ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×
ဖိုးသူတော် (www.phothutaw.com)
Credit: 7Day
#Unicode Version#
ဂျာမနီလူငယ်တင်းနစ် ကစားသမားအလက်ဇန်းဒါးဇက် ဗီရက်ဗ်သည် ATP Finals ပြိုင်ပွဲ ဗိုလ်လုပွဲတွင် ကမ္ဘာ့အဆင့်(၁)ဂျို ကိုဗစ်ကို အံ့အားသင့်ဖွယ်အနိုင်ရ ရှိပြီးဆုကြေးပေါင်နှစ်သန်းခန့်ရရှိ ခဲ့သည်။
ATP Finals ဆုဖလားကို ခြောက်ကြိမ်မြောက်ဗိုလ်စွဲရန် ရေ ပန်းစားခဲ့သော်လည်း ဆားဘီး ယားနိုင်ငံသားဂျိုကိုဗစ်(၃၁)နှစ် သည် ဇက်ဗီရက်ဗ်(၂၁)နှစ်ကို ၆-၄၊ ၆-၃ ဖြင့်ပွဲကြီးနှစ်ပွဲဆက် ရှုံးနိမ့်ခဲ့သည်။
ဇက်ဗီရက်ဗ်သည် အကြို ဗိုလ်လုပွဲတွင် ဆွစ်ဇာလန်မှရော် ဂျာဖက်ဒဲရာကို အနိုင်ရသော ကြောင့် ATP Finals ပြိုင်ပွဲတစ်ခု တည်းတွင် ဖက်ဒဲရာနှင့် ဂျိုကိုဗစ် ကိုအနိုင်ရသည့် ပထမဆုံးက စားသမားဖြစ်လာသည်။
ထို့အပြင် ဇက်ဗီရက်ဗ်သည် ၁၉၉၀ က အဂ္ဂါစီနောက်ပိုင်းယခုပြိုင်ပွဲအကြိုဗိုလ်လုပွဲနှင့် ဗိုလ်လုပွဲတွင် နိုင်ခြေအဆင့်ထိပ်တန်း သတ်မှတ်ခံရသည့် ကစားသမား နှစ်ဦးကို အနိုင်ရသည့် ပထမဆုံး ကစားသမား ဖြစ်လာသကဲ့သို့ ATP Finals ဆုဖလားကို ၁၉၉၅ က ဘောရစ်ဘက်ကာ နောက်ပိုင်း ပထမဆုံးဆွတ်ခူးနိုင်သည့် ဂျာမနီ နိုင်ငံသားဖြစ်လာသည်။
   ‘‘ဘယ်လိုပြောရမှန်းတကယ် မသိတော့ဘူး။ ဒါက ကျွန်တော်ရ ခဲ့ဖူးသမျှ အခမ်းနားဆုံးဆုဖလား ပါ။ ပထမဆုံးအနေနဲ့ ဂျိုကိုဗစ်ကို ကျေးဇူးတင်ချင်ပါတယ်။ သူဟာ ရှုံးပွဲကြုံဖို့ခဲယဉ်းသူပါ။ ဒါပေမဲ့ ကံကောင်းစွာနဲ့သူ့ကိုအနိုင်ရတာ က ကျွန်တော်ဖြစ်နေပါတယ်’’ ဟု ဇက်ဗီရက်ဗ်က ပြောသည်။
ဇက်ဗီရက်ဗ်နှင့် ဂျိုကိုဗစ် သည် အုပ်စုအဆင့်၌တွေ့ဆုံပြီး ဂျိုကိုဗစ်က အနိုင်ရခဲ့သည်။
‘‘ဇက်ဗီရက်ဗ်က အုပ်စုအ ဆင့်မှာ ကစားတာထက် ပိုပြီး တော့ ကောင်းကောင်းကစားခဲ့ တယ်ဆိုတာသေချာပါတယ်။ သူ က အနိုင်ရဖို့ထိုက်တန်သူပါ။ သူ က ငယ်လွန်းသေးတယ်။ ဒါပေမဲ့ အခုထိတော့ သူ့မှာအံ့ဩဖို့ ကောင်းတဲ့ကစားသမားဘဝကို ပိုင်ဆိုင်ထားပါတယ်။ အနာဂတ် မှာ အကောင်းဆုံးတွေဖြစ်ပါစေ လို့ ကျွန်တော်ဆန္ဒပြုပါတယ်’’ ဟု ဂရင်းဆလမ်ဆုဖလား ၁၄ကြိမ်ရ ဂျိုကိုဗစ်က ပြောကြားသည်။
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top