ဖိုးသူတော် (www.phothutaw.com)
Credit: 7Day
#Unicode Version#
ဂျာမနီနိုင်ငံသားအ လက်ဇန်းဒါးဇက်ဗီရက်ဗ်(၂၁)နှစ် သည် ဆွစ်ဇာလန်တင်းနစ်အ ကျော်အမော်ရော်ဂျာဖက်ဒဲရာကို ၇-၅၊ ၇-၆(၅)ဖြင့် အနိုင်ယူပြီး ATP Finals ပြိုင်ပွဲဗိုလ်လုပွဲသို့ တက်ရောက်ကာ ဆားဘီးယား နိုင်ငံသားကမ္ဘာ့အဆင့်(၁) ဂျိုကို ဗစ်နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ဇက်ဗီရက်ဗ်သည် ၎င်း၏ ကစားသမားဘဝတွင် အရေးပါ သောနိုင်ပွဲတစ်ပွဲရယူနိုင်သော် လည်း နောက်ဆုံးပွဲငယ် (tiebreak)အတွင်း ပြုမူသောလုပ် ရပ်ကြောင့် ပွဲအပြီးစကားပြောစဉ် အတွင်း လှောင်ပြောင်ခံရသည်။
၁၉၉၆ က ဘောရစ်ဘက် ကာနောက်ပိုင်း ATP Finals ပြိုင် ပွဲဗိုလ်လုပွဲသို့ တက်ရောက်ခွင့်ရခဲ့ သည့် ပထမဆုံးဂျာမနီနိုင်ငံသား ဇက်ဗီရက်ဗ်သည် tiebreak ကစားစဉ်အတွင်း တင်းနစ်ဘော လုံးကောက်တစ်ဦးထံမှ ပြုတ် ကျလာသောတင်းနစ်ဘောလုံး ကြောင့် ပွဲမကစားဘဲရပ်တန့်ခဲ့ပြီး ယင်းအမှတ်အတွက် ပြန်ကစား ခဲ့ရသည်။
‘‘အနားပေးချိန်အတွင်း ဖြစ် ပျက်ခဲ့တဲ့အခြေအနေအတွက် ကျွန်တော် တောင်းပန်ချင်ပါ တယ်။ တင်းနစ်ဘောလုံးကောက် ကလေးဆီက တင်းနစ်ဘောလုံး ပြုတ်ကျခဲ့ပြီး အမှတ်အတွက်ပြန် ကစားရမယ်ဆိုတာ စည်းမျဉ်း စည်းကမ်းတွေထဲမှာပါပါတယ်။ ပိုက်နားလေးမှာ ဖက်ဒဲရာကို ကျွန်တော်တောင်းပန်ခဲ့ပါတယ်။ အဲဒါက စည်းမျဉ်းစည်းကမ်းထဲမှာ ပါတဲ့အတွက် အဆင်ပြေတယ်လို့ ဖက်ဒဲရာက ပြောခဲ့ပါတယ်’’ ဟု ဇက်ဗီရက်ဗ်ကပြောသည်။
ယင်းအဖြစ်အပျက်က ၎င်း အပေါ်သက်ရောက်မှုရှိပါသလား ဟု ပွဲအပြီးတွင်မေးမြန်းခံရစဉ် ‘‘စည်းမျဉ်းစည်းကမ်းတွေက ဘာ ပြောလဲဆိုတာ ကျွန်တော်မသိ ဘူး။ ဒါက ဒိုင်ရဲ့ဆုံးဖြတ်ချက်ဖြစ် ပြီး ကစားသမားရဲ့ဆုံးဖြတ်ချက် မဟုတ်ဘူးလို့ ကျွန်တော်အမြဲ တမ်းတွေးထားတယ်’’ ဟု ဖြေ ကြားခဲ့ပြီး ဇက်ဗီရက်ဗ်အနေဖြင့် မည်သည့်အမှားမျှ မလုပ်ခဲ့ဟု ဖက်ဒဲရာက ပြောသည်။
ဂျိုကိုဗစ်က တောင်အာဖရိ ကမှ ကီဗင်အန်ဒါဆင်ကို ၆-၂၊ ၆-၂ ဖြင့်အနိုင်ယူပြီး ဗိုလ်လုပွဲ သို့ တက်ရောက်ခဲ့သည်။