ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

 စည္းကမ္းခ်က္ေတြေျပာျပလာပါတယ္။

စုိင္းစုိင္းရဲ႕ တစ္ကုိယ္ေတာ္ေဖ်ာ္ေျဖပြဲက်င္းပဖုိ႔ ၄ ရက္သာလုိပါေတာ့တယ္။ ဒီေဖ်ာ္ေျဖပြဲမွာ ဖုန္းနဲ႔ျဖစ္ေစ၊ ကင္မရာနဲ႔ျဖစ္ေစ ပုံစံအမ်ဳိးမ်ဳိးနဲ႔ ဗီဒီယုိ ရုိက္ကူးခြင့္မျပဳဘူးလုိ႔ ဆုိပါတယ္။ သူ႔ရဲ႕ ပရိသတ္ေတြအတြက္ ဂရုတစုိက္အမွာစကားပါးထားပါေသးတယ္။

Photo: စုိင္းစုိင္းခမ္းလႈိင္ေဖ့စ္ဘြတ္ေပ့ခ်္

 ပရိသတ္ေတြရင္ခုန္စြာ ေစာင့္ေမွ်ာ္ေနၾကတဲ့ စုိင္းစုိင္းခမ္းလႈိင္ရဲ႕ တစ္ကုိယ္ေတာ္ ေဖ်ာ္ေျဖပြဲကုိ ေအာက္တုိဘာလ ၁၄ ရက္ေန႔မွာ က်င္းပ ျပဳလုပ္မွာ ျဖစ္ပါတယ္။ ေဖ်ာ္ေျဖပြဲျပဳလုပ္ဖုိ႔ ၄ ရက္သာလုိေတာ့တာျဖစ္တဲ့အတြက္ ေဖ်ာ္ေျဖပြဲရဲ႕ စည္းကမ္းခ်က္ေတြကုိ အခုလုိ ေျပာျပခဲ့ပါတယ္။

'' #SAISAI SHOW ကို ပရိသတ္ ၁၅၀၀ နဲ႔သာ က်င္းပရတာျဖစ္တဲ့အတြက္  တစ္ႏိုင္ငံလံုးက ပရိသတ္ေတြအတြက္ ေသခ်ာ႐ိုက္ကူး ထုတ္လႊင့္ ျဖန္႔ခ်ိေပးႏိုင္ဖို႔ျပင္ဆင္ေနပါတယ္။ ပြဲတက္ေရာက္မယ့္ပရိသတ္မ်ားက ဖုန္းနဲ႔ပဲျဖစ္ျဖစ္ Camera နဲ႔ပဲျဖစ္ျဖစ္ video ႐ိုက္ကူးထားျခင္း မျပဳလုပ္ ဖို႔ ေမတၱာရပ္ခံပါတယ္ က်ေနာ္တို႔ Professional Camera ဆရာေတြနဲ႔ အေကာင္းဆံုး႐ိုက္ေပးပါမယ္။ ကိုယ့္ေဘးက ခိုး႐ိုက္ရင္လည္း မ႐ိုက္ဖို႔ တားျမစ္ေပးပါ Quality မေကာင္းတဲ့ Video ႀကိဳထြက္သြားရင္ အေခြထုတ္ဖို႔ အခက္အခဲရွိသြားပါတယ္'' လုိ႔ ဆုိပါတယ္။


Photo: စုိင္းစုိင္းခမ္းလႈိင္ေဖ့စ္ဘြတ္ေပ့ခ်္

 စုိင္းစုိင္းရဲ႕ ပရိသတ္ေတြအေနနဲ႔ လက္ေဆာင္ေပးဖုိ႔ကုိလည္း ျပင္ဆင္မလာပါနဲ႔လုိ႔ ဆက္လက္ေျပာျပထားပါတယ္။ ဒါကလည္း ပြဲၾကည့္ ပရိသတ္ အခ်င္းခ်င္းအေႏွာက္အယွက္ျဖစ္ေစႏုိင္တာေၾကာင့္ပါ ဆုိၿပီးေတာ့ ေအာက္တုိဘာလ ၁၀ ရက္ေန႔ မနက္ ၉ နာရီခြဲက စုိင္းစုိင္းရဲ႕ တရားဝင္ေဖ့စ္ဘြတ္ေပ့ခ်္ကေန ေျပာျပထားပါတယ္။

''သင့္ေၾကာင့္ က်န္တဲ့ပရိသတ္ေတြ မၾကည့္ရေတာ့မွာမ်ိဳးကို ပရိသတ္အခ်င္းခ်င္းစာနာမႈနဲ႔ အဆိုေတာ္ကို ကိုယ္ခ်င္းစာမႈနဲ႔ ဆင္ျခင္ေပးပါ ခင္ဗ်ာ။ ပရိသတ္မ်ားက မနက္ ၆ နာရီထၿပီး ခက္ခက္ခဲခဲတန္းစီ လက္မွတ္ဝယ္ထားရတာပါ ပြဲကိုပဲ Enjoy လုပ္ပါခင္ဗ်ာ။ ဘာ လက္ေဆာင္မွ ယူမလာပါနဲ႔ ေဖ်ာ္ေျဖခ်ိန္မွာ လက္ေဆာင္ လက္ခံဖို႔ခက္ပါတယ္ တျခားသူလည္းအေႏွာက္အယွက္ျဖစ္ပါတယ္။ အမွတ္တရ လက္ေဆာင္ က်ေနာ္တို႔ေပးပါမယ္'' လုိ႔ ဆက္လက္ေျပာျပထားပါတယ္။


Photo: စုိင္းစုိင္းခမ္းလႈိင္ေဖ့စ္ဘြတ္ေပ့ခ်္

 စုိင္းစုိင္းဟာ သူ႔ရဲ႕ တစ္ကုိယ္ေတာ္ေဖ်ာ္ေျဖပြဲကုိ တက္ေရာက္မယ့္ စာနယ္ဇင္းမီဒီယာမ်ားကုိလည္း ေဖ်ာ္ေျဖခ်ိန္မွာ ရုိက္ကူးေရးျပဳလုပ္ခြင့္မျပဳ ဘူးလုိ႔ဆုိပါတယ္။ အဲ့ဒီေနာက္ သူ႔ရဲ႕ ပရိသတ္ေတြကုိလည္း ဂရုတစုိက္လာေစခ်င္တဲ့အေၾကာင္း ေျပာျပထားပါေသးတယ္။ အခ်ိန္ကုိေတာ့ ေအာက္တုိဘာ ၁၄ ရက္ေန႔ ည ၇ နာရီခြဲ အတိမွာ ျပဳလုပ္မယ္လုိ႔ သိရပါတယ္။

''တစ္လက္စတည္း စာနယ္ဇင္း မီဒီယာမ်ားလည္း ( 0n Line , YouTube အပါအဝင္ ) ဒီပြဲက အေခြထုတ္မွာျဖစ္တာေၾကာင့္ လာေရာက္ ႐ိုက္ကူးခြင့္မျပဳႏိုင္ေၾကာင္း ႀကိဳတင္ေတာင္းပန္ထားပါရေစခင္ဗ်ာ။ Sunday Night ဆိုေတာ့ မနက္ေက်ာင္းေတြ ရံုးေတြတက္ၾကရဦးမယ္ က်ေနာ္ ပြဲကို ၇:၃၀ အတိ စခ်င္ပါတယ္ ေနာက္မက်ပါနဲ႔ေနာ္။ အက်ႌပါးပါးဝတ္ပါ ေရဓာတ္ျဖည့္လာပါ အရင္ပြဲေတြလိုေတာ့ ပင္ပန္းမွာ မဟုတ္ပါဘူး ထိုင္ၾကည့္ရမွာပါ ပူေတာ့ပူပါမယ္'' လုိ႔ဆုိပါတယ္။


Photo: စုိင္းစုိင္းခမ္းလႈိင္ေဖ့စ္ဘြတ္ေပ့ခ်္

 စိုင္းစိုင္းဟာ လာမယ့္ ေအာက္တိုဘာ (၁၄) ရက္ေန႕မွာ "ၿပီးခဲ့ေသာဇာတ္လမ္းအက်ဥ္း" ဆိုတဲ့ နာမည္နဲ႕ ရိႈးပြဲတစ္ခု ျပဳလုပ္သြားမွာ ျဖစ္ပါတယ္။ အဲ့ဒီရိႈးပြဲကို ငယ္ငယ္က စိတ္ကူးအတိုင္း အမ်ိဳးသားကဇာတ္ရံုမွာ က်င္းပျပဳလုပ္သြားမွာျဖစ္ၿပီး ဓိရာမိုရ္ တီးဝိုင္းနဲ႕အတူ သီခ်င္းအားလံုးကို ေဖ်္ာေျဖမွာ ျဖစ္တယ္လို႕ သိရပါတယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun
# Unicode Version ျဖင့္ ဖတ္ပါ #
 စည်းကမ်းချက်တွေပြောပြလာပါတယ်။

စိုင်းစိုင်းရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲကျင်းပဖို့ ၄ ရက်သာလိုပါတော့တယ်။ ဒီဖျော်ဖြေပွဲမှာ ဖုန်းနဲ့ဖြစ်စေ၊ ကင်မရာနဲ့ဖြစ်စေ ပုံစံအမျိုးမျိုးနဲ့ ဗီဒီယို ရိုက်ကူးခွင့်မပြုဘူးလို့ ဆိုပါတယ်။ သူ့ရဲ့ ပရိသတ်တွေအတွက် ဂရုတစိုက်အမှာစကားပါးထားပါသေးတယ်။

Photo: စိုင်းစိုင်းခမ်းလှိုင်ဖေ့စ်ဘွတ်ပေ့ချ်

 ပရိသတ်တွေရင်ခုန်စွာ စောင့်မျှော်နေကြတဲ့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲကို အောက်တိုဘာလ ၁၄ ရက်နေ့မှာ ကျင်းပ ပြုလုပ်မှာ ဖြစ်ပါတယ်။ ဖျော်ဖြေပွဲပြုလုပ်ဖို့ ၄ ရက်သာလိုတော့တာဖြစ်တဲ့အတွက် ဖျော်ဖြေပွဲရဲ့ စည်းကမ်းချက်တွေကို အခုလို ပြောပြခဲ့ပါတယ်။

'' #SAISAI SHOW ကို ပရိသတ် ၁၅၀၀ နဲ့သာ ကျင်းပရတာဖြစ်တဲ့အတွက်  တစ်နိုင်ငံလုံးက ပရိသတ်တွေအတွက် သေချာရိုက်ကူး ထုတ်လွှင့် ဖြန့်ချိပေးနိုင်ဖို့ပြင်ဆင်နေပါတယ်။ ပွဲတက်ရောက်မယ့်ပရိသတ်များက ဖုန်းနဲ့ပဲဖြစ်ဖြစ် Camera နဲ့ပဲဖြစ်ဖြစ် video ရိုက်ကူးထားခြင်း မပြုလုပ် ဖို့ မေတ္တာရပ်ခံပါတယ် ကျနော်တို့ Professional Camera ဆရာတွေနဲ့ အကောင်းဆုံးရိုက်ပေးပါမယ်။ ကိုယ့်ဘေးက ခိုးရိုက်ရင်လည်း မရိုက်ဖို့ တားမြစ်ပေးပါ Quality မကောင်းတဲ့ Video ကြိုထွက်သွားရင် အခွေထုတ်ဖို့ အခက်အခဲရှိသွားပါတယ်'' လို့ ဆိုပါတယ်။

Photo: စိုင်းစိုင်းခမ်းလှိုင်ဖေ့စ်ဘွတ်ပေ့ချ်

 စိုင်းစိုင်းရဲ့ ပရိသတ်တွေအနေနဲ့ လက်ဆောင်ပေးဖို့ကိုလည်း ပြင်ဆင်မလာပါနဲ့လို့ ဆက်လက်ပြောပြထားပါတယ်။ ဒါကလည်း ပွဲကြည့် ပရိသတ် အချင်းချင်းအနှောက်အယှက်ဖြစ်စေနိုင်တာကြောင့်ပါ ဆိုပြီးတော့ အောက်တိုဘာလ ၁၀ ရက်နေ့ မနက် ၉ နာရီခွဲက စိုင်းစိုင်းရဲ့ တရားဝင်ဖေ့စ်ဘွတ်ပေ့ချ်ကနေ ပြောပြထားပါတယ်။

''သင့်ကြောင့် ကျန်တဲ့ပရိသတ်တွေ မကြည့်ရတော့မှာမျိုးကို ပရိသတ်အချင်းချင်းစာနာမှုနဲ့ အဆိုတော်ကို ကိုယ်ချင်းစာမှုနဲ့ ဆင်ခြင်ပေးပါ ခင်ဗျာ။ ပရိသတ်များက မနက် ၆ နာရီထပြီး ခက်ခက်ခဲခဲတန်းစီ လက်မှတ်ဝယ်ထားရတာပါ ပွဲကိုပဲ Enjoy လုပ်ပါခင်ဗျာ။ ဘာ လက်ဆောင်မှ ယူမလာပါနဲ့ ဖျော်ဖြေချိန်မှာ လက်ဆောင် လက်ခံဖို့ခက်ပါတယ် တခြားသူလည်းအနှောက်အယှက်ဖြစ်ပါတယ်။ အမှတ်တရ လက်ဆောင် ကျနော်တို့ပေးပါမယ်'' လို့ ဆက်လက်ပြောပြထားပါတယ်။

Photo: စိုင်းစိုင်းခမ်းလှိုင်ဖေ့စ်ဘွတ်ပေ့ချ်

 စိုင်းစိုင်းဟာ သူ့ရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို တက်ရောက်မယ့် စာနယ်ဇင်းမီဒီယာများကိုလည်း ဖျော်ဖြေချိန်မှာ ရိုက်ကူးရေးပြုလုပ်ခွင့်မပြု ဘူးလို့ဆိုပါတယ်။ အဲ့ဒီနောက် သူ့ရဲ့ ပရိသတ်တွေကိုလည်း ဂရုတစိုက်လာစေချင်တဲ့အကြောင်း ပြောပြထားပါသေးတယ်။ အချိန်ကိုတော့ အောက်တိုဘာ ၁၄ ရက်နေ့ ည ၇ နာရီခွဲ အတိမှာ ပြုလုပ်မယ်လို့ သိရပါတယ်။

''တစ်လက်စတည်း စာနယ်ဇင်း မီဒီယာများလည်း ( 0n Line , YouTube အပါအဝင် ) ဒီပွဲက အခွေထုတ်မှာဖြစ်တာကြောင့် လာရောက် ရိုက်ကူးခွင့်မပြုနိုင်ကြောင်း ကြိုတင်တောင်းပန်ထားပါရစေခင်ဗျာ။ Sunday Night ဆိုတော့ မနက်ကျောင်းတွေ ရုံးတွေတက်ကြရဦးမယ် ကျနော် ပွဲကို ၇:၃၀ အတိ စချင်ပါတယ် နောက်မကျပါနဲ့နော်။ အင်္ကျီပါးပါးဝတ်ပါ ရေဓာတ်ဖြည့်လာပါ အရင်ပွဲတွေလိုတော့ ပင်ပန်းမှာ မဟုတ်ပါဘူး ထိုင်ကြည့်ရမှာပါ ပူတော့ပူပါမယ်'' လို့ဆိုပါတယ်။

Photo: စိုင်းစိုင်းခမ်းလှိုင်ဖေ့စ်ဘွတ်ပေ့ချ်

 စိုင်းစိုင်းဟာ လာမယ့် အောက်တိုဘာ (၁၄) ရက်နေ့မှာ "ပြီးခဲ့သောဇာတ်လမ်းအကျဉ်း" ဆိုတဲ့ နာမည်နဲ့ ရှိုးပွဲတစ်ခု ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ အဲ့ဒီရှိုးပွဲကို ငယ်ငယ်က စိတ်ကူးအတိုင်း အမျိုးသားကဇာတ်ရုံမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ဓိရာမိုရ် တီးဝိုင်းနဲ့အတူ သီချင်းအားလုံးကို ဖျေ်ာဖြေမှာ ဖြစ်တယ်လို့ သိရပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Duwun

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top