iMyanmarHouse.com - Best Property Website for Myanmar
×

တနဂၤေႏြ

မိမိလုပ္ခ်င္တဲ့ကိစၥေတြ၊ခ်ဲ႕ထြင္ခ်င္တဲ့ အလုပ္စီးပြားမ်ားလုပ္ဖို႔အတြက္ အမိအဘလူႀကီးေတြရဲ႕ တားဆီး ပိတ္ပင္ျခင္း မ်ိဳးေတြေတြ႕ႀကဳံရတတ္ပါတယ္။ မိမိလုပ္ခ်င္တာကို ဆရာသမားမိဘေတြအားဆန႔္က်င္ၿပီး လုပ္ကိုင္ရပါလိမ့္မယ္။ အိမ္တြင္းနတ္ ကိုးကြယ္သူဆို ဒီအပတ္ထဲ အုန္းလဲေပးၿပီးမိမိလိုရာဆုေတာင္းၾကည့္လိုက္ပါ။ ေအာက္လက္ငယ္သားေတြေတာ္လွန္တာ မိမိကို မေထ့မဲ့ျမင္ လုပ္တာေတြရွိေနတတ္ပါတယ္။ မိမိက ကိုင္တြယ္ တတ္ဖို႔လိုပါတယ္။ အိမ္ၿခံဝယ္ဖို႔အတြက္စဥ္းစားထားရင္ေတာ့ အရႈပ္အရွင္းရွိမရွိေသခ်ာစီစစ္ၿပီးမွဝယ္သင့္တဲ့ ကာလေတြပါပဲ။ က်န္း္မာေရးကေတာ့ ေခါင္းေလွ်ာ္တာ ဆင္ျခင္ရပါလိမ့္မယ္။ ညဘက္ႀကီးေခါင္းေလွ်ာ္တာမ်ိဳး ေရွာင္ရမဲ့ကာလပါပဲ။ အခ်စ္ေရးမွာေတာ့ ခ်စ္သူကိုအခ်ိန္ေပးလိုက္ရင္အလုပ္ေတြပ်က္ရမယ္။ အလုပ္ကိုအခ်ိန္ေပး လိုက္ရင္လဲ ခ်စ္သူရဲ႕အထင္လြဲျခင္းမ်ိဳးႀကဳံရတတ္ပါတယ္။ အိမ္ေထာင္ေရးမွာ အတို႔အေထာင္ေတြရွိတတ္တဲ့ အတြက္ေဘးစကားေတြကို ခ်င့္ခ်ိန္ၿပီးမွ ယုံၾကည္ေပးပါ။ ပညာေရးက ခက္ခက္ခဲခဲ ႀကိဳးစားေနရမဲ့အခ်ိန္ကာလပါပဲ

အက်ိဳးေပးဂဏန္း 5/3/6အထူးေဟာ ကံအနည္းငယ္ အားနည္းေနမည္။ယၾတာ မိမိဆီမွာ အနီေရာင္ အက်ီအၤေဟာင္းအစုတ္ရွိရင္ေတာ့ စြန႔္ပစ္လိုက္ပါ။

တနလၤာ

တစ္ခုခုကို ပိုင္ပိုင္ႏိုင္ႏိုင္ဆုံးျဖတ္ဖို႔အတြက္ ေနာက္ဆံတင္းစရာကိစၥမ်ား သံေယာဇဥ္မျပတ္စရာကိစၥမ်ား ႀကဳံေနရတတ္ပါတယ္။ ဘယ္ကိစၥမဆိုလြယ္လြယ္နဲ႔မရ…၊ဒုကၡခံၿပီးမွအဆင္ေျပတတ္ပါတယ္။ ေငြေၾကးနဲ႔ပက္သက္ ၿပီး မိမိကိုယ္တိုင္ကလဲ မလိမ္နဲ႔၊ ေနာက္ၿပီးျဖဴျဖဴစင္စင္နဲ႔ရတဲ့ေငြကိုပဲ မက္ေမာပါ။ ေလာင္းကစားေၾကာင့္ ၊ေအာက္ဆိုဒ္ေတြေၾကာင့္ရတဲ့ေငြေတြရွိရင္ေတာ့ ထိုေငြေၾကာင့္ပဲဒုကၡေရာက္ရတတ္ပါတယ္။ ရပ္ေဝးသြားၿပီးအက်ိဳး စီးပြားရွာျခင္းမ်ိဳးက ဒီအပတ္မွာမေကာင္းေသးပါဘူး။ စပ္တူအလုပ္မ်ား အဆင္မေခ်ာတာမ်ိဳးျဖစ္ရတတ္ပါတယ္။ ကံေကာင္းတာက ခိုင္ခံတဲ့စိတ္အေျခအေနနဲ႔ လုပ္သင့္တာကိုမိမိဆုံးျဖတ္ခ်က္ပဲ ဦးစားေပးၿပီးလုပ္သြားရင္ အဆင္ ေျပပါလိမ့္မယ္။ က်န္းမာေရးကေတာ့ မိမိထက္ မိမိရဲ႕အိမ္သားေတြက က်န္းမာေရးပိုမိုညံ့ဖ်င္းေနတာမ်ိဳးျဖစ္တတ္ပါ တယ္။ အိမ္မွာ ၂ႏွစ္မေက်ာ္ေသးတဲ့ကေလးရွိရင္ ထိုကေလးကိုဂ႐ုစိုက္ပါ။ အိမ္ေထာင္ေရးကံေကာင္းပါတယ္။ ခ်စ္သူနဲ႔က ဆုံရဖို႔ထက္ ေဝးေနရတာကပိုမ်ားေနပါလိမ့္မယ္။ ပညာသစ္တစ္ခုစတင္သင္ၾကားခြင့္ေတြရလာမွာပါ။

အက်ိဳးေပးဂဏန္း 6/8/2 အထူးေဟာ မလုပ္ခင္စဥ္းစားပါ။ယၾတာ ေျမာက္အရပ္ကိုလွည့္ၿပီး ေခါင္းေလွ်ာ္လိုက္ပါ။

အဂၤါ

စိတ္ႏွစ္ထားျခင္း ၊စူးစမ္းတတ္ျခင္း၊ စဥ္ဆက္မပ်က္ တိုးတတ္ေအာင္ႀကိဳးစားထားျခင္းေတြက ဒီအပတ္မွာ အက်ိဳးျပန္ေပးတတ္ပါတယ္။မိမိရဲ႕ေက်းဇူးကိုသိတတ္တဲ့ တပည့္ေတြကလာေရာက္ကန္ေတာ့တာမ်ိဳးေတြလဲႀကဳံရ တတ္ပါတယ္။ လုပ္ငန္းစီးပြားတိုးတတ္ျခင္းမ်ား၊ စက္ပစၥည္းအသစ္မ်ားဝင္လာျခင္းမ်ား ႀကဳံရတတ္ပါတယ္။ မိမိလုပ္ငန္းလဲ လူသိမ်ားလာတာမ်ိဳးေတြ႕ရႀကဳံရတတ္ပါတယ္။ ျဖစ္ခ်င္တဲ့ကိစၥေတြကို အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ႏိုင္ပါလိမ့္မယ္။က်န္းမာေရးကေတာ့ ဒီကာလမွာ အလြန္ပဲေကာင္းပါတယ္။ အပင္ပန္းခံၿပီး လုပ္ကိုင္ရင္ ေတာင္မွက်န္းမာေရးအားနည္းသြားတာမ်ိဳးမရွိပါဘူး။ ခရီးသြားရင္ေတာ့ ထူးထူးျခားျခားခရီးပန္းတာ ကားမူးတာမ်ိဳး ေတာ့ျဖစ္တတ္ပါတယ္။ အခ်စ္ေရးမွာေတာ့ ခ်စ္ရသူေတြကိုစိတ္ေပ်ာ္႐ႊင္ေအာင္ ထားႏိုင္မဲ့ေန႔ရက္ေတြပါပဲ။ အိမ္ေထာင္ေရးကေတာ့ အိမ္ေထာင္ဖက္နဲ႔ ညႇိယူရမဲ့ကိစၥေလးေတြရွိေနဆဲပါပဲ။ ပညာေရးကေတာ့ သင့္႐ုံပါပဲ။ မိမိရဲ႕ ႀကိဳးစာခ်င္စိတ္ေၾကာင့္ပဲထြန္းေပါက္ေအာင္ျမင္သြားတတ္ပါတယ္။

အက်ိဳးေပးဂဏန္း 7/0/5 အထူးေဟာ အလုပ္မ်ားတိုးတတ္ေအာင္ျမင္မည္။ယၾတာ စံပယ္ပန္းဘုရားမွာ လႉဒါန္းဆုေတာင္းပါ။

ဗုဒၶဟူး/ရာဟု

စိတ္ဆင္းရဲစရာကိစၥေတြကို အခ်ိန္ယူၿပီး ေတြးမေနပါနဲ႔။ ဘယ္လိုအခက္အခဲႀကဳံႀကဳံ အခ်ိန္တန္ရင္ ေက်ာ္လႊားသြားႏိုင္ပါလိမ့္မယ္။ မလုပ္ခ်င္တဲ့အလုပ္မ်ား၊မယူခ်င္တဲ့တာဝန္မ်ားကိုယူေနရတာမ်ိဳးေၾကာင့္ လက္ရွိ အလုပ္မွာစိတ္ညစ္စိတ္ပ်က္ေနရတတ္ပါတယ္။ အိမ္ေမြးတိရိစာၦန္ေၾကာင့္ စိတ္ညစ္ရတာမ်ိဳးေတြလဲ ႀကဳံရေတြရႏိုင္ ပါေသးတယ္။ မိမိရဲ႕ေအာက္လက္ငယ္သားတစ္ဦး က်န္းမာေရးညံ့တာေၾကာင့္ ကူညီလုပ္ကိုင္ေပးရတာမ်ိဳးေတြႀကဳံ ရႏိုင္ပါတယ္။စိတ္ပါဝင္စားစြာနဲ႔ ေဈးကြက္ခ်ဲ႕ထြင္ျခင္းမ်ား ၊ပ႐ိုမိုးရွင္းေပးျခင္းမ်ားလုပ္ေဆာင္သင့္တဲ့ေန႔ရက္မ်ိဳးပါပဲ။ ေငြကဝင္ေပမဲ့ လက္ထဲမရွိဘဲ အလုပ္ထဲပဲေငြကျပန္ေရာက္သြားတတ္ပါတယ္။ က်န္းမာေရးကေတာ့ အေကာင္း ဘက္ကိုအေလးသာပါတယ္။ က်န္းမာေရးအတြက္ပူပင္စရာမလိုေသးပါဘူး။ အခ်စ္ေရးမွာေတာ့ ေဝးကြာေနတဲ့ ခ်စ္သူနဲ႔ျပန္လည္ဆုံဆည္းရတတ္ပါတယ္။လက္ထပ္ဖို႔တိုင္ပင္လုပ္ေဆာင္ျခင္းမ်ိဳးလဲ အထူးေကာင္းပါတယ္။ အိမ္ေထာင္ေရးကေတာ့ အဘက္ဘက္က အဆင္ေျပေနပါလိမ့္မယ္။ ပညာေရးက ႀကိဳးစားသမွ်အရာထင္ ေအာင္ျမင္ပါလိမ့္မယ္။

15.11.2018 မွ 21.11.2018 အထိတစ္ပတ္စာ ၇ရက္သားသမီးေဟာစာတမ္း 2

အက်ိဳးေပးဂဏန္း 1/6/8 အထူးေဟာ လူမႈကိစၥေတြမ်ားေနတတ္ပါတယ္။ ယၾတာ နီးစပ္ရာေစတီရဲ႕ေမြးနံေထာင့္မွာ အလင္းတိုင္ ၇ တိုင္ထြန္းညႇိပူေဇာ္လိုက္ပါ။

ၾကာသပေတး

မိမိရဲ႕အေတြးအေခၚအယူအဆေတြက အမ်ားနဲ႔ဆန႔္က်င္ဘက္ေတြျဖစ္ေနရတတ္ပါတယ္။ ဒါေၾကာင့္အမ်ား နဲ႔ညႇိႏႈိင္းေဆြးေႏြးရတဲ့ကိစၥမ်ားမွာ အဆင္မေျပျဖစ္ရတတ္ပါတယ္။ တတ္ႏိုင္သမွ် အရႈပ္ေတြနဲ႔ေဝးေအာင္ေနထိုင္ပါ။ အပန္းေျဖခရီးထြက္တာ၊ ဘုရားဖူးခရီးသြားတာမ်ိဳး ဒီကာလမွာလုပ္ေဆာင္လို႔အေကာင္းဆုံးပါပဲ။ အပန္းေျဖခရီး မထြက္ျဖစ္ရင္ အလုပ္နဲ႔ပက္သက္ေသာခရီးေတြလဲမ်ားရတတ္ပါတယ္။ေငြမ်ားမ်ားကိုင္ထားရင္က်န္းမာေရးညံ့သြား တတ္ပါတယ္။ ေလေရာဂါမ်ားႏွင့္ ဝမ္းဗိုက္နဲ႔ပက္သက္ေသာ ေရာဂါမ်ားသတိထားရဖြယ္ရွိေနတတ္ပါတယ္။ ေငြေၾကးနဲ႔ပက္သက္ၿပီးေတာ့ ဆုံးရႈံးစရာေတြမ်ားေနပါလိမ့္မယ္။မလိုအပ္တဲ့ေနရာမ်ားလဲ ေငြကုန္ေနတတ္ပါတယ္။ အခ်စ္ေရးကေတာ့ ဒီကာလမွာ ခ်စ္သူနဲ႔ နားလည္မႈေတြလြဲရတတ္ပါတယ္။ ၾကားစကားေတြေၾကာင့္ ခ်စ္သူခ်င္း စိတ္ဝမ္းကြဲတာမ်ိဳးျဖစ္လြယ္ပါတယ္။ အိမ္ေထာင္ေရးမွာေတာ့ အိမ္ေထာင္ဘက္က မိမိလုပ္ငန္းေတြကို ဝိုင္းဝန္းကူ ညီေပးပါလိမ့္မယ္။ ပညာေရးကေတာ့ မိမိလိုခ်င္စိတ္ရွိဖို႔ လိုပါတယ္။ ဒါမွလဲ အဆင္ေျပမွာပါ။

အက်ိဳးေပးဂဏန္း 2/0/5 အထူးေဟာ စိတ္ေတာ့အနည္းငယ္ပင္ပန္းပါလိမ့္မယ္။ယၾတာ ဖေယာင္းတိုင္တစ္ထုပ္ရဟန္းတစ္ပါးကိုလႉဒါန္းလိုက္ပါ။

ေသာၾကာ

အဘက္ဘက္က ကံေကာင္းေနပါလိမ့္မယ္။ မိမိကႀကိဳးစားႏိုင္ပါက အဘက္ဘက္က ထြန္းေပါက္ပါလိမ့္ မယ္။ အိမ္ေထာင္ပရိေဘာဂမ်ား ဝယ္ယူျခင္းမ်ားႏွင့္ မီးဖိုေခ်ာင္ပစၥည္းမ်ားဝယ္ယူျခင္းမ်ိဳး ဒီကာလမွာအလြန္ ေကာင္းပါတယ္။ ႏိုင္ငံျခားကံေကာင္းေနသလို ရပ္ေဝးနဲ႔ခ်ိတ္ဆက္လုပ္ကိုင္ထားတဲ့အလုပ္ေတြလဲ အဆင္ေျပေခ်ာ့ ေမြ႕ျဖစ္ရတတ္ပါတယ္။ မိမိဝါသနာပါရာကို စိတ္ႀကိဳက္ဖန္းတီးခြင့္ေတြရလာတတ္ပါတယ္။ အလုပ္မွာရာထူးတိုးၿပီး နယ္သို႔ေျပာင္းရျခင္းမ်ိဳးေတြ႕ရႀကဳံရတတ္ပါတယ္။ ခရီးသြားရင္ ေတြ႕တဲ့ထီဆိုင္မွာ ထီကံစမ္းလိုက္တာမ်ိဳးဒီအပတ္မွာ လုပ္သင့္ပါတယ္။ က်န္မာေရးကေတာ့ ေဒါင္ေဒါင္ျမည္ပါပဲ။ ဒါေပမဲ့ ဒိတ္လြန္ေနတဲ့အစားအစာမ်ား ၊လက္တည့္ခ်ဥ္ မ်ားကို ေရွာင္ေစခ်င္ပါတယ္။ အခ်စ္ေရးမွာေတာ့ ခ်စ္သူနဲ႔ အေပ်ာ္ခရီးေတြသြားရတတ္ပါတယ္။ အိမ္ေထာင္ေရးမွာ ေတာ့ အိမ္ေထာင္သည္မ်ားျဖားေယာင္းေသြးေဆာင္ျခင္းကိုခံရတတ္ပါတယ္။ ပညာေရးကေတာ့ ကံေကာင္းသလို မိမိရဲ႕ဉာဏ္ဝီရိယလဲ စိုက္ထုတ္လိုက္ပါ။

အက်ိဳးေပးဂဏန္း 3/1/6အထူးေဟာ ကံျမင့္မားေနခ်ိန္ပါပဲ။ယၾတာ သံပုရာရည္တစ္ခြက္ ေမြးေန႔နံနက္မွာဘုရားကပ္လႉလိုက္ပါ။

စေန

ဒီကာလဟာမိမိလိုခ်င္တာေတြကို ရလာတတ္တဲ့ကာလပါ။ မိဘေတြကလဲမိမိလိုခ်င္တာကို ဝယ္ေပးပါ လိမ့္မယ္။ ေငြေၾကးလာဘ္လာဘေတြလဲ ႐ႊင္လန္းႏိုင္သလို အလုပ္မ်ားလဲ အဆင္ေျပေခ်ာေမြ႕ပါလိမ့္မယ္။ ဒီကာလ မွာ စပ္တူအလုပ္မ်ားႏွင့္ ပြဲစားအလုပ္မ်ား အထူးေကာင္းပါလိမ့္မယ္။ အႏုစိပ္အေသးစိပ္လုပ္ငန္းမ်ားလဲ အဆင္ေျပ ေအာင္ျမင္ပါလိမ့္မယ္။ online စီးပြားေရးလုပ္ငန္းမ်ားလဲ ဒီကာလမွာအေရာင္းသြက္ပါလိမ့္မယ္။ ဖုန္းနဲ႔ဆက္စပ္ ပစၥည္းမ်ားဝယ္ယူလို႔အထူးပဲေကာင္းမြန္ပါတယ္။ ဝန္ထမ္းမ်ားရာထူးတိုးျခင္း ၊မ်က္ႏွာသာေပးျခင္းမ်ိဳးေတြ ျဖစ္လာ ပါလိမ့္မယ္။ က်န္းမာေရးကေတာ့ ဒီကာလဟာအားနည္းပါတယ္။ အေရျပားေရာဂါမ်ားလဲ ျဖစ္ရလြယ္ပါတယ္။ မေတြ႕တာၾကာၿပီျဖစ္တဲ့ မိတ္ေဆြေတြနဲ႔လဲ ျပန္ဆုံဆည္းရတတ္ပါတယ္။ အိမ္ေထာင္ေရးကေတာ့ စန္းပြင့္ေနတာ ေၾကာင့္ သတိထားဖို႔လိုပါတယ္။ အခ်စ္ေရးကေတာ့ အခ်စ္ေဟာင္းထက္ အခ်စ္သစ္ဆိုတာမ်ိဳးလဲ ႀကဳံရတတ္ပါတယ္။ ပညာေရးကေတာ့ အခ်စ္ေရးကိစၥေတြနဲ႔ ပညာေရးအေပၚစိတ္မႏွစ္ႏိုင္တာမ်ိဳးျဖစ္ရတတ္ပါ တယ္။

အက်ိဳးေပးဂဏန္း 4/2/7 အထူးေဟာ စုတ္ေရာလာဘ္ေရာ ဝင္ပါလိမ့္မယ္။ယၾတာ အိမ္ကဘုရားမွာ ထိုးမုန႔္ကပ္လႉပါ။

၇ရက္သားသမီးအေပါင္း ေကာင္းေသာလိုအင္ဆႏၵေတြျပည့္ဝၾကပါေစ။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: ၿငိမ္းေအးလူ (ေဗဒင္သုေတသီ)


#Unicode Version#

တနင်္ဂနွေ

မိမိလုပ်ချင်တဲ့ကိစ္စတွေ၊ချဲ့ထွင်ချင်တဲ့ အလုပ်စီးပွားများလုပ်ဖို့အတွက် အမိအဘလူကြီးတွေရဲ့ တားဆီး ပိတ်ပင်ခြင်း မျိုးတွေတွေ့ကြုံရတတ်ပါတယ်။ မိမိလုပ်ချင်တာကို ဆရာသမားမိဘတွေအားဆန့်ကျင်ပြီး လုပ်ကိုင်ရပါလိမ့်မယ်။ အိမ်တွင်းနတ် ကိုးကွယ်သူဆို ဒီအပတ်ထဲ အုန်းလဲပေးပြီးမိမိလိုရာဆုတောင်းကြည့်လိုက်ပါ။ အောက်လက်ငယ်သားတွေတော်လှန်တာ မိမိကို မထေ့မဲ့မြင် လုပ်တာတွေရှိနေတတ်ပါတယ်။ မိမိက ကိုင်တွယ် တတ်ဖို့လိုပါတယ်။ အိမ်ခြံဝယ်ဖို့အတွက်စဉ်းစားထားရင်တော့ အရှုပ်အရှင်းရှိမရှိသေချာစီစစ်ပြီးမှဝယ်သင့်တဲ့ ကာလတွေပါပဲ။ ကျန်းမာရေးကတော့ ခေါင်းလျှော်တာ ဆင်ခြင်ရပါလိမ့်မယ်။ ညဘက်ကြီးခေါင်းလျှော်တာမျိုး ရှောင်ရမဲ့ကာလပါပဲ။ အချစ်ရေးမှာတော့ ချစ်သူကိုအချိန်ပေးလိုက်ရင်အလုပ်တွေပျက်ရမယ်။ အလုပ်ကိုအချိန်ပေး လိုက်ရင်လဲ ချစ်သူရဲ့အထင်လွဲခြင်းမျိုးကြုံရတတ်ပါတယ်။ အိမ်ထောင်ရေးမှာ အတို့အထောင်တွေရှိတတ်တဲ့ အတွက်ဘေးစကားတွေကို ချင့်ချိန်ပြီးမှ ယုံကြည်ပေးပါ။ ပညာရေးက ခက်ခက်ခဲခဲ ကြိုးစားနေရမဲ့အချိန်ကာလပါပဲ

အကျိုးပေးဂဏန်း 5/3/6အထူးဟော ကံအနည်းငယ် အားနည်းနေမည်။ယတြာ မိမိဆီမှာ အနီရောင် အကျီင်္အဟောင်းအစုတ်ရှိရင်တော့ စွန့်ပစ်လိုက်ပါ။

တနင်္လာ

တစ်ခုခုကို ပိုင်ပိုင်နိုင်နိုင်ဆုံးဖြတ်ဖို့အတွက် နောက်ဆံတင်းစရာကိစ္စများ သံယောဇဉ်မပြတ်စရာကိစ္စများ ကြုံနေရတတ်ပါတယ်။ ဘယ်ကိစ္စမဆိုလွယ်လွယ်နဲ့မရ…၊ဒုက္ခခံပြီးမှအဆင်ပြေတတ်ပါတယ်။ ငွေကြေးနဲ့ပက်သက် ပြီး မိမိကိုယ်တိုင်ကလဲ မလိမ်နဲ့၊ နောက်ပြီးဖြူဖြူစင်စင်နဲ့ရတဲ့ငွေကိုပဲ မက်မောပါ။ လောင်းကစားကြောင့် ၊အောက်ဆိုဒ်တွေကြောင့်ရတဲ့ငွေတွေရှိရင်တော့ ထိုငွေကြောင့်ပဲဒုက္ခရောက်ရတတ်ပါတယ်။ ရပ်ဝေးသွားပြီးအကျိုး စီးပွားရှာခြင်းမျိုးက ဒီအပတ်မှာမကောင်းသေးပါဘူး။ စပ်တူအလုပ်များ အဆင်မချောတာမျိုးဖြစ်ရတတ်ပါတယ်။ ကံကောင်းတာက ခိုင်ခံတဲ့စိတ်အခြေအနေနဲ့ လုပ်သင့်တာကိုမိမိဆုံးဖြတ်ချက်ပဲ ဦးစားပေးပြီးလုပ်သွားရင် အဆင် ပြေပါလိမ့်မယ်။ ကျန်းမာရေးကတော့ မိမိထက် မိမိရဲ့အိမ်သားတွေက ကျန်းမာရေးပိုမိုညံ့ဖျင်းနေတာမျိုးဖြစ်တတ်ပါ တယ်။ အိမ်မှာ ၂နှစ်မကျော်သေးတဲ့ကလေးရှိရင် ထိုကလေးကိုဂရုစိုက်ပါ။ အိမ်ထောင်ရေးကံကောင်းပါတယ်။ ချစ်သူနဲ့က ဆုံရဖို့ထက် ဝေးနေရတာကပိုများနေပါလိမ့်မယ်။ ပညာသစ်တစ်ခုစတင်သင်ကြားခွင့်တွေရလာမှာပါ။

အကျိုးပေးဂဏန်း 6/8/2 အထူးဟော မလုပ်ခင်စဉ်းစားပါ။ယတြာ မြောက်အရပ်ကိုလှည့်ပြီး ခေါင်းလျှော်လိုက်ပါ။

အင်္ဂါ

စိတ်နှစ်ထားခြင်း ၊စူးစမ်းတတ်ခြင်း၊ စဉ်ဆက်မပျက် တိုးတတ်အောင်ကြိုးစားထားခြင်းတွေက ဒီအပတ်မှာ အကျိုးပြန်ပေးတတ်ပါတယ်။မိမိရဲ့ကျေးဇူးကိုသိတတ်တဲ့ တပည့်တွေကလာရောက်ကန်တော့တာမျိုးတွေလဲကြုံရ တတ်ပါတယ်။ လုပ်ငန်းစီးပွားတိုးတတ်ခြင်းများ၊ စက်ပစ္စည်းအသစ်များဝင်လာခြင်းများ ကြုံရတတ်ပါတယ်။ မိမိလုပ်ငန်းလဲ လူသိများလာတာမျိုးတွေ့ရကြုံရတတ်ပါတယ်။ ဖြစ်ချင်တဲ့ကိစ္စတွေကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပါလိမ့်မယ်။ကျန်းမာရေးကတော့ ဒီကာလမှာ အလွန်ပဲကောင်းပါတယ်။ အပင်ပန်းခံပြီး လုပ်ကိုင်ရင် တောင်မှကျန်းမာရေးအားနည်းသွားတာမျိုးမရှိပါဘူး။ ခရီးသွားရင်တော့ ထူးထူးခြားခြားခရီးပန်းတာ ကားမူးတာမျိုး တော့ဖြစ်တတ်ပါတယ်။ အချစ်ရေးမှာတော့ ချစ်ရသူတွေကိုစိတ်ပျော်ရွှင်အောင် ထားနိုင်မဲ့နေ့ရက်တွေပါပဲ။ အိမ်ထောင်ရေးကတော့ အိမ်ထောင်ဖက်နဲ့ ညှိယူရမဲ့ကိစ္စလေးတွေရှိနေဆဲပါပဲ။ ပညာရေးကတော့ သင့်ရုံပါပဲ။ မိမိရဲ့ ကြိုးစာချင်စိတ်ကြောင့်ပဲထွန်းပေါက်အောင်မြင်သွားတတ်ပါတယ်။

အကျိုးပေးဂဏန်း 7/0/5 အထူးဟော အလုပ်များတိုးတတ်အောင်မြင်မည်။ယတြာ စံပယ်ပန်းဘုရားမှာ လှူဒါန်းဆုတောင်းပါ။

ဗုဒ္ဓဟူး/ရာဟု

စိတ်ဆင်းရဲစရာကိစ္စတွေကို အချိန်ယူပြီး တွေးမနေပါနဲ့။ ဘယ်လိုအခက်အခဲကြုံကြုံ အချိန်တန်ရင် ကျော်လွှားသွားနိုင်ပါလိမ့်မယ်။ မလုပ်ချင်တဲ့အလုပ်များ၊မယူချင်တဲ့တာဝန်များကိုယူနေရတာမျိုးကြောင့် လက်ရှိ အလုပ်မှာစိတ်ညစ်စိတ်ပျက်နေရတတ်ပါတယ်။ အိမ်မွေးတိရိစ္ဆာန်ကြောင့် စိတ်ညစ်ရတာမျိုးတွေလဲ ကြုံရတွေရနိုင် ပါသေးတယ်။ မိမိရဲ့အောက်လက်ငယ်သားတစ်ဦး ကျန်းမာရေးညံ့တာကြောင့် ကူညီလုပ်ကိုင်ပေးရတာမျိုးတွေကြုံ ရနိုင်ပါတယ်။စိတ်ပါဝင်စားစွာနဲ့ ဈေးကွက်ချဲ့ထွင်ခြင်းများ ၊ပရိုမိုးရှင်းပေးခြင်းများလုပ်ဆောင်သင့်တဲ့နေ့ရက်မျိုးပါပဲ။ ငွေကဝင်ပေမဲ့ လက်ထဲမရှိဘဲ အလုပ်ထဲပဲငွေကပြန်ရောက်သွားတတ်ပါတယ်။ ကျန်းမာရေးကတော့ အကောင်း ဘက်ကိုအလေးသာပါတယ်။ ကျန်းမာရေးအတွက်ပူပင်စရာမလိုသေးပါဘူး။ အချစ်ရေးမှာတော့ ဝေးကွာနေတဲ့ ချစ်သူနဲ့ပြန်လည်ဆုံဆည်းရတတ်ပါတယ်။လက်ထပ်ဖို့တိုင်ပင်လုပ်ဆောင်ခြင်းမျိုးလဲ အထူးကောင်းပါတယ်။ အိမ်ထောင်ရေးကတော့ အဘက်ဘက်က အဆင်ပြေနေပါလိမ့်မယ်။ ပညာရေးက ကြိုးစားသမျှအရာထင် အောင်မြင်ပါလိမ့်မယ်။

15.11.2018 မှ 21.11.2018 အထိတစ်ပတ်စာ ၇ရက်သားသမီးဟောစာတမ်း 2

အကျိုးပေးဂဏန်း 1/6/8 အထူးဟော လူမှုကိစ္စတွေများနေတတ်ပါတယ်။ ယတြာ နီးစပ်ရာစေတီရဲ့မွေးနံထောင့်မှာ အလင်းတိုင် ၇ တိုင်ထွန်းညှိပူဇော်လိုက်ပါ။

ကြာသပတေး

မိမိရဲ့အတွေးအခေါ်အယူအဆတွေက အများနဲ့ဆန့်ကျင်ဘက်တွေဖြစ်နေရတတ်ပါတယ်။ ဒါကြောင့်အများ နဲ့ညှိနှိုင်းဆွေးနွေးရတဲ့ကိစ္စများမှာ အဆင်မပြေဖြစ်ရတတ်ပါတယ်။ တတ်နိုင်သမျှ အရှုပ်တွေနဲ့ဝေးအောင်နေထိုင်ပါ။ အပန်းဖြေခရီးထွက်တာ၊ ဘုရားဖူးခရီးသွားတာမျိုး ဒီကာလမှာလုပ်ဆောင်လို့အကောင်းဆုံးပါပဲ။ အပန်းဖြေခရီး မထွက်ဖြစ်ရင် အလုပ်နဲ့ပက်သက်သောခရီးတွေလဲများရတတ်ပါတယ်။ငွေများများကိုင်ထားရင်ကျန်းမာရေးညံ့သွား တတ်ပါတယ်။ လေရောဂါများနှင့် ဝမ်းဗိုက်နဲ့ပက်သက်သော ရောဂါများသတိထားရဖွယ်ရှိနေတတ်ပါတယ်။ ငွေကြေးနဲ့ပက်သက်ပြီးတော့ ဆုံးရှုံးစရာတွေများနေပါလိမ့်မယ်။မလိုအပ်တဲ့နေရာများလဲ ငွေကုန်နေတတ်ပါတယ်။ အချစ်ရေးကတော့ ဒီကာလမှာ ချစ်သူနဲ့ နားလည်မှုတွေလွဲရတတ်ပါတယ်။ ကြားစကားတွေကြောင့် ချစ်သူချင်း စိတ်ဝမ်းကွဲတာမျိုးဖြစ်လွယ်ပါတယ်။ အိမ်ထောင်ရေးမှာတော့ အိမ်ထောင်ဘက်က မိမိလုပ်ငန်းတွေကို ဝိုင်းဝန်းကူ ညီပေးပါလိမ့်မယ်။ ပညာရေးကတော့ မိမိလိုချင်စိတ်ရှိဖို့ လိုပါတယ်။ ဒါမှလဲ အဆင်ပြေမှာပါ။

အကျိုးပေးဂဏန်း 2/0/5 အထူးဟော စိတ်တော့အနည်းငယ်ပင်ပန်းပါလိမ့်မယ်။ယတြာ ဖယောင်းတိုင်တစ်ထုပ်ရဟန်းတစ်ပါးကိုလှူဒါန်းလိုက်ပါ။

သောကြာ

အဘက်ဘက်က ကံကောင်းနေပါလိမ့်မယ်။ မိမိကကြိုးစားနိုင်ပါက အဘက်ဘက်က ထွန်းပေါက်ပါလိမ့် မယ်။ အိမ်ထောင်ပရိဘောဂများ ဝယ်ယူခြင်းများနှင့် မီးဖိုချောင်ပစ္စည်းများဝယ်ယူခြင်းမျိုး ဒီကာလမှာအလွန် ကောင်းပါတယ်။ နိုင်ငံခြားကံကောင်းနေသလို ရပ်ဝေးနဲ့ချိတ်ဆက်လုပ်ကိုင်ထားတဲ့အလုပ်တွေလဲ အဆင်ပြေချော့ မွေ့ဖြစ်ရတတ်ပါတယ်။ မိမိဝါသနာပါရာကို စိတ်ကြိုက်ဖန်းတီးခွင့်တွေရလာတတ်ပါတယ်။ အလုပ်မှာရာထူးတိုးပြီး နယ်သို့ပြောင်းရခြင်းမျိုးတွေ့ရကြုံရတတ်ပါတယ်။ ခရီးသွားရင် တွေ့တဲ့ထီဆိုင်မှာ ထီကံစမ်းလိုက်တာမျိုးဒီအပတ်မှာ လုပ်သင့်ပါတယ်။ ကျန်မာရေးကတော့ ဒေါင်ဒေါင်မြည်ပါပဲ။ ဒါပေမဲ့ ဒိတ်လွန်နေတဲ့အစားအစာများ ၊လက်တည့်ချဉ် များကို ရှောင်စေချင်ပါတယ်။ အချစ်ရေးမှာတော့ ချစ်သူနဲ့ အပျော်ခရီးတွေသွားရတတ်ပါတယ်။ အိမ်ထောင်ရေးမှာ တော့ အိမ်ထောင်သည်များဖြားယောင်းသွေးဆောင်ခြင်းကိုခံရတတ်ပါတယ်။ ပညာရေးကတော့ ကံကောင်းသလို မိမိရဲ့ဉာဏ်ဝီရိယလဲ စိုက်ထုတ်လိုက်ပါ။

အကျိုးပေးဂဏန်း 3/1/6အထူးဟော ကံမြင့်မားနေချိန်ပါပဲ။ယတြာ သံပုရာရည်တစ်ခွက် မွေးနေ့နံနက်မှာဘုရားကပ်လှူလိုက်ပါ။

စနေ

ဒီကာလဟာမိမိလိုချင်တာတွေကို ရလာတတ်တဲ့ကာလပါ။ မိဘတွေကလဲမိမိလိုချင်တာကို ဝယ်ပေးပါ လိမ့်မယ်။ ငွေကြေးလာဘ်လာဘတွေလဲ ရွှင်လန်းနိုင်သလို အလုပ်များလဲ အဆင်ပြေချောမွေ့ပါလိမ့်မယ်။ ဒီကာလ မှာ စပ်တူအလုပ်များနှင့် ပွဲစားအလုပ်များ အထူးကောင်းပါလိမ့်မယ်။ အနုစိပ်အသေးစိပ်လုပ်ငန်းများလဲ အဆင်ပြေ အောင်မြင်ပါလိမ့်မယ်။ online စီးပွားရေးလုပ်ငန်းများလဲ ဒီကာလမှာအရောင်းသွက်ပါလိမ့်မယ်။ ဖုန်းနဲ့ဆက်စပ် ပစ္စည်းများဝယ်ယူလို့အထူးပဲကောင်းမွန်ပါတယ်။ ဝန်ထမ်းများရာထူးတိုးခြင်း ၊မျက်နှာသာပေးခြင်းမျိုးတွေ ဖြစ်လာ ပါလိမ့်မယ်။ ကျန်းမာရေးကတော့ ဒီကာလဟာအားနည်းပါတယ်။ အရေပြားရောဂါများလဲ ဖြစ်ရလွယ်ပါတယ်။ မတွေ့တာကြာပြီဖြစ်တဲ့ မိတ်ဆွေတွေနဲ့လဲ ပြန်ဆုံဆည်းရတတ်ပါတယ်။ အိမ်ထောင်ရေးကတော့ စန်းပွင့်နေတာ ကြောင့် သတိထားဖို့လိုပါတယ်။ အချစ်ရေးကတော့ အချစ်ဟောင်းထက် အချစ်သစ်ဆိုတာမျိုးလဲ ကြုံရတတ်ပါတယ်။ ပညာရေးကတော့ အချစ်ရေးကိစ္စတွေနဲ့ ပညာရေးအပေါ်စိတ်မနှစ်နိုင်တာမျိုးဖြစ်ရတတ်ပါ တယ်။

အကျိုးပေးဂဏန်း 4/2/7 အထူးဟော စုတ်ရောလာဘ်ရော ဝင်ပါလိမ့်မယ်။ယတြာ အိမ်ကဘုရားမှာ ထိုးမုန့်ကပ်လှူပါ။

၇ရက်သားသမီးအပေါင်း ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

Credit:ငြိမ်းအေးလူ (ဗေဒင်သုတေသီ)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top