(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

ေမာင္ႏွမသားခ်င္းေတြထဲမွာ အၾကီးဆံုးသားသမီးေတြဟာ မိသားစုကို ခင္တြယ္သလို၊ အနစ္နာလည္း အရမး္ခံတဲ့သူေတြပါ။

သူတုိ႔ေတြဟာ အမၾကီး အမိရာ၊ အကိုၾကီး အဖရာဆိုသလိုပဲ တာဝန္ေက်ဖို႔အစြမး္ကုန္ ၾကိဳးစားခ်င္ၾကတဲ့သူေတြပါ။ မိသားစုတစ္ခုရဲ႕

အၾကီးဆံုးသားသမီးေတြရဲ႕ ခံယူခ်က္နဲ႔ စိတ္ေနစိတ္ထားေတြကို ေဖာ္ျပေပးလိုက္ပါတယ္။ အၾကီးဆံုးသားသမီးတိုင္းေတာ့

ဒီလိုစိတ္ထားမရွိပါဘူး၊ စိတ္ထားျမင့္ျမတ္တဲ့သူမွပါ။

(၁) မိဘကို သိတတ္တယ္

သူတုိ႔ေတြဟာ မိဘေတြနဲ႔ ဦးဆံုးလက္ပြန္းတတီး aနရတဲ့သူေတြျဖစ္တာေၾကာင့္ မိဘေတြအေပၚကို သံေယာဇဥ္အရမး္ၾကီးတဲ့သူေတြပါ။

မိဘေတြရဲ႕ခံစားခ်က္ကို အျပည့္အဝနားလည္သလို၊ မိဘေတြရဲ႕ အခက္အခဲေတြကို မွ်ေဝေပးလိုစိတ္လည္း ရွိၾကပါတယ္။

မိဘေတြကို ငဲ့ညွာလြန္းတာေၾကာင့္ တစ္ခါတေလက်ရင္ သူတုိ႔အတြက္ ဆံုးရႈံးမႈေတြ၊ လက္လႊတ္လိုက္ရတာေတြ

ေတာ္ေတာ္မ်ားမ်ားကို ရွိပါတယ္။ ဒါေပမယ့္လည္း သူတုိ႔ေတြဟာ မိဘေတြ စိတ္မေကာင္းျဖစ္မွာစိုးလို႔ ဘာမွထုတ္မေျပာတတ္ၾကပါဘူး။

(၂) စံျပျဖစ္ေအာင္ေနတယ္

သူတုိ႔ေတြဟာ အငယ္ေတြအတြက္ စံျပျဖစ္ခ်င္တဲ့သူေတြပါ။ သူတုိ႔ဘယ္ေလာက္ပဲ နိမ့္က်ေနပါေစ၊ သူတို႕မွာ အဲဒီ့စိတ္ေလးေတာ့

အျမဲတမ္းရွိတတ္ၾကပါတယ္။ တစ္ခါတေလ ကိုယ့္ရဲ႕ဆႏၵေတြကိုေတာင္ အငယ္ေတြ အတုယူမွားမွာစိုးတာေၾကာင့္

ျမိဳသိပ္လိုက္ရတဲ့အခါေတြ၊ ခ်ိဳးႏွိမ္လိုက္ရတဲ့ အခါေတြရွိပါတယ္။ သူတုိ႔ကိုယ္သူတုိ႔စံျပျဖစ္ေအာင္ အျမဲတမ္းၾကိဳးစားၾကတဲ့သူေတြပါ။

(၃) အငယ္ေတြကို ငဲ့ညႇာတယ္

အၾကီးဆံုးသားသမီးေတြ ေတာ္ေတာ္မ်ားမ်ားက အငယ္ေတြကို ငဲ့ညႇာၾကပါတယ္။ နာစရာရွိ ကိုယ္ကနာ၊ ငတ္စရာရွိ ကိုယ္ကငတ္၊

ကိုယ့္ရဲ႕ ေမာင္ေလးညီမေလးေတြ၊ ညီေလးညီမေလးေတြကိုေတာ့ အဆင္ေျပေစခ်င္ၾကပါတယ္။ သူတုိ႔ေတြဟာ အငယ္ေတြကို

အလုပ္ခိုင္းတဲ့အခါမွာေတာင္ ခက္ခဲတဲ့ အပိုင္းေတြကို တာဝန္ယူျပီး၊ လြယ္ကူတဲ့အပိုင္းေလးေတြကိုပဲ ခိုင္းတတ္ၾကပါတယ္။ ကိုယ့္ရဲ႕

ေမာင္ေလး၊ ညီမေလးေတြ ပင္ပန္းမွာ၊ မႏိုင္မနင္းလုပ္ေနမွာကို မၾကည့္ရက္လို႔ပါ။

(၄) အငယ္ေတြကို ေကာင္းစားေစခ်င္တယ္

အၾကီးဆံုးသားသမီးေတြဟာ မိဘဘိုးဘြားေတြျပီးရင္ ကုိယ့္အေပၚ ေမတၱာအထားႏိုင္ဆံုးပါပဲ။ အငယ္ေတြကို

လူတစ္လံုးသူတစ္လံုးပညာတတ္ၾကီးေတြ ျဖစ္ေစခ်င္တယ္၊ အဆင့္အတန္းရွိရွိ ေနထိုင္ႏိုင္တဲ့သူေတြ ျဖစ္ေစခ်င္တယ္၊

ေကာင္းစားေစခ်င္ၾကပါတယ္။ အငယ္ေတြ ေကာင္းစားဖုိ႔အတြက္ဆိုရင္ သူတုိ႔ဖက္က တတ္ႏိုင္သမွ် ကူညီေထာက္ပံ့ေပးတတ္ၾကသလို၊

ေပးဆပ္စြန္႔လႊတ္စရာေတြ ရွိလာရင္ေတာင္ ေပးဆပ္ေပးၾကပါတယ္။

(၅) ျမိဳသိပ္ထားတာေတြ မ်ားတယ္

သူတုိ႔ေတြရဲ႕ စိတ္ထဲမွာ ျမိဳသိပ္ထားတဲ့ခံစားခ်က္ေတြ အရမး္မ်ားပါတယ္။ အငယ္ေတြ ရွိလာျပီးေနာက္ပိုင္းမွာ မိဘေတြရဲ႕ ခ်စ္ခင္မႈ၊

ယုယမႈကို သိပ္မခံရေတာ့ဘူး၊ သူကအၾကီးပဲဆိုျပီး အငယ္ေတြကို ပိုဦးစားေပးလာၾကတယ္၊ အငယ္ေတြ အမွားလုပ္မိရင္လညး္ သူက

အဆူခံရတယ္၊ သူဘယ္ေလာက္ပဲ ပင္ပန္းေနပါေစ အၾကီးျဖစ္ေနတဲ့အတြက္ အားလံုးရဲ႕တာဝန္ကိုသူက ယူရပါတယ္။ သူ႕ဆီမွာ

ျမိဳသိပ္ထားတဲ့ခံစားခ်က္ေတြ၊ နာက်င္စရာေတြရွိေနရင္ေတာင္ မိသားစုသာ အဆင္ေျပမယ္ဆိုရင္ အနစ္နာခံႏိုင္တဲ့ သူေတြပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: မူရင္းေရးသားသူ


#Unicode Version#

မောင်နှမသားချင်းတွေထဲမှာ အကြီးဆုံးသားသမီးတွေဟာ မိသားစုကို ခင်တွယ်သလို၊ အနစ်နာလည်း အရမ်းခံတဲ့သူတွေပါ။

သူတို့တွေဟာ အမကြီး အမိရာ၊ အကိုကြီး အဖရာဆိုသလိုပဲ တာဝန်ကျေဖို့အစွမ်းကုန် ကြိုးစားချင်ကြတဲ့သူတွေပါ။ မိသားစုတစ်ခုရဲ့

အကြီးဆုံးသားသမီးတွေရဲ့ ခံယူချက်နဲ့ စိတ်နေစိတ်ထားတွေကို ဖော်ပြပေးလိုက်ပါတယ်။ အကြီးဆုံးသားသမီးတိုင်းတော့

ဒီလိုစိတ်ထားမရှိပါဘူး၊ စိတ်ထားမြင့်မြတ်တဲ့သူမှပါ။

(၁) မိဘကို သိတတ်တယ်

သူတို့တွေဟာ မိဘတွေနဲ့ ဦးဆုံးလက်ပွန်းတတီး aနရတဲ့သူတွေဖြစ်တာကြောင့် မိဘတွေအပေါ်ကို သံယောဇဉ်အရမ်းကြီးတဲ့သူတွေပါ။

မိဘတွေရဲ့ခံစားချက်ကို အပြည့်အဝနားလည်သလို၊ မိဘတွေရဲ့ အခက်အခဲတွေကို မျှဝေပေးလိုစိတ်လည်း ရှိကြပါတယ်။

မိဘတွေကို ငဲ့ညှာလွန်းတာကြောင့် တစ်ခါတလေကျရင် သူတို့အတွက် ဆုံးရှုံးမှုတွေ၊ လက်လွှတ်လိုက်ရတာတွေ

တော်တော်များများကို ရှိပါတယ်။ ဒါပေမယ့်လည်း သူတို့တွေဟာ မိဘတွေ စိတ်မကောင်းဖြစ်မှာစိုးလို့ ဘာမှထုတ်မပြောတတ်ကြပါဘူး။

(၂) စံပြဖြစ်အောင်နေတယ်

သူတို့တွေဟာ အငယ်တွေအတွက် စံပြဖြစ်ချင်တဲ့သူတွေပါ။ သူတို့ဘယ်လောက်ပဲ နိမ့်ကျနေပါစေ၊ သူတို့မှာ အဲဒီ့စိတ်လေးတော့

အမြဲတမ်းရှိတတ်ကြပါတယ်။ တစ်ခါတလေ ကိုယ့်ရဲ့ဆန္ဒတွေကိုတောင် အငယ်တွေ အတုယူမှားမှာစိုးတာကြောင့်

မြိုသိပ်လိုက်ရတဲ့အခါတွေ၊ ချိုးနှိမ်လိုက်ရတဲ့ အခါတွေရှိပါတယ်။ သူတို့ကိုယ်သူတို့စံပြဖြစ်အောင် အမြဲတမ်းကြိုးစားကြတဲ့သူတွေပါ။

(၃) အငယ်တွေကို ငဲ့ညှာတယ်

အကြီးဆုံးသားသမီးတွေ တော်တော်များများက အငယ်တွေကို ငဲ့ညှာကြပါတယ်။ နာစရာရှိ ကိုယ်ကနာ၊ ငတ်စရာရှိ ကိုယ်ကငတ်၊

ကိုယ့်ရဲ့ မောင်လေးညီမလေးတွေ၊ ညီလေးညီမလေးတွေကိုတော့ အဆင်ပြေစေချင်ကြပါတယ်။ သူတို့တွေဟာ အငယ်တွေကို

အလုပ်ခိုင်းတဲ့အခါမှာတောင် ခက်ခဲတဲ့ အပိုင်းတွေကို တာဝန်ယူပြီး၊ လွယ်ကူတဲ့အပိုင်းလေးတွေကိုပဲ ခိုင်းတတ်ကြပါတယ်။ ကိုယ့်ရဲ့

မောင်လေး၊ ညီမလေးတွေ ပင်ပန်းမှာ၊ မနိုင်မနင်းလုပ်နေမှာကို မကြည့်ရက်လို့ပါ။

(၄) အငယ်တွေကို ကောင်းစားစေချင်တယ်

အကြီးဆုံးသားသမီးတွေဟာ မိဘဘိုးဘွားတွေပြီးရင် ကိုယ့်အပေါ် မေတ္တာအထားနိုင်ဆုံးပါပဲ။ အငယ်တွေကို

လူတစ်လုံးသူတစ်လုံးပညာတတ်ကြီးတွေ ဖြစ်စေချင်တယ်၊ အဆင့်အတန်းရှိရှိ နေထိုင်နိုင်တဲ့သူတွေ ဖြစ်စေချင်တယ်၊

ကောင်းစားစေချင်ကြပါတယ်။ အငယ်တွေ ကောင်းစားဖို့အတွက်ဆိုရင် သူတို့ဖက်က တတ်နိုင်သမျှ ကူညီထောက်ပံ့ပေးတတ်ကြသလို၊

ပေးဆပ်စွန့်လွှတ်စရာတွေ ရှိလာရင်တောင် ပေးဆပ်ပေးကြပါတယ်။

(၅) မြိုသိပ်ထားတာတွေ များတယ်

သူတို့တွေရဲ့ စိတ်ထဲမှာ မြိုသိပ်ထားတဲ့ခံစားချက်တွေ အရမ်းများပါတယ်။ အငယ်တွေ ရှိလာပြီးနောက်ပိုင်းမှာ မိဘတွေရဲ့ ချစ်ခင်မှု၊

ယုယမှုကို သိပ်မခံရတော့ဘူး၊ သူကအကြီးပဲဆိုပြီး အငယ်တွေကို ပိုဦးစားပေးလာကြတယ်၊ အငယ်တွေ အမှားလုပ်မိရင်လည်း သူက

အဆူခံရတယ်၊ သူဘယ်လောက်ပဲ ပင်ပန်းနေပါစေ အကြီးဖြစ်နေတဲ့အတွက် အားလုံးရဲ့တာဝန်ကိုသူက ယူရပါတယ်။ သူ့ဆီမှာ

မြိုသိပ်ထားတဲ့ခံစားချက်တွေ၊ နာကျင်စရာတွေရှိနေရင်တောင် မိသားစုသာ အဆင်ပြေမယ်ဆိုရင် အနစ်နာခံနိုင်တဲ့ သူတွေပါ။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top