ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

ရန္ကုန္တိုင္းေဒသႀကီး၊ ဗဟန္းၿမိဳ႕နယ္တြင္တည္ရွိသည့္ တပ္မေတာ္ပိုင္ ျမရိပ္ညိဳဟုိတယ္ေဟာင္းေနရာရိွ ေျမ ၁၄ ဧကကုိ ေဇကမၻာကုမၸဏီလိမိတက္အား ငွားရမ္းမႈအား ရပ္ဆုိင္းထားေၾကာင္း တပ္ၿမိဳ႕ စည္ပင္အတြင္းေရးမွဴး ဦးမုိးမင္းဝင္းက ေျပာသည္။

အဆုိပါေနရာတြင္ အေမရိကန္ေဒၚလာသန္း ၅ဝဝ ရင္းႏွီးၿမႇဳပ္ႏွံ၍ ေဇကမၻာ ကုမၸဏီလီမိတက္မွ ၄ဝ ရာခိုင္ႏႈန္း၊ တ႐ုတ္ ကုမၸဏီမွ ၆ဝ ရာခိုင္ႏႈန္းရင္းႏွီးမတည္မည့္ Yangon New World စီမံကိန္း အေကာင္အထည္ေဖာ္မည္ဟုသိရေသာ္လည္း ေဇကမၻာကုမၸဏီအေနျဖင့္ သေဘာတူညီမႈမွတ္တမ္းလႊာ MoA အရသာ ခ်ဳပ္ဆိုထားဆဲျဖစ္ၿပီး B.O.T စာခ်ဳပ္ ခ်ဳပ္ဆိုႏိုင္ျခင္းမရွိသည့္ ကာလအတြင္း စာခ်ဳပ္ပါစည္းကမ္းမ်ားအေပၚ မလိုက္နာေသာေၾကာင့္ တပ္ၿမိဳ႕စည္ပင္ကစီမံကိန္း

ေၿမငွားရမ္းမႈကို ရပ္ဆိုင္းထားေၾကာင္း သိရသည္။ျမရိပ္ညိဳဟုိတယ္ေျမေနရာသည္ ေျမ ၁၃ ဒသမ ၇၉၄ ဧကက်ယ္ဝန္းၿပီး B.O.T စနစ္ျဖင့္ လုပ္ငန္းမ်ား ေဆာင္ ရြက္ရန္အတြက္ ၂ဝ၁၄ ခုႏွစ္ ဇန္နဝါရီလ ၁၆ ရက္က ေဇကမၻာကုမၸဏီျဖင့္ ႀကိဳတင္ သေဘာတူညီမႈ မွတ္တမ္းလႊာ (M.O.A) လက္မွတ္ေရးထိုးေဆာင္ရြက္ခဲ့ေၾကာင္း၊ ထုိစာခ်ဳပ္သေဘာတူညီခ်က္အရ ေျမအသံုးခ်ခကန္ေဒၚလာ ၄၁ ဒသမ ၃၈၂ သန္းကို ၂ ႏွစ္အတြင္း ၅ ႀကိမ္ခြဲ၍ ေပးသြင္းရမည္ျဖစ္ေသာ္လည္း သတ္မွတ္ကာလအတြင္း ၂ ႀကိမ္အတြက္ ကန္ေဒၚ လာ ၁၆ ဒသမ ၅၅၂ သန္းသာ ေပးသြင္းခဲ့ေၾကာင္း၊ ေပးသြင္းရန္က်န္ရွိေနေသာ ၃ ႀကိမ္အတြက္ ကန္ေဒၚလာ ၂၄ ဒသမ ၈၂၉ သန္းကို ၂ဝ၁၆ ခုႏွစ္ ဇန္နဝါရီ ၁၆ ရက္တြင္ ေနာက္ဆံုး

ေပးသြင္းရမည္ျဖစ္ေသာ္လည္း ယေန႔အထိေပးသြင္းမႈမရွိေသာေၾကာင့္ အႀကိမ္ႀကိမ္ႏႈိးေဆာ္သတိေပးခဲ့ရေၾကာင္း ဦးမိုးမင္းဝင္းက ေျပာသည္။

အဆုိပါစီမံကိန္းသည္ MoA တြင္ပါရိွသည့္အတုိင္း B.O.T စာခ်ဳပ္ ခ်ဳပ္ဆိုႏိုင္မႈ မရွိေသးသည့္အတြက္ ေျမ အသံုးခ်ခႏွင့္ ၾကားကာလ ေျမငွားရမ္းခမ်ားေပးသြင္းမႈမရွိတာေၾကာင့္ ႏိုင္ငံေတာ္ဘ႑ာရရွိမႈနစ္နာခဲ့ေၾကာင္း ၎ကေျပာသည္။
ယင္းအျပင္ ေျမပိုင္ရွင္သို႔ ခြင့္ျပဳခ်က္တစံုတရာတင္ျပခြင့္ျပဳျခင္းမရွိဘဲ အဆိုပါေျမဧရိယာအတြင္းရွိ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီမွ ၁၉၉၆ ခုႏွစ္ သတ္မွတ္ထားခဲ့သည့္ ေရွးေဟာင္းလက္ရာစာရင္းဝင္ အေဆာက္အဦ ၂ လံုးျဖစ္ေသာ ၿမိဳ႕ေတာ္ဝန္အိမ္ House (C) ႏွင့္ ဧည့္ရိပ္သာ House (D) တို႔ကို ၿဖိဳဖ်က္ခဲ့ကာ ၎တို႔သေဘာအတိုင္း ႐ံုးႏွင့္ စီမံကိန္း
အေဆာက္အဦသစ္မ်ား ေဆာင္ရြက္ခဲ့ေၾကာင္း ၎ကဆက္ေျပာသည္။

”MIC နဲ႔ ေျမငွားရမ္းသူရဲ႕ ခြင့္ျပဳခ်က္မရရွိဘဲ ေရွးေဟာင္းလက္ရာစာရင္း ဝင္အေဆာက္အဦ ၂ လံုးနဲ႔ အျခား အေဆာက္အဦ ၂ လံုးကိုၿဖိဳဖ်က္ၿပီး ႐ံုးႏွင့္ စီမံကိန္းအေဆာက္အဦသစ္ေတြ ေဆာက္လုပ္တာ၊ ခြင့္ျပဳထားတာမရွိဘဲ ႏိုင္ငံျခားကုမၸဏီနဲ႔ ပူးေပါင္းေဆာင္ရြက္တဲ့သတင္းေတြကိုေဖာ္ျပခဲ့တာေတြဟာ MoA ပါ စည္းကမ္းခ်က္ေတြကို ေဖာက္ဖ်က္ေဆာင္ ရြက္ခဲ့တာျဖစ္လို႔ ေဇကမၻာကုမၸဏီကို ေျမ ငွားရမ္းမႈရပ္ဆိုင္းေဆာင္ရြက္ဖို႔ အေၾကာင္း ၾကားခဲ့ၿပီးျဖစ္ပါတယ္”ဟု ဦးမိုးမင္းဝင္းက ေျပာသည္။

ယင္းေနာက္ စီမံကိန္းေျမေနရာတြင္ ေျမတူးေဖာ္မႈမ်ားေၾကာင့္ အမ်ားျပည္သူမ်ား အသံုးျပဳေနသည့္ ကုကၠိဳင္းေရေလွာင္ ကန္ဆက္စပ္ေျမေနရာမ်ား ထိခိုက္ႏိုင္ သျဖင့္ စိုးရိမ္မႈမ်ားရွိေနၿပီး ကန္႔ကြက္မႈမ်ား ရွိသျဖင့္ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာ ေရးေကာ္မတီသို႔လည္း စီမံကိန္းလုပ္ငန္းအား ခြင့္ျပဳျခင္းမရွိရန္လည္း အေၾကာင္းၾကားခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: News Watch

#Unicode Version#
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်တွင်တည်ရှိသည့် တပ်မတော်ပိုင် မြရိပ်ညိုဟိုတယ်ဟောင်းနေရာရှိ မြေ ၁၄ ဧကကို ဇေကမ္ဘာကုမ္ပဏီလိမိတက်အား ငှားရမ်းမှုအား ရပ်ဆိုင်းထားကြောင်း တပ်မြို့ စည်ပင်အတွင်းရေးမှူး ဦးမိုးမင်းဝင်းက ပြောသည်။

အဆိုပါနေရာတွင် အမေရိကန်ဒေါ်လာသန်း ၅ဝဝ ရင်းနှီးမြှုပ်နှံ၍ ဇေကမ္ဘာ ကုမ္ပဏီလီမိတက်မှ ၄ဝ ရာခိုင်နှုန်း၊ တရုတ် ကုမ္ပဏီမှ ၆ဝ ရာခိုင်နှုန်းရင်းနှီးမတည်မည့် Yangon New World စီမံကိန်း အကောင်အထည်ဖော်မည်ဟုသိရသော်လည်း ဇေကမ္ဘာကုမ္ပဏီအနေဖြင့် သဘောတူညီမှုမှတ်တမ်းလွှာ MoA အရသာ ချုပ်ဆိုထားဆဲဖြစ်ပြီး B.O.T စာချုပ် ချုပ်ဆိုနိုင်ခြင်းမရှိသည့် ကာလအတွင်း စာချုပ်ပါစည်းကမ်းများအပေါ် မလိုက်နာသောကြောင့် တပ်မြို့စည်ပင်ကစီမံကိန်း

မြေငှားရမ်းမှုကို ရပ်ဆိုင်းထားကြောင်း သိရသည်။မြရိပ်ညိုဟိုတယ်မြေနေရာသည် မြေ ၁၃ ဒသမ ၇၉၄ ဧကကျယ်ဝန်းပြီး B.O.T စနစ်ဖြင့် လုပ်ငန်းများ ဆောင် ရွက်ရန်အတွက် ၂ဝ၁၄ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်က ဇေကမ္ဘာကုမ္ပဏီဖြင့် ကြိုတင် သဘောတူညီမှု မှတ်တမ်းလွှာ (M.O.A) လက်မှတ်ရေးထိုးဆောင်ရွက်ခဲ့ကြောင်း၊ ထိုစာချုပ်သဘောတူညီချက်အရ မြေအသုံးချခကန်ဒေါ်လာ ၄၁ ဒသမ ၃၈၂ သန်းကို ၂ နှစ်အတွင်း ၅ ကြိမ်ခွဲ၍ ပေးသွင်းရမည်ဖြစ်သော်လည်း သတ်မှတ်ကာလအတွင်း ၂ ကြိမ်အတွက် ကန်ဒေါ် လာ ၁၆ ဒသမ ၅၅၂ သန်းသာ ပေးသွင်းခဲ့ကြောင်း၊ ပေးသွင်းရန်ကျန်ရှိနေသော ၃ ကြိမ်အတွက် ကန်ဒေါ်လာ ၂၄ ဒသမ ၈၂၉ သန်းကို ၂ဝ၁၆ ခုနှစ် ဇန်နဝါရီ ၁၆ ရက်တွင် နောက်ဆုံး

ပေးသွင်းရမည်ဖြစ်သော်လည်း ယနေ့အထိပေးသွင်းမှုမရှိသောကြောင့် အကြိမ်ကြိမ်နှိုးဆော်သတိပေးခဲ့ရကြောင်း ဦးမိုးမင်းဝင်းက ပြောသည်။

အဆိုပါစီမံကိန်းသည် MoA တွင်ပါရှိသည့်အတိုင်း B.O.T စာချုပ် ချုပ်ဆိုနိုင်မှု မရှိသေးသည့်အတွက် မြေ အသုံးချခနှင့် ကြားကာလ မြေငှားရမ်းခများပေးသွင်းမှုမရှိတာကြောင့် နိုင်ငံတော်ဘဏ္ဍာရရှိမှုနစ်နာခဲ့ကြောင်း ၎င်းကပြောသည်။
ယင်းအပြင် မြေပိုင်ရှင်သို့ ခွင့်ပြုချက်တစုံတရာတင်ပြခွင့်ပြုခြင်းမရှိဘဲ အဆိုပါမြေဧရိယာအတွင်းရှိ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ၁၉၉၆ ခုနှစ် သတ်မှတ်ထားခဲ့သည့် ရှေးဟောင်းလက်ရာစာရင်းဝင် အဆောက်အဦ ၂ လုံးဖြစ်သော မြို့တော်ဝန်အိမ် House (C) နှင့် ဧည့်ရိပ်သာ House (D) တို့ကို ဖြိုဖျက်ခဲ့ကာ ၎င်းတို့သဘောအတိုင်း ရုံးနှင့် စီမံကိန်း
အဆောက်အဦသစ်များ ဆောင်ရွက်ခဲ့ကြောင်း ၎င်းကဆက်ပြောသည်။

”MIC နဲ့ မြေငှားရမ်းသူရဲ့ ခွင့်ပြုချက်မရရှိဘဲ ရှေးဟောင်းလက်ရာစာရင်း ဝင်အဆောက်အဦ ၂ လုံးနဲ့ အခြား အဆောက်အဦ ၂ လုံးကိုဖြိုဖျက်ပြီး ရုံးနှင့် စီမံကိန်းအဆောက်အဦသစ်တွေ ဆောက်လုပ်တာ၊ ခွင့်ပြုထားတာမရှိဘဲ နိုင်ငံခြားကုမ္ပဏီနဲ့ ပူးပေါင်းဆောင်ရွက်တဲ့သတင်းတွေကိုဖော်ပြခဲ့တာတွေဟာ MoA ပါ စည်းကမ်းချက်တွေကို ဖောက်ဖျက်ဆောင် ရွက်ခဲ့တာဖြစ်လို့ ဇေကမ္ဘာကုမ္ပဏီကို မြေ ငှားရမ်းမှုရပ်ဆိုင်းဆောင်ရွက်ဖို့ အကြောင်း ကြားခဲ့ပြီးဖြစ်ပါတယ်”ဟု ဦးမိုးမင်းဝင်းက ပြောသည်။

ယင်းနောက် စီမံကိန်းမြေနေရာတွင် မြေတူးဖော်မှုများကြောင့် အများပြည်သူများ အသုံးပြုနေသည့် ကုက္ကိုင်းရေလှောင် ကန်ဆက်စပ်မြေနေရာများ ထိခိုက်နိုင် သဖြင့် စိုးရိမ်မှုများရှိနေပြီး ကန့်ကွက်မှုများ ရှိသဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီသို့လည်း စီမံကိန်းလုပ်ငန်းအား ခွင့်ပြုခြင်းမရှိရန်လည်း အကြောင်းကြားခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: News Watch
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top