ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

လြန္ခဲ့ေသာ ေျခာက္ႏွစ္ခန္႔က အဖြဲ႕ဖ်က္သိမ္း ခဲ့ေသာ ကမၻာေက်ာ္အိုင္းရစ္အဆို ေတာ္အဖြဲ႕ Westlife သည္ယခု အခါ ျပန္လည္ေပါင္းစည္းၿပီး ဂီတလႈပ္ရွားမႈမ်ား ျပဳလုပ္မည္ဟု ေၾကညာသည္။

၂၀၁၂ တြင္အဖြဲ႕ဖ်က္သိမ္း ၿပီးေနာက္တစ္ကိုယ္ေတာ္ ရပ္ တည္ခဲ့သည့္ အဖြဲ႕၀င္ေလးဦး ျဖစ္ၾကေသာ ကီယန္အီဂန္၊ နစ္ကီ၊ မက္ခ္ဖီေဟလီႏွင့္ ရွိန္းဖီလန္တို႔က ေတးအယ္လ္ ဘမ္သစ္တစ္ခုႏွင့္ ဂီတခရီးစဥ္ တစ္ခု ေဖ်ာ္ေျဖမည္ဟု ေျပာၾကား သည္။  ၁၉၉၈ တြင္စတင္တည္ ေထာင္ေသာ Westlife အဖြဲ႕ဂီတ သက္တမ္း ႏွစ္(၂၀) ျပည့္အထိမ္း အမွတ္အျဖစ္  အဖြဲ႕၀င္မ်ားျပန္ လည္ေပါင္းစည္းေသာ္လည္း  ၂၀၀၄ တြင္အဖြဲ႕မွ ႏုတ္ထြက္ သည့္ ဘ႐ုိင္ယန္ ပါ၀င္မည္ မဟုတ္ေပ။ ႏွစ္ (၂၀) ခန္႔ ဂီတသက္တမ္း တစ္ေလွ်ာက္ ယခုအထိပရိသတ္ မ်ား၏ အားေပးမႈအခုိင္အမာ ရရွိထားေသာ Westlife သည္အဖြဲ႕သားမ်ား ျပန္လည္ ေပါင္းစည္းမည့္သတင္းကို လူမႈ မီဒီယာကြန္ရက္စာမ်က္ႏွာတြင္ ဗီဒီယိုုျဖင့္ ေၾကညာခဲ့သည္။

Westlife သည္ တစ္ကမၻာ လံုးတြင္ ေတးအယ္လ္ဘမ္ေကာ္ ပီအခ်ပ္ေရ ၄၄ သန္းေက်ာ္ေရာင္း ခ်ၿပီး ၂၀၁၀ တြင္ ထုတ္ေ၀ေသာ Gravity သည္၎တို႔၏ ေနာက္ ဆံုးေတးအယ္လ္ဘမ္ျဖစ္သည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:7daydaily
# Unicode Version ျဖင့္ ဖတ္ပါ #
လွန်ခဲ့သော ခြောက်နှစ်ခန့်က အဖွဲ့ဖျက်သိမ်း ခဲ့သော ကမ္ဘာကျော်အိုင်းရစ်အဆို တော်အဖွဲ့ Westlife သည်ယခု အခါ ပြန်လည်ပေါင်းစည်းပြီး ဂီတလှုပ်ရှားမှုများ ပြုလုပ်မည်ဟု ကြေညာသည်။

၂၀၁၂ တွင်အဖွဲ့ဖျက်သိမ်း ပြီးနောက်တစ်ကိုယ်တော် ရပ် တည်ခဲ့သည့် အဖွဲ့ဝင်လေးဦး ဖြစ်ကြသော ကီယန်အီဂန်၊ နစ်ကီ၊ မက်ခ်ဖီဟေလီနှင့် ရှိန်းဖီလန်တို့က တေးအယ်လ် ဘမ်သစ်တစ်ခုနှင့် ဂီတခရီးစဉ် တစ်ခု ဖျော်ဖြေမည်ဟု ပြောကြား သည်။  ၁၉၉၈ တွင်စတင်တည် ထောင်သော Westlife အဖွဲ့ဂီတ သက်တမ်း နှစ်(၂၀) ပြည့်အထိမ်း အမှတ်အဖြစ်  အဖွဲ့ဝင်များပြန် လည်ပေါင်းစည်းသော်လည်း  ၂၀၀၄ တွင်အဖွဲ့မှ နုတ်ထွက် သည့် ဘရိုင်ယန် ပါဝင်မည် မဟုတ်ပေ။ နှစ် (၂၀) ခန့် ဂီတသက်တမ်း တစ်လျှောက် ယခုအထိပရိသတ် များ၏ အားပေးမှုအခိုင်အမာ ရရှိထားသော Westlife သည်အဖွဲ့သားများ ပြန်လည် ပေါင်းစည်းမည့်သတင်းကို လူမှု မီဒီယာကွန်ရက်စာမျက်နှာတွင် ဗီဒီယိုဖြင့် ကြေညာခဲ့သည်။

Westlife သည် တစ်ကမ္ဘာ လုံးတွင် တေးအယ်လ်ဘမ်ကော် ပီအချပ်ရေ ၄၄ သန်းကျော်ရောင်း ချပြီး ၂၀၁၀ တွင် ထုတ်ဝေသော Gravity သည်၎င်းတို့၏ နောက် ဆုံးတေးအယ်လ်ဘမ်ဖြစ်သည်။
ဖိုးသူတော် (www.phothutaw.com)
Credit:7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top