(၉) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုး အိမ္ၿခံေျမအေရာင္းျပပဲြၾကီး
×

သူငယ္ခ်င္းေတြနဲ႔ အခ်ိန္အတူတူ ျဖဳန္းၿပီး အၿမဲတမ္း ေပ်ာ္႐ႊင္ေနတဲ့ တစ္ေယာက္ သူ႔ ဘ၀ သက္တမ္း (၈) ႏွစ္ေလာက္ထိ မျပတ္နမိုင္ပဲ ခ်စ္ခဲ့ရတဲ့ ခ်စ္သူ အတြက္ ဘာခံစားခ်က္ မွ မရွိပဲ ၿပဳံးေနႏိုင္မယ္လို႔ ပရိသတ္ေတြ ထင္မိပါမလား။ သူမရဲ႕ ခ်စ္သူျဖစ္တဲ့ Justin Bieber ကေတာ့ သူ႔ရဲ႕ လက္ရွိခ်စ္သူ ျဖစ္တဲ့ Hailey Baldwinနဲ႔ လက္ထပ္ၿပီး ၿပီး ျဖစ္သလို သူတို႔ ႏွစ္ေယာက္ရဲ႕ အေပ်ာ္ဆ့ုးအခ်ိန္ေတြ ပိုင္ဆိုင္ေနခ်ိန္မွာ Selena တစ္ေယာက္ ေပ်ာ္ေနမယ္လို႔ ထင္မိပါ့မလား။
 
 ကမာၻေက်ာ္ တစ္ေယာက္ အေနနဲ႔ သူ႔ရဲ႕ စိတ္ထဲမွာ ခံစားေနတဲ့ ခံစားခ်က္ေတြကို ေဖာ္ျပႏိုင္ ခြင့္ မရွိသလို သူ႔ရဲ႕ အခ်စ္ေရး၊ လူမႈေရး၊ က်န္းမာေရးနဲ႔ မိသားစု ေရးေတြမွာ လည္း အဆင္မေျပမႈေလးေတြ ရွိေနႏိုင္တာမို႔ ကင္မရာ ေရွ႕၊ မီဒီယာေတြ ေရွ႕ ေရာက္တိုင္း သူမကေတာ့ အၿမဲတမ္း ၿပဳံးေနခဲ့ပါတယ္။

စက္တင္ဘာလ(၁၄) ရက္ေန႔မွာ သူမရဲ႕ Instagram ထက္ကေန သူမဟာ ဆိုရွယ္ မီဒီယာ အသုံးျပဳ မႈ ေတြ ရပ္နားမယ္လို႔ ဆိုခဲ့ဖူးပါတယ္။ သူမ ရဲ႕ စိတ္ခံစားခ်က္ ေတြကို ဖုံးကြယ္ၿပီး လက္ေတ့ြ ဘဝထဲမွာ ဘာေတြ ရွိေနႏိုင္မလဲဆိုတာ တကယ္မသိႏိုင္သလို လက္ရွိမွာေတာ့ Selena Gomez စိတ္ပိုင္းဆိုင္ ရာ ေဆးကုသမႈေတြ ခံယူေနရပါတယ္။ စိတ္ဒဏ္ရာ၊ စိတ္ဓာတ္က်ျခင္းေတြနဲ႔ အတူ သူမကို သူမ ေမွ်ာ္လင့္ခ်က္မဲ့ေနျခင္း ၊စိတ္ခံစားလြယ္ေနျခင္း စသျဖင့္ စိတ္ပိုင္းဆိုင္ ရာ မတည္ၿငိမ္မႈေတြ ခံစားေနရၿပီး သူမရဲ႕ အရင္တစ္ႏွစ္က ေက်ာက္ကပ္ခြဲစိတ္ အစားထိုးၿပီးေနာက္ မွာ ေသြးျဖဴဥဆဲလ္ ေတြဟာ ပုံမွန္အလုပ္မလုပ္ႏိုင္ပဲ အေျခအေနဆိုးေလာက္ေအာင္ ေႏွးေနတယ္ လို႔ ဆိုပါတယ္။

Selena ဟာ လက္ရွိ အေမရိကန္ျပည္ေထာင္စု၊ ကယ္လီဖိုးနီးယား ျပည္နယ္ ၊ ေလာ့အိန္ဂ်ယ္ၿမိဳ႕ရဲ႕ Cedars-Sinai Medical Centerမွာ dialectical behavior therapy (အမွန္တရားအျပဳအမူ၊ အေၾကာင္းအရာကို ရွာေဖြျခင္း စိတ္ေရာဂါကုထုံး) နဲ႔ ကုသမႈ ခံယူေနၿပီး သူမဟာ လက္ရွိအေျခအေနမွာ မယုံၾကည္ႏိုင္ေလာက္ေအာင္ စိတ္ထိခိုက္ၿပီး ေဆာက္တည္ရာမရေအာင္ စိတ္ဓာတ္က်ျခင္းကို ခံစားေနရတာ ျဖစ္ပါတယ္။ လြန္ခဲ့တဲ့ ႏွစ္မွာေတာ့ သူမရဲ႕ အခ်စ္ဆုံး သူငယ္ခ်င္း Francia Raisa ဆီကေန အစားထိုး ေက်ာက္ကပ္ ခြဲစိတ္မႈ ရယူႏိုင္ခဲ့ၿပီး သူမ အသက္ရွင္ေနႏိုင္ေပမဲ့လည္း လက္ရွိ သူမ ခံစားေနရတဲ့ ေရာဂါ ဟာ ႐ုပ္ပိုင္းဆိုင္ရာ ေရာဂါထက္ စိတ္ေရာဂါျဖစ္ေနတာေၾကာင့္ Selena တစ္ေယာက္ ကိုယ္တိုင္ႀကိဳးစားတိုက္ခိုက္ ရမွာပါ။

Video ၾကည့္ရန္

source: http://www.justjaredjr.com;
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Swesonenew

#Unicode Version#
သူငယ်ချင်းတွေနဲ့ အချိန်အတူတူ ဖြုန်းပြီး အမြဲတမ်း ပျော်ရွှင်နေတဲ့ တစ်ယောက် သူ့ ဘ၀ သက်တမ်း (၈) နှစ်လောက်ထိ မပြတ်နမိုင်ပဲ ချစ်ခဲ့ရတဲ့ ချစ်သူ အတွက် ဘာခံစားချက် မှ မရှိပဲ ပြုံးနေနိုင်မယ်လို့ ပရိသတ်တွေ ထင်မိပါမလား။ သူမရဲ့ ချစ်သူဖြစ်တဲ့ Justin Bieber ကတော့ သူ့ရဲ့ လက်ရှိချစ်သူ ဖြစ်တဲ့ Hailey Baldwinနဲ့ လက်ထပ်ပြီး ပြီး ဖြစ်သလို သူတို့ နှစ်ယောက်ရဲ့ အပျော်ဆ့ုးအချိန်တွေ ပိုင်ဆိုင်နေချိန်မှာ Selena တစ်ယောက် ပျော်နေမယ်လို့ ထင်မိပါ့မလား။ ကမ္ဘာကျော် တစ်ယောက် အနေနဲ့ သူ့ရဲ့ စိတ်ထဲမှာ ခံစားနေတဲ့ ခံစားချက်တွေကို ဖော်ပြနိုင် ခွင့် မရှိသလို သူ့ရဲ့ အချစ်ရေး၊ လူမှုရေး၊ ကျန်းမာရေးနဲ့ မိသားစု ရေးတွေမှာ လည်း အဆင်မပြေမှုလေးတွေ ရှိနေနိုင်တာမို့ ကင်မရာ ရှေ့၊ မီဒီယာတွေ ရှေ့ ရောက်တိုင်း သူမကတော့ အမြဲတမ်း ပြုံးနေခဲ့ပါတယ်။

စက်တင်ဘာလ(၁၄) ရက်နေ့မှာ သူမရဲ့ Instagram ထက်ကနေ သူမဟာ ဆိုရှယ် မီဒီယာ အသုံးပြု မှု တွေ ရပ်နားမယ်လို့ ဆိုခဲ့ဖူးပါတယ်။ သူမ ရဲ့ စိတ်ခံစားချက် တွေကို ဖုံးကွယ်ပြီး လက်တေ့ွ ဘဝထဲမှာ ဘာတွေ ရှိနေနိုင်မလဲဆိုတာ တကယ်မသိနိုင်သလို လက်ရှိမှာတော့ Selena Gomez စိတ်ပိုင်းဆိုင် ရာ ဆေးကုသမှုတွေ ခံယူနေရပါတယ်။ စိတ်ဒဏ်ရာ၊ စိတ်ဓာတ်ကျခြင်းတွေနဲ့ အတူ သူမကို သူမ မျှော်လင့်ချက်မဲ့နေခြင်း ၊စိတ်ခံစားလွယ်နေခြင်း စသဖြင့် စိတ်ပိုင်းဆိုင် ရာ မတည်ငြိမ်မှုတွေ ခံစားနေရပြီး သူမရဲ့ အရင်တစ်နှစ်က ကျောက်ကပ်ခွဲစိတ် အစားထိုးပြီးနောက် မှာ သွေးဖြူဥဆဲလ် တွေဟာ ပုံမှန်အလုပ်မလုပ်နိုင်ပဲ အခြေအနေဆိုးလောက်အောင် နှေးနေတယ် လို့ ဆိုပါတယ်။

Selena ဟာ လက်ရှိ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား ပြည်နယ် ၊ လော့အိန်ဂျယ်မြို့ရဲ့ Cedars-Sinai Medical Centerမှာ dialectical behavior therapy (အမှန်တရားအပြုအမူ၊ အကြောင်းအရာကို ရှာဖွေခြင်း စိတ်ရောဂါကုထုံး) နဲ့ ကုသမှု ခံယူနေပြီး သူမဟာ လက်ရှိအခြေအနေမှာ မယုံကြည်နိုင်လောက်အောင် စိတ်ထိခိုက်ပြီး ဆောက်တည်ရာမရအောင် စိတ်ဓာတ်ကျခြင်းကို ခံစားနေရတာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်မှာတော့ သူမရဲ့ အချစ်ဆုံး သူငယ်ချင်း Francia Raisa ဆီကနေ အစားထိုး ကျောက်ကပ် ခွဲစိတ်မှု ရယူနိုင်ခဲ့ပြီး သူမ အသက်ရှင်နေနိုင်ပေမဲ့လည်း လက်ရှိ သူမ ခံစားနေရတဲ့ ရောဂါ ဟာ ရုပ်ပိုင်းဆိုင်ရာ ရောဂါထက် စိတ်ရောဂါဖြစ်နေတာကြောင့် Selena တစ်ယောက် ကိုယ်တိုင်ကြိုးစားတိုက်ခိုက် ရမှာပါ။

Video ကြည့်ရန်

source: http://www.justjaredjr.com;

ဖိုးသူတော် (www.phothutaw.com)
Credit: Swesonenew
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top