iMyanmarHouse.com - Best Property Website for Myanmar
×

အရင္းႏွီးဆံုး သူငယ္ခ်င္းတစ္ဦးျဖစ္သည့္ ေရႊမႈံရတီ၏ မဂၤလာပြဲသို႔ စိတ္မေကာင္းျဖစ္ရမည္စိုးေသာေၾကာင့္ မတက္ေရာက္ျခင္းျဖစ္ေၾကာင္း ေဇရဲထက္က ေျပာသည္။


‘‘ကၽြန္ေတာ္တို႔က မိသားစုလိုေနေတာ့ ပြဲမွာက အန္တီ (ေရႊမႈံရတီအေမ)လည္း မပါဘူးေလ။ အန္တီမပါေတာ့ ကိုယ္သြားတဲ့ အခါ စိတ္မေကာင္းျဖစ္မိမွာစိုးလို႔ ကိုယ္ကလည္း ေမာင္ႏွမလို၊ မိသားစုလို ေနေနေတာ့ ေရႊမႈံ႕ရဲ႕ ခံစားမႈကိုလည္း နားလည္တယ္။ အန္တီ့


ခံစားမႈကိုလည္း နားလည္ေတာ့ မသြားတာ အေကာင္းဆံုးပဲဆိုၿပီး အိမ္မွာေနၿပီး အိပ္ေနလုိက္တာ’’ ဟု ၎ကေျပာသည္။

ေရႊထူးႏွင့္ ေရႊမႈံရတီတို႔ ႏွစ္ဦးကို တိုက္ခိုက္မႈမ်ား ႏွင့္ပတ္သက္၍ ေနရာတိုင္းတြင္ အတိုက္အခိုက္ ရွိေသာေၾကာင့္ ကိုယ္လုပ္စရာ ရွိသည့္ အလုပ္မ်ားကိုသာ အေကာင္းဆံုးလုပ္ရန္ ၎ကတိုက္ တြန္းသည္။

 ‘‘ဘယ္သူဘာေျပာေျပာ ဘာမွမေျပာဘဲနဲ႔ ေရွ႕ဆက္သြား မယ့္ လမ္းေတြကို တစ္ေယာက္ကိုတစ္ေယာက္  အခ်စ္စစ္၊ အခ်စ္မွန္ေတြ၊ အနစ္နာခံတာေတြနဲ႔အေကာင္းဆံုး ေက်ာ္ျဖတ္ႏုိင္ပါေစ’’ ဟု ေရႊမႈံရတီတို႔ ဇနီးေမာင္ႏွံအတြက္ ၎က ဆုေတာင္းစကား ဆိုသည္။

လတ္တေလာတြင္ ဇာတ္ကားမ်ား ႐ိုက္ကူးျဖစ္သလို ေၾကာ္ျငာမ်ား ႐ိုက္ကူးရန္ လက္ခံထား သည္ဟု ေဇရဲထက္က ေျပာသည္။

‘‘ဗီဒီယိုကေတာ့ ႐ိုက္ေနတယ္။ သူမ်ားေတြေျပာသလို ေခတ္ပ်က္တယ္၊ ပ်က္တာမ ဟုတ္ဘူး။ တုိးတက္မလာတာ။႐ုပ္ရွင္ျမႇင့္တင္ေရးရွိသလို ဗီဒီယိုျမႇင့္တင္ေရးလည္း ရွိေစခ်င္ တယ္။ ကၽြန္ေတာ့္အေနနဲ႔ ေဘာင္ေတြထဲက မ႐ိုက္ခ်င္ဘဲ ဟိုးအရင္တုန္းကလို ကြာလတီမီတဲ့ ဗီဒီယို ကားေတြ ႐ိုက္ခ်င္တယ္’’ဟု ေဇရဲထက္က ေျပာ သည္။

ႏိုဝင္ဘာ ၂၃ ရက္တြင္ ၎ပါဝင္ သ႐ုပ္ေဆာင္ထားသည့္ ‘ဖရဲသီးေမာ္ဒယ္’ဇာတ္ကား စတင္႐ံုတင္မည္ျဖစ္ၿပီး လြန္ခဲ့သည့္ေလးႏွစ္ခန္႔က ႐ိုက္ကူးထားသည့္ ဇာတ္ကားျဖစ္ေသာ ေၾကာင့္ အားနည္းခ်က္မ်ား ရွိေၾကာင္း ၎ကဆိုသည္။

‘‘ဒီကားက ေပါကား၊ ဂ်င္းကား မဟုတ္ပါဘူး။ တကယ္ကို ေကာင္းတဲ့ကားေလး။ ဒရာမာပါမယ္။ ႐ိုမန္႔စ္ပါမယ္။ ဟာသပါမယ္။ ရသမ်ိဳးစံု ၾကည့္ရတဲ့ လူေတြအတြက္ တန္မယ္ဆိုတာ ယံုၾကည္တယ္။ အတင္းကလိထုိးၿပီး ရယ္ရမယ့္ ကားမဟုတ္ပါဘူး’’ဟု ေဇရဲထက္က ေျပာသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day


#Unicode Version#


အရင်းနှီးဆုံး သူငယ်ချင်းတစ်ဦးဖြစ်သည့် ရွှေမှုံရတီ၏ မင်္ဂလာပွဲသို့ စိတ်မကောင်းဖြစ်ရမည်စိုးသောကြောင့် မတက်ရောက်ခြင်းဖြစ်ကြောင်း ဇေရဲထက်က ပြောသည်။


‘‘ကျွန်တော်တို့က မိသားစုလိုနေတော့ ပွဲမှာက အန်တီ (ရွှေမှုံရတီအမေ)လည်း မပါဘူးလေ။ အန်တီမပါတော့ ကိုယ်သွားတဲ့ အခါ စိတ်မကောင်းဖြစ်မိမှာစိုးလို့ ကိုယ်ကလည်း မောင်နှမလို၊ မိသားစုလို နေနေတော့ ရွှေမှုံ့ရဲ့ ခံစားမှုကိုလည်း နားလည်တယ်။ အန်တီ့


ခံစားမှုကိုလည်း နားလည်တော့ မသွားတာ အကောင်းဆုံးပဲဆိုပြီး အိမ်မှာနေပြီး အိပ်နေလိုက်တာ’’ ဟု ၎င်းကပြောသည်။

ရွှေထူးနှင့် ရွှေမှုံရတီတို့ နှစ်ဦးကို တိုက်ခိုက်မှုများ နှင့်ပတ်သက်၍ နေရာတိုင်းတွင် အတိုက်အခိုက် ရှိသောကြောင့် ကိုယ်လုပ်စရာ ရှိသည့် အလုပ်များကိုသာ အကောင်းဆုံးလုပ်ရန် ၎င်းကတိုက် တွန်းသည်။

 ‘‘ဘယ်သူဘာပြောပြော ဘာမှမပြောဘဲနဲ့ ရှေ့ဆက်သွား မယ့် လမ်းတွေကို တစ်ယောက်ကိုတစ်ယောက်  အချစ်စစ်၊ အချစ်မှန်တွေ၊ အနစ်နာခံတာတွေနဲ့အကောင်းဆုံး ကျော်ဖြတ်နိုင်ပါစေ’’ ဟု ရွှေမှုံရတီတို့ ဇနီးမောင်နှံအတွက် ၎င်းက ဆုတောင်းစကား ဆိုသည်။

လတ်တလောတွင် ဇာတ်ကားများ ရိုက်ကူးဖြစ်သလို ကြော်ငြာများ ရိုက်ကူးရန် လက်ခံထား သည်ဟု ဇေရဲထက်က ပြောသည်။

‘‘ဗီဒီယိုကတော့ ရိုက်နေတယ်။ သူများတွေပြောသလို ခေတ်ပျက်တယ်၊ ပျက်တာမ ဟုတ်ဘူး။ တိုးတက်မလာတာ။ရုပ်ရှင်မြှင့်တင်ရေးရှိသလို ဗီဒီယိုမြှင့်တင်ရေးလည်း ရှိစေချင် တယ်။ ကျွန်တော့်အနေနဲ့ ဘောင်တွေထဲက မရိုက်ချင်ဘဲ ဟိုးအရင်တုန်းကလို ကွာလတီမီတဲ့ ဗီဒီယို ကားတွေ ရိုက်ချင်တယ်’’ဟု ဇေရဲထက်က ပြော သည်။

နိုဝင်ဘာ ၂၃ ရက်တွင် ၎င်းပါဝင် သရုပ်ဆောင်ထားသည့် ‘ဖရဲသီးမော်ဒယ်’ဇာတ်ကား စတင်ရုံတင်မည်ဖြစ်ပြီး လွန်ခဲ့သည့်လေးနှစ်ခန့်က ရိုက်ကူးထားသည့် ဇာတ်ကားဖြစ်သော ကြောင့် အားနည်းချက်များ ရှိကြောင်း ၎င်းကဆိုသည်။


‘‘ဒီကားက ပေါကား၊ ဂျင်းကား မဟုတ်ပါဘူး။ တကယ်ကို ကောင်းတဲ့ကားလေး။ ဒရာမာပါမယ်။ ရိုမန့်စ်ပါမယ်။ ဟာသပါမယ်။ ရသမျိုးစုံ ကြည့်ရတဲ့ လူတွေအတွက် တန်မယ်ဆိုတာ ယုံကြည်တယ်။ အတင်းကလိထိုးပြီး ရယ်ရမယ့် ကားမဟုတ်ပါဘူး’’ဟု ဇေရဲထက်က ပြောသည်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top