ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×




Credit: MCNTV

#Unicode Version#
အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်က အီဗာ တီယာမတ် မက်ဒူဆာ ဆိုသူဟာ တစ်ကိုယ်လုံးကို ခွဲစိတ်ပြုပြင်ပြောင်းလဲပစ်ဖို့ အမေရိကန် ဒေါ်လာ ၆ သောင်း သုံးစွဲခဲ့ပါတယ်။

အမေရိကန် ဘဏ်ကြီးတစ်ခုရဲ့ ဒု ဥက္ကဋ္ဌ ဖြစ်ဖူးတဲ့ မက်ဒူဆာဟာ အမျိုးသားအဖြစ် မွေးဖွားလာတာ ဖြစ်ပြီး သူ့နာမည်က ရစ်ချတ် ဟာနန်ဒက်ဇ် ဖြစ်ပါတယ်။ ဒါပေမယ့် သူ့မှာ HIV ပိုး ရှိနေပြီလို့ သိလိုက်ပြီးနောက် သူ့ဘဝကို ပြောင်းပစ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အမျိုးသမီးအဖြစ် ပြောင်းလဲထားတဲ့ အသက် ၅၆ နှစ်အရွယ် မက်ဒူဆာဟာ ကမ္ဘာပေါ်မှာ လိင်ပြောင်းမှုနဲ့ ခန္ဓာကိုယ် ခွဲစိတ်ပြောင်းလဲမှု အများဆုံး လုပ်ထားသူဖြစ်ပါတယ်။

အရေးပြားပေါ်မှာ ပုံဖော်တာ၊ နှာခေါင်းကို ပြန်ပြင်တာ၊ နားရွက်တွေကို ခွဲစိတ်ဖယ်ထုတ်တာတွေ လုပ်ထားပါတယ်။ သူဟာ လျှာနှစ်ခွဖြစ်အောင်နဲ့ ဦးချိုပုံစံတွေရအောင် ခွဲစိတ်ထားပြီး နောက်ထပ် ဒေါ်လာ ၄ သောင်း အကုန်ခံပြီး ခွဲစိတ်ပြုပြင်ဦးမှာ ဖြစ်ပါတယ်။ သူ့မှာ HIV ပိုး ကူးစက်နေပြီလို့ သိလိုက်ရတာကြောင့် လူတစ်ယောက် အဖြစ် မသေဘဲ နဂါးတစ်ကောင်လို ပြုပြင်ပြီးမှ သေဆုံးဖို့ စိတ်ကူးရခဲ့တာ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: MCNTV
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top