမ်ားအနက္ အမႈေပါင္း ၃၈၉ မႈကို ျပည္ထဲေရးဝန္ႀကီးဌာနက ေဖာ္ထုတ္ အေရး ယူနိုင္ခဲ့ၿပီး တရားခံ က်ား ၅၀၉ ဦး ၊ မ ၉၅ ဦး၊ စုစုေပါင္း ၆၀၄ ဦးဖမ္းမိခဲ့ေၾကာင္း နိုင္ငံေတာ္ သမၼတ႐ုံးက သတင္း ထုတ္ျပန္ထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Irrawaddy


#Unicode Version#

နိုင်ငံတော် သမ္မတရုံးက ဖွင့်ထားသည့် မူးယစ်ဆေးဝါးများ အထူး တိုင်ကြားရေး ဌာနက ပြည်ထဲရေး ဝန်ကြီးဌာနထံ ဖမ်းဆီး ဖော်ထုတ် အရေးယူရန် လွှဲပြောင်း ပေးထားသော်လည်း ကြန့်ကြာမှုများ၊ နားလည်မှု လွဲခြင်းများ ရှိနေကြောင်း သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဋ္ဌေးက ပြောသည်။

နိုဝင်ဘာလ ၂၃ ရက်က နေပြည်တော် သမ္မတအိမ်တော်တွင် ပြုလုပ်သည့် မီဒီယာများနှင့် ပုံမှန်တွေ့ဆုံ ရှင်းလင်းပွဲ တွင် ယင်းသို့ ထည့်သွင်း ပြောဆိုခြင်းဖြစ်ကာ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဧရာဝတီတိုင်း ဘိုကလေး မြို့နယ်ရှိ ကျားမင်း ငရုပ်ဆီ လုပ်ငန်းဆိုင်အား ရဲတပ်ဖွဲ့ဝင်များက သမ္မတရုံးအမိန့်ဖြင့် သွားရောက် ရှာဖွေသည့် ဖြစ်စဉ်အပေါ် အခြေခံ ပြောဆိုခြင်းလည်း ဖြစ်သည်။

ဦးဇော်ဌေး က“သမ္မတရုံးက ခိုင်းလို့ လုပ်ရပါတယ်ဆိုပြီးတော့ မောက်မောက်မာမာနဲ့ သွားလုပ်တာမျိုးတော့ မဖြစ်စေ ချင်ဘူး။ အဲဒီအပေါ်မှာလည်း သတင်းအစအန ပျောက်သွားမှာစိုးလို့ လုပ်တယ်ဆိုလည်း ကျနော်တို့ ချပေးတာက ဇူလိုင်က ချပေးတယ်။ နိုဝင်ဘာကျမှ လုပ်တာတွေက အဆီအငေါ် မတည့်ဘူး ဖြစ်နေတယ်”ဟု ပြောသည်။

အဆိုပါ ငရုပ်ဆီ လုပ်ငန်းဆိုင်အား ရဲတပ်ဖွဲ့ဝင်များ သွားရောက် ရှာဖွေစဉ် ဆိုင်ရှင်ဖြစ်သူ ဒေါ်နီ ဆိုသူက မည်သည့် အတွက်ကြောင့် လာရောက် ရှာဖွေခြင်း ဖြစ်ပါသလဲဟု မေးမြန်းရာ သမ္မတရုံးအမိန့်ဖြင့် ရှာဖွေခြင်း ဖြစ်သည်ဟု တာဝန် ရှိသူများဘက်က ဖြေကြားခဲ့ရာ ဒေါ်နီက ရှာဖွေခွင့် ပြုခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ရဲတပ်ဖွဲ့ဝင်များ ရှာဖွေနေစဉ် ဒေါ်နီက လူမှုကွန်ရက် ဖေ့စ်ဘုတ် စာမျက်နှာတွင် တိုက်ရိုက်ထုတ်လွှင့် (Live) ခဲ့ပြီး မူးယစ် ဆေးဝါး တစုံတရာ မတွေ့ရှိသဖြင့် မိသားစု သိက္ခာကျဆင်းကာ အရှက်ရကြောင်း Live ထုတ်လွှင့်စဉ် ပြောဆို ထားသည်။

ယင်းသို့ ဝင်ရောက်စစ်ဆေးရခြင်းမှာ အီးမေးလ်မှတဆင့် တိုင်ကြားမှု ၁၆ ခုအနက် ၁ ခု ဖြစ်ကာ အဆိုပါတနေရာ တည်း တွင်သာ ယင်းဖြစ်ရပ်မျိုး ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းနှင့် သတိပေးတိုင်ကြားသူ ပြည်သူများအနေဖြင့်လည်း တိကျ မှန်ကန် စွာ တိုင်ကြားစေလိုသည်ဟုလည်း ဦးဇော်ဋ္ဌေးက ဆိုသည်။

သွားရောက် စစ်ဆေးရန် ကြန့်ကြာမှုနှင့် ပတ်သက်၍ ပြည်ထဲရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်ထံ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ဖုန်းကိုင် ဖြေဆိုခြင်း မရှိပေ။

ထို့ပြင် ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်အဖွဲ့မှ ရဲမှူးကြီး အောင်မြင့်နိုင် (ညွှန်ကြားရေးမှူး – စီမံရေးရာဌာန) (မြန်မာနိုင်ငံ ရဲတပ်ဖွဲ့) ထံ ထပ်မံဆက်သွယ်မေးမြန်းရာ အစည်းအဝေးခန်းအတွင်း ရောက်နေသည်ဟုဆိုကာ ဖုန်းချ သွားခဲ့သည်။

သမ္မတရုံးက မူးယစ်ဆေးဝါးဆိုင်ရာ အထူးသတင်ပေး ဌာန ဖွင့်လှစ်ရခြင်းမှာ မူးယစ်ဆေးဝါး လက်ကြီးသမားများနှင့် မူးယစ်ရာဇာများအား လျှပ်တပြက် ဝင်ရောက် ရှာဖွေ ဖမ်းဆီးနိုင်ရန် ယန္တရားတရပ် တည်ဆောက်ခြင်းဖြစ်သည် ဟု လည်း သိရသည်။

ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်သစ်ကလည်း“သမ္မတရုံးရဲ့ အစီအစဉ်နဲ့ မူးယစ်ဆေးဝါး နှိမ်နှင်းမှု လုပ်နေတာဟာ ဖြန့်ချိရေး ဆောင်ရွက်မှုတွေအပေါ်မှာတော့ အတိုင်းအတာ တခုအထိ ရရှိမှာပါ။ ထုတ်လုပ်မှု အပိုင်းကိုတော့ ဒီနည်းလမ်း တခုတည်းနဲ့တော့ မဖြေရှင်းနိုင်ပါဘူး”ဟု ပြောဆိုသည်။

နေပြည်တော်တိုင်း ရဲတပ်ဖွဲ့ မူးယစ်ဌာနတွင် ရဲမှူ တာဝန် ထမ်းဆောင်ခဲ့ဖူးသူ အငြိမ်းစားရဲမှူး ဦးစိုးညွှန့်ကမူ မူးယစ် ဆေး ဝါးနှင့် သက်ဆိုင်သည့် မှုခင်းများမှာ အန္တရာယ်များသည့်အတွက် မည်သူ တဦးတယောက်ကမှ တာဝန်ခံ၍ တိုင်ကြားသည် ဆိုသည်မှာ ရှားပါးကြောင်းနှင့် ယခုကဲ့သု့ိ မူးယစ်ဆေးဝါးဆိုင်ရာ အထူးသတင်းပေးဌာန ဖွင့်လှစ်ကာ ဖုန်းဖြင့် တိုင်တန်းမှုများကိုပင် စစ်ဆေးပေးနေသည့်အတွက် သတင်းပေးမှု ပိုများကာ ဖမ်းဆီးမှုကိစ္စရပ်များတွင် ပိုမို ထိရောက် လာနိုင်ကြောင်း ဆိုသည်။

လက်ရှိတွင် မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ တိုင်ကြားလာမှုအတွက် သတင်းပေးသူများကို လျှို့ဝှက်ထားက မည်သူ တိုင်ကြားသည်ကိုပင် ပြည်ထဲရေးဝန်ကြီးဌာနအား အသိပေးခြင်း မရှိကြောင်း သမ္မတရုံးဘက်က သိရသည်။

သမ္မတရုံးက ဖွင့်လှစ်ထားသည့် မူးယစ်ဆေးဝါးအထူးသတင်းပို့ တိုင်ကြားဌာနသို့ ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၁၇ ရက်နေ့ အထိ တိုင်ကြားလာသည့် မူးယစ်ဆေးဝါးမှုများအနက် အမှုပေါင်း ၃၈၉ မှုကို ပြည်ထဲရေးဝန်ကြီးဌာနက ဖော်ထုတ် အရေး ယူနိုင်ခဲ့ပြီး တရားခံ ကျား ၅၀၉ ဦး ၊ မ ၉၅ ဦး၊ စုစုပေါင်း ၆၀၄ ဦးဖမ်းမိခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံးက သတင်း ထုတ်ပြန်ထားသည်။

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top