iMyanmarHouse.com - Best Property Website for Myanmar
×

ေအာက္တိုဘာလ ၂ ရက္ေန႔ ညေနပိုင္းတြင္ ဘဏ္မွထုတ္ယူလာေသာ ေငြထုတ္ထဲမွ က်ပ္တစ္ေသာင္းတန္ ေငြစကၠဴအတု (၃)ရြက္ ပါလာသည့္ကိစၥအား လူမွုကြန္ယက္အြန္လိုင္းေပၚမွ Live လႊင္ကာ ေျပာဆိုခဲ့ေသာ မႏြယ္ႏြယ္သင္းယုေဝ အား ဆက္သြယ္ေရးပုဒ္မ ၆၆(ဃ)ျဖင့္ အမွုဖြင့္တိုင္ၾကားထားေၾကာင္း သိရွိရသည္။

ျဖစ္စဥ္မွာ ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ ၂ ရက္ေန႔ ညေန ၅ နာရီအခ်ိန္ ဘီးလင္းၿမိဳ႕၊ ကန္သာယာရပ္ကြက္ ရွိ ဧရာဝတီဘဏ္ခြဲသို႔ ဆရာစံရပ္ကြက္ေန ေဒၚအိသဥၨာလွိုင္ မွေငြက်ပ္သိန္း(၂၀၀) အား ေငြစာရင္းဖြင့္လွစ္ အပ္ႏွံစဥ္(၁၀,၀၀၀)က်ပ္တန္ ေငြစကၠဴအတု(၃)ရြက္ပါရွိလာသျဖင့္ ဘဏ္အႀကီးတန္း(လက္ေထာက္) ေငြေၾကးတာဝန္ခံျဖစ္သူ ဘိုးရာဇာရပ္ကြက္ေန မအိအိေက်ာ္(၂၇)ႏွစ္မွ ဘီးလင္းၿမိဳ႕မရဲစခန္းသို႔ လာေရာက္ အပ္ႏွံခဲ့သည္။

အဆိုပါကိစၥႏွင့္ပတ္သက္၍ ေဒၚအိသဥၨာလွိုင္၏ ညီမဝမ္းကြဲ ေဒၚႏြယ္ႏြယ္သင္းယုေဝ မွ လူမွုကြန္ရက္ Facebook စာမ်က္ႏွာေပၚတြင္ ” ဧရာဝတီဘဏ္လီမိတက္(ဘီးလင္းဘဏ္ခြဲ)ရွိ ဘဏ္ဝန္ထမ္း(၁)ဦးက ေငြအတုထည့္သည္ကို

 ဘဏ္၏ CCTV မွတ္တမ္း၌ ေတြ႕ျမင္ရကာ ၎၏ အစ္မျဖစ္သူအား ဘဏ္မွ ၿခိမ္းေျခာက္ေျပာဆိုသည္”ဟု Liveလႊင့္ခဲ့ေသာေၾကာင့္ ဂုဏ္သိကၡာက် ဆင္းေအာင္ လူမွုကြန္ရက္ေပၚ၌ မဟုတ္မွန္ေျပာဆို Live လႊင့္ခဲ့မွုအား အေရးယူေပးရန္ တိုင္တန္းခ်က္အရ ေဒၚႏြယ္ႏြယ္သင္းယုေဝ အား ဘီးလင္းၿမိဳ႕မရဲစခန္း(ပ)၄၆၃/ ၂၀၁၈၊ ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၆(ဃ) ျဖင့္ အေရးယူထားေၾကာင္း သိရွိရသည္။

အဆိုပါျဖစ္စဥ္နဲ႔ ပက္သက္ၿပီး ဧရာဝတီဘဏ္မွလည္း ရွင္းလင္းခ်က္ တစ္ေစာင္ကို ေအာက္တိုဘာလ ၂ ရက္ေန႔က ေအာက္ပါအတိုင္း ခ်က္ျခင္းထုတ္ျပန္ခဲ့သည္။

“ဘီးလင္းဘဏ္ခြဲတြင္ (၂-၁၀-၂၀၁၈) ရက္ေန႔က ျဖစ္ပြားခဲ့သည့္ ျဖစ္စဥ္ႏွင့္ ပတ္သက္ၿပီး ရွင္းလင္းတင္ျပခ်က္”

ခ်စ္ခင္ေလးစားရပါေသာ မိဘျပည္သူမ်ားအား လက္တေလာ ဧရာဝတီဘဏ္ ဘီလင္းဘဏ္ခြဲမွ ကိစၥရပ္အား သိရွိနိုင္ပါရန္ ေလးစားစြာ တင္ျပအပ္ပါသည္။

(၂-၁၀-၂၀၁၈) ရက္ေန႔တြင္ ဧရာဝတီဘဏ္ ဘီးလင္းဘဏ္ခြဲသို႔ ဘဏ္ဝန္ေဆာင္မွုမ်ားအား ပုံမွန္ အသုံးျပဳသူ မအိသဥၨာလွိုင္သည္ နံနက္ (၁၀) နာရီခြဲခန႔္တြင္ ဘဏ္သို႔ လာေရာက္၍ ယင္း၏ ဘဏ္အေကာင့္သို႔ ေငြက်ပ္သိန္း (၂၀၀) တစ္ေသာင္းတန္ (၁၀) အုပ္ (၂) စည္း ေငြေပးသြင္းရာတြင္ ဝန္ထမ္းမ်ားမွ ေငြ အတု/အစစ္ ခြဲျခား စစ္ေဆးသည့္

စက္ျဖင့္ စစ္ေဆးစဥ္ ေငြစကၠဴအတုဟု ယူဆရေသာ ၁၀,၀၀၀ က်ပ္တန္ (၃) ရြက္ ေတြ႕ရွိသျဖင့္ ျမန္မာနိုင္ငံေတာ္ ဗဟိုဘဏ္၏ ညႊန္ၾကားခ်က္မ်ားအရ ဘဏ္၏ လုပ္ထုံး လုပ္နည္းအတိုင္း ေငြစကၠဴအတုမ်ား ျဖစ္ေၾကာင္း ရွင္းလင္းေျပာျပခဲ့ၿပီး အဆိုပါ ေငြစကၠဴအတု ၁၀,၀၀၀ က်ပ္တန္ (၃) ရြက္အား ၿမိဳ႕နယ္ရဲစခန္းသို႔ အပ္ႏွံ ရမည္ ျဖစ္ေၾကာင္း အသိေပးေျပာၾကားခဲ့ၿပီး ဘီးလင္းၿမိဳ႕ ရဲတပ္ဖြဲ႕ စခန္းသို႔ တရားဝင္ သတင္းပို႔ အပ္ႏွံခဲ့ပါသည္။

ထိုကဲ့သို႔ လုပ္ထုံးလုပ္နည္းအား ရွင္းလင္းေျပာၾကားမွုကို ေငြလာေရာက္ ေပးသြင္းသည့္ မအိသဥၨာလွိုင္မွ ေက်နပ္စြာ နားလည္ လက္ခံၿပီး ေငြက်ပ္ သုံးေသာင္း ေပးအပ္ခဲ့ခ်ိန္တြင္ ဘဏ္သို႔ လာေရာက္သည့္ အမ်ိဳးသမီး တစ္ဦးမွ ေငြစကၠဴအတုအား လိုက္လံၾကည့္ရွုၿပီး ဓါတ္ပုံ ရိုက္ျခင္း ျပဳလုပ္ျခင္းႏွင့္ ဘဏ္၏ျပင္ပတြင္ ၎၏ Facebook မွတဆင့္ Live လႊင့္တင္ခဲ့ပါသည္။

ထိုသို႔ Live လႊင့္တင္ခဲ့ရာတြင္ ဘဏ္ခြဲမွ တာဝန္ရွိသူ ဝန္ထမ္းသည္ ေငြစကၠဴအတုအား လဲလွယ္ခဲ့ သည္ဟု မဟုတ္မမွန္ စြပ္စြဲေျပာၾကားျခင္း၊ ဘဏ္ဝန္ထမ္းမ်ား၏ ဂုဏ္သိကၡာက်ဆင္းေစရန္ႏွင့္ အမ်ားျပည္သူမ်ား ယုံမွား သံသယ ျဖစ္ေစရန္ အႀကိမ္ႀကိမ္ ေျပာဆိုျခင္းမ်ားအား Facebook Account ပိုင္ရွင္ Nwe Nwe YU Wai (YU Wai OO) မွ ေဆာင္ရြက္ခဲ့ေၾကာင္း သိရွိခဲ့ရပါသည္။

ျဖစ္စဥ္မ်ားကို သိရွိခ်ိန္တြင္ ဧရာဝတီဘဏ္အား ယုံၾကည္စြာျဖင့္ ေငြလာေရာက္ အပ္ႏွံသည့္ ဘဏ္စာရင္း ပိုင္ရွင္ မအိသဥၨာလွိုင္အား ပိုမိုတိက်မွန္ကန္ေသာ အေျဖရရွိနိုင္ရန္အတြက္ တာဝန္ရွိသူမ်ား ျဖစ္သည့္ ဘီးလင္း ရဲတပ္ဖြဲ႕ စခန္းမွ ရဲအရာရွိမ်ား၊ မြန္ျပည္နယ္ မွုခင္းတပ္ဖြဲ႕ တာဝန္ခံ ရဲအရာရွိႏွင့္ ဧရာဝတီဘဏ္မွ Risk and Compliance Team (Enterprise Risk Management Department)

တို႔မွ တာဝန္ယူ စစ္ေဆးခဲ့ပါသည္။ ထို႔ျပင္ ဘီးလင္း ၿမိဳ႕နယ္ လႊတ္ေတာ္ ကိုယ္စားလွယ္႐ုံးတြင္ ဘဏ္၏ ဝန္ေဆာင္မွုအား အသုံးျပဳသည့္ မအိသဥၨာလွိုင္ႏွင့္ ယင္းခင္ပြန္း ျဖစ္သူတို႔အားၿမိဳ႕နယ္ လႊတ္ေတာ္ ကိုယ္စားလွယ္၊ ရပ္မိရပ္ဖမ်ားႏွင့္ ဧရာဝတီဘဏ္ တာဝန္ရွိသူမ်ားမွ ေတြ႕ဆုံ ရွင္းလင္း ေျပာၾကားခဲ့ပါသည္။ ဘီးလင္း ဘဏ္ခြဲတြင္ ဘဏ္ခြဲ တာဝန္ခံ၊ ေငြကိုင္မွူး ႏွင့္ တာဝန္ရွိသူမ်ားမွ မအိသဥၨာလွိုင္၊

ယင္း၏အမ်ိဳးသားတို႔ႏွင့္အတူ CCTV မွတ္တမ္းအား ျပန္လည္ ၾကည့္ရွုစစ္ေဆးခဲ့ၾကၿပီး ျဖစ္စဥ္ အမွန္အား သိရွိခြင့္ရသည့္အတြက္ ဧရာဝတီဘဏ္ႏွင့္ တာဝန္ရွိသူမ်ားအား မအိသဥၨာလွိုင္ ႏွင့္ ယင္း၏ ခင္ပြန္းတို႔မွ ေက်းဇူးတင္ရွိပါေၾကာင္း ေျပာၾကားခဲ့ပါသည္။ ဧရာဝတီဘဏ္တြင္ ယင္းတို႔၏ ေငြစာရင္း အေကာင့္မ်ား ဆက္လက္ထားရွိၿပီး ဘဏ္ဝန္ေဆာင္မွုမ်ား ဆက္လက္၍ ယုံၾကည္စြာ အသုံးျပဳသြားမည္ ျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါသည္။

ဆက္လက္၍ ဧရာဝတီဘဏ္၏ ဝန္ေဆာင္မွုမ်ား သုံးစြဲသူ မအိသဥၨာလွိုင္မွ ဘဏ္သို႔ Facebook တြင္ Live တင္သည့္ Nwe Nwe YU Wai (YU Wai OO) ႏွင့္အတူ လာေရာက္ျခင္း မဟုတ္ပါေၾကာင္း၊ ရွင္းလင္းေျပာျပ႐ုံမက အဆိုပါ Nwe Nwe YU Wai (YU Wai OO) သည္ Facebook မွတဆင့္ Live လႊင့္တင္ျခင္းအား မိမိ လုံးဝ သေဘာမတူေၾကာင္း၊ အခြင့္အေရးတစ္ရပ္အေနႏွင့္ မိမိနာမည္ ရရန္ မလုပ္သင့္ပါေၾကာင္းႏွင့္ ဤကိစၥလည္းမိမိႏွင့္ ဧရာဝတီဘဏ္သာ သက္ဆိုင္ပါေၾကာင္း ေျပာၾကားခဲ့ ပါသည္။

ထို႔အျပင္ အဆိုပါ Live Video လႊင့္တင္ျခင္းမ်ားအား ဖ်က္ေပးရန္ မအိသဥၨာလွိုင္မွ (၂-၁၀-၂၀၁၈) ရက္ေန႔ ညတြင္ Nwe Nwe YU Wai (YU Wai OO) အား သြားေရာက္ေတြ႕ဆုံၿပီး ထိုကဲ့သို႔ ျပဳလုပ္ျခင္း မျပဳရန္ ေတာင္းပန္ ခဲ့ေၾကာင္း၊ မိမိ အေနျဖင့္လည္း ဧရာဝတီဘဏ္ႏွင့္ ႏွစ္ဦးႏွစ္ဖက္ အဆင္ေျပပါေၾကာင္း၊ Nwe Nwe YU Wai (YU Wai OO) သည္ ၾကားထဲမွ မိမိႏွင့္ ဘဏ္ၾကား ျပႆနာျဖစ္ေစရန္ ပုံႀကီးခ်ဲ့ျခင္း ျဖစ္ေၾကာင္း၊

အခြင့္အေရး တစ္ရပ္ အျဖစ္ ထင္ေပၚေအာင္ ဤျဖစ္စဥ္အား အသုံးခ်ကာ မိမိတို႔အား အသုံးခ် လုပ္ေဆာင္သည္ဟု ယူဆေၾကာင္း၊ ဘဏ္ဘက္မွ တရားဥပေဒေၾကာင္းအရ လုပ္ေဆာင္စရာရွိသည္မ်ားကိုလည္း လုပ္ေဆာင္ရန္ မိမိအေနျဖင့္ လုံးဝ လက္ခံ သေဘာတူေၾကာင္း တို႔ကို ျပန္လည္ ေျပာၾကား ခဲ့ပါသည္။

သို႔ျဖစ္ပါ၍ Facebook ေပၚတြင္ ဧရာဝတီဘဏ္ ဘီးလင္း ဘဏ္ခြဲ ဝန္ထမ္းမ်ားမွ ေငြအတု လဲလွယ္ျခင္း ျပဳလုပ္ခဲ့ေၾကာင္း မဟုတ္မမွန္ စြပ္စြဲ ေျပာၾကားခဲ့သည့္ Facebook Account ပိုင္ရွင္ Nwe Nwe YU Wai (YU Wai OO) အား နစ္နာသူ ဘီးလင္း ဘဏ္ခြဲ ဝန္ထမ္းမ်ားမွ တည္ဆဲဥပေဒမ်ားအရ ဘီးလင္းၿမိဳ႕ရဲစခန္းတြင္ တိုင္ခ်က္ဖြင့္၍ တရားဥပေဒအရ ဆက္လက္ ေဆာင္ရြက္မည္ ျဖစ္ပါေၾကာင္း ေလးစားစြာ အသိေပးအပ္ပါသည္။

ဤျဖစ္စဥ္အေပၚတြင္ စာျဖင့္ေသာ္လည္းေကာင္း၊ ဖုန္းျဖင့္ေသာ္လည္းေကာင္း၊ ဆက္သြယ္ ေမးျမန္း ၾကပါေသာ၊ စိုးရိမ္ပူပန္ခဲ့ၾကရပါေသာမိဘ၊ ျပည္သူ၊ မိတ္သဂၤဟမ်ား အားလုံးကို ဧရာဝတီဘဏ္မွ ေက်းဇူးအထူး တင္ရွိပါေၾကာင္းႏွင့္ မိမိတို႔အေနျဖင့္ တည္ဆဲ ဥပေဒမ်ားျဖင့္ ဆက္လက္ ေဆာင္ရြက္သြားမည္ ျဖစ္ေၾကာင္း မိဘျပည္သူမ်ားအား အသိေပးတင္ျပအပ္ပါသည္။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit: POPOLAY

#Unicode Version#
အောက်တိုဘာလ ၂ ရက်နေ့ ညနေပိုင်းတွင် ဘဏ်မှထုတ်ယူလာသော ငွေထုတ်ထဲမှ ကျပ်တစ်သောင်းတန် ငွေစက္ကူအတု (၃)ရွက် ပါလာသည့်ကိစ္စအား လူမှုကွန်ယက်အွန်လိုင်းပေါ်မှ Live လွှင်ကာ ပြောဆိုခဲ့သော မနွယ်နွယ်သင်းယုဝေ အား ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်တိုင်ကြားထားကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့ ညနေ ၅ နာရီအချိန် ဘီးလင်းမြို့၊ ကန်သာယာရပ်ကွက် ရှိ ဧရာဝတီဘဏ်ခွဲသို့ ဆရာစံရပ်ကွက်နေ ဒေါ်အိသဉ္ဇာလှိုင် မှငွေကျပ်သိန်း(၂၀၀) အား ငွေစာရင်းဖွင့်လှစ် အပ်နှံစဉ်(၁၀,၀၀၀)ကျပ်တန် ငွေစက္ကူအတု(၃)ရွက်ပါရှိလာသဖြင့် ဘဏ်အကြီးတန်း(လက်ထောက်) ငွေကြေးတာဝန်ခံဖြစ်သူ ဘိုးရာဇာရပ်ကွက်နေ မအိအိကျော်(၂၇)နှစ်မှ ဘီးလင်းမြို့မရဲစခန်းသို့ လာရောက် အပ်နှံခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဒေါ်အိသဉ္ဇာလှိုင်၏ ညီမဝမ်းကွဲ ဒေါ်နွယ်နွယ်သင်းယုဝေ မှ လူမှုကွန်ရက် Facebook စာမျက်နှာပေါ်တွင် ” ဧရာဝတီဘဏ်လီမိတက်(ဘီးလင်းဘဏ်ခွဲ)ရှိ ဘဏ်ဝန်ထမ်း(၁)ဦးက ငွေအတုထည့်သည်ကို

 ဘဏ်၏ CCTV မှတ်တမ်း၌ တွေ့မြင်ရကာ ၎င်း၏ အစ်မဖြစ်သူအား ဘဏ်မှ ခြိမ်းခြောက်ပြောဆိုသည်”ဟု Liveလွှင့်ခဲ့သောကြောင့် ဂုဏ်သိက္ခာကျ ဆင်းအောင် လူမှုကွန်ရက်ပေါ်၌ မဟုတ်မှန်ပြောဆို Live လွှင့်ခဲ့မှုအား အရေးယူပေးရန် တိုင်တန်းချက်အရ ဒေါ်နွယ်နွယ်သင်းယုဝေ အား ဘီးလင်းမြို့မရဲစခန်း(ပ)၄၆၃/ ၂၀၁၈၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် အရေးယူထားကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဉ်နဲ့ ပက်သက်ပြီး ဧရာဝတီဘဏ်မှလည်း ရှင်းလင်းချက် တစ်စောင်ကို အောက်တိုဘာလ ၂ ရက်နေ့က အောက်ပါအတိုင်း ချက်ခြင်းထုတ်ပြန်ခဲ့သည်။

“ဘီးလင်းဘဏ်ခွဲတွင် (၂-၁၀-၂၀၁၈) ရက်နေ့က ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြချက်”

ချစ်ခင်လေးစားရပါသော မိဘပြည်သူများအား လက်တလော ဧရာဝတီဘဏ် ဘီလင်းဘဏ်ခွဲမှ ကိစ္စရပ်အား သိရှိနိုင်ပါရန် လေးစားစွာ တင်ပြအပ်ပါသည်။

(၂-၁၀-၂၀၁၈) ရက်နေ့တွင် ဧရာဝတီဘဏ် ဘီးလင်းဘဏ်ခွဲသို့ ဘဏ်ဝန်ဆောင်မှုများအား ပုံမှန် အသုံးပြုသူ မအိသဉ္ဇာလှိုင်သည် နံနက် (၁၀) နာရီခွဲခန့်တွင် ဘဏ်သို့ လာရောက်၍ ယင်း၏ ဘဏ်အကောင့်သို့ ငွေကျပ်သိန်း (၂၀၀) တစ်သောင်းတန် (၁၀) အုပ် (၂) စည်း ငွေပေးသွင်းရာတွင် ဝန်ထမ်းများမှ ငွေ အတု/အစစ် ခွဲခြား စစ်ဆေးသည့်

စက်ဖြင့် စစ်ဆေးစဉ် ငွေစက္ကူအတုဟု ယူဆရသော ၁၀,၀၀၀ ကျပ်တန် (၃) ရွက် တွေ့ရှိသဖြင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ညွှန်ကြားချက်များအရ ဘဏ်၏ လုပ်ထုံး လုပ်နည်းအတိုင်း ငွေစက္ကူအတုများ ဖြစ်ကြောင်း ရှင်းလင်းပြောပြခဲ့ပြီး အဆိုပါ ငွေစက္ကူအတု ၁၀,၀၀၀ ကျပ်တန် (၃) ရွက်အား မြို့နယ်ရဲစခန်းသို့ အပ်နှံ ရမည် ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ပြီး ဘီးလင်းမြို့ ရဲတပ်ဖွဲ့ စခန်းသို့ တရားဝင် သတင်းပို့ အပ်နှံခဲ့ပါသည်။

ထိုကဲ့သို့ လုပ်ထုံးလုပ်နည်းအား ရှင်းလင်းပြောကြားမှုကို ငွေလာရောက် ပေးသွင်းသည့် မအိသဉ္ဇာလှိုင်မှ ကျေနပ်စွာ နားလည် လက်ခံပြီး ငွေကျပ် သုံးသောင်း ပေးအပ်ခဲ့ချိန်တွင် ဘဏ်သို့ လာရောက်သည့် အမျိုးသမီး တစ်ဦးမှ ငွေစက္ကူအတုအား လိုက်လံကြည့်ရှုပြီး ဓါတ်ပုံ ရိုက်ခြင်း ပြုလုပ်ခြင်းနှင့် ဘဏ်၏ပြင်ပတွင် ၎င်း၏ Facebook မှတဆင့် Live လွှင့်တင်ခဲ့ပါသည်။

ထိုသို့ Live လွှင့်တင်ခဲ့ရာတွင် ဘဏ်ခွဲမှ တာဝန်ရှိသူ ဝန်ထမ်းသည် ငွေစက္ကူအတုအား လဲလှယ်ခဲ့ သည်ဟု မဟုတ်မမှန် စွပ်စွဲပြောကြားခြင်း၊ ဘဏ်ဝန်ထမ်းများ၏ ဂုဏ်သိက္ခာကျဆင်းစေရန်နှင့် အများပြည်သူများ ယုံမှား သံသယ ဖြစ်စေရန် အကြိမ်ကြိမ် ပြောဆိုခြင်းများအား Facebook Account ပိုင်ရှင် Nwe Nwe YU Wai (YU Wai OO) မှ ဆောင်ရွက်ခဲ့ကြောင်း သိရှိခဲ့ရပါသည်။

ဖြစ်စဉ်များကို သိရှိချိန်တွင် ဧရာဝတီဘဏ်အား ယုံကြည်စွာဖြင့် ငွေလာရောက် အပ်နှံသည့် ဘဏ်စာရင်း ပိုင်ရှင် မအိသဉ္ဇာလှိုင်အား ပိုမိုတိကျမှန်ကန်သော အဖြေရရှိနိုင်ရန်အတွက် တာဝန်ရှိသူများ ဖြစ်သည့် ဘီးလင်း ရဲတပ်ဖွဲ့ စခန်းမှ ရဲအရာရှိများ၊ မွန်ပြည်နယ် မှုခင်းတပ်ဖွဲ့ တာဝန်ခံ ရဲအရာရှိနှင့် ဧရာဝတီဘဏ်မှ Risk and Compliance Team (Enterprise Risk Management Department)

တို့မှ တာဝန်ယူ စစ်ဆေးခဲ့ပါသည်။ ထို့ပြင် ဘီးလင်း မြို့နယ် လွှတ်တော် ကိုယ်စားလှယ်ရုံးတွင် ဘဏ်၏ ဝန်ဆောင်မှုအား အသုံးပြုသည့် မအိသဉ္ဇာလှိုင်နှင့် ယင်းခင်ပွန်း ဖြစ်သူတို့အားမြို့နယ် လွှတ်တော် ကိုယ်စားလှယ်၊ ရပ်မိရပ်ဖများနှင့် ဧရာဝတီဘဏ် တာဝန်ရှိသူများမှ တွေ့ဆုံ ရှင်းလင်း ပြောကြားခဲ့ပါသည်။ ဘီးလင်း ဘဏ်ခွဲတွင် ဘဏ်ခွဲ တာဝန်ခံ၊ ငွေကိုင်မှူး နှင့် တာဝန်ရှိသူများမှ မအိသဉ္ဇာလှိုင်၊

ယင်း၏အမျိုးသားတို့နှင့်အတူ CCTV မှတ်တမ်းအား ပြန်လည် ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဖြစ်စဉ် အမှန်အား သိရှိခွင့်ရသည့်အတွက် ဧရာဝတီဘဏ်နှင့် တာဝန်ရှိသူများအား မအိသဉ္ဇာလှိုင် နှင့် ယင်း၏ ခင်ပွန်းတို့မှ ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။ ဧရာဝတီဘဏ်တွင် ယင်းတို့၏ ငွေစာရင်း အကောင့်များ ဆက်လက်ထားရှိပြီး ဘဏ်ဝန်ဆောင်မှုများ ဆက်လက်၍ ယုံကြည်စွာ အသုံးပြုသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဧရာဝတီဘဏ်၏ ဝန်ဆောင်မှုများ သုံးစွဲသူ မအိသဉ္ဇာလှိုင်မှ ဘဏ်သို့ Facebook တွင် Live တင်သည့် Nwe Nwe YU Wai (YU Wai OO) နှင့်အတူ လာရောက်ခြင်း မဟုတ်ပါကြောင်း၊ ရှင်းလင်းပြောပြရုံမက အဆိုပါ Nwe Nwe YU Wai (YU Wai OO) သည် Facebook မှတဆင့် Live လွှင့်တင်ခြင်းအား မိမိ လုံးဝ သဘောမတူကြောင်း၊ အခွင့်အရေးတစ်ရပ်အနေနှင့် မိမိနာမည် ရရန် မလုပ်သင့်ပါကြောင်းနှင့် ဤကိစ္စလည်းမိမိနှင့် ဧရာဝတီဘဏ်သာ သက်ဆိုင်ပါကြောင်း ပြောကြားခဲ့ ပါသည်။

ထို့အပြင် အဆိုပါ Live Video လွှင့်တင်ခြင်းများအား ဖျက်ပေးရန် မအိသဉ္ဇာလှိုင်မှ (၂-၁၀-၂၀၁၈) ရက်နေ့ ညတွင် Nwe Nwe YU Wai (YU Wai OO) အား သွားရောက်တွေ့ဆုံပြီး ထိုကဲ့သို့ ပြုလုပ်ခြင်း မပြုရန် တောင်းပန် ခဲ့ကြောင်း၊ မိမိ အနေဖြင့်လည်း ဧရာဝတီဘဏ်နှင့် နှစ်ဦးနှစ်ဖက် အဆင်ပြေပါကြောင်း၊ Nwe Nwe YU Wai (YU Wai OO) သည် ကြားထဲမှ မိမိနှင့် ဘဏ်ကြား ပြဿနာဖြစ်စေရန် ပုံကြီးချဲ့ခြင်း ဖြစ်ကြောင်း၊

အခွင့်အရေး တစ်ရပ် အဖြစ် ထင်ပေါ်အောင် ဤဖြစ်စဉ်အား အသုံးချကာ မိမိတို့အား အသုံးချ လုပ်ဆောင်သည်ဟု ယူဆကြောင်း၊ ဘဏ်ဘက်မှ တရားဥပဒေကြောင်းအရ လုပ်ဆောင်စရာရှိသည်များကိုလည်း လုပ်ဆောင်ရန် မိမိအနေဖြင့် လုံးဝ လက်ခံ သဘောတူကြောင်း တို့ကို ပြန်လည် ပြောကြား ခဲ့ပါသည်။

သို့ဖြစ်ပါ၍ Facebook ပေါ်တွင် ဧရာဝတီဘဏ် ဘီးလင်း ဘဏ်ခွဲ ဝန်ထမ်းများမှ ငွေအတု လဲလှယ်ခြင်း ပြုလုပ်ခဲ့ကြောင်း မဟုတ်မမှန် စွပ်စွဲ ပြောကြားခဲ့သည့် Facebook Account ပိုင်ရှင် Nwe Nwe YU Wai (YU Wai OO) အား နစ်နာသူ ဘီးလင်း ဘဏ်ခွဲ ဝန်ထမ်းများမှ တည်ဆဲဥပဒေများအရ ဘီးလင်းမြို့ရဲစခန်းတွင် တိုင်ချက်ဖွင့်၍ တရားဥပဒေအရ ဆက်လက် ဆောင်ရွက်မည် ဖြစ်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။

ဤဖြစ်စဉ်အပေါ်တွင် စာဖြင့်သော်လည်းကောင်း၊ ဖုန်းဖြင့်သော်လည်းကောင်း၊ ဆက်သွယ် မေးမြန်း ကြပါသော၊ စိုးရိမ်ပူပန်ခဲ့ကြရပါသောမိဘ၊ ပြည်သူ၊ မိတ်သင်္ဂဟများ အားလုံးကို ဧရာဝတီဘဏ်မှ ကျေးဇူးအထူး တင်ရှိပါကြောင်းနှင့် မိမိတို့အနေဖြင့် တည်ဆဲ ဥပဒေများဖြင့် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မိဘပြည်သူများအား အသိပေးတင်ပြအပ်ပါသည်။

 ဖိုးသူတော် (www.phothutaw.com)
Credit: POPOLAY
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top