ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ဂ်ပန္အစိုးရ ဖြံ႕ၿဖိဳးေရးေခ်းေငြ (ODA) ျဖင့္ လုပ္ေဆာင္ေနသည့္ ရန္ကုန္ၿမိဳ႕ပတ္ ရထားလမ္း အဆင့္ျမႇင့္တင္ျခင္း စီမံ ကိန္းကို ၂၀၂၃ ခုႏွစ္တြင္ အလုံးစုံၿပီးစီးမည္ဟု ခန႔္မွန္းထားေၾကာင္း ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရး ဝန္ႀကီးဌာန ဒုဝန္ႀကီး ဦးေက်ာ္မ်ိဳးက ေျပာသည္။

ျပည္သူ႕လႊတ္ေတာ္ (အင္းစိန္) ကိုယ္စားလွယ္ ဦးေမာင္ေမာင္ဦးက ရန္ကုန္ၿမိဳ႕ပတ္ ရထားလမ္းေျပးဆြဲမႈႏွင့္ ပတ္သက္ ကာ ၿပီးစီးမည့္ ကာလကို သိလိုေၾကာင္း နိုဝင္ဘာ ၂၀ ရက္ေန႕ ျပဳလုပ္သည့္ လႊတ္ေတာ္ အစည္းအေဝးတြင္ ေမးျမန္း ထား မႈႏွင့္ ပတ္သက္၍ ျပန္လည္ ေျဖၾကားျခင္း ျဖစ္သည္။

ဒုဝန္ႀကီး ဦးေက်ာ္မ်ိဳးက“တည္ေဆာက္ေရးလုပ္ငန္းမ်ားကို ၂၀၁၇ ခုႏွစ္တြင္ စတင္ေဆာင္႐ြက္ရန္ လ်ာထားခဲ့ေသာ္ လည္း တင္ဒါေဈးႏႈန္း ညွိႏွိုင္းမႈမ်ား ေဆာင္႐ြက္ရျခင္းေၾကာင့္ ၂၀၁၈ ခုႏွစ္မွသာ စတင္နိုင္ခဲ့ၿပီး လုပ္ငန္းတခုလုံး ၂၀၂၃ ခုႏွစ္တြင္သာ ၿပီးစီးနိုင္မည္ဟု ခန႔္မွန္းထားပါတယ္”ဟု ေျဖၾကားသည္။

ရန္ကုန္ ၿမိဳ႕ပတ္ႏွင့္ ဆင္ေျခဖုံးတြင္ ေျပးဆြဲေနသည့္ မီးရထားစက္ေခါင္းႏွင့္လူစီးတြဲမ်ား သက္တမ္းေက်ာ္ကာ ခ်ိဳ႕ယြင္း ျခင္း၊ အခ်က္ျပစနစ္ႏွင့္ လမ္းပိုင္းအခ်က္ျပ ကိရိယာမ်ား ျပဳျပင္ေနရျခင္း၊ ၿမိဳ႕ပတ္ရထားမ်ား အခ်ိန္မွန္ကန္မႈ မရွိျခင္း တို႔ေၾကာင့္ အဆင့္ျမႇင့္တင္ရန္အတြက္ ဂ်ပန္အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရးေအဂ်င္စီ (JICA) အကူ အညီ ျဖင့္ ျဖစ္နိုင္ေျခ ေလ့လာဆန္းစစ္မႈကို ၂၀၁၄ ခုႏွစ္တြင္ စတင္ခဲ့သည္ဟု ဆိုသည္။

ထို႔ေနာက္ အစိုးရခ်င္း ညႇိႏႈိင္းကာ ဖြံ႕ၿဖိဳးေရးေခ်းေငြ ဂ်ပန္ယန္း ၂၄ ဒသမ ၈၆၆ ဘီလီယံ (အေမရိကန္ ေဒၚလာ ၂၀၇ ဒသမ ၈၀ သန္း) ကို အတိုးႏႈန္း ၀ ဒသမ ၀၁ ရာခိုင္ႏႈန္းျဖင့္ ၂၀၁၅ ခုႏွစ္က ရယူခဲ့ျခင္း ျဖစ္သည္ဟု ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရး ဝန္ႀကီးဌာနမွ သိရသည္။
ယင္းေခ်းေငြျဖင့္ အခ်က္ျပႏွင့္ ဆက္သြယ္ေရးဆိုင္ရာ လုပ္ငန္းမ်ား အဆင္ျမႇင့္တင္ျခင္းႏွင့္ ဒီဇယ္လွ်ပ္စစ္ (DEMU) တြဲဆိုင္းအသစ္ ၁၁ ဆိုင္း (၆၆ တြဲ ) ဝယ္ယူမည္ျဖစ္ကာ ရထားလမ္း၊ ဘူတာ၊ တံတား၊ ကားလမ္းႏွင့္ လူကူး ခုံးေက်ာ္ တံတားစသည့္ တည္ေဆာက္ျခင္းလုပ္ငန္းမ်ားကို ႏိုင္ငံေတာ္ဘတ္ဂ်က္ျဖင့္ ေဆာင္႐ြက္မည္ဟု ဆိုသည္။

အာရွဖြံ႕ၿဖိဳးေရး ဘဏ္ (ADB) ၏ ၂၀၁၆ ခုႏွစ္ အစီရင္ခံစာတခုတြင္ ရန္ကုန္ၿမိဳ႕ေန လူထုမွာ သြားလာေရး လုပ္ငန္းမ်ား အတြက္ စက္ဘီး အသုံးျပဳမႈ ၂၂ ဒသမ ၅ ရာခိုင္ႏႈန္း၊ ဆိုင္ကယ္ ၇ ဒသမ ၂ ရာခိုင္ႏႈန္း၊ ဘတ္စ္ကား ၄၉ ဒသမ ၄ ရာခိုင္ ႏႈန္းႏွင့္ ၿမိဳ႕ပတ္ရထား အသုံးျပဳမႈမွာ ၁ ဒသမ ၁ ရာခိုင္ႏႈန္းသာ ရွိသည္ဟု သိရသည္။

ျပည္သူ႕လႊတ္ေတာ္ (အင္းစိန္) ကိုယ္စားလွယ္ ဦးေမာင္ေမာင္ဦးက“ဒီအခ်က္ကို ၾကည့္မယ္ဆိုရင္ ခရီးသည္ ၁၀၀ မွာ ၁ ေယာက္သာ ၿမိဳ႕ပတ္ရထားကို အသုံးျပဳေနတာျဖစ္ၿပီး အက်ိဳးဆက္အေနနဲ႕ ရန္ကုန္ၿမိဳ႕ေတာ္ႀကီးမွာ ကားလမ္းေတြ ပိတ္ေနတာ၊ လိုရာခရီးကို ေရာက္ဖို႔ နာရီေပါင္းမ်ားစြာ လမ္းေပၚမွာ အခ်ိန္ကုန္ေနရတာ၊ အခ်ိန္မီေရာက္ဖို႔ ၃ နာရီ ေလာက္ အိမ္က ေစာထြက္ရတာ၊ အိမ္ျပန္ေနာက္က်တာ ျပည္သူလူထုအေနနဲ႕ ေန႕စဥ္ ခါးစည္းခံေနရတာ ေတြ႕ရပါ တယ္”ဟု ၎၏ ေမးျမန္းမႈတြင္ ထည့္သြင္း ေျပာဆိုထားသည္။

ဦးေမာင္ေမာင္ဦးက ဆက္လက္ၿပီး“ရန္ကုန္ရဲ႕ လတ္တေလာ ရင္ဆိုင္ေနရတဲ့ ကားလမ္းပိတ္မႈျပႆနာ၊ ကားၾကပ္မႈ ျပႆနာ၊ ညေန ေအာက္ဆိုဒ္ကား ျပႆနာ၊ တကၠစီစီးသူေတြ မလုံၿခဳံတဲ့ ျပႆနာေတြကို ေက်ာ္လႊားနိင္ဖို႔ အဓိက ထြက္ေပါက္က ရန္ကုန္ၿမိဳ႕ပတ္ရထား ပို႔ေဆာင္ေရးစနစ္ကို မျဖစ္မေန အဆင့္ျမႇင့္တင္ ေျဖရွင္းေရးဆိုတာ အလြန္ ထင္ရွားေနပါတယ္”ဟုလည္း ေျပာဆိုသည္။

ဒုဝန္ႀကီး ဦးေက်ာ္မ်ိဳးက အဆင့္ျမႇင့္တင္မႈမ်ား ၿပီးစီးပါက ၁ နာရီလွ်င္ ပ်မ္းမွ် ၃၄ မိုင္ျဖင့္ ၿမိဳ႕တပတ္လွ်င္ ရထားေျပးဆြဲ ခ်ိန္ ၁ နာရီ ၄၅ မိနစ္သာ ၾကာျမင့္မည္ျဖစ္ကာ တရက္လွ်င္ ခရီးသည္ဦးေရ ၈၅,၀၀၀ အထိ ဝန္ေဆာင္မႈ ေပးနိုင္မည္ ဟု ဆိုသည္။

ယခင္က ၿမိဳ႕ပတ္ရထားမ်ားမွာ ၁ နာရီလွ်င္ ပ်မ္းမွ် မိုင္ ၂၀ ႏႈန္းျဖင့္ ေျပးဆြဲကာ ၿမိဳ႕တပတ္ ေျပးဆြဲခ်ိန္ ၂ နာရီ ၅၀ မိနစ္ ခန႔္ ၾကာျမင့္ကာ လက္ရွိတြင္ ရန္ကုန္ဘူတာႀကီးအား အေျချပဳ၍ ေျပးဆြဲေနသည့္ ၿမိဳ႕ပတ္ရထားလမ္းမွာ ခရီးမိုင္ ၃၀ ခန႔္ ရွိကာ ဘူတာေပါင္း ၃၈ ခု ရွိသည္။

ရန္ကုန္ၿမိဳ႕ပတ္ရထားလမ္း လက္မွတ္ခကို ၁၅ မိုင္အတြင္း ၂၀၀ က်ပ္ႏွင့္ ယင္းထက္ေက်ာ္ပါက ၂၀၀ က်ပ္သာ ထပ္မံ ေပး ေဆာင္ရသည္ဟု ျမန္မာ့မီးရထားထံမွ သိရသည္။

ရန္ကုန္ၿမိဳ႕ပတ္ရထားစီးနင္းေလ့ရွိသူ ေမာင္ညီညီက“ရထားေရာ ကားေရာ စီးျဖစ္ပါတယ္။ ရထားလည္း အဆင္ေျပပါ တယ္။ ႐ုံးတက္ ႐ုံးဆင္းခ်ိန္က်ရင္ေတာ့ လူၾကပ္တယ္။ တခါတေလက်ရင္ေတာ့ အခ်ိန္မမွန္ဘဲနဲ႕ ေနာက္က်သြားတာ ေတြ ရွိတယ္။ ၇ နာရီခြဲေရာက္ရမယ့္ဟာက ၈နာရီခြဲ ျဖစ္သြားတာရွိတယ္။ အဲဒီလိုက် ကားေျပာင္းစီး ရတာေပါ့”ဟု ေျပာ သည္။

ၿမိဳ႕ပတ္ရထားေပၚတြင္ စည္းကမ္းမလိုက္နာေသာ စီးနင္းသူမ်ား ရွိသည့္အျပင္ ေဈးသည္မ်ားေၾကာင့္လည္း အေႏွာင့္ အယွက္ ျဖစ္ရသည့္အတြက္ ျပဳျပင္ေပးရန္ လိုအပ္သည္ဟု ေထာက္ျပေျပာဆိုမႈမ်ားလည္း ရွိသည္။

ရန္ကုန္ၿမိဳ႕ခံ တဦးျဖစ္သူ မေဝေဝမိုးက“ခရီးသည္တခ်ိဳ႕က ၅ ေယာက္ခုံကို သုံး၊ ေလးေယာက္နဲ႔ ျပည့္ေအာင္ စီးၾက တာေတြ ရွိတယ္။ တခ်ိဳ႕လူေတြက အရမ္းဆူညံတယ္၊ စကားေတြ အက်ယ္ႀကီး ေျပာၾကတယ္။ သီခ်င္းေတြ စပီကာနဲ႔ ဖြင့္ၾကတယ္။ လိုက္ေအာ္ဆိုတယ္။ ရထားေပၚ ေဈးသည္ေတြလည္း မ်ားတယ္။ အဲဒါေတြကိုလည္း ျပင္ေပးႏိုင္ရင္ ပို အဆင္ေျပမယ္”ဟု ေျပာသည္။
ၿမိဳ႕ပတ္ရထား ေျပးဆြဲမႈကို ရထားႀကီး ၁၅ ဆိုင္း၊ RBE ၁၀ ဆိုင္းျဖင့္ နံနက္ ၅ နာရီမွ ည ၁၁ နာရီအထိ တေန႔လွ်င္ ၂၂၁ ႀကိမ္ ေျပးဆြဲလ်က္ရွိကာ တရက္လွ်င္ ပ်မ္းမွ် ခရီးသည္ ၇၃,၀၀ ခန႔္ စီးနင္းလ်က္ရွိသည္ဟု ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရး ဝန္ႀကီးဌာန ဒုဝန္ႀကီးက လႊတ္ေတာ္တြင္ ေျဖဆိုထားသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: Irrawaddy

#Unicode Version#

ဂျပန်အစိုးရ ဖွံ့ဖြိုးရေးချေးငွေ (ODA) ဖြင့် လုပ်ဆောင်နေသည့် ရန်ကုန်မြို့ပတ် ရထားလမ်း အဆင့်မြှင့်တင်ခြင်း စီမံ ကိန်းကို ၂၀၂၃ ခုနှစ်တွင် အလုံးစုံပြီးစီးမည်ဟု ခန့်မှန်းထားကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်မျိုးက ပြောသည်။

ပြည်သူ့လွှတ်တော် (အင်းစိန်) ကိုယ်စားလှယ် ဦးမောင်မောင်ဦးက ရန်ကုန်မြို့ပတ် ရထားလမ်းပြေးဆွဲမှုနှင့် ပတ်သက် ကာ ပြီးစီးမည့် ကာလကို သိလိုကြောင်း နိုဝင်ဘာ ၂၀ ရက်နေ့ ပြုလုပ်သည့် လွှတ်တော် အစည်းအဝေးတွင် မေးမြန်း ထား မှုနှင့် ပတ်သက်၍ ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။

ဒုဝန်ကြီး ဦးကျော်မျိုးက“တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၁၇ ခုနှစ်တွင် စတင်ဆောင်ရွက်ရန် လျာထားခဲ့သော် လည်း တင်ဒါဈေးနှုန်း ညှိနှိုင်းမှုများ ဆောင်ရွက်ရခြင်းကြောင့် ၂၀၁၈ ခုနှစ်မှသာ စတင်နိုင်ခဲ့ပြီး လုပ်ငန်းတခုလုံး ၂၀၂၃ ခုနှစ်တွင်သာ ပြီးစီးနိုင်မည်ဟု ခန့်မှန်းထားပါတယ်”ဟု ဖြေကြားသည်။

ရန်ကုန် မြို့ပတ်နှင့် ဆင်ခြေဖုံးတွင် ပြေးဆွဲနေသည့် မီးရထားစက်ခေါင်းနှင့်လူစီးတွဲများ သက်တမ်းကျော်ကာ ချို့ယွင်း ခြင်း၊ အချက်ပြစနစ်နှင့် လမ်းပိုင်းအချက်ပြ ကိရိယာများ ပြုပြင်နေရခြင်း၊ မြို့ပတ်ရထားများ အချိန်မှန်ကန်မှု မရှိခြင်း တို့ကြောင့် အဆင့်မြှင့်တင်ရန်အတွက် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) အကူ အညီ ဖြင့် ဖြစ်နိုင်ခြေ လေ့လာဆန်းစစ်မှုကို ၂၀၁၄ ခုနှစ်တွင် စတင်ခဲ့သည်ဟု ဆိုသည်။

ထို့နောက် အစိုးရချင်း ညှိနှိုင်းကာ ဖွံ့ဖြိုးရေးချေးငွေ ဂျပန်ယန်း ၂၄ ဒသမ ၈၆၆ ဘီလီယံ (အမေရိကန် ဒေါ်လာ ၂၀၇ ဒသမ ၈၀ သန်း) ကို အတိုးနှုန်း ၀ ဒသမ ၀၁ ရာခိုင်နှုန်းဖြင့် ၂၀၁၅ ခုနှစ်က ရယူခဲ့ခြင်း ဖြစ်သည်ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
ယင်းချေးငွေဖြင့် အချက်ပြနှင့် ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းများ အဆင်မြှင့်တင်ခြင်းနှင့် ဒီဇယ်လျှပ်စစ် (DEMU) တွဲဆိုင်းအသစ် ၁၁ ဆိုင်း (၆၆ တွဲ ) ဝယ်ယူမည်ဖြစ်ကာ ရထားလမ်း၊ ဘူတာ၊ တံတား၊ ကားလမ်းနှင့် လူကူး ခုံးကျော် တံတားစသည့် တည်ဆောက်ခြင်းလုပ်ငန်းများကို နိုင်ငံတော်ဘတ်ဂျက်ဖြင့် ဆောင်ရွက်မည်ဟု ဆိုသည်။

အာရှဖွံ့ဖြိုးရေး ဘဏ် (ADB) ၏ ၂၀၁၆ ခုနှစ် အစီရင်ခံစာတခုတွင် ရန်ကုန်မြို့နေ လူထုမှာ သွားလာရေး လုပ်ငန်းများ အတွက် စက်ဘီး အသုံးပြုမှု ၂၂ ဒသမ ၅ ရာခိုင်နှုန်း၊ ဆိုင်ကယ် ၇ ဒသမ ၂ ရာခိုင်နှုန်း၊ ဘတ်စ်ကား ၄၉ ဒသမ ၄ ရာခိုင် နှုန်းနှင့် မြို့ပတ်ရထား အသုံးပြုမှုမှာ ၁ ဒသမ ၁ ရာခိုင်နှုန်းသာ ရှိသည်ဟု သိရသည်။

ပြည်သူ့လွှတ်တော် (အင်းစိန်) ကိုယ်စားလှယ် ဦးမောင်မောင်ဦးက“ဒီအချက်ကို ကြည့်မယ်ဆိုရင် ခရီးသည် ၁၀၀ မှာ ၁ ယောက်သာ မြို့ပတ်ရထားကို အသုံးပြုနေတာဖြစ်ပြီး အကျိုးဆက်အနေနဲ့ ရန်ကုန်မြို့တော်ကြီးမှာ ကားလမ်းတွေ ပိတ်နေတာ၊ လိုရာခရီးကို ရောက်ဖို့ နာရီပေါင်းများစွာ လမ်းပေါ်မှာ အချိန်ကုန်နေရတာ၊ အချိန်မီရောက်ဖို့ ၃ နာရီ လောက် အိမ်က စောထွက်ရတာ၊ အိမ်ပြန်နောက်ကျတာ ပြည်သူလူထုအနေနဲ့ နေ့စဉ် ခါးစည်းခံနေရတာ တွေ့ရပါ တယ်”ဟု ၎င်း၏ မေးမြန်းမှုတွင် ထည့်သွင်း ပြောဆိုထားသည်။

ဦးမောင်မောင်ဦးက ဆက်လက်ပြီး“ရန်ကုန်ရဲ့ လတ်တလော ရင်ဆိုင်နေရတဲ့ ကားလမ်းပိတ်မှုပြဿနာ၊ ကားကြပ်မှု ပြဿနာ၊ ညနေ အောက်ဆိုဒ်ကား ပြဿနာ၊ တက္ကစီစီးသူတွေ မလုံခြုံတဲ့ ပြဿနာတွေကို ကျော်လွှားနိင်ဖို့ အဓိက ထွက်ပေါက်က ရန်ကုန်မြို့ပတ်ရထား ပို့ဆောင်ရေးစနစ်ကို မဖြစ်မနေ အဆင့်မြှင့်တင် ဖြေရှင်းရေးဆိုတာ အလွန် ထင်ရှားနေပါတယ်”ဟုလည်း ပြောဆိုသည်။

ဒုဝန်ကြီး ဦးကျော်မျိုးက အဆင့်မြှင့်တင်မှုများ ပြီးစီးပါက ၁ နာရီလျှင် ပျမ်းမျှ ၃၄ မိုင်ဖြင့် မြို့တပတ်လျှင် ရထားပြေးဆွဲ ချိန် ၁ နာရီ ၄၅ မိနစ်သာ ကြာမြင့်မည်ဖြစ်ကာ တရက်လျှင် ခရီးသည်ဦးရေ ၈၅,၀၀၀ အထိ ဝန်ဆောင်မှု ပေးနိုင်မည် ဟု ဆိုသည်။

ယခင်က မြို့ပတ်ရထားများမှာ ၁ နာရီလျှင် ပျမ်းမျှ မိုင် ၂၀ နှုန်းဖြင့် ပြေးဆွဲကာ မြို့တပတ် ပြေးဆွဲချိန် ၂ နာရီ ၅၀ မိနစ် ခန့် ကြာမြင့်ကာ လက်ရှိတွင် ရန်ကုန်ဘူတာကြီးအား အခြေပြု၍ ပြေးဆွဲနေသည့် မြို့ပတ်ရထားလမ်းမှာ ခရီးမိုင် ၃၀ ခန့် ရှိကာ ဘူတာပေါင်း ၃၈ ခု ရှိသည်။

ရန်ကုန်မြို့ပတ်ရထားလမ်း လက်မှတ်ခကို ၁၅ မိုင်အတွင်း ၂၀၀ ကျပ်နှင့် ယင်းထက်ကျော်ပါက ၂၀၀ ကျပ်သာ ထပ်မံ ပေး ဆောင်ရသည်ဟု မြန်မာ့မီးရထားထံမှ သိရသည်။

ရန်ကုန်မြို့ပတ်ရထားစီးနင်းလေ့ရှိသူ မောင်ညီညီက“ရထားရော ကားရော စီးဖြစ်ပါတယ်။ ရထားလည်း အဆင်ပြေပါ တယ်။ ရုံးတက် ရုံးဆင်းချိန်ကျရင်တော့ လူကြပ်တယ်။ တခါတလေကျရင်တော့ အချိန်မမှန်ဘဲနဲ့ နောက်ကျသွားတာ တွေ ရှိတယ်။ ၇ နာရီခွဲရောက်ရမယ့်ဟာက ၈နာရီခွဲ ဖြစ်သွားတာရှိတယ်။ အဲဒီလိုကျ ကားပြောင်းစီး ရတာပေါ့”ဟု ပြော သည်။

မြို့ပတ်ရထားပေါ်တွင် စည်းကမ်းမလိုက်နာသော စီးနင်းသူများ ရှိသည့်အပြင် ဈေးသည်များကြောင့်လည်း အနှောင့် အယှက် ဖြစ်ရသည့်အတွက် ပြုပြင်ပေးရန် လိုအပ်သည်ဟု ထောက်ပြပြောဆိုမှုများလည်း ရှိသည်။

ရန်ကုန်မြို့ခံ တဦးဖြစ်သူ မဝေဝေမိုးက“ခရီးသည်တချို့က ၅ ယောက်ခုံကို သုံး၊ လေးယောက်နဲ့ ပြည့်အောင် စီးကြ တာတွေ ရှိတယ်။ တချို့လူတွေက အရမ်းဆူညံတယ်၊ စကားတွေ အကျယ်ကြီး ပြောကြတယ်။ သီချင်းတွေ စပီကာနဲ့ ဖွင့်ကြတယ်။ လိုက်အော်ဆိုတယ်။ ရထားပေါ် ဈေးသည်တွေလည်း များတယ်။ အဲဒါတွေကိုလည်း ပြင်ပေးနိုင်ရင် ပို အဆင်ပြေမယ်”ဟု ပြောသည်။
မြို့ပတ်ရထား ပြေးဆွဲမှုကို ရထားကြီး ၁၅ ဆိုင်း၊ RBE ၁၀ ဆိုင်းဖြင့် နံနက် ၅ နာရီမှ ည ၁၁ နာရီအထိ တနေ့လျှင် ၂၂၁ ကြိမ် ပြေးဆွဲလျက်ရှိကာ တရက်လျှင် ပျမ်းမျှ ခရီးသည် ၇၃,၀၀ ခန့် စီးနင်းလျက်ရှိသည်ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုဝန်ကြီးက လွှတ်တော်တွင် ဖြေဆိုထားသည်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top