(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

အရက္ဆိုတာက ေသာက္ေလ မူးေလ၊ မူးေလ ေသာက္ေလပါ။ တစ္ခြက္ေသာက္ရင္ တစ္ခြက္စာမူးမွာ ျဖစ္ၿပီး ေရခ်ိန္ကိုက္သြားမယ္ဆိုရင္ေတာ့ ရီေဝဝိုးတဝါး ျဖစ္ေနမွာပါ။ လူေတြေသြးက ေတာင္းဆိုေနတဲ့ ဒီအရက္က ခႏၶာကိုယ္အေပၚမွာ ဘယ္လိုအက်ိဳးသက္ေရာက္မႈေတြ ရွိေနႏိုင္ပါလဲ။ ခဏခဏ ၾကားဖူးေနမွာ ဆိုေပမဲ့ ပိုၿပီးမွတ္မိေအာင္ ခုလိုေျပာျပလိုက္ရပါတယ္။

၁။ ဦးေႏွာက္ဆဲလ္ေတြ ေႏွးေကြးေစတယ္

အရက္တစ္ငုံျမည္းၿပီး စကၠန္႔ ၃၀ ေလာက္ ၾကာတဲ့အခါ ဦးေႏွာက္ဆဲလ္ေတြ လႈံ႔ေဆာ္မႈေပးႏိုင္တဲ့ လမ္းေၾကာင္းက ေႏွးေကြးသြားပါတယ္။ ခံစားခ်က္ေတြကို ေျပာင္းလဲေစၿပီး အလိုအေလ်ာက္တုံ႔ျပန္ႏိုင္စြမ္းကို ေႏွးေကြးေစလို႔ ဒယိမ္းဒယိုင္ ျဖစ္လာပါတယ္။ ေျဖာင့္ေျဖာင့္တန္းတန္းမစဥ္းစားႏိုင္သလို ဘာေတြေျပာခဲ့တယ္ ဆိုတာကိုလည္း ၾကာရွည္မွတ္ဉာဏ္မွာ ထိန္းသိမ္းမထားႏိုင္ပါဘူး။

၂။ အိပ္စက္ျခင္းမွာ သက္ေရာက္မႈရွိတယ္

ဦးေႏွာက္ရဲ႕လႈပ္ရွားမႈေတြ ေႏွးေကြးသြားတဲ့အတြက္ အိပ္တဲ့အခ်ိန္မွာ ႏိုးတစ္ဝက္ ေပ်ာ္တစ္ဝက္ ျဖစ္ေနပါလိမ့္မယ္။ ခႏၶာကိုယ္က တစ္ညလုံး အရက္ကို ေခ်ဖ်က္ေနၿပီး အရက္ရွိန္ ျပယ္လာတာနဲ႔အမၽွ အိပ္တဲ့အခ်ိန္မွာ ၿငိမ္ၿငိမ္ဆိမ္ဆိမ္ မရွိေတာ့ပါဘူး။ အိမ္မက္မက္သလို ျဖစ္ေနၿပီး သန္႔စင္ခန္း ခဏခဏ သြားခ်င္စိတ္နဲ႔ လန္႔ႏိုးေနမွာ ျဖစ္ပါတယ္။

၃။ အစာအိမ္အခ်ဥ္ဓာတ္ ပိုထြက္မယ္

အရက္က အစာအိမ္နံရံေတြကို မခံထိမခံႏိုင္ ျဖစ္ေစၿပီး အစာေခ်ရည္စီးဆင္းမႈ ပိုမ်ားေစပါတယ္။ အစာအိမ္မွာ အခ်ဥ္ေပါက္တဲ့အခါ ေအာ္ကလီဆန္ေစပါတယ္။ ႏွစ္ရွည္လမ်ား အရက္ေသာက္သူေတြမွာေတာ့ အစာအိမ္ျပည္တည္နာထိ ျဖစ္ႏိုင္ပါတယ္။ အစာအိမ္အခ်ဥ္ရည္မ်ားတဲ့အခါ ဗိုက္ဆာတယ္လို႔ မခံစားမိေတာ့တဲ့အတြက္ ထမင္းေမ့ဟင္းေမ့ ျဖစ္သြားတတ္ပါတယ္။

၄။ ဝမ္းေလ်ာမယ္၊ ရင္ပူမယ္

ဗိုက္ထဲကို အရက္ဝင္တဲ့အခါ အူသိမ္နဲ႔ အူမႀကီးက လႈံ႔ေဆာ္ၿပီး အူလမ္းေၾကာင္းထဲ အစာစီးဆင္းမႈပုံမွန္မျဖစ္ေစပါဘူး။ ဒါေၾကာင့္ အရက္မ်ားမ်ားေသာက္တဲ့လူေတြက ဝမ္းေလ်ာတတ္တာပါ။ အစာႁပြန္ရဲ႕ အျပင္ဘက္ကို အက္ဆစ္ေတြေရာက္သြားတဲ့အတြက္ ရင္ပူတာေတြ ျဖစ္လာတာပါ။

၅။ ဆီးခဏခဏ သြားခ်င္မယ္

ေက်ာက္ကပ္ထဲမွာ က်င္ငယ္ေရ စုၿပဳံေစတဲ့ ေဟာ္မုန္းကို ဦးေႏွာက္ကထုတ္လႊတ္ပါတယ္။ ဒါေပမဲ့ အရက္ေသာက္တဲ့အခါမွာေတာ့ က်င္ငယ္ေတြကို မထိန္းထားႏိုင္ေတာ့ဘဲ ခဏခဏ ဆီးသြားခ်င္ပါတယ္။ ဒါေၾကာင့္ ႏွစ္ေပါင္းရွည္ၾကာ အရက္ေသာက္သူေတြမွာ ေက်ာက္ကပ္ထိခိုက္တာပါ။

၆။ အသည္းေရာဂါျဖစ္ပြားဖို႔ လမ္းေၾကာင္းေပးတယ္

ပါးစပ္ထဲဝင္သမၽွ ေသရည္အားလုံးကို အသည္းကပဲ ေခ်ဖ်က္ေပးရပါတယ္။ အခ်ိန္ၾကာလာတာနဲ႔အမၽွ အဆီေတြစုလာၿပီး အသည္းကပိုထူလာပါတယ္။ ဒါေၾကာင့္ ေသြးလည္ပတ္စီးဆင္းမႈကို ထိန္းခ်ဳပ္ထားတဲ့အတြက္ အသည္းဆဲလ္ေတြမွာ လုံေလာက္တဲ့ ေသြးမရပါဘူး။ အရက္ေသာက္သူေတြမွာ အသည္းေရာဂါ ျဖစ္ၾကတာလည္း ဒီအေၾကာင္းရင္းေၾကာင့္ပါပဲ။

၇။ ကိုယ္တြင္း အပူခ်ိန္ ေျပာင္းလဲမယ္

အရက္က ေသြးလႊတ္ေၾကာေတြကို က်ယ္ေစၿပီး အေရျပားထဲကို ေသြးစီးဆင္းမႈ ပိုမ်ားေစပါတယ္။ ဒါေၾကာင့္ အရက္ရွိန္ေလး နည္းနည္းရရင္ ပူပူထူထူေတြျဖစ္ၿပီး အိုက္သလိုခံစားရတာပါ။ ေသြးလည္ပတ္စီးဆင္းမႈမ်ားတဲ့အတြက္ ကိုယ္တြင္းအပူဓာတ္ကက်သြားပါတယ္။ ဒါ့အျပင္ ႏွလုံးက ေသြးၫွစ္ထုတ္ဖို႔ခက္ခဲတဲ့အတြက္ ေသြးေၾကာေတြ က်ဥ္းေစၿပီး ေသြးတိုးေရာဂါ ရေစပါတယ္။

အရက္ေသစာနဲ႔ပတ္သက္ၿပီး သတိေပးတားျမစ္ခ်က္ေတြ ဘယ္လိုရွိရွိ ႀကိဳက္တဲ့သူက ႀကိဳက္သလို ဆက္ေသာက္ေနဦးမွာပါ။ အရာရာတိုင္းမွာ တန္ေဆးလြန္ေဘးရွိတာမို႔ က်န္းမာေရးအတြက္ စဥ္းစားတယ္ဆိုရင္ေတာ့ အလြန္အကၽြံေသာက္သုံးျခင္းကို ေရွာင္ပါလို႔တိုက္တြန္းပါရေစ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: YoYarLay


#Unicode Version#

အရက်ဆိုတာက သောက်လေ မူးလေ၊ မူးလေ သောက်လေပါ။ တစ်ခွက်သောက်ရင် တစ်ခွက်စာမူးမှာ ဖြစ်ပြီး ရေချိန်ကိုက်သွားမယ်ဆိုရင်တော့ ရီဝေဝိုးတဝါး ဖြစ်နေမှာပါ။ လူတွေသွေးက တောင်းဆိုနေတဲ့ ဒီအရက်က ခန္ဓာကိုယ်အပေါ်မှာ ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိနေနိုင်ပါလဲ။ ခဏခဏ ကြားဖူးနေမှာ ဆိုပေမဲ့ ပိုပြီးမှတ်မိအောင် ခုလိုပြောပြလိုက်ရပါတယ်။

၁။ ဦးနှောက်ဆဲလ်တွေ နှေးကွေးစေတယ်

အရက်တစ်ငုံမြည်းပြီး စက္ကန့် ၃၀ လောက် ကြာတဲ့အခါ ဦးနှောက်ဆဲလ်တွေ လှုံ့ဆော်မှုပေးနိုင်တဲ့ လမ်းကြောင်းက နှေးကွေးသွားပါတယ်။ ခံစားချက်တွေကို ပြောင်းလဲစေပြီး အလိုအလျောက်တုံ့ပြန်နိုင်စွမ်းကို နှေးကွေးစေလို့ ဒယိမ်းဒယိုင် ဖြစ်လာပါတယ်။ ဖြောင့်ဖြောင့်တန်းတန်းမစဉ်းစားနိုင်သလို ဘာတွေပြောခဲ့တယ် ဆိုတာကိုလည်း ကြာရှည်မှတ်ဉာဏ်မှာ ထိန်းသိမ်းမထားနိုင်ပါဘူး။

၂။ အိပ်စက်ခြင်းမှာ သက်ရောက်မှုရှိတယ်

ဦးနှောက်ရဲ့လှုပ်ရှားမှုတွေ နှေးကွေးသွားတဲ့အတွက် အိပ်တဲ့အချိန်မှာ နိုးတစ်ဝက် ပျော်တစ်ဝက် ဖြစ်နေပါလိမ့်မယ်။ ခန္ဓာကိုယ်က တစ်ညလုံး အရက်ကို ချေဖျက်နေပြီး အရက်ရှိန် ပြယ်လာတာနဲ့အမျှ အိပ်တဲ့အချိန်မှာ ငြိမ်ငြိမ်ဆိမ်ဆိမ် မရှိတော့ပါဘူး။ အိမ်မက်မက်သလို ဖြစ်နေပြီး သန့်စင်ခန်း ခဏခဏ သွားချင်စိတ်နဲ့ လန့်နိုးနေမှာ ဖြစ်ပါတယ်။

၃။ အစာအိမ်အချဉ်ဓာတ် ပိုထွက်မယ်

အရက်က အစာအိမ်နံရံတွေကို မခံထိမခံနိုင် ဖြစ်စေပြီး အစာချေရည်စီးဆင်းမှု ပိုများစေပါတယ်။ အစာအိမ်မှာ အချဉ်ပေါက်တဲ့အခါ အော်ကလီဆန်စေပါတယ်။ နှစ်ရှည်လများ အရက်သောက်သူတွေမှာတော့ အစာအိမ်ပြည်တည်နာထိ ဖြစ်နိုင်ပါတယ်။ အစာအိမ်အချဉ်ရည်များတဲ့အခါ ဗိုက်ဆာတယ်လို့ မခံစားမိတော့တဲ့အတွက် ထမင်းမေ့ဟင်းမေ့ ဖြစ်သွားတတ်ပါတယ်။

၄။ ဝမ်းလျောမယ်၊ ရင်ပူမယ်

ဗိုက်ထဲကို အရက်ဝင်တဲ့အခါ အူသိမ်နဲ့ အူမကြီးက လှုံ့ဆော်ပြီး အူလမ်းကြောင်းထဲ အစာစီးဆင်းမှုပုံမှန်မဖြစ်စေပါဘူး။ ဒါကြောင့် အရက်များများသောက်တဲ့လူတွေက ဝမ်းလျောတတ်တာပါ။ အစာပြွန်ရဲ့ အပြင်ဘက်ကို အက်ဆစ်တွေရောက်သွားတဲ့အတွက် ရင်ပူတာတွေ ဖြစ်လာတာပါ။

၅။ ဆီးခဏခဏ သွားချင်မယ်

ကျောက်ကပ်ထဲမှာ ကျင်ငယ်ရေ စုပြုံစေတဲ့ ဟော်မုန်းကို ဦးနှောက်ကထုတ်လွှတ်ပါတယ်။ ဒါပေမဲ့ အရက်သောက်တဲ့အခါမှာတော့ ကျင်ငယ်တွေကို မထိန်းထားနိုင်တော့ဘဲ ခဏခဏ ဆီးသွားချင်ပါတယ်။ ဒါကြောင့် နှစ်ပေါင်းရှည်ကြာ အရက်သောက်သူတွေမှာ ကျောက်ကပ်ထိခိုက်တာပါ။

၆။ အသည်းရောဂါဖြစ်ပွားဖို့ လမ်းကြောင်းပေးတယ်

ပါးစပ်ထဲဝင်သမျှ သေရည်အားလုံးကို အသည်းကပဲ ချေဖျက်ပေးရပါတယ်။ အချိန်ကြာလာတာနဲ့အမျှ အဆီတွေစုလာပြီး အသည်းကပိုထူလာပါတယ်။ ဒါကြောင့် သွေးလည်ပတ်စီးဆင်းမှုကို ထိန်းချုပ်ထားတဲ့အတွက် အသည်းဆဲလ်တွေမှာ လုံလောက်တဲ့ သွေးမရပါဘူး။ အရက်သောက်သူတွေမှာ အသည်းရောဂါ ဖြစ်ကြတာလည်း ဒီအကြောင်းရင်းကြောင့်ပါပဲ။

၇။ ကိုယ်တွင်း အပူချိန် ပြောင်းလဲမယ်

အရက်က သွေးလွှတ်ကြောတွေကို ကျယ်စေပြီး အရေပြားထဲကို သွေးစီးဆင်းမှု ပိုများစေပါတယ်။ ဒါကြောင့် အရက်ရှိန်လေး နည်းနည်းရရင် ပူပူထူထူတွေဖြစ်ပြီး အိုက်သလိုခံစားရတာပါ။ သွေးလည်ပတ်စီးဆင်းမှုများတဲ့အတွက် ကိုယ်တွင်းအပူဓာတ်ကကျသွားပါတယ်။ ဒါ့အပြင် နှလုံးက သွေးညှစ်ထုတ်ဖို့ခက်ခဲတဲ့အတွက် သွေးကြောတွေ ကျဉ်းစေပြီး သွေးတိုးရောဂါ ရစေပါတယ်။

အရက်သေစာနဲ့ပတ်သက်ပြီး သတိပေးတားမြစ်ချက်တွေ ဘယ်လိုရှိရှိ ကြိုက်တဲ့သူက ကြိုက်သလို ဆက်သောက်နေဦးမှာပါ။ အရာရာတိုင်းမှာ တန်ဆေးလွန်ဘေးရှိတာမို့ ကျန်းမာရေးအတွက် စဉ်းစားတယ်ဆိုရင်တော့ အလွန်အကျွံသောက်သုံးခြင်းကို ရှောင်ပါလို့တိုက်တွန်းပါရစေ။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top