ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

အဂတိကင္းစင္ေရးေဆာင္ရြက္ရာတြင္ ေက်ာသားရင္သား၊ ဆူႀကံဳနိမ့္ျမင့္မခြဲျခားဘဲ ေဆာင္ရြက္ၾကရမည္ျဖစ္ေၾကာင္း ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္က ေျပာၾကားသည္။

ႏိုင္ငံေတာ္ သမၼတဦးဝင္းျမင့္က မေကြးၿမိဳ႕၊ ၿမိဳ႕ေတာ္ခန္းမ၌ ေအာက္တိုဘာလ ၆ ရက္ေန႔တြင္ က်င္းပျပဳလုပ္ခဲ့သည့္ တိုင္းေဒသႀကီးအစိုးရအဖဲြ႕ ၊တိုင္းေဒသႀကီးလႊတ္ေတာ္၊ တိုင္းေဒသႀကီးတရားလႊတ္ေတာ္၊ လႊတ္ေတာ္ကုိယ္စားလွယ္မ်ား၊ တိုင္းေဒသႀကီး၊ ခရိုင္၊ ၿမိဳ႕နယ္မ်ားမွ ဌာနဆိုင္ရာတာဝန္ရိွသူမ်ားႏွင့္ ေတြ႕ဆံုပြဲတြင္ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

“အဂတိကင္းစင္ေရးေဆာင္ရြက္ရာမွာ ေက်ာသားရင္သား၊ ဆူႀကံဳနိမ့္ျမင့္မခြဲျခားဘဲ ေဆာင္ရြက္ၾကရမွာ ျဖစ္ပါ တယ္။ အဂတိလိုက္စားမႈ ကင္းစင္တဲ့ လူ႔အဖြဲ႕အစည္းျဖစ္ေစေရးအတြက္ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္အဆင့္ အဂတိတိုက္ဖ်က္ေရးေကာ္မတီေတြကို ထပ္မံတိုးခ်ဲ႕ဖြဲ႕စည္းေဆာင္ရြက္သြားမွာျဖစ္ပါတယ္။ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး၊ တရားဥပေဒစိုးမိုးေရး၊ ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ေရးတို႔ဆိုတာက အျပန္အလွန္ ခ်ိတ္ဆက္လ်က္ရိွ ပါတယ္”ဟု ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္က ေျပာၾကားသည္။

မူးယစ္ေဆးဝါးတားဆီးႏိွမ္နင္းေရးအပုိင္းတြင္ တရားဥပေဒအထက္တြင္မည္သူ မွ်မရိွေစရဆိုသည့္အတိုင္း တရားဥပေဒႏွင့္အညီ တိက်မွန္ကန္စြာေဆာင္ရြက္ၾကေစလိုအပ္ၿပီး ဌာနဆိုင္ရာမ်ား၊ CSO၊ NGOႏွင့္ မီဒီယာမ်ား ပါပူးေပါင္းပါဝင္ၾကေစလိုပါေၾကာင္း ႏိုင္ငံေတာ္သမၼတက ထည့္သြင္းေျပာၾကားခဲ့သည္။

“လုပ္ပိုင္ခြင့္နဲ႔ အာဏာရိွသူေတြ ဝင္ေရာက္စြက္ဖက္မႈ ကင္းရွင္းစြာနဲ႔ ေဆာင္ရြက္ၾကေစလိုပါတယ္။ ႏိုင္ငံေတာ္ သမၼတရံုးမွာလည္း မူးယစ္ေဆးဝါးအထူး သတင္းတိုင္ၾကားေရးဌာနကို ဖြင့္လွစ္ထားၿပီးေတာ့ ျပည္သူေတြရဲ႕ တိုင္ၾကားခ်က္ေတြကို ျပည္ထဲေရးဝန္ႀကီးဌာနနဲ႔ ပူးေပါင္းေဆာင္ရြက္ေနတာေၾကာင့္ ေအာင္ျမင္မႈ မ်ားရရိွေနၿပီး ေတာ့ ထိေရာက္စြာ ဆက္လက္ကိုင္တြယ္ေဆာင္ရြက္လ်က္ ရိွေနပါတယ္”ဟု ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္က ေျပာၾကားသည္။

ထို႔ျပင္ ျပည္သူ႔ဘ႑ာေငြမ်ားသံုးစြဲရာတြင္ ေလလြင့္မႈမရိွေစေရး၊ ေဒသအတြက္အက်ိဳး ရိွ၊ မရိွ ေထာက္ျပ ေဝဖန္ေပးႏိုင္ၾကရန္ႏွင့္ တည့္မတ္ေပးရန္ တာဝန္ရိွသူမ်ားအေနျဖင့္ ပူးေပါင္းေဆာင္ရြက္ ၾကေစလိုၿပီး ျပည္သူ႔ဘ႑ာေငြမ်ားကို အသံုးျပဳေဆာင္ရြက္သည့္ စီမံကိန္းမ်ားမွာ ေဒသႏွင့္ ဆီေလ်ာ္သည့္ ေဒသအက်ိဳးျဖစ္ထြန္း ေစမည့္ စီမံကိန္းမ်ားျဖစ္ရန္လိုအပ္ေၾကာင္း ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္က ထည့္သြင္း ေျပာၾကားသြားခဲ့သည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:mizzimaburmese
# Unicode Version ျဖင့္ ဖတ္ပါ #
အဂတိကင်းစင်ရေးဆောင်ရွက်ရာတွင် ကျောသားရင်သား၊ ဆူကြုံနိမ့်မြင့်မခွဲခြားဘဲ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားသည်။

နိုင်ငံတော် သမ္မတဦးဝင်းမြင့်က မကွေးမြို့၊ မြို့တော်ခန်းမ၌ အောက်တိုဘာလ ၆ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ၊တိုင်းဒေသကြီးလွှတ်တော်၊ တိုင်းဒေသကြီးတရားလွှတ်တော်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်များမှ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“အဂတိကင်းစင်ရေးဆောင်ရွက်ရာမှာ ကျောသားရင်သား၊ ဆူကြုံနိမ့်မြင့်မခွဲခြားဘဲ ဆောင်ရွက်ကြရမှာ ဖြစ်ပါ တယ်။ အဂတိလိုက်စားမှု ကင်းစင်တဲ့ လူ့အဖွဲ့အစည်းဖြစ်စေရေးအတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့် အဂတိတိုက်ဖျက်ရေးကော်မတီတွေကို ထပ်မံတိုးချဲ့ဖွဲ့စည်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေး၊ တရားဥပဒေစိုးမိုးရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတို့ဆိုတာက အပြန်အလှန် ချိတ်ဆက်လျက်ရှိ ပါတယ်”ဟု နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအပိုင်းတွင် တရားဥပဒေအထက်တွင်မည်သူ မျှမရှိစေရဆိုသည့်အတိုင်း တရားဥပဒေနှင့်အညီ တိကျမှန်ကန်စွာဆောင်ရွက်ကြစေလိုအပ်ပြီး ဌာနဆိုင်ရာများ၊ CSO၊ NGOနှင့် မီဒီယာများ ပါပူးပေါင်းပါဝင်ကြစေလိုပါကြောင်း နိုင်ငံတော်သမ္မတက ထည့်သွင်းပြောကြားခဲ့သည်။

“လုပ်ပိုင်ခွင့်နဲ့ အာဏာရှိသူတွေ ဝင်ရောက်စွက်ဖက်မှု ကင်းရှင်းစွာနဲ့ ဆောင်ရွက်ကြစေလိုပါတယ်။ နိုင်ငံတော် သမ္မတရုံးမှာလည်း မူးယစ်ဆေးဝါးအထူး သတင်းတိုင်ကြားရေးဌာနကို ဖွင့်လှစ်ထားပြီးတော့ ပြည်သူတွေရဲ့ တိုင်ကြားချက်တွေကို ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်နေတာကြောင့် အောင်မြင်မှု များရရှိနေပြီး တော့ ထိရောက်စွာ ဆက်လက်ကိုင်တွယ်ဆောင်ရွက်လျက် ရှိနေပါတယ်”ဟု နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားသည်။

ထို့ပြင် ပြည်သူ့ဘဏ္ဍာငွေများသုံးစွဲရာတွင် လေလွင့်မှုမရှိစေရေး၊ ဒေသအတွက်အကျိုး ရှိ၊ မရှိ ထောက်ပြ ဝေဖန်ပေးနိုင်ကြရန်နှင့် တည့်မတ်ပေးရန် တာဝန်ရှိသူများအနေဖြင့် ပူးပေါင်းဆောင်ရွက် ကြစေလိုပြီး ပြည်သူ့ဘဏ္ဍာငွေများကို အသုံးပြုဆောင်ရွက်သည့် စီမံကိန်းများမှာ ဒေသနှင့် ဆီလျော်သည့် ဒေသအကျိုးဖြစ်ထွန်း စေမည့် စီမံကိန်းများဖြစ်ရန်လိုအပ်ကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ထည့်သွင်း ပြောကြားသွားခဲ့သည်။
ဖိုးသူတော် (www.phothutaw.com)
Credit:mizzimaburmese
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top