ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×











# Unicode Version ဖြင့် ဖတ်ပါ #
အသက် ၁၉ နှစ်အရွယ် Alan Dening ကိုတော့ တနင်္ဂနွေနေ့က အာဂျင်တီးနား Gulaeguaychu မြို့မှာကျူးလွန်ခဲ့တဲ့ အပြစ်ကြောင့် ရဲတွေက ထိန်းသိမ်းထားလိုက်ပါပြီ။ သူဟာ အစောပိုင်းတုန်းက Volkswagen Suran ကားတစ်စီးကိုဝင်တိုက်ခဲ့တာပါ။

ကာမောင်းတဲ့သူ နဲ့ အမျိုးသမီးဖြစ်သူ ဆင်းလာပြီး သူ့ကို အော်ငေါက်ဖို့ ကားနှစ်စီးကြားက ဖြတ်ဝင်လာတဲ့အချိန်မှာပဲ ရုတ်တရက် ဝင်ဆောင့်ပစ်လိုက်တာပဲဖြစ်ပါတယ်။


အမျိုးသားကတော့ ကားဘေးဘက်ကို လွတ်သွားခဲ့ပေမယ့် အမျိုးသမီးကတော့ ကျွဲနှစ်ကောင်ကြားက မြေစာပင်လိုဖြစ်သွားခဲ့ရပါတယ်။

ထို့နောက်တွင်တော့ Dening ဟာကားထဲကထွက်ပြေးပေမယ့် ဒီအဖြစ်အပျက်ကိုမြင်ခဲ့တဲ့ လမ်းသွားလမ်းလာတွေဟာ ကို ဖမ်းဆီးခဲ့ကြပါတယ်။

Dening ဟာ ထိုစုံတွဲကို စိတ်လိုလက်ရ ဝင်တိုက်ခဲ့တာလား .BMW ကား စနစ်ပဲချို့ယွင်းသွားခဲ့တာလားဆိုတာကိုတော့ ရဲတွေကစုံစမ်းနေပါတယ်။

အခုချိန်မှာတော့ Dening ကိုအမည်မသိစုံတွဲကို ထိခိုက်နာကျင်စေမှုနဲ့ ဖမ်းဆီးထားလိုက်ပါပြီ ။
Dening ဟာ ကားပေါ်ကဆင်းပြီး မကူညီခဲ့တဲ့အပြင် ဓါးတစ်ချောင်းနဲ့ခြိမ်းခြောက်ခဲ့တဲ့အတွက် အခြားအပြစ်ဒဏ်တွေလည်းကျခံရဦးမှာဖြစ်ပါတယ်။

အရက်သောက်ထားမထား စစ်ဆေးတဲ့အချိန်မှာတော့ အရက်လုံးဝမသောက်ထားကြောင်း တွေ့ရှိထားရပါတယ်။
ဒီအမှုကိုတော့ ရဲတွေ ဆက်လက်စစ်ဆေးနေပါပဲ ။ ကံကောင်းစွာပဲ ကားနဲ့တိုက်ခံရတဲ့ စုံတွဲနှစ်ဦးလုံး ကြီးကြီးမားမားထိခိုက်သွားခြင်းမရှိခဲ့ပါဘူး ။


ဖိုးသူတော် (www.phothutaw.com)
Credit: Min Thu (Daily Hot News ) .
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top