ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ဗိုလ္တ ေထာင္ေစ်းလမ္းေပၚ ကြန္တိန္နာယာဥ္တစ္စီးတိမ္းေမွာက္ကာ ညအိပ္ရပ္နားထားေသာ ယာဥ္ခုနစ္ စီးကိုပိမိခဲ့သည့္ျဖစ္ရပ္ ျဖစ္ပြားခဲ့ ေၾကာင္းသိရသည္။ ႏိုဝင္ဘာ၂၅ ရက္ ည ၉ နာရီ ခန္႔က ဗိုလ္တေထာင္ၿမိဳ႕နယ္၊ ဗိုလ္တေထာင္ေစ်းလမ္းေပၚတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း အမွတ္ (၂)ယာဥ္ထိန္းရဲတပ္ဖြဲ႕ခြဲမွဴး႐ံုး၊ (ယာဥ္မႈစစ္)ဌာနက အတည္ ျပဳသည္။

ဗိုလ္တေထာင္ေစ်းလမ္းအတိုင္း ေတာင္မွေျမာက္သို႔ ေမာင္းႏွင္လာေသာ MITSUBISHI FUSO အျဖဴေရာင္(ငွား)ယာဥ္သည္တိုက္အမွတ္ ၇ဝ/၇၂ ေရွ႕ အေရာက္တြင္ အရွိန္လြန္ကာ ယာဘက္သို႔ တိမ္းေမွာက္သြားခဲ့ၿပီး ယာဘက္လမ္းစပ္တြင္ ညအိပ္ရပ္နားထားေသာပါဂ်ဲ႐ိုးခဲ/ ျဖဴေရာင္(ပိုင္)ယာဥ္၊ ဟြန္ဒါဖစ္အျဖဴေရာင္(ပိုင္)ယာဥ္၊ ဆူဇူးကီးစီးရပ္အျဖဴေရာင္(ပိုင္)ယာဥ္၊ ကန္တာနီညိဳေရာင္(ပိုင္)ယာဥ္၊ ကန္တာအျပာေရာင္(ငွား)ယာဥ္၊ ကန္တာအျဖဴေရာင္(ပိုင္)ယာဥ္ႏွင့္ Note မီးခိုးေရာင္(ပိုင္)ယာဥ္စုစု ေပါင္းယာဥ္ခုနစ္စီးပိမိခဲ့ျခင္းျဖစ္ေၾကာင္း အမွတ္(၂)ယာဥ္ထိန္းရဲတပ္ဖြဲ႕ခြဲမွဴး႐ံုး၊ (ယာဥ္မႈစစ္)ဌာန မွ သိရသည္။


အဆိုပါယာဥ္တိမ္းေမွာက္မႈ ေၾကာင့္ ယာဥ္ရွစ္စီးႏွင့္ဓာတ္တိုင္ သံုးတိုင္ပ်က္စီးခဲ့သည့္အျပင္ ကြန္တိန္နာယာဥ္ေပၚပါသူ အသက္ (၃၈) ႏွစ္အရြယ္ အမ်ိဳးသားတစ္ ဦး ေနာက္ေစ့ႏွင့္ ယာဘက္တံ ေတာင္တို႔တြင္ စုတ္ၿပဲဒဏ္ရာမ်ား ရရွိခဲ့ေၾကာင္းသိရသည္။ ဒဏ္ရာရရွိသူကို ရန္ကုန္ ေဆး႐ံုႀကီးတြင္ တင္ပို႔ကုသခဲ့ရၿပီး ယာဥ္အားမဆင္မျခင္ေမာင္းႏွင္သူ ယာဥ္ေမာင္းဦးစိုးေဝယံကုိ ယာဥ္ (ပ)၁၈/၂ဝ၁၈၊ ပုဒ္မ ၃၃၈၊ ၃၃၇၊ ၂၇၉ ျဖင့္ ဗိုလ္တ ေထာင္ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္ အေရးယူထားေၾကာင္း အမွတ္(၂) ယာဥ္ထိန္းရဲတပ္ဖြဲ႕ခြဲမွဴး႐ံုး၊ (ယာဥ္မႈစစ္)ဌာနမွ သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Democracy Today


#Unicode Version#

ဗိုလ်တ ထောင်ဈေးလမ်းပေါ် ကွန်တိန်နာယာဉ်တစ်စီးတိမ်းမှောက်ကာ ညအိပ်ရပ်နားထားသော ယာဉ်ခုနစ် စီးကိုပိမိခဲ့သည့်ဖြစ်ရပ် ဖြစ်ပွားခဲ့ ကြောင်းသိရသည်။ နိုဝင်ဘာ၂၅ ရက် ည ၉ နာရီ ခန့်က ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်တထောင်ဈေးလမ်းပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အမှတ် (၂)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး၊ (ယာဉ်မှုစစ်)ဌာနက အတည် ပြုသည်။

ဗိုလ်တထောင်ဈေးလမ်းအတိုင်း တောင်မှမြောက်သို့ မောင်းနှင်လာသော MITSUBISHI FUSO အဖြူရောင်(ငှား)ယာဉ်သည်တိုက်အမှတ် ၇ဝ/၇၂ ရှေ့ အရောက်တွင် အရှိန်လွန်ကာ ယာဘက်သို့ တိမ်းမှောက်သွားခဲ့ပြီး ယာဘက်လမ်းစပ်တွင် ညအိပ်ရပ်နားထားသောပါဂျဲရိုးခဲ/ ဖြူရောင်(ပိုင်)ယာဉ်၊ ဟွန်ဒါဖစ်အဖြူရောင်(ပိုင်)ယာဉ်၊ ဆူဇူးကီးစီးရပ်အဖြူရောင်(ပိုင်)ယာဉ်၊ ကန်တာနီညိုရောင်(ပိုင်)ယာဉ်၊ ကန်တာအပြာရောင်(ငှား)ယာဉ်၊ ကန်တာအဖြူရောင်(ပိုင်)ယာဉ်နှင့် Note မီးခိုးရောင်(ပိုင်)ယာဉ်စုစု ပေါင်းယာဉ်ခုနစ်စီးပိမိခဲ့ခြင်းဖြစ်ကြောင်း အမှတ်(၂)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး၊ (ယာဉ်မှုစစ်)ဌာန မှ သိရသည်။


အဆိုပါယာဉ်တိမ်းမှောက်မှု ကြောင့် ယာဉ်ရှစ်စီးနှင့်ဓာတ်တိုင် သုံးတိုင်ပျက်စီးခဲ့သည့်အပြင် ကွန်တိန်နာယာဉ်ပေါ်ပါသူ အသက် (၃၈) နှစ်အရွယ် အမျိုးသားတစ် ဦး နောက်စေ့နှင့် ယာဘက်တံ တောင်တို့တွင် စုတ်ပြဲဒဏ်ရာများ ရရှိခဲ့ကြောင်းသိရသည်။ ဒဏ်ရာရရှိသူကို ရန်ကုန် ဆေးရုံကြီးတွင် တင်ပို့ကုသခဲ့ရပြီး ယာဉ်အားမဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်းဦးစိုးဝေယံကို ယာဉ် (ပ)၁၈/၂ဝ၁၈၊ ပုဒ်မ ၃၃၈၊ ၃၃၇၊ ၂၇၉ ဖြင့် ဗိုလ်တ ထောင်မြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး၊ (ယာဉ်မှုစစ်)ဌာနမှ သိရသည်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top