(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

အရမ္းေကာင္းတဲ့စာေလးမို႔ သင္ဖတ္ျပီးရင္ သင့္မိတ္ေဆြေတြဖတ္ဖို႔ Share ေပးပါ

ဟိုး တစ္ခ်ိန္က အရမ္းကို ဆင္းရဲတဲ့လူတစ္ေယာက္ရွိတယ္…

သူ႔ကို အရမ္းခ်မ္းသာတဲ့လူတစ္ေယာက္ကေတြ႕ေတာ့ သနားၿပီး သူ႔ကိုို ႀကီးပြားလာေအာင္ ကူညီခ်င္စိတ္ေတြေပၚလာတယ္…

သူေဌးက သူ႔ကို ႏြားတစ္ေကာင္လက္ေဆာင္ေပးခဲ့တယ္… သူ႔ကို လယ္ယာထြန္ယက္ဖို႔ ေသခ်ာမွာခဲ့တယ္…

အခုခ်ိန္မ်ိဳးေစ့ ႀကဲထားၿပီး ေကာင္းေကာင္းထြန္ယက္ရင္ ဒီႏွစ္ကုန္ရင္ ဆင္းရဲတယ္ ဆိုတဲ့စကားလံုးနဲ႔ ေ၀းေ၀းခြာႏိုင္ေတာ့မွာပါလို႔ ေျပာခဲ့တယ္…

ဒီသူဆင္းရဲေလးကေတာ့ အစပိုင္းမွာ ေမွ်ာ္လင့္ခ်က္အျပည့္နဲ႔ တက္တက္ၾကြၾကြလုပ္ရွာတယ္…

ဒါေပမဲ့ ဘယ္ေလာက္မွ မၾကာလိုက္ဘူး… ႏြားက ျမက္စားတယ္… လူက ထမင္းစားတယ္…

ျဖတ္သန္းရတဲ့ဘ၀က အရင္ကထက္ေတာင္ခက္ခဲေနေသးတယ္…

သူဆင္းရဲေလးက ျပန္စဥ္းစားတယ္…ႏြားကို ေရာင္းလိုက္ၿပီး ဆိတ္တခ်ိဳ႕၀ယ္လိုက္ရင္ေကာင္းမယ္…

တစ္ေကာင္ကို အရင္သတ္စားလိုက္ၿပီး က်န္တာေတြကို ဆက္ေမြးထားလိုက္မယ္…

ဆိတ္ကေလးေတြေမြးလာလို႔ ႀကီးလာရင္ ျပန္ေရာင္းစားလုိ႔ရတယ္… ဒါလဲ ေတာ္ေတာ္ေလး အျမတ္ရႏိုင္တယ္…

သူဆင္းရဲေလးရဲ႕ အစီအစဥ္ကလဲ အထေျမာက္လိုက္ပါတယ္… ဆိတ္တစ္ေကာင္ဘဲ သတ္စားလိုက္တယ္…

ေနာက္ပိုင္းမွာ ဆိတ္ကလဲ ေတာ္ေတာ္နဲ႔ ကေလးမေမြးႏိုင္တာနဲ႔ မေအာင့္ႏိုင္ဘဲ ဆိတ္ေနာက္တစ္ေကာင္သတ္စားလိုက္တယ္…

သူျပန္စဥ္းစားတယ္… ဒီတိုင္းဆို မျဖစ္ေတာ့ဘူး… ဆိတ္ကိုလဲ ေရာင္းပစ္လိုက္ၿပီး ၾကက္၀ယ္လိုက္ရင္ေကာင္းမယ္…

ၾကက္ က ဥဥတာပိုျမန္တယ္… ၾကက္ဥကေန ၀င္ေငြ ခ်က္ခ်င္းရႏိုင္တယ္… ဒါဆိုရင္ ငါလဲ နည္းနည္းေခ်ာင္သြားလိမ့္မယ္…

သူစီစဥ္းထားတဲ့ အတိုင္း အထေျမာက္သြားျပန္တယ္… ဒါေပမဲ့ သူ႔ရဲ႕ ဘ၀ကေျပာင္းလဲမႈမရွိဘူး…

ခက္ခဲလာျပန္ၿပီ… ေနာက္ဆံုးေတာ့လဲ မေနႏိုင္ဘဲ တစ္ေကာင္ သတ္မိျပန္တယ္…

ဒီလိုနဲ႔ေနာက္ဆံုး ၾကက္တစ္ေကာင္ဘဲ က်န္တဲ့အခ်ိန္မွာ သူေတာ္ေတာ္ေလး စိတ္ဓာတ္က်သြားတယ္…

သူ ျပန္စဥ္းစားတယ္… ႀကီးပြားဖို႔ဆိုတာ မျဖစ္ႏိုင္ေတာ့ပါဘူး… ၾကက္ကို ေရာင္းၿပီး အရက္၀ယ္ေသာက္တာဘဲ ေကာင္းပါတယ္…

ဗိုက္ထဲ အရက္၀င္သြားရင္… အေတြးထဲကို အေနာက္အယွက္ မ၀င္ေတာ့ပါဘူးေလ…

ႏွစ္ကုန္လို႔ သူ႔ကိုကူညီခဲ့တဲ့ သူေဌး သူ႔ဆီကို ျပန္ေရာက္လာတယ္…

ျပန္ေတြ႕လိုက္တာကေတာ့ အရက္ေလးတျမည္းျမည္းနဲ႔ မူးေနတဲ့ သူကိုေတြ႕လိုက္တယ္…

ႏြားကလဲ မရွိတာၾကာေရာ္ေပါ့… အိမ္ကလဲ စုတ္ျပတ္ၿမဲ စုတ္ျပတ္ေနတယ္…

သူေဌးက သူ႔ေရွ႕မွာ ရွိတဲ့ ျမင္ကြင္းကိုေတြ႕ေတာ့ သက္ျပင္းခ်လိုက္ၿပီး ဘာမွျပန္မေျပာဘဲ လွည့္ထြက္သြားလိုက္တယ္…

သူဆင္းရဲေလးကေတာ့ ဆင္းရဲၿမဲ ဆင္းရဲေနတယ္…

ဆင္းရဲတဲ့လူ အမ်ားစုမွာလဲ အိပ္မက္ဆိုတာ ရွိခဲ့တယ္… အခြင့္အေရးဆိုတာလဲ ႀကံဳခဲ့တယ္…

ႀကိဳးလဲ ႀကိဳးစားခဲ့တယ္… ဒါေပမဲ့ တစိုက္မက္မက္လုပ္ဖို႔ဆိုတာ ခက္ခဲလာတယ္…

စီးပြားေရးလုပ္ငန္းရွင္ႀကီးတစ္ေယာက္သူေအာင္ျမင္တဲ့လွ်ိဳ႕၀ွက္ခ်က္ကို ေျပာခဲ့ဖူးတယ္…

“ပိုက္ဆံ မရွိတဲ့အခ်ိန္ ဘယ္ေလာက္ထိဘဲ ခက္ခဲေနပါေစ ရင္းႏွီးထားတဲ့ေငြနဲ႔ စုထားတဲ့ေငြကို မထိမိပါေစနဲ႔…

ဖိအားက မင္းကို ေငြရွာဖို႔ နည္းလမ္းသစ္ေတြေပးႏိုင္တယ္… အေၾကြးရွင္းဖို႔ တြန္းအားေပးႏိုင္တယ္…

ဒါဟာ ေကာင္းတဲ့ အက်င့္ေလးတစ္ခုပါတဲ့…”

စရိုက္က အက်င့္တစ္ခုျဖစ္ေစတယ္…

အဲဒီအက်င့္က ေအာင္ျမင္မႈကို ဆံုးျဖတ္ေပးတယ္…

ေအာင္ျမင္တဲ့သူနဲ႔ က်ရႈံးတဲ့သူရဲ႕ အဓိက ကြားျခားတဲ့ေနရာကေတာ့…

ေအာင္ျမင္တဲ့သူမွာ ပန္းတိုင္ကို သတ္မွတ္ထားၿပီးရင္ ရဲရဲခ်ီတက္တယ္…

အခက္အခဲေတြ႕ရင္ နည္းလမ္းကို ေျပာင္းၿပီး ထပ္ႀကိဳးစားတယ္…

ရႈံးနိမ့္တဲ့သူကေတာ့ ပန္းတိုင္ကို သတ္မွတ္ၿပီးရင္ အခက္အခဲေတြ႕တာနဲ႔ ပန္းတိုင္ကို ေျပာင္းပစ္တယ္…

လမ္းေၾကာင္းကိုေျပာင္းပစ္တယ္… အစီအစဥ္က ေျပာင္းလဲမႈေတြကို ဘယ္လိုမွ လိုက္မမွီွဘူး…


ဖိုးသူေတာ္ (www.phothutaw.com)
Credit: Zane(K.K(ကေနာင္))


#Unicode Version#

အရမ်းကောင်းတဲ့စာလေးမို့ သင်ဖတ်ပြီးရင် သင့်မိတ်ဆွေတွေဖတ်ဖို့ Share ပေးပါ

ဟိုး တစ်ချိန်က အရမ်းကို ဆင်းရဲတဲ့လူတစ်ယောက်ရှိတယ်…

သူ့ကို အရမ်းချမ်းသာတဲ့လူတစ်ယောက်ကတွေ့တော့ သနားပြီး သူ့ကို ကြီးပွားလာအောင် ကူညီချင်စိတ်တွေပေါ်လာတယ်…

သူဌေးက သူ့ကို နွားတစ်ကောင်လက်ဆောင်ပေးခဲ့တယ်… သူ့ကို လယ်ယာထွန်ယက်ဖို့ သေချာမှာခဲ့တယ်…

အခုချိန်မျိုးစေ့ ကြဲထားပြီး ကောင်းကောင်းထွန်ယက်ရင် ဒီနှစ်ကုန်ရင် ဆင်းရဲတယ် ဆိုတဲ့စကားလုံးနဲ့ ဝေးဝေးခွာနိုင်တော့မှာပါလို့ ပြောခဲ့တယ်…

ဒီသူဆင်းရဲလေးကတော့ အစပိုင်းမှာ မျှော်လင့်ချက်အပြည့်နဲ့ တက်တက်ကြွကြွလုပ်ရှာတယ်…

ဒါပေမဲ့ ဘယ်လောက်မှ မကြာလိုက်ဘူး… နွားက မြက်စားတယ်… လူက ထမင်းစားတယ်…

ဖြတ်သန်းရတဲ့ဘဝက အရင်ကထက်တောင်ခက်ခဲနေသေးတယ်…

သူဆင်းရဲလေးက ပြန်စဉ်းစားတယ်…နွားကို ရောင်းလိုက်ပြီး ဆိတ်တချို့ဝယ်လိုက်ရင်ကောင်းမယ်…

တစ်ကောင်ကို အရင်သတ်စားလိုက်ပြီး ကျန်တာတွေကို ဆက်မွေးထားလိုက်မယ်…

ဆိတ်ကလေးတွေမွေးလာလို့ ကြီးလာရင် ပြန်ရောင်းစားလို့ရတယ်… ဒါလဲ တော်တော်လေး အမြတ်ရနိုင်တယ်…

သူဆင်းရဲလေးရဲ့ အစီအစဉ်ကလဲ အထမြောက်လိုက်ပါတယ်… ဆိတ်တစ်ကောင်ဘဲ သတ်စားလိုက်တယ်…

နောက်ပိုင်းမှာ ဆိတ်ကလဲ တော်တော်နဲ့ ကလေးမမွေးနိုင်တာနဲ့ မအောင့်နိုင်ဘဲ ဆိတ်နောက်တစ်ကောင်သတ်စားလိုက်တယ်…

သူပြန်စဉ်းစားတယ်… ဒီတိုင်းဆို မဖြစ်တော့ဘူး… ဆိတ်ကိုလဲ ရောင်းပစ်လိုက်ပြီး ကြက်ဝယ်လိုက်ရင်ကောင်းမယ်…

ကြက် က ဥဥတာပိုမြန်တယ်… ကြက်ဥကနေ ဝင်ငွေ ချက်ချင်းရနိုင်တယ်… ဒါဆိုရင် ငါလဲ နည်းနည်းချောင်သွားလိမ့်မယ်…

သူစီစဉ်းထားတဲ့ အတိုင်း အထမြောက်သွားပြန်တယ်… ဒါပေမဲ့ သူ့ရဲ့ ဘဝကပြောင်းလဲမှုမရှိဘူး…

ခက်ခဲလာပြန်ပြီ… နောက်ဆုံးတော့လဲ မနေနိုင်ဘဲ တစ်ကောင် သတ်မိပြန်တယ်…

ဒီလိုနဲ့နောက်ဆုံး ကြက်တစ်ကောင်ဘဲ ကျန်တဲ့အချိန်မှာ သူတော်တော်လေး စိတ်ဓာတ်ကျသွားတယ်…

သူ ပြန်စဉ်းစားတယ်… ကြီးပွားဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး… ကြက်ကို ရောင်းပြီး အရက်ဝယ်သောက်တာဘဲ ကောင်းပါတယ်…

ဗိုက်ထဲ အရက်ဝင်သွားရင်… အတွေးထဲကို အနောက်အယှက် မဝင်တော့ပါဘူးလေ…

နှစ်ကုန်လို့ သူ့ကိုကူညီခဲ့တဲ့ သူဌေး သူ့ဆီကို ပြန်ရောက်လာတယ်…

ပြန်တွေ့လိုက်တာကတော့ အရက်လေးတမြည်းမြည်းနဲ့ မူးနေတဲ့ သူကိုတွေ့လိုက်တယ်…

နွားကလဲ မရှိတာကြာရော်ပေါ့… အိမ်ကလဲ စုတ်ပြတ်မြဲ စုတ်ပြတ်နေတယ်…

သူဌေးက သူ့ရှေ့မှာ ရှိတဲ့ မြင်ကွင်းကိုတွေ့တော့ သက်ပြင်းချလိုက်ပြီး ဘာမှပြန်မပြောဘဲ လှည့်ထွက်သွားလိုက်တယ်…

သူဆင်းရဲလေးကတော့ ဆင်းရဲမြဲ ဆင်းရဲနေတယ်…

ဆင်းရဲတဲ့လူ အများစုမှာလဲ အိပ်မက်ဆိုတာ ရှိခဲ့တယ်… အခွင့်အရေးဆိုတာလဲ ကြုံခဲ့တယ်…

ကြိုးလဲ ကြိုးစားခဲ့တယ်… ဒါပေမဲ့ တစိုက်မက်မက်လုပ်ဖို့ဆိုတာ ခက်ခဲလာတယ်…

စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ယောက်သူအောင်မြင်တဲ့လျှို့ဝှက်ချက်ကို ပြောခဲ့ဖူးတယ်…

“ပိုက်ဆံ မရှိတဲ့အချိန် ဘယ်လောက်ထိဘဲ ခက်ခဲနေပါစေ ရင်းနှီးထားတဲ့ငွေနဲ့ စုထားတဲ့ငွေကို မထိမိပါစေနဲ့…

ဖိအားက မင်းကို ငွေရှာဖို့ နည်းလမ်းသစ်တွေပေးနိုင်တယ်… အကြွေးရှင်းဖို့ တွန်းအားပေးနိုင်တယ်…

ဒါဟာ ကောင်းတဲ့ အကျင့်လေးတစ်ခုပါတဲ့…”

စရိုက်က အကျင့်တစ်ခုဖြစ်စေတယ်…

အဲဒီအကျင့်က အောင်မြင်မှုကို ဆုံးဖြတ်ပေးတယ်…

အောင်မြင်တဲ့သူနဲ့ ကျရှုံးတဲ့သူရဲ့ အဓိက ကွားခြားတဲ့နေရာကတော့…

အောင်မြင်တဲ့သူမှာ ပန်းတိုင်ကို သတ်မှတ်ထားပြီးရင် ရဲရဲချီတက်တယ်…

အခက်အခဲတွေ့ရင် နည်းလမ်းကို ပြောင်းပြီး ထပ်ကြိုးစားတယ်…

ရှုံးနိမ့်တဲ့သူကတော့ ပန်းတိုင်ကို သတ်မှတ်ပြီးရင် အခက်အခဲတွေ့တာနဲ့ ပန်းတိုင်ကို ပြောင်းပစ်တယ်…

လမ်းကြောင်းကိုပြောင်းပစ်တယ်… အစီအစဉ်က ပြောင်းလဲမှုတွေကို ဘယ်လိုမှ လိုက်မမှှီဘူး…
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top