ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

“ဘာလုပ္မည္ဟု မစီစဥ္ရေသးလွ်င္ ဘာမွ ျဖစ္လာမည္မဟုတ္”ဟု ဂ်င္မက္ေကးဆိုသူက ေျပာဖူးသည္။ တစ္ခုခုလုပ္ရန္ ကြက္လပ္က စလိုက္မည္။ ကြက္လပ္တြင္ တစ္ခုခုခ်မေရးမခ်င္း ဘာမွဆက္လုပ္ရန္မျဖစ္ဟု ဆိုလိုျခင္းျဖစ္သည္။ သေဘာမွာ ဘာလုပ္လုပ္ အစီအစဥ္ဇယားကို တိက်စြာ ေရးသားလုပ္ေဆာင္ရန္ျဖစ္သည္။

အစီအစဥ္မ်ားကို စနစ္တက် ေရးဆြဲၿပီးလုပ္လွ်င္ ဘာလုပ္ရမည္ကိုလည္းသိသည္။ ဘာျဖစ္လာႏိုင္မည္ကိုလည္း သိသည္။ အလုပ္ကလည္း အလိုလို ေရွ႕ဆက္ႏိုင္သည့္ အေနအထားကို ေရာက္သြားမည္။ လုပ္ငန္းစဥ္ဇယား မည္သို႔ေရးဆြဲသင့္သနည္း။

(၁) ဘာလုပ္မည္ဆိုျခင္းကို အၿမဲခ်ေရးလိုက္ပါ။ စိတ္ကူးထဲတြင္ မွတ္ထားသည္ဆိုျခင္းမွာ လက္ေတြ႔တြင္ အလုပ္မျဖစ္ပါ။ စိတ္ဆိုသည္မွာ အမ်ိဳးမ်ိဳး ေျပာင္းလဲေနႏိုင္သည္။ ဘာလုပ္မည္ဆိုျခင္းကို အတိအက် ေရးခ်ထားလိုက္လွ်င္ သူ႔လုပ္ငန္းစဥ္အတိုင္း လိုက္သြားလိမ့္မည္။ တစ္ေန႔တာတြင္ အပိုင္းက႑ မ်ားစြာရွိေနႏိုင္သည္။ တစ္ခ်ိန္တည္းတြင္ တြန္းလုပ္ရသည္လည္း ရွိမည္၊ အခ်ိန္ဆြဲလုပ္ရသည္လည္း ရွိႏိုင္သည္။ အေရးေပၚကိစၥေတြက ဝင္လာႏိုင္သည္။ ကိုယ့္အစီအစဥ္ကို မပ်က္ေစလိုလွ်င္ ေရးဆြဲခ်ထားရမည္။

(၂) အစီအစဥ္ဇယား ေရးဆြဲၿပီးၿပီဆိုလွ်င္ မၾကာခဏ စစ္ေဆးၾကည့္ရမည္။ တစ္လစာ လုပ္ငန္းစဥ္ကို ေရးဆြဲထားသည္ဆိုလွ်င္ အနည္းဆံုး တစ္ပတ္တစ္ႀကိမ္ေလာက္ေတာ့ ျပန္စစ္ရမည္။ တစ္ပတ္စာ လုပ္ငန္းအစီအစဥ္ဆိုလွ်င္ တစ္ေန႔လွ်င္ အနည္းဆံုး တစ္ႀကိမ္မွ ႏွစ္ႀကိမ္ခန္႔ စစ္ေဆးသင့္သည္။ တစ္ေန႔စာ အစီအစဥ္ေရးဆြဲထားလွ်င္ တစ္နာရီတစ္ႀကိမ္ ျပန္လည္ စစ္ေဆးသင့္သည္။ စစ္ေဆးျခင္းဆိုသည္မွာ စိတ္ကိုဆန္းစစ္ေနျခင္းျဖစ္သည္။ ငါဘာေတြလုပ္ၿပီးၿပီလဲဟု ဆန္းစစ္ေနျခင္းက ေရွ႕ဆက္ရန္ျဖစ္ေစသည္။

(၃) ဘာလုပ္လုပ္ ကိုယ္လုပ္မည့္ အလုပ္၏ အခ်ိန္အတိုင္းအတာကို လံုေလာက္ေအာင္ စီမံခန္႔ခြဲႏိုင္ရမည္။ အလုပ္ဆိုသည္မွာ သူ႔အခ်ိန္အတိုင္းအတာအတြင္း သတ္မွတ္ထားသေလာက္သာ လုပ္ရမည္။ တစ္နာရီႏွင့္ ၿပီးရမည့္အလုပ္ကို တစ္ရက္အခ်ိန္မဆြဲထားသင့္ဟု ဆိုလိုျခင္းျဖစ္သည္။ အလုပ္တစ္ခုအတြက္ အခ်ိန္မည္မွ် လိုသနည္းဆိုျခင္းကိုမသိဘဲ လုပ္ငန္းအခ်ိန္ဇယားကို ဆြဲႏိုင္မည္မဟုတ္ပါ။ အခ်ိန္တိုၿပီးရမည္ကို အခ်ိန္ဆြဲတတ္ျခင္းက ျပႆနာျဖစ္သည္။ အခ်ိန္ကို အတိအက်မွန္းႏိုင္ရမည္။ နည္းလည္းမနည္း၊ မ်ားလည္း မမ်ားေအာင္ စီမံခန္႔ခြဲႏိုင္ျခင္းမွာ အရည္အခ်င္းတစ္ခုျဖစ္သည္။

(၄) လုပ္ႏိုင္သေလာက္ လုပ္ရန္ျဖစ္သည္။ ကိုယ္ခႏၶာက အစြမ္းရွိသေလာက္ လုပ္ရန္ျဖစ္သည္။ မႏိုင္ဝန္မထမ္းရန္လိုသည္။ ထို႔ေၾကာင့္ ႏိုင္သေလာက္ လုပ္ရန္သာ အစီအစဥ္မ်ားကို ခ်မွတ္သင့္သည္။ မနက္ေစာေစာ လုပ္တတ္လွ်င္ ေစာေစာထ၍ ၿပီးေအာင္လုပ္မည္။ ေနျမင့္မွ အိပ္ရာထတတ္သူသည္ ႀကိဳတင္ ျပင္ဆင္ထားမႈမ်ားျဖင့္ အစီအစဥ္ကို ၿပီးေျမာက္ေအာင္ လုပ္ႏိုင္သည္။ ေနျမင့္မွ အိပ္ရာကထသူသည္ အလုပ္တြင္ စြမ္းအင္ေလ်ာ့က်တတ္သည္။ ထို႔ေၾကာင့္ ေနာက္က်မွ အိပ္ႏိုင္ေအာင္ႀကိဳးစားၿပီး မိုးလင္းလွ်င္ အလုပ္ေတြၿပီးေနေအာင္ စီမံထားႏိုင္ရမည္။

လုပ္ငန္းတစ္ခုလုပ္ရာတြင္ အစီအစဥ္ဇယားကို ကိုယ္တိုင္ ေရးဆြဲသည္က အေကာင္းဆံုးျဖစ္သည္။ သူမ်ား စီစဥ္ေပးသည့္အထဲတြင္ လႈပ္ရွားျခင္းထက္ ကိုယ္တိုင္ေရးဆြဲသည့္ အစီအစဥ္တြင္ ကိုယ္တိုင္လႈပ္ရွားႏိုင္ေအာင္ လုပ္ေဆာင္ျခင္းမွာ အေကာင္းဆံုးျဖစ္သည္။

ေန႔တစ္ေန႔ ကုန္ဆံုးသည္ႏွင့္ ငါဘာေတြ လုပ္ေဆာင္ႏိုင္ခဲ့ေၾကာင္း သံုးသပ္မည္။ ထိုသံုးသပ္ခ်က္သည္ ကိုယ္ေရးဆြဲထားသည့္ လုပ္ငန္းစဥ္ဇယားႏွင့္သာ ပိုင္းျဖတ္ရမည္ျဖစ္သည္။ သို႔မွသာ ငါမည္မွ်လုပ္ေဆာင္ႏိုင္ခဲ့သည္ဆိုျခင္းကို ပိုင္းျဖတ္ႏိုင္ပါသည္။
ဘာလုပ္မည္ကို ႀကိဳတင္ျပင္ဆင္ကာ အစီအစဥ္မ်ား ခ်မွတ္ၿပီးမွ ခရီးဆက္ျခင္းက ဘဝကို စနစ္က်စြာျဖင့္ ေအာင္ျမင္ေအာင္ လုပ္ေဆာင္ႏိုင္ပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: The Voice


#Unicode Version#

“ဘာလုပ်မည်ဟု မစီစဉ်ရသေးလျှင် ဘာမှ ဖြစ်လာမည်မဟုတ်”ဟု ဂျင်မက်ကေးဆိုသူက ပြောဖူးသည်။ တစ်ခုခုလုပ်ရန် ကွက်လပ်က စလိုက်မည်။ ကွက်လပ်တွင် တစ်ခုခုချမရေးမချင်း ဘာမှဆက်လုပ်ရန်မဖြစ်ဟု ဆိုလိုခြင်းဖြစ်သည်။ သဘောမှာ ဘာလုပ်လုပ် အစီအစဉ်ဇယားကို တိကျစွာ ရေးသားလုပ်ဆောင်ရန်ဖြစ်သည်။

အစီအစဉ်များကို စနစ်တကျ ရေးဆွဲပြီးလုပ်လျှင် ဘာလုပ်ရမည်ကိုလည်းသိသည်။ ဘာဖြစ်လာနိုင်မည်ကိုလည်း သိသည်။ အလုပ်ကလည်း အလိုလို ရှေ့ဆက်နိုင်သည့် အနေအထားကို ရောက်သွားမည်။ လုပ်ငန်းစဉ်ဇယား မည်သို့ရေးဆွဲသင့်သနည်း။

(၁) ဘာလုပ်မည်ဆိုခြင်းကို အမြဲချရေးလိုက်ပါ။ စိတ်ကူးထဲတွင် မှတ်ထားသည်ဆိုခြင်းမှာ လက်တွေ့တွင် အလုပ်မဖြစ်ပါ။ စိတ်ဆိုသည်မှာ အမျိုးမျိုး ပြောင်းလဲနေနိုင်သည်။ ဘာလုပ်မည်ဆိုခြင်းကို အတိအကျ ရေးချထားလိုက်လျှင် သူ့လုပ်ငန်းစဉ်အတိုင်း လိုက်သွားလိမ့်မည်။ တစ်နေ့တာတွင် အပိုင်းကဏ္ဍ များစွာရှိနေနိုင်သည်။ တစ်ချိန်တည်းတွင် တွန်းလုပ်ရသည်လည်း ရှိမည်၊ အချိန်ဆွဲလုပ်ရသည်လည်း ရှိနိုင်သည်။ အရေးပေါ်ကိစ္စတွေက ဝင်လာနိုင်သည်။ ကိုယ့်အစီအစဉ်ကို မပျက်စေလိုလျှင် ရေးဆွဲချထားရမည်။

(၂) အစီအစဉ်ဇယား ရေးဆွဲပြီးပြီဆိုလျှင် မကြာခဏ စစ်ဆေးကြည့်ရမည်။ တစ်လစာ လုပ်ငန်းစဉ်ကို ရေးဆွဲထားသည်ဆိုလျှင် အနည်းဆုံး တစ်ပတ်တစ်ကြိမ်လောက်တော့ ပြန်စစ်ရမည်။ တစ်ပတ်စာ လုပ်ငန်းအစီအစဉ်ဆိုလျှင် တစ်နေ့လျှင် အနည်းဆုံး တစ်ကြိမ်မှ နှစ်ကြိမ်ခန့် စစ်ဆေးသင့်သည်။ တစ်နေ့စာ အစီအစဉ်ရေးဆွဲထားလျှင် တစ်နာရီတစ်ကြိမ် ပြန်လည် စစ်ဆေးသင့်သည်။ စစ်ဆေးခြင်းဆိုသည်မှာ စိတ်ကိုဆန်းစစ်နေခြင်းဖြစ်သည်။ ငါဘာတွေလုပ်ပြီးပြီလဲဟု ဆန်းစစ်နေခြင်းက ရှေ့ဆက်ရန်ဖြစ်စေသည်။

(၃) ဘာလုပ်လုပ် ကိုယ်လုပ်မည့် အလုပ်၏ အချိန်အတိုင်းအတာကို လုံလောက်အောင် စီမံခန့်ခွဲနိုင်ရမည်။ အလုပ်ဆိုသည်မှာ သူ့အချိန်အတိုင်းအတာအတွင်း သတ်မှတ်ထားသလောက်သာ လုပ်ရမည်။ တစ်နာရီနှင့် ပြီးရမည့်အလုပ်ကို တစ်ရက်အချိန်မဆွဲထားသင့်ဟု ဆိုလိုခြင်းဖြစ်သည်။ အလုပ်တစ်ခုအတွက် အချိန်မည်မျှ လိုသနည်းဆိုခြင်းကိုမသိဘဲ လုပ်ငန်းအချိန်ဇယားကို ဆွဲနိုင်မည်မဟုတ်ပါ။ အချိန်တိုပြီးရမည်ကို အချိန်ဆွဲတတ်ခြင်းက ပြဿနာဖြစ်သည်။ အချိန်ကို အတိအကျမှန်းနိုင်ရမည်။ နည်းလည်းမနည်း၊ များလည်း မများအောင် စီမံခန့်ခွဲနိုင်ခြင်းမှာ အရည်အချင်းတစ်ခုဖြစ်သည်။

(၄) လုပ်နိုင်သလောက် လုပ်ရန်ဖြစ်သည်။ ကိုယ်ခန္ဓာက အစွမ်းရှိသလောက် လုပ်ရန်ဖြစ်သည်။ မနိုင်ဝန်မထမ်းရန်လိုသည်။ ထို့ကြောင့် နိုင်သလောက် လုပ်ရန်သာ အစီအစဉ်များကို ချမှတ်သင့်သည်။ မနက်စောစော လုပ်တတ်လျှင် စောစောထ၍ ပြီးအောင်လုပ်မည်။ နေမြင့်မှ အိပ်ရာထတတ်သူသည် ကြိုတင် ပြင်ဆင်ထားမှုများဖြင့် အစီအစဉ်ကို ပြီးမြောက်အောင် လုပ်နိုင်သည်။ နေမြင့်မှ အိပ်ရာကထသူသည် အလုပ်တွင် စွမ်းအင်လျော့ကျတတ်သည်။ ထို့ကြောင့် နောက်ကျမှ အိပ်နိုင်အောင်ကြိုးစားပြီး မိုးလင်းလျှင် အလုပ်တွေပြီးနေအောင် စီမံထားနိုင်ရမည်။

လုပ်ငန်းတစ်ခုလုပ်ရာတွင် အစီအစဉ်ဇယားကို ကိုယ်တိုင် ရေးဆွဲသည်က အကောင်းဆုံးဖြစ်သည်။ သူများ စီစဉ်ပေးသည့်အထဲတွင် လှုပ်ရှားခြင်းထက် ကိုယ်တိုင်ရေးဆွဲသည့် အစီအစဉ်တွင် ကိုယ်တိုင်လှုပ်ရှားနိုင်အောင် လုပ်ဆောင်ခြင်းမှာ အကောင်းဆုံးဖြစ်သည်။

နေ့တစ်နေ့ ကုန်ဆုံးသည်နှင့် ငါဘာတွေ လုပ်ဆောင်နိုင်ခဲ့ကြောင်း သုံးသပ်မည်။ ထိုသုံးသပ်ချက်သည် ကိုယ်ရေးဆွဲထားသည့် လုပ်ငန်းစဉ်ဇယားနှင့်သာ ပိုင်းဖြတ်ရမည်ဖြစ်သည်။ သို့မှသာ ငါမည်မျှလုပ်ဆောင်နိုင်ခဲ့သည်ဆိုခြင်းကို ပိုင်းဖြတ်နိုင်ပါသည်။
ဘာလုပ်မည်ကို ကြိုတင်ပြင်ဆင်ကာ အစီအစဉ်များ ချမှတ်ပြီးမှ ခရီးဆက်ခြင်းက ဘဝကို စနစ်ကျစွာဖြင့် အောင်မြင်အောင် လုပ်ဆောင်နိုင်ပါသည်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top