ရာသက်ပန်မြေပိုင်ဆိုင်ခြင်းရရှိမည့် ဂရန်းမြကန်သာကွန်ဒို အထူးပရိုမိုးရှင်း အရောင်းပြပွဲ
×





Credit: popinvdo

#Unicode Version#
နိုင်ငံကျော် ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် မင်းသမီးခိုင်သင်းကြည်ဟာ သရုပ်ဆောင်ကောင်းမွန်ပြီး ကျရာဇာတ်ရုပ်ကို အံဝင်ခွင်ကျသရုပ်ဆောင်နိုင်တာကြောင့် အကယ်ဒမီဆုများစွာ ပိုင်ဆိုင်ထားသူတစ်ဦးပါ။ ခိုင်သင်းကြည်ကတော့ သရုပ်ဆောင်ကောင်းရုံတင်မကပဲ သူမရဲ့ပွင့်ပွင့်လင်းလင်းစကားပြောတဲ့ ပုံစံလေးရယ်၊ ပျော်ပျော်နေတတ်တဲ့ သူမရဲ့ပုံစံလေးကြောင့် ပရိသတ်တွေက အရမ်းသဘောကျကြပါတယ်။
သရုပ်ဆောင် ခိုင်သင်းကြည်က ချစ်ရတဲ့မိသားစုနဲ့အတူတူ ပျော်ရွှင်စွာနေထိုင်ရင်း အနုပညာလုပ်ငန်းတွေကို ဆက်တိုက်လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။ ခိုင်သင်းကြည်ရဲ့ သမီးလေးဖြစ်သူ စံထိပ်ထားဦး ကလဲ မိခင်ဖြစ်သူရဲ့ ခြေရာကို နင်းပြီး အနုပညာလုပ်ငန်းအချို့ကို လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။
ခိုင်သင်းကြည်က သူမရဲ့ဖေ့စ်ဘုတ်မှာ သမီးဖြစ်သူ ထိပ်ထိပ်လေးနဲ့ Live လွှင့်ခဲ့ပါတယ်။ ခိုင်သင်းကြည်က Live လွှင့်ရင်း ဖေ့စ်ဘုတ်မှာပါတဲ့ Frame လေးတွေကို စမ်းသပ်ရင်း G Fatt သွားတိုက်နေတဲ့ပုံပါတဲ့ Frame ကို စမ်းသပ်ကြည့်ရာမှ ရုတ်တရက်လန့်သွားခဲ့ပါတယ်။
ခိုင်သင်းကြည်မြင်ပြီးလန့်သွားတဲ့ G Fatt ရဲ့ပုံ

G Fatt သွားတိုက်တာမြင်ပြီး လန့်သွားတဲ့ ခိုင်သင်းကြည်တို့သားအမိ

ခိုင်သင်းကြည်လဲ ရုတ်တရက်ကြီး အကျီ်ချွတ်ကြီးနဲ့ပုံကို မြင်လိုက်ရတော့ လန့်သွားတာနေမှာပေါ့နော်။

ပရိသတ်ကြီးအတွက် ခိုင်သင်းကြည်တို့သားအမိရဲ့ Live လွှင့်ရင်းဖြစ်ပျက်ခဲ့တဲ့ အမှတ်တရလေးကို ဝေမျှပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးလဲ ခဏတာလေးတော့ ပြုံးမိကြမယ်ထင်ပါတယ်။ ဒီပိုစ့်လေးကို သဘောကျရင် Like & Share လုပ်ဖို့မမေ့ပါနဲ့နော်။


ဖိုးသူတော် (www.phothutaw.com)
Credit: popinvdo
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top